Monday, September 17, 2012

Nail Art Designs

Pink Leopard


ပန်းရောင်အကွက်လေးတွေ ပုံဖော်တဲ့နေရာမှာ ညီဖို့မလိုဘူးနော်.. အဆင်ပြေသလိုပဲ လက်သည်းဆိုးဆေးက Brush နဲ့ဆွဲလိုက်ရင် ရတယ်။ ပြီးရင် အမည်းရောင်အကွပ်လေးတွေကို မဆက်အောင်ထည့်လိုက်ရင် ရပြီ။  အရမ်းကွက်လပ်ဖြစ်နေတဲ့နေရာမျိုးဆို အမည်းစက်လေးတစက် ထည့်လိုက်နော်။

Nail Art Pen လေးတွေက ဒီလိုမျိုး ဒီဇိုင်းလုပ်ရင် အရမ်းအသုံးဝင်တယ်။ ကန်ဒီဝယ်ထားတဲ့ဟာက ပုံမှာ ပြထားတဲ့အတိုင်း ထိပ်(၂)ခုပါတယ်။ Brush အနေနဲ့လည်း ရတယ်။ Pen အနေနဲ့လည်း ရတယ်။ Gmarket က ၀ယ်ထားတာ။ ဈေးအရမ်းမကြီးဘူး။ သုံးပျော်တယ် :)
♥ Fresh Juicy Nail 

ဒါလေးက Idea ပေးဖို့ပဲ ထည့်ထားတာ။ လုပ်နည်းက ကန်ဒီရေးပြီးသား… ဒီမှာရှိတယ်နော်။ လက်သူကြွယ်မှာ သစ်သီးပုံ 3D Clay Nail Accessory လေးတွေ ကပ်ထားတယ်။ အဲ့ဒါမျိုးကို Fimo လို့ခေါ်တယ်။ Clay နဲ့လုပ်ထားတာ။ ရိုးရိုး Nail Sticker မဟုတ်ဘူး။ Gmarket တို့ Ebay တို့မှာ ၀ယ်လို့ရတယ်။
♥ Simple and Elegant


ဒီ Design လေးက လုပ်ထားတာ တော်တော်ကြာပြီ။ ကြယ်ပုံလေးတွေကို အပေါ်အောက် တလှည့်စီထည့်သွားတာက လက်ချောင်းအားလုံးရဲ့ တနေရာတည်းမှာ ထည့်တာထက် ပိုဆန်းတယ်။ အမျိုးမျိုး Try ကြည့်ပေါ့ :D

ဒါလေးကတော့ French Tip ကို အရမ်းပျင်းစရာမကောင်းအောင် နည်းနည်း Touch လုပ်ထားတဲ့သဘောပဲ။ Quick Tip တခုပြောပြမယ်နော်… French Tip လုပ်တဲ့အခါ ကိုယ့်လက်မငြိမ်လို့ အရင်းတွေမညီရင် ဒီနည်းလေး သုံးလို့ရတယ်။ Nail Art Brush အသေးလေးနဲ့ အောက်ခြေကို ကိုယ်ကြိုက်တဲ့အရောင်နဲ့ ကွပ်လိုက်ရင် ပိုလည်းဆန်းတယ် သပ်သပ်ရပ်ရပ်လည်းဖြစ်သွားတယ်။ လက်သူကြွယ်က ကနုတ်လေးက ဘာမှမဟုတ်ဘူး.. Sticker ကပ်ထားတာ :)
 ဒီဇိုင်းပေးထားတဲ့ မကန်ဒီခိုင်ကို ကျေးဇူးတင်ပါတယ်နော်..အားလုံးပဲ အဆင်ပြေပါစေနော်....

No comments: