Sunday, September 16, 2012

ခါးလေး သွယ်စေချင်


                                  
အစားအသောက်
ဗိုက်မှာအဆီမစုရအောင် ရှောင်လေဝေးဝေး လုပ်ရမယ့် အစားအသောက်ပုံစံလေးတွေကို ကြည့်ရအောင်
1) တစ်နပ်စာ လွှတ်ခြင်း
အစာတစ်နပ် မစားပဲထားတဲ့အခါ ခန္ဒ^ ကိုယ်က ပုံမှန်စားနေကျထက် လောင်စာတွေ ကို  ပိုပြီးလိုအပ်ပါတယ်။။ ဒါကြောင့် အစာစားလိုက်တဲ့ အခါ၊ ခန္ဒ^ကိုယ်က နောက်ထပ် အသုံးလိုရင်ထုတ်သုံးရအောင် စားလိုက်သမျှ ကို အဆီအဖြစ် ဝမ်းဗိုက်နားတစ်ဝိုက်မှာစုထားလိုက်ပါတယ်။
ဒါကြောင့်၊ပျိုမေတို့ ဝိတ်ချတော့မယ်ဆိုရင် တစ်နပ်စာရှောင်တာထက်၊ အစာနည်းနည်းကို သုံးလေးနာရီ ခြားတစ်ခါ စားပေးသင့်ပါတယ်။
2)သက်သက်လွတ်စားခြင်း
တချို့က အသား၊ငါး၊ နို့ထွက်ပစ္စည်းတွေကိုကယ်လိုရီတွေ၊ အဆီဓာတ်တွေပါတယ်ဆိုပြီးမစားကြပြန်ဘူး။ တကယ်တော့၊ အသားဓာတ် ဟာ၊ ခန္ဒ္ဒ္ဒ^ ကိုယ် ဇီဝဖြစ်စဉ်ကို မြင့်မားအောင်အားပေးတဲ့ အစာပါ။ အဆီတွေ မစုစေအောင် တားပေးနိုင်ပါတယ်။ကယ်လိုရီနည်းတဲ့ cottage ချိစ်တို့၊ တူးနားငါးတို့ကို ၆ အောင်စ စားပေးရင် တစ်နေ့စာ အသားဓာတ်လိုအပ်ချက်ရဲ့ ၄ ပုံ ၃ ပုံ ကိုဖြည့်ပေး ပါတယ်တဲ့။
3)”Lite” product များကိုမှီဝဲခြင်း
အဆီမပါတဲ့ဒိန်ချဉ်တို့၊ Diet Coke တို့ကိုသောက်တာက ကိုယ့်ခန္ဒ^ ကိုယ် ကျန်းမာဖို့အတွက် လို့ထင်ကြတယ်။ မဟုတ်ပါဘူး။ အချိုအတွက် သကြားနေရာမှာ အစားထိုးတဲ့ ဆေးသကြားတွေက လူတွေလုပ်ထားတဲ့ artificial products တွေ ဖြစ်ပါတယ်။ အာဟာရသုတေသီတွေ က အဲဒီ ဆေးသကြားတွေဟာ အဆီသိုလှောင်တဲ့ ဇီဝကမ္မဖြစ်စဉ်ကို အားပေးတဲ့ အရာတွေလို့ ယုံကြည်ထားကြပါတယ်။
4) အဆီတိုင်းကို ရန်သူဟု ယူဆခြင်း
အခုတလောတွေ့ရှိထားတဲ့ လေ့လာချက်က Mono Unsaturated Fatty Acid (MUFA) တွေဟာ သင့်ဗိုက်မှာရှိတဲ့ အဆီတွေကို ဖျော်ချပေးနိုင်တဲ့ အစွမ်းရှိတဲ့အပြင်၊ အစားစားချင်စိတ်ကိုလည်း ထိန်းထားပေးပါတယ်တဲ့။ MUFA ကြွယ်ဝတဲ့အစားစာတွေက ထောပတ်သီး၊ သံလွင်ဆီ၊ သစ်ကြားသီး၊သီဟိုရ်စေ့၊ နေကြာဆီ၊နှမ်းဆီ၊ပြောင်းဆီတို့ဖြစ်ကြပါတယ်။
လေ့ကျင့်ခန်း
ဒါကခါးသွယ်စေမယ့် လေ့ကျင့်ခန်းလေးတွေပါ။  ကိုယ်ကို ကော့ဆက်လို ပတ်ထားတဲ့ Oblique  ကြွက်သားတွေကိုကျစ်လစ်စေမယ့်   လေ့ကျင့်ခန်းလေးတွေပါ။
အောက်ဖော်ပြပါ  လေ့ကျင့်ခန်းတစ်ခုစီကို တစ်ခါလုပ်ရင် ၁၂ကြိမ်ကို နှစ်ခါစီပြန်ကျော့ ပြီး တစ်ပတ်မှာ သုံးရက် လုပ်ပေးရပါမယ်။

လေ့ကျင့်ခန်း (A)
လက်နှစ်ဘက် ကို လက်သီးဆုပ် အနေအထားနှင့် မျက်နှာအရှေ့မှာ ထားပါ။ ခါးကြွက်သားကို အားယူပြီး ညာကို တစ်ချက်၊ ဘယ်ကို တစ်ချက် လှည့်ပါ။ လှည့်နေစဉ်မှာ ကိုယ်အောက်ပိုင်းကို လိုက်မလှည့်မိအောင် သတိပြုရပါမယ်။
လေ့ကျင့်ခန်း (B)
ညာဘက်ကိုလှည့်တဲ့အခါ ညာဒူးကို ခါးအထိ မြှောက်ပါ။ ပြန်ချပါ။ ခုနက အတိုင်း ဘယ်ဘက်ကို  လှည့်တဲ့အခါ ဘယ်
ဒူးကို ခါးအထိ မြှောက်ပါ။ ပြန်ချပါ။
လေ့ကျင့်ခန်း (C)

ကိုယ်ကို ဘယ်ဘက်သို့ အနည်းငယ်စောင်းထားပြီး ကိုယ်အလေးချိန်ကို ဘယ် တံတောင်နှင့် ထောက် ထားပါ။ ညာဘက်လက်ကို ခေါင်းအနောက်မှာထားပါ ။ခြေထောက် နှစ်ဘက်ကို ကြမ်းပြင်မှ လွတ်တဲ့အနေအထားသို့ ကြွထားရပါမယ်။ ခါးဘေးကြွက်သားကို အားပြုရင်း ညာတံတောင်နှင့် ဒူးနှစ်ဘက်ကို ထိသည်အထိ ဆွဲယူပါ။ စက္ကန့်အနည်းငယ်ထိန်းထားပြီး ဖြည်းဖြည်းချင်း ပြန်လျှော့ပါ။
လေ့ကျင့်ခန်း (D)

အရင်ဆုံးကြမ်းပြင်ပေါ်မှာ မတ်မတ်ထိုင်ပြီး၊ ဒူးကို အလိုက်သင့် ကွေးထားပြီး လက်နှစ်ဘက်လုံးကို အရှေ့သို့ဆန့်ထားပါ။ ဘယ်ဘက်လက်ကို အနောက်သို့ဆွဲယူသည့်အခါ ကိုယ်အပေါ်ပိုင်းကလည်း လက်သွားရာဆီသို့  အလိုက်သင့် လှည့်ရပါမယ်။ မူလနေရာသို့ ပြန်နေပြီး ညာဘက်ကိုလည်း အလားတူ ပုံစံ ပြုလုပ်ပါ။
ကိုယ်လက်လှုပ်ရှားမှု
အညောင်းထိုင်ပြီး အလုပ်လုပ်ရတဲ့ သူတွေဟာ တချိန်လုံးမတ်တပ်ရပ် နေသူတွေထက် အဆီပိုစုကြပါတယ်။ ပုံမှန်ကိုယ်လက်လှုပ်ရှားမှုရှိတာက စားလိုက်တဲ့အဆီကို လျင်လျင်မြန်မြန် ချေဖျက်ဖို့ အားပေးတာကြောင့် အဆီစုဖို့ အလားအလာလျော့နည်းသွားပါတယ်။ လမ်းလျှောက်၊ စက်ဘီးစီးတာက ဘာမှမဟုတ်ပေမယ့် ပုံမှန်လေးလုပ်ပေးရင်  အားကစားခန်းမမှာ အပြင်းအထန်လုပ်သလို လူကို မပင်ပန်းစေပဲ အဆီတွေကို လောင်ကျွမ်းစေနိုင်ပါတယ်။ပျိုမေတို့အတွက် shopping ထွက်တာကလည်း ကိုယ်လက်လှုပ်ရှားမှုတစ်မျိုးပါပဲ။ (ပိုက်ဆံတော့နည်းနည်း ကုန်မှာပေါ့နော်) ရုံးမှာ တချိန်လုံးထိုင်နေရတဲ့သူတွေအတွက် မတ်မတ်လေး ဗိုက်ရှပ်ပြီးထိုင်မယ်ဆို ဗိုက်အောက်ပိုင်းအဆီစုတာကို ဟန့်တားပေးတဲ့ အပြင် ဗိုက်ကြွက်သားကိုလည်းကျစ်လစ်စေမှာပါ။ အဲလို စားသောက်မှုပုံစံ၊ ကိုယ်လက်လှုပ်ရှားမှုနဲ့ လေ့ကျင့်ခန်း သုံးခုလုံးတွဲလုပ်မယ်ဆိုရင် လိုချင်တဲ့ပန်းတိုင်ကို အချိန်တိုအတွင်းအရောက်လှမ်းနိုင်မှာ ကျိန်းသေပါပဲ။
စာဖတ်သူပျိုမေတွေ လည်း ကျန်းမာပျော်ရွှင်ဖွယ်နေ့ရက်လေးတွေ ပိုင်ဆိုင်နိုင်ကြပါစေ....
မမြတ်ကြည်ကို ကျေးဇူးတင်ပါတယ်.......

No comments: