Friday, September 21, 2012

ဗိုလ်လုပွဲရောက် မြန်မာ အမျိုးသမီး အသင်း

 
  မြန်မာ အမျိုးသမီးအသင်းသည် ဗီယက်နမ် နိုင်ငံတွင် ကျင်းပလျက်ရှိသော အာဆီယံချန်ပီယံရှစ် ပြိုင်ပွဲ၌ ဖိုင်နယ်အဆင့်သို့ တက်ရောက် သွားကြောင်း သိရသည်။
   မြန်မာ အသင်းသည် ဆီမီးဖိုင်နယ်တွင် ထိုင်းအသင်းကို ၁းဝ ဖြင့် အနိုင်ရရှိခဲ့ပြီး ယခုလို ချန်ပီယံဆုနှင့် လက်တစ်ကမ်း အကွာသို့ ရောက်ရှိ လာခြင်းဖြစ်သည်။ ထိုင်း အသင်းနှင့် ပွဲစဉ်တွင် မြန်မာအသင်းသည် ဂိုး-မေခင်ယမင်း၊ နောက်တန်း- မြင့်မြင့်အေး၊ ခင်သန်းဝေ၊ မိုးမိုးဝါ၊ ဖူးပွင့်ခိုင်၊ အလယ်တန်း- သန်းသန်းထွေး၊ ခင်မာလာထွန်း၊ ရှေ့တန်း- စန်းစန်းမော်၊ မေသူကျော်၊ ရီရီဦး၊ နီလာမြင့်တို့ဖြင့် ပွဲထွက် ကစားသွားခဲ့သည်။ ထိုင်းအသင်းနှင့်ပွဲစဉ်တွင် မြန်မာ အသင်းသည် အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ရပြီး ဒုတိယပိုင်း ၆၇ မိနစ်တွင် မြင့်မြင့်အေး၏ ဖြတ်တင် ပေးပို့မှုမှတစ်ဆင့် ဂိုးရှေ့တွင် အသင့်ရှိနေသော အဓိက ကစားသမား စန်းစန်းမော်က ဂိုးသမားကို ကျော်ပြီး ခေါင်းတိုက်သွင်းယူနိုင်ခြင်းဖြင့် မြန်မာအသင်း၏ တစ်လုံးတည်းသော အနိုင်ဂိုးကို ရယူ ပေးခဲ့သည်။ ယင်းကြောင့် မြန်မာအသင်းသည် ယခုလ ၂၂ ရက်နေ့တွင် အိမ်ရှင် ဗီယက်နမ် အသင်းနှင့် မြန်မာ စံတော်ချိန် ညနေ ၆ နာရီတွင် ဖိုင်နယ် ပွဲစဉ်အဖြစ် ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။ 

အောက်မှာ ဗီယက်နန်လိုင်းများတွင်ရှာကြည့်နိုင်ပါတယ်..

No comments: