Tuesday, September 4, 2012

ဝက်ခြံအတွက် ဆောင်ရန်နှင့် ရှောင်ရန်....

ဒီပိုစ်လေးကတောပျိုမေတို့အတွက်တင်မဟုတ်ဘဲ ၀က်ခြံတွေပေါက်လို့ စိတ်ညစ်နေတဲအစ်ကိုတွေ မောင်တွေအတွက်ပါ ရည်ရွယ်ပါတယ်။ ကြည်လင်တဲအသားအရည်ပိုင်ဆိုင်စေဖို့ ဘယ်လိုလွယ်လွယ်ကူကူနည်းလမ်းလေးတွေနဲ့ အသားအရည်ထိန်းသိမ်းနိုင်တယ်ဆိုတာ ဒီပိုစ်လေးနဲ့ ပြောပြမယ်နော်။ အသားအရည်ကို အဓိကရုပ်ဆိုးစေတဲအရာကတောအားလုံးသိတဲအတိုင်း ၀က်ခြံပေါ။ ၀က်ခြံပေါက်ခြင်းနဲ့ ဆက်နွယ်နေတဲအချက်တချို့ကတောမျိုးရိုးဗီဇ၊ နေထိုင်မှုပုံစံ၊ ကိုယ်လက်သန့်စင်ခြင်းနှင်အစားအသောက်အလေအကျင်များပါ။ လူတဦးနဲ့ တဦး ကွဲပြားတဲဒီအချက်တွေကို အခြေခံပြီး ၀က်ခြံပေါက်ခြင်း မပေါက်ခြင်းမတူညီတာတွေ ဖြစ်ရတယ်လေ။

ဒါဆိုဆောင်ရန် ရှောင်ရန်လေးတွေနဲ့ စလိုက်ရအောင်နော်…

(၁) မျက်နှာသန့်စင်ခြင်း
ဝက်ခြံဆိုတာက အရေပြားပေါ်က ဆဲလ်အသေတွေနဲ့ ထွက်လာတဲအဆီပေါင်းစပ်ပြီး အရေပြားပေါ်ကအပေါက်ငယ်လေးတွေ ပိတ်ဆို့ရာကဖြစ်လာတာပါ။ ဒီတောမျက်နှာပုံမှန်သစ်ဖို့အရေးကြီးတာပေါနော်။ တနေ့နှစ်ကြိမ် ပုံမှန်မျက်နှာသစ်ပေးပါ။ အဆီအရမ်းပြန်တယ်ဆိုပြီး မျက်နှာခဏခဏသစ်ရင်လည်း ၀က်ခြံပိုပေါက်တတ်ပါတယ်။ ဘာလို့လဲဆိုတောမျက်နှာခဏခဏသစ်တဲအတွက် ပုံမှန်မျက်နှာပေါ်မှာ ရှိသင်တဲအစိုဓာတ်မရှိတဲအခါ ခန္ဓာကိုယ်က အဆီပိုထုတ်တတ်ပါတယ်။ ဒါကြောင်ခဏခဏသစ်တဲမျက်နှာက အဆီထွက်နှုန်းပိုများပြီး ၀က်ခြံပိုပေါက်ရတာပါ။ အထူးသဖြင်မိန်းကလေးတွေ အိပ်ခါနီးဆို မိမိလိမ်းထားသမျှ မိတ်ကပ်ကို စင်ကြယ်အောင်ဖျက်ပေးဖို့လိုပါတယ်။ မိတ်ကပ် Remover နဲ့ အရင် မိတ်ကပ်တွေဖျက်ပြီးမှ ရိုးရိုးမျက်နှာသစ်ဆေးနဲ့ သစ်ပါနော်။ မျက်နှာသစ်တဲနေရာမှာ ရေနွေးနွေးလေးနဲ့ သစ်တာဟာ မျက်နှာပေါ်ရှိအပေါက်ငယ်လေးတွေ အတွင်းထိအောင် သန့်စင်စေတဲအပြင် နောက်ဆက်လုပ်မယ်Skin care စိမ်ဝင်မှုကိုလည်း အများကြီး အထောက်အကူပြုပါတယ်။
ဝက်ခြံအတွက်သင်တော်တဲမျက်နှာသစ်ဆေးတွေ ခုဆို ဈေးကွက်မှာ အများကြီးပါ။  အဓိကပါဝင်ပစ္စည်းကတောSalicylic acid (သို့) benzoyl peroxide ပါ။ Acne wash တွေဟာ မျက်နှာကိုပုံမှန်ထက် ပိုခြောက်သွေ့စေပါတယ်။ ဒါကြောင်Moisturizer ကို နိုင်နိုင်လိမ်းပေးပါ။ အကြံပေးချင်တာကတောတနေ့မျက်နှာ (၂)ကြိမ်သစ်ရင် (၁)ကြိမ်ကိုပဲ Acne wash နဲ့သစ်ပြီး နောက်တချိန်ကိုတောပုံမှန် Gentle cleanserနဲ့သစ်ပါလို့။ နောက်ပြီး Cleanser တစ်ခုတည်းကို အမြဲမသစ်ပဲ ပုံမှန်လေး ပြောင်းသစ်ပေးပါ။ Cleanser တခုတည်းကိုပဲစွဲသစ်ရင် ကြာရင်ထိရောက်မှု မရှိဘဲဖြစ်တတ်လို့ပါ။

(၂) အသားအရည်ထိန်သိမ်းမှု
အသားအရည်ထိန်းသိမ်းဖို့ အခြေခံလိုအပ်တာကတောToner နဲ့ Moisturizer ပါ။ Toner တစ်ခုနဲ့တစ်ခု လုပ်ဆောင်ချက်ခြင်း မတူပါဘူး။ တချို့က ချွေးပေါက်ကျဉ်းစေပြီး တချို့က moisturizer စိမ်ဝင်မှုကို ပိုအားကောင်းစေပါတယ်။ Moisturizer ကတောမျက်နှာအစိုဓာတ်ထိန်းပေးတာပါ။ ခြောက်သွေ့တဲအသားအရည်ပိုင်ရှင်တွေဆိုရင် Alcohol ပါတဲToner ကိုရှောင်ပြီး Moisturizer ရွေးချယ်ရင်တောCream type moisturizer ရွေးပါနော်။ အဆီပြန်တဲအသားအရည်ပိုင်ဆိုင်ရင်တောGel type moisturizer က ပိုသင်တော်ပါတယ်။ Oil-free လို့ရေးထားတဲအလှကုန်မျိုးကို ရွေးသုံးပါ။ တပတ်တစ်ခါ (သို့) နှစ်ခါ Mask သုံးပေးပါနော်။ ရေနွေးနွေးလေးနဲ့ မျက်နှာသစ်ထားခြင်းဟာ သုံးသမျှ Toner, Moisturizer တွေကို ပိုစိမ်ဝင်စေဖို့ အများကြီး ကူညီပေးပါတယ်။ ဒါတွေကမိန်ကလေးတွေပဲ လုပ်ရမယ်လို့ မသတ်မှတ်ထားပါဘူးနော်။ ယောက်ျားလေးတွေလည်း လုပ်သင်ပါတယ်။ အနည်းဆုံးတောMoisturizer လေးမျက်နှာသစ်ပြီးတိုင်း လိမ်းပေးပါနော်။

(၃)  ၀က်ခြံ ညှစ်သင်လား?
လူတော်တော်များများက ၀က်ခြံကိုမညှစ်ဖို့ပဲ အားပေးကြတာ အားလုံးအသိပါ။ ကန်ဒီက ညှစ်သင်တယ်လို့ပြောရင် ကန်ဒီကို ဘာလုပ်ကြမလဲဟင်။ ဟုတ်ပါတယ်။ မှည်နေတဲဝက်ခြံကို ညှစ်သင်ပါတယ်။ ဒါပေမယ်နည်းလမ်းမှန်မှန် ညှစ်ဖို့တောလိုပါတယ်။ ဖတ်ဖူးတဲဝက်ခြံညှစ်တဲနည်းလမ်းလေးကတောဒီလိုပါ။
အရင်ဆုံး လက်ကိုစင်ကြယ်အောင်ဆေးပါ။ မျက်နှာသစ်ပါ။ ညှစ်တဲနေရာမှာ လက်သူကြွယ်ကို သုံးပါ (လက်သူကြွယ်က တခြားလက်ချောင်းတွေလောက် အားသိပ်မပါဘူးလေ)။ သန့်စင်တဲတစ်ရှုးစကို ယူပါ (လက်သည်းနဲ့ မျက်နှာမထိအောင်လို့ပါ)။ ညှစ်မယ်ဆိုရင် ပေါက်နေတဲဝက်ခြံရဲ့ ဘေးတ၀ိုက်ကနေ အတွင်းကို ဖိပေးပါ။ အဆံထွက်လာတဲအထိပေါ။ အကြံပေးချင်တာက မမှည်သေးတဲဝက်ခြံ၊ နာနေသေးတဲဝက်ခြံကို မညှစ်ပါနဲ့။ အဲလိုဝက်ခြံမျိုးက ညှစ်လည်း အဆံမထွက်တတ်ပါဘူး။ အဆံမထွက်လာရင် မပျောက်ပါဘူး။

(၄) Diet
ရေများများသောက်ပေးပါ။ တနေ့ကို ရေ (၈)ခွက်သောက်ပေးသင်ပါတယ်။ အသားအရည်ကိုလည်း ကြည်လင်စေတယ်လေ။ Antioxidant များတဲအစားအစာများများစားပါ။ အဓိကကတောအသီးအနှံနဲ့ ဟင်းသီးဟင်းရွက်ကို ဦးစားပေးစားပါ။ ဆီကြော်စာတွေ၊ အသင်လုပ်ပြီးသား အစားအစာတွေ၊ အချိုတွေ ရှောင်ပါ။ ဒါတွေဟာ အစာချေဖျက်မှုကို နှေးစေပြီး လိုအပ်တဲ အာဟာရတွေ ခန္ဓာကိုယ်က စုပ်ယူမှုကိုလည်း တားဆီးပါတယ်။ နို့ထွက်ပစ္စည်းတွေလည်း လျောစားပါ။ နို့ထွက်ပစ္စည်းတွေမှာ ဟော်မုန်းပါပါတယ်။ ဟော်မုန်းအပြောင်းအလဲကလည်း ၀က်ခြံဖြစ်စေတဲအဓိက အကြောင်းရင်းလေ။ ဆယ်ကျော်သက်အရွယ်မှာ ၀က်ခြံပိုပေါက်ရတာ ဟော်မုန်းအပြောင်းအလဲကြောင်ပေါ။ များသောအားဖြင်မေးရိုးတလျှောက်ပေါက်တဲဝက်ခြံတွေဟာ ဟော်မုန်းကြောင်လို့ ယေဘူယျပြောလို့ရပါတယ်။

(၅) Lifestyle
စိတ်ဖိစီးမှုကို လျောပါ။ တနေ့ (၈)နာရီ အနည်းဆုံးအိပ်ပါ။ အိပ်ရေး၀၀အိပ်ခြင်းဟာ စိတ်ဖိစီးမှုကို လျောကျစေပါတယ်။ လေကျင်ခန်း ပုံမှန်လုပ်ပါ။ လေကျင်ခန်းလုပ်ခြင်းဟာ သွေးလည်ပတ်မှုကိုကောင်းစေတဲအပြင် စိတ်ဖိစီးမှုလျောနည်းစေတဲဟော်မုန်းထွက်လာစေပါတယ်။  ဆေးလိပ်သောက်ခြင်း အရက်သေစာသောက်စားခြင်းကို ရှောင်ကြည်ပါ။

(၆) သတိထားသင်သော အချက်များ
မျက်နှာကို လက်နဲ့ ခဏခဏ မထိပါနဲ့။ ခေါင်းအုံးစွတ်ကို ခဏခဏလျှော်ပေးပါ။ ဖုန်းပြောရင် ပါးနဲ့မထိအောင် သတိထားပါ (သို့) ဖုန်းကို သန့်စင်အောင်ထားပါ။ Make up brush တွေကို ပုံမှန်ဆေးပါ။ ခြုံပြောရရင်တောမျက်နှာကို ထိမယ်အရာမှန်သမျှဟာ သန့်ရှင်းပါစေ။ ခေါင်းကို သိပ်စေးကပ်တဲအထိမထားပါနဲ့။ နှစ်ရက်ခြားတစ်ခါခေါင်းလျှော်ပါ။ အထူးသဖြင်ဆံပင်ရှေ့ချထားတတ်တဲသူတွေ ပိုသတိထားသင်ပါတယ်။ ဒါဟာ နဖူးနဲ့ ဆံစတလျှောက်ဝက်ခြံပေါက်ရခြင်းရဲ့ အဓိကအကြောင်းရင်းပါ။ ယောက်ျားလေးတွေဆိုလည်း Hair Product တွေ အရမ်းမသုံးစေချင်ပါဘူး။ Hair Product တွေနဲ့ ချွေးတွေနဲ့ ရောပြီး ဆံစတလျှောက်ဝက်ခြံပေါက်စေနိုင်ပါတယ်။

ဒီလောက်ဆို ပြည်စုံလောက်ပြီ ထင်ပါတယ်နော်။ အော်.. အရေးကြီးတဲတချက် မေတောမလို့။ အဲဒါကတောစိတ်ကို ဖြူဖြူစင်စင်လေးနဲ့ ကြည်လင်အောင်ထားပါလို့… စိတ်ကြည်မှ ရုပ်ကြည်တာလေ :)

စာဖတ်သူအားလုံး ကြည်လင်သန့်ရှင်းတဲအသားအရည် ပိုင်ဆိုင်နိုင်ကြပါစေ....

No comments: