Saturday, September 22, 2012

Broadband စနစ်နှင့် မိုဘိုင်းလုံခြုံရေး


Broadband အကြောင်းလေ့လာမိသမျှ
ဒီတစ်ပတ်မှာတော့ လက်ရှိနည်းပညာခေတ်မှာ စိတ်ဝင်စားဖို့ကောင်းပြီး လူတိုင်းနီးပါးပြောနေတတ်တဲ့ broadband ဆိုတဲ့နည်းပညာအကြောင်းကို ဗဟုသုတအဖြစ် လေ့လာကြည့်ကြရအောင်ပါ။ Broadband ဆိုတာဟာ bandwidth ကျယ်တဲ့ device ဒါမှမဟုတ် တယ်လီကွန်မြူနီကေးရှင်း signal ကို ရည်ညွှန်းခေါ်ဆိုတဲ့ စကားလုံးဖြစ်ပါတယ်။

“Broad” ဆိုတဲ့ကျယ်ပြောသောလို့ အဓိပ္ပါယ်ရတဲ့စကားလုံးကို ကွဲပြားတဲ့အချိန်နဲ့ တွဲဖက်တဲ့စကားလုံးပေါ်မူတည်ပြီး အယူအဆနဲ့အသုံးတွေကွဲပြားပါတယ်။ ဒီစကားလုံးရဲ့မူရင်းက ရူပဗေဒ၊ အသံပိုင်းဆိုင်ရာ လွင့်ထုတ်မှုနဲ့ ရေဒီယိုစနစ်အင်ဂျင်နီယာပညာရပ်တို့မှာ အသုံးပြုပါတယ်။ ဆိုင်ရာလွင့်ထုတ်မှုနဲ့ ရေဒီယိုစနစ် အင်ဂျင်နီယာပညာရပ်တို့မှာ အသုံးပြုပါတယ်။ Wideband ဆိုတဲ့စကားလုံးနဲ့ အဓိပ္ပာယ်တူညီပါတယ်။ ဒီစကားလုံးဟာ ၁၉၉၀ ပြည့်နှစ်ကစလို့ အင်တာနက်သုံးစွဲမှုဆိုင်ရာနယ်ပယ်မှာ စတင်ပြီး ရေပန်းစားလာတဲ့ စကားလုံးဖြစ်ပါတယ်။ တယ်လီကွန်မြူနီကေးရှင်းနယ်ပယ်မှာတော့ broadband ဆိုတာဟာ ကြီးကျယ်ပြန့်တဲ့ frequency ထုတ်လွင့်မှုတွေကိုရည်ညွှန်းတဲ့ ထုတ်လွင့်မှုနည်းလမ်းတစ်ခုကို ရည်ညွှန်းခေါ်ဆိုတာဖြစ်ပါတယ်။ တယ်လီဗေးရှင်းအင်တာနာတွေကို broadband လို့သတ်မှတ်ခေါ်ဆိုနိုင်ပါတယ်။ Broadband ဗီဒီယိုစနစ်ဆိုတာထဲမှာ အင်တာနက်ပေါ်က Streaming ဗီဒီယိုတွေပါဝင်ပါတယ်။ ဒီဗီဒီယိုတွေကို broadband လို့သတ်မှတ်ခေါ်ဆိုနိုင်ပါတယ်။ Broadband ဗီဒီယိုစနစ်ဆိုတာထဲမှာ အင်တာနက်ပေါ်က Streaming ဗီဒီယိုတွေပါဝင်ပါတယ်။ ဒီဗီဒီယိုတွေဟာ broadband အင်တာနက်စနစ်အတွင်းသုံးစွဲမှ စွမ်းဆောင်ရည်ပြည့်ဝစွာ ခံစားရမှာပါ။ Broadband ဗီဒီယိုဆိုတဲ့စကားလုံးဟာ တစ်ခါတစ်ရံမှာတော့ IPTV ဗီဒီယိုတွေကိုလည်း ရည်ညွှန်းခေါ်ဆိုတာတွေ့ရပါတယ်။ စံသတ်မှတ်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ နိုင်ငံတကာတယ်လီဂရပ်နဲ့ တယ်လီဖုန်းအတိုင်ပင်ခံကော်မတီ (CCITT) က "broadband service" ဆိုတဲ့ စကားလုံးကိုပုံမှန် ၁.၅ ကနေ ၂ Mbit/s ထက်ပိုတဲ့ ရုပ်သံအချက်အလက်ပို့လွှတ်မှုမှာ သုံးစွဲဖို့သတ်မှတ်ခဲ့ကြပါတယ်။ Mobile broadband, Wireless broadband, Ultra-wideband နဲ့ broadband universal service တို့ကို ဆက်လက်လေ့လာကြပါမယ်။

Mobile broadband
Mobile broadband ဆိုတာဟာ USB ကြိုးမဲ့ Moderm, မိုဘိုင်းဖုန်း၊ Protable modern နဲ့တခြားသောမိုဘိုင်း device တွေကနေဖြတ်ပြီး ကြိုးမဲ့အင်တာနက်သုံးစွဲမှုတို့အတွက်ခေါ်ဆိုတဲ့ မာကတ်တင်းအခေါ် ဖြစ်ပါတယ်။ Mobile Notebook နဲ့ Laptop အများစုမှာတော့ Mobile broadband ကိုသုံးစွဲဖို့အတွက် built-in ထည့်ပေးထားတတ်ကြပါတယ်။ မိုဘိုင်းဖုန်းထုတ်လုပ်သူတွေက ဒီဝန်ဆောင်မှုကို သုံးစွဲကြပါတယ်။ မြောက်အမေရိကမှာတော့ မိုဘိုင်းဖုန်းတွေကို ဆဲလ်ဖုန်းအဖြစ် ရည်ညွှန်းခေါ်ဆိုကြပါတယ်။ LTE နဲ့ Mobile WiMax တို့ကတော့ အချက်အလက်အတွက် သီးသန့်ဖြစ်ကြပြီး၊ အသံအတွက် VOIP စနစ်ကိုသုံးစွဲကြပါတယ်။ Mobile broadband ကွန်ရက်မှာ GPRS, 3G, WiMax, LTE, Flash-OFDM, IPW, iBarst UMFS/HSPA, EVDO နဲ့တချို့သော သယ်ဆောင်ရလွယ်ကူတဲ့ ဂြိုဟ်တုအခြေပြုစနစ်တွေလို ကွဲပြားတဲ့စနစ်တွေကို သုံးစွဲကြပါတယ်။ သို့ပေမယ့်ဒီစကားလုံးဟာ CDMA-1 နဲ့ညီနောင်စနစ်ဖြစ်တဲ့ EVDO, GSM ရဲ့ EDGE နဲ့ UMTS/3G Foma ပေါ်က HSPDA/HSUPA/HSPA တို့အတွက် သုံးတဲ့စာလုံးဖြစ်ပါတယ်။ WiMax ဟာ IEEE 802.16 ရဲ့အမှတ်တံဆိပ်ဖြစ်ပါတယ်။ Mobile Broadband စနစ်သုံးစွဲသူတွေဟာ ၂၀၁၀ ပြည့်နှစ်မှာ သန်းပေါင်း ၅၀၀ အထိရှိခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်အကုန်မှာတော့ အမေရိကနဲ့ အနောက်ဥရောပက သန်းပေါင်း ၂၀၀ ကျော်ရှိပြီး အာရှပစိဖိတ်ဒေသကသန်းပေါင်း ၄၀၀ ကျော်ရှိလာတယ်လို့တွက်ချက်ထားကြပါတယ်။

Wireless broadband
Wireless broadband ဆိုတာကတော့ မြန်နှုန်းမြင့်ကြိုးမဲ့အင်တာနက်သုံးစွဲမှုစနစ်သို့မဟုတ် ကွန်ပျူတာကွန်ရက်သုံးစွဲမှုကိုခေါ်ဆိုတဲ့ နည်းပညာပါ။ ကြိုးမဲ့ကွန်ရက်ဟာ ကြိုးကိုသုံးစွဲတဲ့ကွန်ရက်နဲ့ ယေဘုယျ အားဖြင့် တူညီပါတယ်။ ကြိုးသုံးစွဲတဲ့ကွန်ရက်က Cable Modem သို့မဟုတ် Asymmetric digital subscribe line (ADSL) လိုစနစ်တွေဖြစ်ပါတယ်။ ကြိုးမဲ့အင်တာနက်ဝန်ဆောင်မှုကို ရယူသုံးစွဲတဲ့အခါမှာ 100 Mbit/s နဲ့ download ကိုရယူနိုင်ပြီး ကီလိုမီတာ ၅၀ အတွင်းမှာသုံးစွဲနိုင်ပါတယ်။ WiMax ဟာဥရောပမှာ အလွန်ရေပန်းစားတဲ့စနစ်ဖြစ်ပါတယ်။ Mobile wireless broadband ကို Mobile broadband လို့လည်း ခေါ်ဆိုပါတယ်။ ဆဲလ်ဖုန်းတာဝါတွေကနေ အင်တာနက်သုံးစွဲနိုင်ဖို့အတွက် PC သို့မဟုတ် Laptop တွေမှာ PC ကတ်နဲ့ USB device တို့ကိုဝယ်ယူပြီး တပ်ဆင်သုံးစွဲနိုင်ပါတယ်။

Broadband Universal ၀န်ဆောင်မှု
Broadband Universal ၀န်ဆောင်မှုဟာ နိုင်ငံသားတွေကို အစိုးရကနေ အင်တာနက်သုံးစွဲနိုင်အောင် စီမံပေးတဲ့စနစ်ဖြစ်ပါတယ်။

ကြိုးမဲ့နှင့်မိုဘိုင်း device လုံခြုံရေး
ယနေ့ခေတ်မှာတော့ အင်တာနက်ဆိုတဲ့စကားလုံးကို လူအတော်များများက ရင်းနှီးနေပြီဖြစ်ပါတယ်။ အထူးသဖြင့်မြို့ပြလူတန်းစားအတွက် သိပ်ပြီးနားမစိမ်းတော့တဲ့ စကားလုံးဖြစ်ပါတယ်။ မကြာခင်ကာလ မှာလည်း လူအတော်များများက မိုဘိုင်းဖုန်းတွေ သုံးစွဲလာနိုင်ပါတော့မယ်။ ဖုန်းတွေကနေ သာမန်ဖုန်းပြောတာလောက်မဟုတ်ဘဲ အင်တာနက်ကိုပါ သုံးစွဲလာနိုင်ကြတော့မှာပါ။ ဒီလိုအချိန်မျိုးမှာ လူတိုင်း သတိပြုစရာက ကိုယ့်ရဲ့အချက်အလက်တွေရဲ့လုံခြုံရေးဟာ ဘယ်လောက်အထိရှိသလဲ။ လုံခြုံအောင် ဘယ်လိုထားရမလဲဆိုတဲ့အချက်ပါ။ အင်တာနက်ကိုကြိုက်တဲ့အချိန်၊ ကြိုက်တဲ့နေရာကနေ ကြည့်နိုင်၊ သုံးနိုင်သလို ကိုယ့်ရဲ့ကြိုးမဲ့ကွန်ရက်ထဲကို တိုက်ခိုက်ချင်သူတွေက အလွယ်တကူဖောက်ထွင်းဝင်ရောက်နိုင်ပါတယ်။ ဒီလိုဖြစ်နိုင်ခြေတွေထဲကနေ အကျဉ်းချုပ်ပြီး အဖြစ်များတဲ့အရာကိုတော့ လာခဲ့မယ်ဆိုရင် Wi-Fi Hotspot တွေကိုတွေ့ရပါလိမ့်မယ်။

ကြိုးမဲ့ကွန်ရက်လုံခြုံရေး
သင်ဟာအကယ်၍ အင်တာနက်သုံးဖို့အတွက် ကြိုးမဲ့ကွန်ရက်ကိုသုံးနေတယ်ဆိုရင် ဒါဟာလုံခြုံမှုရှိရဲ့လားလို့ သေချာအောင်လေ့လာသင့်ပါတယ်။ ကိုယ့်ရဲ့အချက်အလက်တွေကို လေထဲကတစ်ဆင့် သွားစေ တဲ့အခါ ဟက်ကာတွေနဲ့ ဆိုက်ဘာရာဇ၀တ်သားတွေက ကြားကနေ အလွယ်တကူဖောက်ယူနိုင်ကြပါတယ်။ ကြိုးမဲ့ကွန်ရက်အတွက် Internet Service Provider (ISP) တွေကလည်း ပြုလုပ်ပေးထားတတ်ကြပါတယ်။ ကြိုးမဲ့ကွန်ရက်အတွက် လုံခြုံရေးကိစ္စကို စဉ်းစားမယ်ဆိုရင်တော့ အောက်ဖော်ပြပါ။
- ကိုယ်ရဲ့ Signal စွမ်းအားကို ကန့်သတ်ပါ။ ဒီလိုလုပ်လိုက်ခြင်းဟာ သင့်အိမ်ရဲ့ပြင်ပကနေ သင့်ကို ထောက်လှမ်းမှုမလုပ်နိုင်တော့ပါဘူး။
- SSID broadcasting ကို disable လုပ်ခြင်းအားဖြင့် သင့်ရဲ့ကွန်ရက်ကို ဒီ Signal အတွင်းမှာရှိတဲ့ တခြားသောကြိုးမဲ့သုံးစွဲသူတွေက သိနိုင်ကြမှာမဟုတ်ပါဘူး။
- MAC (Media Access Control) Address filtering ကို Enable လုပ်ခြင်းအားဖြင့် ကိုယ့်ရဲ့ ကြိုးမဲ့ကွန်ရက်ထဲကို တခြားသော ၀င်ခွင့်မရှိတဲ့သူတွေမ၀င်ရောက်နိုင်အောင် ကာကွယ်ပေးပါတယ်။
- WPA (Wi-Fi Protected Access) သို့မဟုတ် WPA2 လို့ခေါ်ဆိုတဲ့ ကြိုးမဲ့ utilize ကိုသုံးစွဲပါ။
- အကယ်၍ WPA အစား WFP (Wired Equivalent Privacy) ကိုသုံးစွဲနေတယ်ဆိုခဲ့လျှင် encryption ကိုအမြင့်ဆုံးအထိမြှင့်ထားပါ။

Wi-Fi Hotspot
လုံခြုံရေးအင်တာနက်ကို ကော်ဖီဆိုင်၊ ဟိုတယ်နဲ့ လေဆိပ်စတဲ့ လူအများသုံးစွဲတဲ့နေရာတွေမှာ သုံးစွဲမယ်ဆိုခဲ့လျှင် လုံခြုံရေးအတွက် ထည့်စဉ်းစားဖို့လိုအပ်လာပါပြီ။ တစ်ခါတစ်ရံမှာတော့ ကိုယ့်ရဲ့အိမ်မှာသုံးတယ်ဆိုခဲ့လျှင်တောင် လုံခြုံဖို့ကမလွယ်ကူပါဘူး။ ဒါကြောင့် ဘယ်လိုလုံခြုံအောင်လုပ်မလဲဆိုတာကို လေ့လာထားသင့်ပါတယ်။

Mobile Device Malware
လက်ရှိအချိန်တွေမှာ မိုဘိုင်းဖုန်းတွေက စွမ်းဆောင်ရည်ပိုင်းမှာ ပိုပြီးမြင့်မားလာပါတယ်။ ဒီလိုစွမ်းရည်ပိုင်း မြင့်မားလာတာနဲ့အမျှ virus တွေနဲ့ malware တွေရဲ့အန္တရာယ်ကို သတိပြုဖို့လိုလာပါတယ်။ မိုဘိုင်းဖုန်း တွေမှာ အလုပ်လုပ်တဲ့ antivirus တွေကိုတင်ထားတာက လုံခြုံရေးအတွက် စိတ်ချရပါတယ်။

Malware တွေကို ရှောင်ရှားနိုင်ဖို့ နည်းလမ်းကတော့
- မိုဘိုင်းဖုန်းထုတ်တဲ့ ကုမ္ပဏီရဲ့ဝက်ဘ်ဆိုက်ကိုဝင်ပြီး လုံခြုံရေးဆိုင်ရာညွှန်ကြားချက်များကိုလိုက်နာပြီး လုံခြုံရေး၊ Update တွေကို download ပုံမှန်လုပ်ယူဖို့လိုအပ်ပါတယ်။
- ပရိုဂရမ် သို့မဟုတ် application တွေကို download မပြုလုပ်ခင်မှာ စိတ်ချယုံကြည်ရတဲ့ဆိုက်ဖြစ်ရဲ့လားလို့ သတိပြုလေ့လာဖို့လိုအပ်ပါတယ်။
- အခမဲ့ပေးမယ်တို့ အခမဲ့ ringtone တို့ကို ရှောင်ရှားသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲတာတွေထဲမှာmalware တွေပါလာတတ်တာကြောင့်ပါပဲ။  ရေးသားသူကိုမြင့်ဇော်ကို ကျေးဇူးတင်ပါတယ်နော်..

from internet journal...

No comments: