Thursday, September 6, 2012

ဒေါ်အောင်ဆန်းစုကြည်ထံမှ ရနိုင်သော ဘ၀သင်ခန်းစာဆယ်ခု






နိုင်ငံရပ်ခြား တက္ကသိုလ် တခုရဲ့ စာကြည့်တိုက်ထဲမှ နံရံကပ် ပြကွက်လေးတခုပါ။



(1) Love the people

ပြည်သူ ချစ်သော သူ”ကျမအဖေ့ရဲ့ သမီးဖြစ်တဲ့အတွက်၊ ကျမ ၀င်ကိုဝင်ပါရတော့မယ် ဆိုပြီးခံစားခဲ့ပါတယ်။”



(2) Give back to people

ပြည်သူတွေဆီ ပြန်ပြီး ပေးစပ် တတ်တဲ့ အလေ့အထ ”သင့်မှာ အကူအညီကင်းမဲ့နေတယ် လို့ခံစားရရင်၊ တခြား
တယောက်ယောက်ကို ကူညီလိုက်ပါ။”



(3) Freedom from fear

ကြောက်ရွံ့ခြင်းမှ လွတ်မြောက်ခြင်း ”တခုထဲသော အကျဉ်းထောင် အစစ်အမှန်ကတော့ ကြောက်ရွံ့ခြင်းပါပဲ၊
လွတ်မြောက်ခြင်း အစစ်အမှန်သည်လဲ အဲဒီ ကြောက်ရွံ့ခြင်းမှ လွတ်မြောက်ခြင်းသာဖြစ်တယ်။”



(4) Do the right thing

အမှန်ကန်သော အရာ ကို လုပ်တတ်ခြင်း”ရှင် ကောင်းတာ တခုခု လုပ်နေတဲ့အပေါ် ရှင့်ရဲ့ ကြောက်ရွံ့စိတ်အ၀င်မခံပါနဲ့”



(5) Work in Unity

စည်းစည်းလုံးလုံး နှင့် အလုပ်လုပ်ခြင်း”ကျမတို့အတူအကွ လက်တွဲထားမယ်ဆိုရင် ကျမတို့ရည်မှန်းတဲ့ ပန်းတိုင်
သေခြာပေါက်ရောက်မှာပါ။”



(6) Change it if you want

လိုချင်တယ် ဆိုရင် ပြောင်းလဲလိုက်ပါ။
”အပြောင်းအလဲ လိုချင်ရင် ကိုယ်တိုင်ထလုပ်ရတော့မယ်ဆိုတာ ပြည်သူအများစုက ပိုပိုပြီးသဘောပေါက်လာကြပါပြီ။”



(7) Deal with your own problem

ကိုယ့် ပြဿနာကိုယ် အရင် ဖြေရှင်းပါ။
”ဒါတကယ်ပဲ ရယ်စရာကောင်းပါတယ်၊ သူများကို သွားအပြစ်တင် နေမဲ့အစား၊ သူတို့ (အစိုးရ) တကယ် ဖြေရှင်းရမှာက
သူတို့ထဲက ပြဿနာပါ။”



(8) Believe in democracy process

ဒီမိုကရေးစီ လမ်းစဉ်ကို ယုံကြည်ခြင်း။ ”ဒီမိုကရေစီ လမ်းစဉ်ဟာ အကြမ်းဖက်မှုကင်းကင်းနဲ့ နိုင်ငံရေးနှင့် လူမှုရေး
အပြောင်းအလဲတွေကို ဆောင်ကျင်းပေးပါတယ်”



(9) Become the role model of all women

အမျိုးသမီးထုအတွက် စံပြပုဂ္ဂိုလ် ဖြစ်လာခြင်း။
”ကမ္ဘာ အရပ်ရပ်က အမျိုးသမီးထုကို ပညာရေးနှင့် လုပ်ပိုင်ခွင့် အာဏာ များ ပိုမို ပေးခြင်းအားဖြင့် လူသားအားလုံး
အတွက် ငြိမ်းချမ်းရေး နှင့် တရားမျှတရေး၊ သည်းခံမှု နှင့် ဂရုဏာ တရားများ ပိုမိုရရှိလာမှာပါ။”



(10) Be more active in your life

ဘ၀မှာ ပိုပြီး တက်ကြွအောင် နေပါ။
”ကျမ နိုင်ငံရေးမှာ ပိုပြီး တက်ကြွှသင့်တယ်လို့ ကျမထင်တယ်၊ ဘာလို့လဲဆိုတော့၊ ကျမကိုယ်ကျမ နိုင်ငံရေးသမား
အနေနဲ့ကြည့်မိလို့ပါပဲ။ ဒါက ညစ်ငြမ်းတဲ့ အလုပ်လဲ မဟုတ်ဘူး။ နိုင်ငံရေးသမားတွေမှာ တခုခုမှား နေတယ်လို့
တချို့က ထင်ကြတယ်၊ ဟုတ်မှာပါ တချို့သော နိုင်ငံရေးသမားတွေမှာ မှားနေပါတယ်။”




** အင်္ဂလိပ် လိုရေးထားတဲ့ ဒေါ်စု၏ အဆိုအမိန့်များ ကို ဘာသာပြန်တဲ့အတွက် အနဲငယ် ကွဲလွဲချက်များ ရှိနိုင်ပါသည်။

အချိန်ပေးပြီး ဖတ်ပေးတဲ့ သူငယ်ချင်းများကို ကျေးဇူးပါနော်........

No comments: