Saturday, September 22, 2012

Windows Phone 8 နှင့်ပတ်သက်ပြီး သိထားသင့်သည့် အကြောင်းအရာများ


Microsoft ကုမ္ပဏီက တင်ပို့ရောင်းချမယ့် မျိုးဆက်သစ် Windows ဖုန်းများအတွက် operating system သစ်ကို မကြာသေးမီက ပွဲထုတ်မိတ်ဆက်ပေးခဲ့ပါတယ်။ ဒါကြောင့် မကြာမီကာလအတွင်းမှာ တွေ့မြင်ရဖွယ်ရှိတဲ့ စမတ်ဖုန်း operating system သစ် Windows Phone 8 နဲ့ပတ်သက်ပြီး သိထားသင့်တဲ့ အကြောင်းအရာတွေကို ဖော်ပြလိုက်ပါတယ်။



Hardware အနေနဲ့ ဘာတွေပြောင်းလဲထားသလဲ။
Dual-core နဲ့ quad-core လိုမျိုး multicore ပရိုဆက်ဆာများအတွက် Near-Field Communication (NFC) အထောက်အပံ့၊ 1280 x 720 pixel HD ကဲ့သို့သော resolution နဲ့ဖော်ပြပေးနိုင်တဲ့ screen သစ်နဲ့ ထပ်မံတိုးမြှင့်အသုံးပြနိုင်တဲ့ memory slot များက အကြီးမားဆုံးသော hardware အပြောင်းအလဲသစ်များ ဖြစ်ပါတယ်။

Start screen မှာ ဘာတွေပြောင်းလဲထားသလဲ။
Microsoft ဟာ Start screen ကို screen ရဲ့အကျယ်အထိချဲ့ကာ ဒီဇိုင်းပြောင်းလဲပြင်ဆင်ထားပါတယ်။ အသုံးပြုသူဟာ Start screen က live tile တစ်ခုချင်းစီရဲ့အရွယ်အစားကို ပြန်လည်ပြင်ဆင်နိုင်ပြီး အထောက်အပံ့ပေးထားတဲ့ color theme တွေက နှစ်သက်ရာကိုလည်း ရွေးချယ်အသုံးပြုနိုင်ပါတယ်။

နောက်ထပ်ပါဝင်တဲ့ အထောက်အပံ့သစ်တွေက ဘာတွေလဲ။
Windows Phone 8 မှာ အတွင်းမှဝယ်ယူမှုများ (in-app purchases) ကို အထောက်အပံ့ပေးထားပါတယ်။ ဒါ့အပြင် "wallet" လို့ခေါ်တဲ့ အရေးကြီးတဲ့ account အချက်အလက်သိုလှောင်မှု အထောက်အပံ့ကိုလည်း ထည့်သွင်းပေးထားပါတယ်။ OS update များရယူရာတွင် desktop နဲ့ချိတ်ဆက်ကာ ရယူခြင်းအစား လေလှိုင်းပေါ်မှရယူနိုင်အောင် ပြုလုပ်ပေးထားပါတယ်။ Windows Phone 8 ရဲ့ အခြေခံတည်ဆောက်ပုံဟာ desktop နဲ့ tablet အတွက်ထုတ်လုပ်မယ့် Windows 8 နဲ့တူညီတာကြောင့် လုံခြုံရေးကိစ္စရပ်များကိုင်တွယ်ခြင်း၊ ဂိမ်းကစားခြင်း၊ ကွန်ရက်ချိတ်ဆက်ခြင်း၊ မီဒီယာများ အသုံးပြုခြင်း စတာတွေမှာ အလွန်တူညီတာကိုတွေ့ရပါမယ်။

Windows ဖုန်းတွေမှာ Windows Phone 8 ကိုဘယ်အချိန်သုံးလို့ ရနိုင်မလဲ။
Windows Phone 8 အသုံးပြုထားတဲ့ Windows ဖုန်းတွေကို ယခုနှစ်ကုန်ပိုင်းလောက်မှာ တင်ပို့ရောင်းချဖွယ်ရှိပါတယ်။ နောက်ပြီး Microsoft ကလည်း ဖြန့်ချိမယ့်အချိန်ကို “အားလပ်ရက်ရာသီ” လို့ သုံးနှုန်းထားတာကြောင့် စက်တင်ဘာလနောက်ပိုင်းနဲ့ ခရစ်စမတ်ကာလမတိုင်မီမှာ တင်ပို့ရောင်းချဖွယ်ရှိပါတယ်။ Windows ဖုန်းအသုံးပြုသူများအတွက် သတင်းဆိုးတစ်ခုကတော့ Windows Phone 7.5 ဟန်းဆက်တွေကနေ Windows Phone 8 ကို အဆင့်မြှင့်တင်နိုင်မှု မရှိခြင်းဘဲဖြစ်ပါတယ်။ ဒါကြောင့် Samsung နဲ့ Lumia ဖုန်းကို ၀ယ်ယူအသုံးပြုသူတွေအနေနဲ့ Windows Phone 8 ကို အဆင့်မြှင့်တင်နိုင်မှာ မဟုတ်ပေ။

Windows Phone 8 မှာ Nokia ရဲ့အထောက်အပံ့တွေ ပါဝင်လာမလား။
Nokia ကထောက်ပံ့ပေးမယ့် app အချို့ကတော့ DLNA ပေါ်ကနေ content တွေကိုဝေမျှနိုင်မယ့် Play To, Nokia Maps, Mix Radio ပါဝင်တဲ့ Nokia Music 3.0, Nokia Drive တို့အပြင် panorama, burst shot, GroupShot တို့နဲ့သုံးနိုင်မယ့် ကင်မရာ app တို့ဖြစ်ပါတယ်။

Developer တွေအနေနဲ့ SDK ကို ဘယ်အချိန်ရနိုင်မလဲ။
Microsoft အနေနဲ့ Windows Phone 8 နဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို developer တွေထံ လာမယ့်နွေရာသီမှာ မိတ်ဆက်ပေးဖွယ်ရှိပါတယ်။ အဲ့ဒီအချိန်မှာ developer တွေအနေနဲ့ SDK ကိုရရှိပါလိမ့်မယ်။

Windows Phone 8 ကို ဘယ်ဖုန်းတွေမှာ တွေ့ရမလဲ။
Microsoft ရဲ့ လက်တွဲဖော်ကုမ္ပဏီကြီးငါးခုဖြစ်တဲ့ Samsung, Nokia, HTC, Huawei နဲ့ ZTE တို့ကထုတ်လုပ်တဲ့ Windows  ဖုန်းတွေမှာ Windows Phone 8 ကိုတွေ့မြင်ရဖွယ်ရှိပါတယ်။ Samsung နဲ့ Nokia ကတော့ ထိပ်တန်းနဲ့ အလယ်အလတ်တန်းစား Windows Phone 7.5 ဟန်းဆက်များကို ထုတ်လုပ်ထားပြီး Huawei နဲ့ ZTE တို့ကတော့ ဈေးနှုန်းသက်သာတဲ့ Windows Phone ဟန်းဆက်တွေကို မိတ်ဆက်ပြသထားပါတယ်။ ဒါကြောင့် အဆိုပါကုမ္ပဏီများအနေနဲ့ Windows Phone 8 ဟန်းဆက်တွေကို ဆက်လက်ထုတ်လုပ်ဖို့ မျှော်လင့်ရပါတယ်။

Windows Phone 8 ဟန်းဆက်တွေမှာ ဘယ်ပရိုဆက်ဆာအမျိုးအစားကို အသုံးပြုမလဲ။
ထိပ်တန်း Windows ဖုန်းတွေမှာ clock speed 1.7GHz အထိသုံးနိုင်မယ့် Qualcomm ရဲ့ dual-core Snapdragon S4 Plus ပရိုဆက်ဆာကို အသုံးပြုဖွယ်ရှိပါတယ်။ အချို့ဖုန်းတွေမှာတော့ တန်ဖိုးနဲ့ချိန်ကိုက်နိုင်မယ့် စွမ်းဆောင်ရည်နှေးတဲ့ ပရိုဆက်ဆာတွေကို အသုံးပြုဖွယ်ရှိပါတယ်။

Windows Phone 8 မှာ Skype အထောက်အပံ့ပါဝင်သလား။
VoIP app ဖြစ်တဲ့ Skype ကို Windows Phone 8 မှာ built-in ထည့်သွင်းပေးထားခြင်းမရှိပေမယ့် download ပြုလုပ်ပြီးသုံးနိုင်ပါတယ်။

NFC ကို ဘယ်လိုသုံးရမလဲ။
Windows Phone 8 မှာ near-field communcation (NFC) ကို ပထမဦးဆုံးအနေနဲ့ အထောက်အပံ့ပေးထားပါတယ်။ ၎င်းနည်းပညာကို မိုဘိုင်းငွေပေးချေမှုပြုလုပ်ခြင်းနဲ့ account များနဲ့ အရေးကြီးအချက်အလက်များကို သိုလှောင်ခြင်းတို့မှာ အသုံးပြုနိုင်ပါတယ်။ ၎င်းဟာအခြား third-party wallet များနဲ့တူညီပြီး iOS 6 မှာပါဝင်တဲ့ Passbook feature နဲ့လည်းတူပါတယ်။

အသံနဲ့စေခိုင်းနိုင်တဲ့ app တွေရော ပါဝင်သလား။
Windows Phone 8 ကိုသရုပ်ပြသစဉ်အခါက အသံကိုသိမှတ်နိုင်တဲ့ ဆော့ဖ်ဝဲ TellMe ကို Microsoft ကမိတ်ဆက်ပြသခဲ့ပါတယ်။ ဒီဆော့ဖ်ဝဲဟာ app ကိုအမိန့်ပေးပြောဆိုကာ စေခိုင်းနိုင်တဲ့ ဆော့ဖ်ဝဲ ဖြစ်ပါတယ်။ ၎င်းကို သီချင်းဖွင့်ခြင်း၊ ရပ်ခြင်း၊ ခေတ္တဆိုင်းငံ့ခြင်း၊ ပြန်ဖွင့်ခြင်း စတာတွေကို အသံနဲ့စေခိုင်းနိုင်မှာဖြစ်ပါတယ်။

from internet journal...

No comments: