Saturday, September 22, 2012

၎ လက်မအရွယ် screen ပါဝင်သည့် iPhone 5 ကို Apple တရားဝင်မိတ်ဆက်


ဒီဇိုင်းပြင်ဆင်ထားပြီး ၄ လက်မအရွယ် Retina display ပါဝင်ကာ iPhone 4S ထက် ၂၀ ရာခိုင်နှုန်းပိုမိုပေါ့ပါးသည့် ဆဋ္ဌမမြောက်မျိုးဆက် iPhone 5 ကို Apple ကုမ္ပဏီက တရားဝင် မိတ်ဆက်ကြေညာခဲ့သည်။ iPhone 4S ထက် ၁၈ ရာခိုင်နှုန်းပိုမိုပါးလွှာသည့် iPhone 5 ၏အထူသည် 7.6 မီလီမီတာသာရှိပြီး အလေးချိန် ၁၁၂ ဂရမ်သာရှိသည်။

စမတ်ဖုန်းကို ဖန်ထည်နှင့် အလူမီနီယံတို့ဖြင့် ပြုလုပ်ထားပြီး ခလုတ်အားလုံးမှာ ယခင်နေရာအတိုင်း မပြောင်းလဲဘဲ တပ်ဆင်အသုံးပြုထားသည်။ iPhone 5 တွင် တပ်ဆင်အသုံးပြုထားသည့် ၄ လက်မအရွယ် Retina display သစ်မှာ 1,136x 640 pixel resolution နှင့်ဖော်ပြပေးနိုင်ပြီး 16:9 aspect ratio ကိုအထောက်အပံ့ပေးထားသည်။ screen အရွယ်အစားကြီးမားလာသောကြောင့် ယခင်က icon များကို row လေးခုဖြင့်ဖော်ပြရာမှ row ငါးခုဖြင့် ဖော်ပြပေးနိုင်မည်ဖြစ်သည်။ ထို့အပြင် iLife, iWork နှင့် native app များကို Apple မှ အဆင့်မြှင့်တင်မှုပြုလုပ်ပေးထားပြီး developer များ၏ app များကိုလည်း iPhone 5 screen တွင်အသုံးပြုနိုင် ရန်အတွက် update ပြုလုပ်ခွင့်ပေးသွားမည်ဖြစ်ကြောင်း Apple မှပြောကြားခဲ့သည်။ Ultrafast Wireless ဟုခေါ်သည့် 4G LTE ၀န်ဆောင်မှုကို အထောက်အပံ့ပေးထားသည့်အတွက် iPhone 5 ကို အမေရိကန်တွင် Sprint, Verizon Wireless နှင့် AT&T ကွန်ရက်များရှိ LTE ၀န်ဆောင်မှုများနှင့် အသုံးပြုနိုင်မည်ဖြစ်သည်။ iPhone 4S တွင်အသုံးပြုထားသည့် A5 ထက် ၂၂ ရာခိုင်နှုန်း ထက် ပိုမိုသေးငယ်သည့် A6 ပရိုဆက်ဆာကို iPhone 5 တွင်အသုံးပြုထားသည့်အတွက် ဂရပ်ဖစ်စွမ်းဆောင်ရည်ကို iPhone 4S ထက် နှစ်ဆပိုမိုလျင်မြန်သည့်နှုန်းဖြင့် အသုံးပြုနိုင်ပြီး ဥပမာအနေဖြင့် iPhone 5 ပေါ်တွင် iPhoto app ကိုအသုံးပြုပြီး ဓာတ်ပုံသိမ်းဆည်းမှုပြုလုပ်ရာတွင် iPhone 4S ထက် 1.7 ဆလျင်မြန်သည့်နှုန်းဖြင့် အသုံးပြုနိုင်မည်ဟုသိရသည်။ ဘက်ထရီအနေဖြင့် 3G နှင့်ဖုန်းပြောခြင်းအတွက် ၈ နာရီနှင့် LTE browsing အတွက် ၈ နာရီအသုံးပြုနိုင်ပြီး standby အနေဖြင့် တစ်ကြိမ်အားသွင်းရုံနှင့် ၂၂၅ နာရီကြာ အသုံးပြုနိုင်မည်ဟု Apple ကုမ္ပဏီမှပြောကြားခဲ့သည်။ ကင်မရာပိုင်းအနေဖြင့် 8- megapixel sensor, 2,264x2,448 resolution တို့ဖြင့်အသုံးပြုနိုင်ပြီး အလင်းနည်းသည့်နေရာများတွင် ရိုက်ကူးသည့်အခါ အလွန်ကောင်းမွန်သည့် ဓာတ်ပုံအရည်အသွေးကို ရရှိနိုင်မည်ဟု သိရသည်။ ဗီဒီယိုရိုက်ကူးရာတွင်လည်း 1080p ဗီဒီယိုနှင့် ရိုက်ကူးနိုင်မည်ဖြစ်ပြီး ဗီဒီယို chatting ပြုလုပ်ခြင်းကိုလည်း Wi-Fi နှင့်ဆယ်လူလာကွန်ရက်များပေါ်မှ အသုံးပြုနိုင်မည်ဖြစ်သည်။ Dock connector ကို Lightning ဟုခေါ်သည့် all-digital connector ဖြင့် အစားထိုးအသုံးပြုထားပြီး ၎င်း connector မှာယခင် 30-pin connector ထက် ၈၀ ရာခိုင်နှုန်းသေးငယ်ကြောင်းနှင့် အသုံးပြုရာတွင်လည်း အလွယ်တကူ အသုံးပြုနိုင်မည်ဟု Apple ကုမ္ပဏီမှပြောကြားခဲ့သည်။ ထို့အပြင် iPhone 5 ကို 30-pin port ဖြင့် ချိတ်ဆက်အသုံးပြုနိုင်မည့် adapter သစ်ကိုလည်း Apple မှမိတ်ဆက်ပေးခဲ့ပြီး ၎င်းကို အမေရိကန်ဒေါ်လာ ၂၉ ဖြင့်ရောင်းချမည်ဟုသိရသည်။ iOS 6 အသုံးပြုထားသည့် iPhone 5 ကို အဖြူရောင်နှင့်အနက်ရောင်တို့ဖြင့် ထုတ်လုပ်ရောင်းချမည်ဖြစ်ပြီး နှစ်နှစ်စာချုပ်တန်ဖိုးမှာ 16 GB အတွက် အမေရိကန်ဒေါ်လာ ၁၉၉၊ 32GB အတွက်အမေရိကန် ၂၉၉ နှင့် 64GB အတွက် အမေရိကန်ဒေါ်လာ ၃၉၉ ကျသင့်မည်ဖြစ်သည်။ iPhone 5 ကို စက်တင်ဘာလ ၁၄ ရက်မှစတင်ကာ ကြိုတင်မှာယူနိုင်ပြီး စက်တင်ဘာလ ၂၁ ရက်တွင် စတင်ရောင်းချမည်ဟုသိရသည်။

from internet journal...

No comments: