Tuesday, September 4, 2012

ဆောင်းရာသီ အသားအရေ ထိန်းသိမ်းနည်း


ဟေမာန်ဆောင်းရာသီကို ချဉ်းနင်းဝင်ရောက်လာပြီ ဖြစ်တဲ့အတွက် ဒီရာသီဟာ အေးမြခြောက်သွေ့ပြီး အသားအရေကို ခြောက်သွေ့ကြမ်းတမ်းစေပါတယ်။ ဒါကြောင့် အောက်ဖော်ပြပါ ထိန်းသိမ်းနည်းလေးတွေနဲ့ အသားအရေကို ထိန်းသိမ်းစောက်ရှောက်နိုင်ဖို့ -
၁။ ဆောင်းရာသီရောက်ရင် ရေပူ၊ ရေနွေးကို ရှောင်ကျဉ်ရပါမယ်။ ရေပူရေနွေးဟာ သက်တောင့်သက်သာရှိစေပြီး စိတ်ကိုလန်းဆန်းစေနိုင်ပေမယ့် အရေပြားပေါ်က အစိုဓါတ်ကို ဖယ်ရှားပေးနိုင်စွမ်းမရှိတာကြောင့်ပါ။
၂။ အပေါင်းအသင်းတွေနဲ့ လက်ကိုင်၊ ထိတွေ့တဲ့အခါ ခြောက်သွေ့တဲ့ လက်ဟာ တခြားသူတွေကို မသက်မသာ ဖြစ်စေပါတယ်။ ပျော့ပြောင်းနူးညံ့တဲ့ လက်လေးတွေကို ပိုင်ဆိုင်ချင်ရင် Moisturiser ကို ဘယ်သွားသွား ယူသွားပါ။
၃။ ရေချိုးတဲ့အခါ ကိုယ်တိုက်ဖတ်ကိုသုံးပြီး ရေချိုးခြင်းဖြင့် ခြောက်သွေ့နေတဲ့ အရေပြားတွေကို ဖယ်ရှားပေးပြီး ပျော့ပြောင်း လတ်ဆတ်တဲ့ အသားအရေကို ပိုင်ဆိုင်လာနိုင်မှာဖြစ်ပါတယ်။
၎။ အပြင်မထွက်ခင် ခြေ၊ လက်တို့ကို Moisturiser များများလေး လိမ်းပါ။ အိပ်ယာဝင်ရင်လည်း ခြေထောက်ကို Moisturiser လိမ်း၊ ခြေအိတ်စွတ်ပါ။ ဒီလိုလုပ်ခြင်းဖြင့် အရေပြားထဲ Moisturiser စိမ့်ဝင်ပြီး မနက်ထိ အသားအရေစိုပြေနေမှာဖြစ်ပါတယ်။
၅။ ဆောင်းတွင်းမှာ နုတ်ခမ်းနီမဆိုးပဲ မနေပါနဲ့။ နုတ်ခမ်းဟာ ခဏအတွင်း အစိုဓါတ်ကုန်ဆုံးပြီး ခြောက်သွေ့လွယ်ပါတယ်။ နုတ်ခမ်းကို လျှာနဲ့လျှက်ပြီး အစိုဓါတ်ရစေတယ်လို့ ထင်မှတ်ထားခြင်းဟာ မှားယွင်းတဲ့ ယုံကြည်မှုတစ်ခုပါ။ ဒီလိုလုပ်ခြင်းဟာ နုတ်ခမ်းသားအစိုဓါတ်ကို ပိုမိုကုန်ဆုံးလွယ်စေပါတယ်။ နုတ်ခမ်းသား စိုပြေစေဖို့ အရည်အသွေးကောင်းတဲ့ နုတ်ခမ်းဆီကို သုံးပေးပါ။
၆။ အိုမီဂါ ၃ အက်ဆစ်ဟာ အသားအရေအတွက် အကောင်းမွန်ဆုံးအဟာရဖြစ်တာကြောင့် ငါးများများစားသုံးပေးပါ။ သတ်သတ်လွတ်စားသူတွေအဖို့ အိုမီဂါ ၃ ဆေးပြားကို ဆရာဝန်နဲ့ တိုင်ပင်ပြီး ၀ယ်ယူသုံးစွဲပါ။
အထက်ဖော်ပြပါ ရိုးရှင်းလွယ်ကူတဲ့ အချက်လေးတွေကို လိုက်နာကျင့်သုံးခြင်းဖြင့် အသားအရေ အိုမင်းရင့်ရော်ခြင်းကို ကာကွယ်နိုင်မှာပါ။ ဒီနည်းလေးတွေဟာ ဆောင်းရာသီတစ်ခုပဲ လိုက်နာရမယ်လို့ မဆိုပါဘူး။ ၁၂ ရာသီပတ်လုံး လိုက်နာသင့်တဲ့ အချက်လေးတွေပါ......

No comments: