Monday, September 17, 2012

ဆေးလိပ်သောက်သူများအတွက် စကားလက်ဆောင်.....

                           

ပျှမ်းမျှခြင်းအားဖြင့် ဆေးလိပ်တလိပ်ဟာ အသက် ၁၁ မိနစ်တိုစေနိုင်ကြောင်း သိရပါတယ်။ အင်္ဂလန်မှာ
တစ်နေ့လျှင် ဆေးလိပ်သောက်တ့ငဲ ယ်ရွယ်သူ ၃၀၀ ဦးခန့်ဟာ ဆေးလိပ်ကြောင့် သေဆုံး ရပါတယ်။
အသက်၇၀ နှစ်အောက် သေဆုံးသူများတွင် ဆေးလိပ်သောက်ခြင်းနဲ့ ဆက်စပ်နေတဲ့
  ရောဂါတွေကြောင့် သေဆုံးသူဦးရေဟာ ရင်သားကင်ဆာ၊ AIDS ၊ ယာဉ်မတော်တဆမှုနဲ့
မူးယစ်ဆေးစွဲမှုတို့ကြောင့် သေဆုံးရမှုတွေထက်ပိုများပါတယ်။ ဆေးလိပ်သောက်ခြင်းကြောင့်
ကင်ဆာ၊ နှလုံးသွေးကြောဆိုင် ရာရောဂါများ၊ သွေးတိုးရောဂါ၊ လေဖြတ်ခြင်း၊ သွေးကြောများနှင့်
ဦးနှောက်တွင် သွေးခဲပိတ်ဆို့ခြင်း၊ နာတာရှည်အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါများ
၊ကျောက်ကပ်ပျက်စီးခြင်း၊ ခြေထောက်ပုပ်ခြင်း၊ မှတ်ညာဏ်ချို့ယွင်းခြင်း စတြဲ့ပဿနာတွေဖြစ်နိုင် ပါတယ်။
 နှလုံးသွေးကြောကျဉ်းရောဂါ၊ ရင်ဘတ်အောင့်နှလုံးရောဂါ စတာတွေဟာ ပြင်းထန်ပြီး သေစေနိုင်ပါတယ်။
                                ကင်ဆာရောဂါတွေထဲမှာ အထူးသဖြင့် အဆုတ်ကင်ဆာက အဖြစ်များပါတယ်။
အဆုတ်ကင်ဆာရောဂါသည်တွေရဲ့ ၉၀ ရာခိုင်နှုန်းဟာ ဆေးလိပ်သောက်ခြင်းကြောင့်ဖြစ်တယ်။ ဆေးလိပ်
အလယ်အလတ်သောက်သူ ၁၀ ဦးမှာ ၁ ဦးနဲ့ အများကြီးသောက်သူ ( တစ်ရက်ကို စီးကရက်
၁၅ လိပ်ထက် ပိုသောက်သူ) ၅ ဦးမှာ ၁ ဦးဟာ အဆုတ်ကင်ဆာဖြစ်ပြီး သေဆုံးပါတယ်။
 ပါးစပ်ကင်ဆာဖြစ်ပွားမှုဟာ ဆေးလိပ်သောက်သူတွေမှာ မသောက်သူတွေထက် ၄ဆ ပိုများပါတယ်။ ဆီးအိမ်ကင်ဆာ၊ အစာရေမျိုကင်ဆာ၊ ကျောက်ကပ်ကင်ဆာ၊ ပန်ကရိယကင်ဆာ၊ တင်ပါးဆုံရိုးကွင်းကင်ဆာ စတာတွေလည်း ဖြစ်ပွားနိုင်ပါတယ်။ သန္ဓေအောင်မှုဆိုင်ရာ ပြဿနာများ၊ ပန်းနာရင်ကျပ်၊ မျက်စိမြင်လွှာထိခိုက်ပျက်စီးခြင်း၊ ရေတိမ်ရောဂါ၊ ခံတွင်းအနံ့ဆိုးခြင်း၊ အနံ့အရသာ အာရုံများပျက်စီးခြင်း၊ သွားနှင့် သွားဖုံးများအရောင်စွန်းထင်းခြင်းစတာတွေလည်းဖြစ်နိုင်လို့
ဆေးလိပ်သောက်ခြင်း ဟာကိုယ်ရည်ကိုယ်သွေးတောက်ပြောင်မှုကိုပါထိခိုက်နိုင်ပါတယ်။
 ဆေးလိပ်သောက်ခြင်းကြောင့် သွေးကြောကြီးငယ်များကိုကျဉ်းမြောင်းစေပြီးထိခိုက်ပျက်စီးစေတာကြောင့်
ခန္ဓာကိုယ်အနံ့အင်္ဂါများကို သွေးပို့လွှတ်မှု နည်းပါးစေပါတယ်။ စီးကရက်တစ်လိပ်ကလေးကတောင်မှ
 သင့်ရဲ့ အရေပြားကို သွေးထောက်ပံ့မှု ၁ နာရီကြာအောင် လျော့ကျစေပါတယ်။
အရေပြားတွေဟာ မွဲညစ်လာပြီး အရေးကြောင်းတွေလည်း များလာစေပါတယ်။
ဒါဟာအရေပြားကို သွေးထောက်ပံ့မှုအားနည်းသွားရုံသာမကဗီတာမင် အေပမာဏကိုပါ လျော့ကျစေလို့ပါပဲ။ ဒါကြောင့်စမတ်ကျပြီးကြည့်ကောင်းတဲ့သူဖြစ်ချင်ရင် ဆေးလိပ်မသောက်ပါနှင့် ။
          ဆေးလိပ်နှင့် ပန်းသေပန်းညိုးရောဂါ
ဆေးလိပ်ဟာ အမျိုးသားတွေမှာ သီးသန့်ဖြစ်တဲ့ ကျန်းမာရေးပြဿနာတွေလည်း ရှိပါတယ်။ အဲဒီထဲက
တစ်ခုကတော့ ပန်းသေပန်းညိုးရောဂါပါပဲ။ အမျိုးသားများ ကျန်းမာကြံ့ခိုင်တဲ့ လိင်မဘှု ၀ကို
ရရှိလိုရင် ဆေးလိပ်မသောက်ပါနှင့်။ ကျန်းမာတဲ့ သားသမီးရတနာလေးတွေရဲ့ ဖခင်ဖြစ်လိုလျှင် ဆေးလိပ်
မသောက်ပါနှင့်။ ဆေးလိပ်သောက်ခြင်းကြောင့်ကျားလိင်အင်္ဂါကို ထောက်ပံ့ပေးနေတဲ့ သွေးကြေားလေးတွေ ကျဉ်းမြောင်း ထိခိုက်ပျက်စီးမှုရှိလာပါတယ်။အမျိုးသားတစ်ဦးဟာ ဆေးလိပ်ကိုပိုများများနဲ့ ကြာရှည်စွာသောက်လေလေ သက်လတ်ပိုင်းမှာပန်းသေပန်းညိုးဆိုင်ရာ ပြဿနာများကိုပိုမိုခံစားရလေလေ
ဖြစ်ပါတယ်။ lahey Hitchcock ဆေးပညာဌာနရဲ့ သုတေသနအရ ဆေးလိပ်သောက်ခြင်းဟာ အိပ်နေစဉ်
အလိုအလျောက် လိင်အင်္ဂါနိုးကြားခြင်းဖြစ်ပေါ်တဲ့ အကြိမ်အရေအတွက်ကို သိသိသာသာ
နည်းပါးသွားစေကြောင်းတွေ့ရပါတယ်။ အဲဒီအကြိမ်အရေအတွက် ဟာ သွေးစီးဆင်းမှုနဲ့ လိင်မှုဘ၀ Sex Life ရဲ့ အရည်အသွေးကို အထင်ရှားဆုံးညွှန်ပြမှုဖြစ်ပါတယ်။ အဲဒီနိုးကြားမှု အကြိမ်အရေ
အတွက်နဲ့ ပြင်းထန်မှုတို့လျော့ပါးခြင်းဟာ ပန်းသေ ပန်းညိုးရောဂါ (Erectile Dysfunction ) ဖြစ်ပွားနိုင်တဲ့
အခြေအနေရှိကြောင်းညွှန်ပြနေပါတယ်။
အသက် ၃၀ မှ ၄၀ နှစ်အတွင်း အမျိုးသားတွေမှာ ဆေးလိပ်သောက်သူတွေဟာ Erectile Dysfunction ( E D )ဖြစ်ပွားမယ့် အန္တရာယ် ငါးဆယ်ရာခိုင်နှုန်းပိုများပါတယ်။ ဗြိတိသျှဆရာဝန်အသင်းရဲ့ ခန့်မှန်းမှုအရ ဗြိတိန်မှာ ဆေးလိပ်သောက်ခြင်းကြောင့် E D ဖြစ်ပွားခံစားနေရသူ အမျိုးသား
၁၂၀၀၀၀ ဦးခန့်ရှိကြောင်းသိရပါတယ်။ ပန်းသေပန်းညိုးရောဂါဟာ ဆက်ဆံရေးပြိုကွဲမှု ၊ စိတ်ကျရောဂါ ၊
စိုးရိမ်ပူပန်မှု လွန်ကဲရောဂါ၊ မိမိကိုယ်မိမိ ယုံကြည်စိတ် ပျောက်ဆုံးခြင်းစတဲ့ လူမှုရေးနှင့် စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကိုပါ၊ ဖြစ်ပေါ်စေပါတယ်။ သတင်းကောင်းကတော့
ဆေးလိပ်ဖြတ်လိုက်ရင် ၂၄ နာရီကြာတဲ့အခါမှာလိင်အင်္ဂါအလိုအလျောက်နိုးကြား
 ထောင်မတ်နိုင်သောအရည်အသွေး သိသိသာသာ တိုးမြင့်လာပါတယ်။
တစ်နေ့မှာ စီးကရက်အလိပ် ၂၀ အထက်သောက်တဲ့ အမျိုးသားများဟာ မသောက်တ့သဲူတွေနဲ့ ယှဉ်ရင်
ပန်းသေပန်းညိုးရောဂါ ဖြစ်ပွားဖို့ အန္တရာယ်အခွင့်အလမ်း၆၀ရာခိုင်နှုန်းပိုများပါတယ်။
 ဆေးလိပ်သောက်နေသူများရဲ့ ၁၅ ရာခိုင်နှုန်း ပန်းသေပန်းညိုးပြဿနာရှိနေကြောင်း တွေ့ရပါတယ်။
 ကျေနပ်မှုရှိတဲ့ လိင်မှုဘ၀ကို ရရှိလိုတယ်ဆိုရင် ဆေးလိပ်ဖြတ်ဖို့ လိုပါမယ်။
           ဆေးလိပ်နဲ့ မျိုးဆက်ပွားမှု
ဆေးလိပ်ထဲမှာပါတဲ့ နီကိုတင်းဓာတ်ဟာ သုတ်ပိုးကောင်တွေကို ထိခိုက်ပျက်စီးစေပါတယ်။ အဲဒီလို
ထိခိုက်ပျက်စီးနေပေမဲ့ သုတ်ပိုးရဲ့ DNA ဟာ ဆေးလိပ်သောက်နေဆဲအချိန်မှာ ပြန်လည်ပြုပြင်နိုင်စွမ်း မရှိပါဘူး။ နီကိုတင်းအပြင် ဆေးလိပ်မှာပါတဲ့ ဓာတုပစ္စည်းအချို့တွေကလည်း မျိုးဗီဇမှာ
ချို့ယွင်းမှုတွေဖြစ်စေနိုင်ပြီး ကိုယ်ဝန်ပျက်ကျခြင်း၊ မွေးလာသော ကလေးတွင် ချို့ယွင်းချက်များပါလာခြင်း၊
ကင်ဆာရောဂါနှင့် အခြားကျန်းမာရေး ပြဿနာများပါလာခြင်းတို့ ဖြစ်တတ်ပါတယ်။ သူတ်ပိုး ထုတ်လုပ်မှုသံသရာ ကွင်းဆက်ဟာ ၇၄ ရက်ကြာမြင့်ပါတယ်။ ဆိုလိုတာက ဆေးလိပ်ဖြတ်လိုက်ပြီးနောက်
 ၇၄ ရက်ခန့်ကြာရင် သုတ်ပိုးအသစ်များ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကျန်းမာရေးကြံခိုင်တဲ့ကလေးကို ရယူလိုတဲ့ ဖခင်လောင်းတစ်ဦးဟာ ကလေးယူတော့မယ်ဆိုရင် ကလေးမယူခင် အနည်းဆုံး ၃ လခန့် ကြိုပြီး ဆေးလိပ်ဖြတ်သင့်ပါတယ်။ ဆေးလိပ်သောက်ခြင်း၊မသောက်ခြင်းဟာလူတစ်ဦးချင်းစီရဲ့ ရွေးချယ်မှုဆိုပေမယ့်
 သား၊သမီးကို ကျန်းမာရေးပြဿနာ အမွေဆိုးမပေးလိုရင် ကလေးမယူခင် ဆေးလိပ်ဖြတ်ပါ။ အဲဒီနောက်ပိုင်း ပြန်သောက်မယ်ဆိုရင်လည်းကလေးများနဲ့ အိမ်က မိသားစုဝင်များကို သင့်ရဲ့
ဆေးလိပ်မီးခိုးငေ့ွေ တွကို တစ်ဆင့်ခံ ရှူရှိုက်မိခြင်းမရှိအောင် သင့်ဘက် ဆင်ခြင်ပါ။ အိမ်ရဲ့ ပြင်ပ
သို့မဟုတ် ဆေးလိပ်သောက်သုံးရန် သီသန့်နေရာတွေ မှာသောက်ပါ။
                  ဆေးလိပ်ဖြတ်တော့မလား
ဆေးလိပ်ကြောင့်ဖြစ်တဲ့ အန္တရာယ်တွေကို သိနားလည်ပြီး ဆေးလိပ်ဖြတ်တော့မယ်ဆိုရင် မှန်ကန်တဲ့
နည်းလမ်းကိုရွေးဖို့လိုပြီး အမြန်ဆုံးနည်းလမ်းကို မဖြစ်မနေ ရွေးဖို့မလိုပါဘူး။
ဆိုလိုတာက မြန်မြန်ဖြတ်ပြီး မြန်မြန်ပြန်သောက်ဖြစ်တာထက် ဆေးလိပ်တကယ်ပြတ်ဖို့က ပိုပြီးလိုအပ်ပါ
တယ်။ ဆေးလိပ်ဖြတ်လိုက်တာနဲ့ မကြာခင် အထွေထွေကျန်းမာရေးကောင်းမွန်လာမှု၊ အနံ့အရသာ၊
အာရုံတိုးတက်လာမှု၊ နှလုံးရဲ့ လုပ်ဆောင်ချက် ပိုမိုကောင်းမွန်လာမှုတွေကို ခံစားရရှိမှာပါ။
ဆေးလိပ်ဖြတ်ဖို့ဆိုပြီး ဆေးလိပ်သောက်တ့အဲ လေ့အကျင့်ကို စွန့်လွှတ်လိုက်ပြီး မသောက်မိအောင်
စိတ်ကိုထိန်းချုပ်တ့နဲ ည်းနဲ့ ကြိုစားနေကြည့်တဲ့ နည်းဟာ အောင်မြင်ဖို့ မသေချာပါဘူး။
အတွေ့အကြုံတွေအရ ဆေးလိပ်ဖြတ်မယ့်သူက ပထမဦးစွာဆေးလိပ်သောက်သုံးမှု ရပ်စဲမယ့်နေ့တစ်နေ့ကို
သတ်မှတ်ရွေးချယ်ပါ။
                         ပြီးရင် ဆေးလိပ်လုံးဝမသောက်တော့ပါဘူးဆိုတဲ့ ဆုံးဖြတ်ချက်ကို အောင်မြင်စေမယ့်
စိတ်စွမ်းအားကိုရဖို့ အောက်ပါအချက် ၅ ချက်ရဲ့ အကူညီကိုရယူပါ-
-နီကိုတင်း အစားထိုးကုထုံး
( Nicotine Replacement Treatment )
-Zyban ( Buproplon) ဆေးလိပ်ဖြတ်ဆေး
-Champlx (Varenicline)       နီကိုတင်းရဲ့အာနိသင်ကိုတုပခြင်းဖြင့် ဆေးလိပ်သောက်ချင်စိတ်ကို လျော့ကျစေတဲ့ဆေး
-အမှုအကျင့် ပြောင်းလဲ ပြုပြင်ခြင်းအစီအစဉ်များ
-နှိပ်နယ်ခြင်း၊ အပ်စိုက်ခြင်း၊ အိပ်မွေ့ချခြင်းစတဲ့ ကုထုံးများ၊
လေ့လာမှုတွေအရ ဆေးလိပ်ဖြတ်တဲ့အစီအစဉ်တွေမှာပါဝင်ဆင်နွဲပြီးအပြုအမှုပြောင်းလဲခြင်းကုထုံး၊ ဆေးဝါးကုထုံး
စတာတွေနဲ့ ဆေးလိပ်ဖြတ်ဖို့ ကြိုးစားတာဟာ ကိုယ့်ဘာသာကိုယ် စိတ်ကိုတင်းပြီး စိတ်စွမ်းအားနဲ့ ဆေးလိပ်ဖြတ်တာထက် အောင်မြင်မှုနှုန်း ၃၀ ရာခိုင်နှုန်းကျော် ပိုများတယ်လို့သိရပါတယ်။
ဆေးလိပ်သောက်သုံးသူ အမျိုးသားများ´ ဆေးလိပ်နှင့်ကျန်းမာရေးကြိုက်ရာရွေး´ ဒါမှမဟုတ် ´ဆေးလိပ်နှင့် တက်ကြွပျော်ရွှင် အိမ်ထောင်ရှင်ဘ၀´ ကြိုက်ရာရွေးပါ။
 ကိုဇေယျာကို ကျေးဇူးတင်ပါတယ်......အားလုံးပဲ ပျော်ရွင်ပါစေဗျာ...

No comments: