Wednesday, September 26, 2012

Android OS Polaris Office ဆော့ဖ်ဝဲအသုံးပြုနည်း

 
ဒီတစ်ပတ်မှာတော့ Android OS အသုံးပြုသူတွေအတွက် Polaris Office ဆိုတဲ့ ဆော့ဖ်ဝဲအသုံးပြုပုံလေးကို ဖော်ပြပေးသွားပါမယ်။ ဒီဆော့ဖ်ဝဲလေးဟာ ပေါ့ပေါ့ပါးပါးနဲ့ အလွယ်တကူ အသုံးပြုနိုင်မှာ ဖြစ်တဲ့အပြင် အချို့ Samsung ဖုန်းတွေမှာဆိုရင် ဖုန်းရဲ့ Firmware ထဲမှာ Default ပါဝင်တဲ့ Application လေးတစ်ခုလည်းဖြစ်ပါတယ်။

ဒီဆော့ဖ်ဝဲလေးဟာ အသုံးပြုဖို့ လွယ်ကူတဲ့အပြင် ပေါ့ပေါ့ပါးပါးလည်း ရှိတဲ့အတွက် အသုံးပြုသူတွေ အဆင်ပြေနိုင်မှာပါ။ Polaris Office ဆိုတဲ့ဆော့ဖ်ဝဲလေးကတော့ Office စနစ်ဖြစ်တဲ့ Word, Excel, Powerpoint ဆိုတဲ့ Office စနစ်တွေကို အသုံးပြုနိုင်တဲ့ ဆော့ဖ်ဝဲပဲဖြစ်ပါတယ်။ ဆော့ဖ်ဝဲကို ဖွင့်လိုက်မယ်ဆိုရင်တော့ ပထမဆုံးအနေနဲ့ ကိုယ့်ရဲ့အကောင့်ကို Register ပြုလုပ်မလားဆိုပြီး မေးပါလိမ့်မယ်။ ဒါကတော့ ကိုယ့်ရဲ့ဖုန်းက အင်တာနက် အသုံးပြုနိုင်တယ်ဆိုရင် အင်တာနက်နဲ့ ချိတ်ဆက်ပြီးတော့ပဲဖြစ်ဖြစ် WiFi နဲ့ ချိတ်ဆက်ပြီးတော့ပဲဖြစ်ဖြစ် အကောင့်ကို Register ပြုလုပ်နိုင်ပါတယ်။ Register မလုပ်ချင်ဘူးဆိုရင်လည်း ရပါတယ်။ Register Later ဆိုတာကိုနှိပ်ပြီး ပြန်ထွက်လာနိုင်ပါတယ်။ Register Later ကိုနှိပ်လိုက်မယ်ဆိုရင်တော့ ဆော့ဖ်ဝဲကိုအသုံးပြုနိုင်မယ့် စနစ်ထဲကို ရောက်ရှိမှာဖြစ်ပါတယ်။ ဆော့ဖ်ဝဲရဲ့ interface မှာတော့ စာရွက်ပုံလေးတစ်ခုနဲ့အတူ My File, Recent Documents, Web File အစရှိတဲ့စနစ်တွေကို မြင်တွေ့နိုင်မှာဖြစ်ပါတယ်။ အွန်လိုင်းနဲ့ ချိတ်ဆက်ထားမယ်ဆိုရင်တော့ ဒီထဲမှာ Search ဆိုတဲ့ ဘားလေးတစ်ခုကိုပါ
မြင်တွေ့နိုင်မှာပါ။ My File ဆိုတာကတော့ ကိုယ့်ဖုန်းထဲမှာရှိနေတဲ့ ဖိုင်တွေကို မြင်တွေ့နိုင် ရှာဖွေနိုင်မယ့် နေရာပဲဖြစ်ပါတယ်။ ဒီနေရာဟာ File Manager နဲ့တူတူပါပဲ။ ဒီနေရာမှာ ကိုယ့်ဖုန်းထဲက ဖိုင်တွေကို ရှာဖွေနိုင်မှာဖြစ်သလို ဖုန်းထဲမှာထည့်သွင်းထားတဲ့ SD Card ကိုလည်း ရှာဖွေကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ နောက်ထပ်စနစ်တစ်ခုဖြစ်တဲ့ Recent Documents ဆိုတဲ့စနစ်ကတော့ ကိုယ်အသုံးပြုခဲ့တဲ့ Application တွေကို ပြန်လည်ကြည့်ရှုနိုင်မယ့်အပြင် ပိတ်ပြစ်ချင်တယ်ဆိုရင်လည်း ပိတ်လိုက်နိုင်မယ့် နေရာပဲဖြစ်ပါတယ်။ ကိုယ်က Word, Excel အစရှိတဲ့စနစ်တွေကို အသုံးပြုခဲ့တယ်ဆိုရင် ကိုယ် Save လုပ်လိုက်တဲ့ဖိုင်ကို ဒီ Recent Documents ဆိုတဲ့နေရာမှာ မြင်တွေ့နိုင်မှာဖြစ်ပါတယ်။ Web file ဆိုတဲ့နေရာကတော့ ကိုယ့်ရဲ့ Gmail Account ပြုလုပ်တဲ့စနစ်တွေနဲ့ အခြား Web ဆိုင်ရာ အသုံးပြုစနစ်တွေအတွက် စုစည်းပေးထားတဲ့ နေရာပဲဖြစ်ပါတယ်။ Office Application စနစ်တွေကို အသုံးပြုချင်တယ်ဆိုရင်တော့ ဒီစနစ်တွေနဲ့ အတူပါဝင်နေတဲ့ အထက်မှာဖော်ပြခဲ့တဲ့ စာရွက်ပုံလေးကို နှိပ်လိုက်ရပါမယ်။ ဒါဆိုရင်တော့ အသုံးပြုနိုင်မယ့် Office စနစ်တွေကို မြင်တွေ့ရမှာပါ။ မြင်တွေ့ရမယ့်ပုံစံကတော့ Document 97-2003, Document 2077, Sheet 97-2003, Sheet 2007, Slide 97-2003, Slide 2007, New Folder အစရှိတဲ့စနစ်တွေကို မြင်တွေ့နိုင်မှာဖြစ်ပါတယ်။ Document 97-2003 ဆိုတာကတော့ Word 97-2003 ကိုဆိုလိုတာဖြစ်ပါတယ်။ ဒီစနစ်ကို အသုံးပြုမယ်ဆိုရင် Word စနစ်ကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Document  2007 ကလည်း Word 2007 ကိုဆိုလိုခြင်းဖြစ်ပါတယ်။ Sheet 97-2003 ဆိုတာကလည်း Excel 97-2003 ကိုဆိုလိုခြင်းဖြစ်ပြီး ဒီစနစ်ကို အသုံးပြုမယ်ဆိုရင်တော့ မိုဘိုင်း Excel စနစ်ကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Sheet 2007 ဆိုတာကလည်း Excel 2007 ကိုဆိုလိုခြင်းဖြစ်ပါတယ်။ ကိုယ်နှစ်သက်မယ့် ဗားရှင်းကို ရွေးချယ်အသုံးပြုနိုင်အောင် ပြုလုပ်ပေးထားခြင်းလည်း ဖြစ်ပါတယ်။ Slide ဆိုတာကတော့ Powerpoint စနစ်ကို ဆိုလိုခြင်းဖြစ်ပြီး ဒီထဲမှာ ကိုယ်ထည့်သွင်းချင်တဲ့ ဓါတ်ပုံတွေနဲ့ စာတွေကို ပါဝါပွိုင့်ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ Slide ဆိုတဲ့စနစ်မှာလည်း ၉၇-၂၀၀၃ နဲ့ ၂၀၀၇ နှစ်မျိုးရှိပြီး အသုံးပြုသူ ကြိုက်နှစ်သက်ရာကို ရွေးချယ်အသုံးပြုနိုင်မှာဖြစ်ပါတယ်။

from internet journal...

No comments: