Wednesday, October 3, 2012

ခံတွင်းအနံ့မထွက်အောင် ဘယ်လိုလုပ်ကျမလဲ....

 
ခံတွင်းအနံ့ထွက်ခြင်းဟာ လူမှုဆက်ဆံရေးမှာ တော်တော်ဆိုးရွားတဲ့ ပြစ်ချက်တစ်ခုပါ။ အသိမိတ်ဆွေတွေနဲ့ စကားပြောတဲ့အခါ ကိုယ့်ပါးစပ်က ဆိုးဆိုးရွားရွားအနံ့ထွက်နေရင် ဘယ်လောက်ရှက်စရာကောင်းလဲ?? အဲ့တော့ ခံတွင်းအနံ့မထွက်အောင် ကန်ဒီတို့ ကြိုတင်ကာကွယ်သင့်တာပေါ့နော် :)
♦ ဘာကြောင့် ခံတွင်းနံ့ထွက်တာလဲ?
ခံတွင်းအနံ့ထွက်ရခြင်းရဲ့ အကြီးမားဆုံးအကြောင်းရင်းကတော့ ခံတွင်းသန့်ရှင်းရေးအားနည်းလို့ပါ။ ကန်ဒီတို့ အစာစားပြီးလို့ သွားကြိုသွားကြားမှာ ကျန်နေတဲ့အစာတွေကို ပါးစပ်ထဲက ဘက်တီးရီးယားတွေက ချေဖျက်ပေးပါတယ်။ အဲ့ဒီဘက်တီးရီယားတွေကြောင့်ပဲ ခံတွင်းအနံ့ဆိုး ထွက်ပေါ်ရတာပေါ့။
တံတွေးသိပ်မထွက်ဘဲ အာခြောက်ရင်လည်း ခံတွင်းအနံ့ထွက်တတ်ပါတယ်။ တခါတလေ ကိုယ်အသုံးပြုနေတဲ့ဆေးတွေကြောင့် အာခြောက်တတ်ပါသေးတယ် (ဥပမာ- စိတ်ကျပျောက်ဆေး Antidepressants များ)။ ကန်ဒီတို့ ပါးစပ်တွင်းကထွက်တဲ့ တံတွေးမှာ အားသာချက်တွေ အများကြီးရှိတယ်။ သူက ခံတွင်းကို စိုစွတ်နေစေတဲ့အပြင် ဘက်တီးရီးယားတွေကိုလည်း လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့်ပေးတယ်။ အဲ့တော့ သူတို့ လွယ်လွယ်ကူကူ မျိုးမပွားနိုင်ဘူးပေါ့။ အိပ်မောကျနေတဲ့အချိန်မှာ တံတွေးထွက်နှုန်းလျော့ကျသွားပြီး ခုနကပြောသလို ဘက်တီးရီးယားတွေက စားကြွင်းစားကျန်တွေကို ချေဖျက်ပေးပါတယ်။ အဲ့ဒါကြောင့် ကန်ဒီတို့ အိပ်ယာနိုးနိုးချင်းအချိန်ဆို ခံတွင်းအနံ့ထွက်တတ်တာပေါ့။ တကယ်တော့ ဒါဟာ သဘာဝပါ။ မနက်ပိုင်းထွက်တဲ့ ခံတွင်းနံ့က ပျောက်အောင်လုပ်ဖို့လွယ်ပါတယ်။ အဲ့လိုမဟုတ်ဘဲ တနေကုန် အနံ့ထွက်နေတာဆိုရင်တော့ ဂရုစိုက်ဖို့လိုလာပါပြီ။
အနံ့ထွက်စေတဲ့ အစားအစာများစားခြင်း၊ သွားတိုက်တဲ့အခါ လျှာကိုတိုက်ဖို့ မေ့လျော့ခြင်းနဲ့ ဆေးလိပ်သောက်ခြင်းတို့ကြောင့် ခံတွင်းအနံ့ထွက်စေနိုင်သလို တချို့သော ရောဂါတွေကြောင့်လည်း ခံတွင်းနံ့ထွက်စေနိုင်ပါတယ်(ဥပမာ- ဆီးချို၊ နူမိုးနီးယား)
♦ ဘယ်လို ကာကွယ်မလဲ?
ဘာကြောင့်ဖြစ်လဲဆိုတာသိပြီဆိုမှတော့ ဘယ်လိုကာကွယ်ရမလဲဆိုတာလည်း သိလောက်ပြီပေါ့နော်။ ခံတွင်းနံ့မထွက်အောင် ပူရှိန်းလေးတွေငုံတာထက် ခံတွင်းနံ့ထွက်စေတဲ့အဓိကအကြောင်းရင်းတွေကို ကာကွယ်ဖို့လိုပါတယ်။

(၁) သွားပုံမှန်တိုက်ပါ။
(၂) သွားကြားထဲမှာ ကျန်နေတဲ့အစာတွေကို ပိုးကြိုး(Floss)နဲ့ အနည်းဆုံး ၃ရက်ခြားတခါဆွဲပေးပါ။
(၃) အချွဲအကျိတွေပြောင်တဲ့အထိ လျှာကို သေချာတိုက်ပေးပါ။
(၄) ရေများများသောက်ပါ။
(၅) ထမင်း အစာမခံပါနဲ့...လူတိုင်းဗိုက်စာနေတဲ့ အချိန်မှာ ခံတွင်းက အနံ့တမျိုး ထွက်လာတတ်ပါတယ်..အဲတာကြောင့် ဗိုက်စာပြီဆိုတာနဲ့ ချိုချဉ် ဒါမှမဟုတ် ရေကိုဝအောင် သောက်ပြီးမှ စကားပြောဆိုကြပါလို့.....
တကယ်တော့ ကန်ဒီရေးပြနေတာတွေကို အားလုံးသိလောက်ပါတယ်။ ခံတွင်းသန့်ရှင်းဖို့နဲ့ ခံတွင်းအနံ့မထွက်အောင် ကိုယ့်ဟာကိုယ်ထိန်းသိမ်းဖို့ အရေးကြီးတယ်ဆိုတာကို ထောက်ပြချင်ရုံသက်သက် ဒီပိုစ့်လေးကို ရေးဖြစ်သွားတာ :)
အားလုံးကျန်းမာပျော်ရွှင်ကြပါစေ^^

ရေးသားပေးထားသော ကန်ဒီကို ကျေးဇူးတင်ပါတယ်နော်......

No comments: