Monday, October 22, 2012

ကိုယ်အလေးချိန် ကျဆင်းနိုင်အောင် ကိုယ်တွင်းအဆိပ်များ ဖယ်ရှားသောနည်းဖြင့် ကိုယ်အလေးချိန် လျှော့ချရအောင်....



ကနေဒါနိုင်ငံမှ ထိပ်တန်း ကိုယ်အလေးချိန် လျှော့ချနိုင်တဲ့ နည်းလမ်းတွေဖြစ်ပြီး သကြားစွဲလမ်းတဲ့ အခြေအနေကို အနိုင်ယူကာ ဆီးချိုရောဂါ ဖြစ်နိုင်ခြေကိုလည်း လျှော့ချနိုင်တဲ့အတွက်  ကိုယ်အလေးချိန် လျှော့ချလိုသူတွေ လိုက်နာသင့်ပါတယ်။ သကြားဓာတ်တွေ ခန္ဓာကိုယ်အတွင်း နေရာအနှံ့မှာ ရှိနေရင် ခန္ဓာကိုယ်ရဲ့ ဓာတုလုပ်ငန်းတွေ ပြောင်းလဲသွားပြီး ကိုယ်တွင်းအင်္ဂါထဲ အဆီတွေ တွယ်ကပ်နေသလို ဖြစ်သွားပါတယ်။ ဒါကြောင့် ကိုယ်တွင်းမှာ သကြားတွေ စုဆောင်းမှု မရှိအောင် Detox လုပ်ရပါမယ်။ Detox လုပ်တာကြောင့် တစ်ပတ်အတွင်း ကိုယ်အလေးချိန် ၁၅ ပေါင်အထိ လျော့ကျသွားနိုင်ပါတယ်။

၁။ သန့်ရှင်းတဲ့ အစာနဲ့ စတင်ပါ
ဆိုလိုတာက သဘာဝအတိုင်းဖြစ်တဲ့ အစာတွေဖြစ်ပြီး ဘာမှ မပြုပြင်ထားတဲ့ အစာတွေပါ။ ဥပမာအားဖြင့် ကြက်ဥ၊ ငါး၊ ကြက်သား၊ မြက်စားနွား၊ အခွံမာသီး၊ ပဲအမျိုးမျိုးနဲ့ ဟင်းသီးဟင်းရွက်တို့ ဖြစ်ကြပါတယ်။

ဘယ်လိုအလုပ်လုပ်သလဲ
သစ်သီးတွေမှ သဘာဝအချိုဓာတ်တွေ ရပေမယ့် သကြားနဲ့ အချိုပါဝင်တယ်လို့ စာတန်းကပ်ထားတဲ့ အစားအသောက် ထုတ်ကုန်တွေလောက် ကယ်လိုရီ မများတဲ့အတွက် အဲဒါတွေကို ရှောင်ကြဉ်တာကြောင့် ခန္ဓာကိုယ်တွင်း သကြားဓာတ်ရရှိမှု နည်းသွားနိုင်ပါတယ်။

၂။ တစ်ကြိမ်ကို နည်းနည်းနဲ့ ခဏခဏစားပါ
တစ်နေ့တာလုံးအတွက် အစာကြီးသုံးကြိမ်နဲ့ အဆာပြေအစာ သုံးကြိမ်စားပါ။
ဘယ်လိုအလုပ်လုပ်သလဲ
သကြားပါဝင်မှုနည်းတဲ့ အစာမျိုးစုံဖြစ်ပေမယ့် အဲဒီအစာတွေကို ပမာဏများများ စားလိုက်တာကြောင့် သွေးတွင်း သကြားဓာတ် မြင့်တက်သွားနိုင်ပါတယ်။ မကြာခဏ သကြားဓာတ်မြင့်တက်တာကြောင့် Insulin အဆင့်တွေ မြင့်သွားတယ်လို့ ကယ်လီဖိုးနီးယား တက္ကသိုလ်မှ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ Insulin ဆိုတာ အဆီလောင်ကျွမ်းမှုကို ပိတ်ပင်ပြီး အဆီစုဆောင်းမှုကို အားပေးတဲ့ဟော်မုန်းပါ။ အစာပမာဏ အနည်းငယ်ကို မကြာခဏ စားလိုက်တာကြောင့် ခန္ဓာကိုယ်က Relax ရရှိသွားပြီး လပေါင်းများစွာ သကြားစုဆောင်းမှု များတဲ့အတွက် ပျက်စီးမှုဖြစ်စဉ်တွေကို မဖြစ်အောင်ကာကွယ်နိုင်ပါတယ်။

၃။ ကစီဓာတ်အစား ပရိုတင်း စားပေးပါ
ကာဗိုဟိုက်ဒရိတ်ခေါ်တဲ့ ကစီဓာတ်ပါဝင်တဲ့ ဆန်၊ ပေါင်မုန့်၊ ခေါက်ဆွဲ အစရှိတာတွေကို တစ်နေ့ နှစ်ကြိမ်ထက် ပိုမစားပါနဲ့။ သင်အစာစားတဲ့ အချိန်တိုင်း ပရိုတင်းပါဝင်အောင် စားပေးပါ။
ဘယ်လိုအလုပ်လုပ်သလဲ
ကစီဓာတ်ကို ကန့်သတ်ပြီးစားကာ ပရိုတင်း ပိုမိုစားသုံးတာကြောင့် သွေးတွင်း သကြားဓာတ်မြင့်တက်မှုကို ကာကွယ်နိုင်ပါတယ်။ ဒါ့အပြင် ပရိုတင်း များများစားတာကြောင့် အချိန်အကြာကြီး ဗိုက်ပြည့်တင်းမှု ရရှိစေနိုင်ပါတယ်။

၎။ သကြားဓာတ်ကို ဖြိုခွဲနိုင်တဲ့ အစာစားပါ
သစ်ကြံပိုးခေါက်နဲ့ ပန်းသီးဝိုင်ရှာလကာရည် (Apple Cider Vinegar) တွေပါဝင်အောင် စားပါ။
ဘယ်လိုအလုပ်လုပ်သလဲ
အစာမစားခင် Vinegar အနည်းငယ်သောက်လိုက်တာကြောင့် သွေးတွင်း သကြားအဆင့်မြင့်တက်မှု ၈၁ ရာခိုင်နှုန်းခန့် လျှော့ချနိုင်ပါတယ်။ သစ်ကြံပိုးခေါက်မှာပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေဟာ ဆဲလ်တွေမှ သကြားဓာတ်ကို လောင်ကျွမ်းနှုန်း ပုံမှန်ထက်အဆ ၂၀ ပိုမြန်ပါတယ်။

ကိုယ်အလေးချိန် တက်တာနဲ့ ခန္ဓာကိုယ်တွင်း အဆိပ်ရှိတာအကြား ဆက်စပ်မှု ရှိနေတတ်ပါတယ်။  အဆိပ်တွေက အဆီဆဲလ်တွေထဲမှာ သိုလှောင်နေတာကြောင့် ခန္ဓာကိုယ်က အဆိပ်တွေ ပိုရှိလေလေ၊ အဆိပ်တွေကို သိုလှောင်ဖို့ အဆီတွေကို ပိုမို ထုတ်လုပ်ရလေလေ ဖြစ်ပါတယ်။ ဒါကြောင့် အဆီဆဲလ်တွေထဲမှာ စုပုံနေတဲ့ အဆိပ်တွေ လျော့ကျအောင် လုပ်ဆောင်တဲ့နည်းဟာ အဆီဆဲလ် ပမာဏကို လျော့နည်းစေသလို ကိုယ်အလေးချိန်ကိုလည်း လျှော့ချနိုင်ပါတယ်။
ရေသောက်ပါ
ရေဟာ ခန္ဓာကိုယ်အတွက် မရှိမဖြစ် အရေးပါပြီး ခန္ဓာကိုယ် အလေးချိန်ရဲ့ ၆၀ ရာခိုင်နှုန်းကျော်က ရေတွေနဲ့ ဖွဲ့စည်းထားပါတယ်။ ဆဲလ်တိုင်းဟာ အသက်ရှင်ဖို့ရာ အတွက် ရေကို မှီခိုနေရပါတယ်။ ရေဟာ ဆဲလ်တွေဆီကို အာဟာရဓာတ်တွေ သယ်ဆောင်ပေးသလို ခန္ဓာကိုယ်တွင်း အင်္ဂါအစိတ်အပိုင်းတွေထဲက အဆိပ်တွေ ထွက်ရှိဖို့လည်း ကူညီနိုင်ပါတယ်။ ရေအနည်းငယ်ပဲ သောက်ရင် ရေဓာတ် ခန်းခြောက်တာနဲ့ ပင်ပန်းနွမ်းနယ်မှုကို ဖြစ်စေနိုင်ပါတယ်။ ခန္ဓာကိုယ်ဟာ ချွေးထွက်တာနဲ့ ဆီးသွားတာတွေကြောင့် နေ့စဉ် ရေဓာတ်ဆုံးရှုံး နေတတ်ပါတယ်။ ဒီလို ဆုံးရှုံးမှုကို ပြန်လည် အစားထိုးနိုင်အောင် ရေကို များများ သောက်ပေးရပါမယ်။
လေ့ကျင့်ခန်းကို အလုံအလောက် လုပ်ဆောင်ပါ
သွေးစီးဆင်းမှု ကောင်းမွန်တာက ခန္ဓာကိုယ် အင်္ဂါအစိတ်အပိုင်းတွေဆီ ရေစီးဆင်း ရောက်ရှိမှုကို ကောင်းမွန်စေပါတယ်။ လေ့ကျင့်ခန်း လုပ်တာက အဆီတွေကို လောင်ကျွမ်းစေရုံ သာမက ချွေးထွက်တာကြောင့် ခန္ဓာကိုယ်ထဲက အဆိပ်တွေကို ကင်းစင်သွားစေပါတယ်။ ဒီလို အကျိုးကျေးဇူးတွေ ရရှိဖို့ နေ့စဉ် လေ့ကျင့်ခန်းလုပ်ပါ။ လေ့ကျင့်ခန်း လုပ်တာကြောင့် နှလုံးခုန်နှုန်း မြန်စေပြီး ဇီဝရုပ် ဖြစ်ပျက်မှုကို ကောင်းစေကာ အဆုတ်ရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေပါတယ်။
ရှောင်သင့်သော အစားအသောက်များကို ရှောင်ပါ
ခေါက်ဆွဲ၊ ပေါင်မုန့်၊ အာလူးနဲ့ အခွံချွတ်ထားတဲ့ သကြားပါ မုန့်တွေကို တတ်နိုင်သမျှ လျှော့စားသင့်ပါတယ်။ အကြောင်းကတော့ ကာဗိုဟိုက်ဒရိတ်က လောင်ကျွမ်းနှုန်း လွယ်စေပြီး စွမ်းအင်အဖြစ် ပြောင်းလဲ သွားနိုင်တာကြောင့် ခန္ဓာကိုယ်က အဆီတွေကို လောင်ကျွမ်းမယ့်အစား ကာဗိုဟိုက်ဒရိတ်ကိုပဲ လောင်ကျွမ်းစေလို့ပါ။ ကာဗိုဟိုက်ဒရိတ် အပိုတွေက အဆီအဖြစ် ခန္ဓာကိုယ်ထဲမှာ စုနေပါလိမ့်မယ်။
ဟင်းသီးဟင်းရွက် များများစားပါ
အရောင်နဲ့ အမျိုးအစားက ဘယ်လိုပဲ ဖြစ်ဖြစ် နေ့စဉ်နေ့တိုင်း ဟင်းသီးဟင်းရွက်တွေကို စားပေးသင့်ပါတယ်။ ဖြစ်နိုင်ရင် လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက် အစိမ်းကို ချက်စားသင့်ပါတယ်။ ဟင်းသီးဟင်းရွက်တွေက အလွယ်တကူ ကြေညက်လွယ်သလို ဗိုက်လည်း ပြည့်စေပါတယ်။ ဟင်းသီးဟင်းရွက်တွေမှာ မရှိမဖြစ် ဗီတာမင်နဲ့ သတ္တုဓာတ်တွေလည်း ပါဝင်ပါတယ်။
ငါးစားပါ
အနီရောင်အသားကို လျှော့စားဖို့ ကြိုးစားပါ။ ကြက်သားကို စားပေးနိုင်သလို အထူးသဖြင့် ငါးကို အဓိက စားပေးသင့်ပါတယ်။ ငါးမှာ အိုမီဂါ ၃ ဖက်တီးအက်စစ် ပါဝင်တာကြောင့် ဦးနှောက်ရဲ့ ကျန်းမာရေးကို ကောင်းမွန်စေကာ နှလုံးရောဂါ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။ ငါးဟာ ခန္ဓာကိုယ်ကို ပရိုတင်းဓာတ် ဖြည့်တင်းပေးတာကြောင့် ကြာကြာ ဗိုက်ပြည့်စေပါတယ်။
ပဲအမျိုးမျိုး စားပါ
ကုလားပဲ၊ ပဲနီလေးနဲ့ ပဲတီစိမ်း စတဲ့ ပဲအမျိုးမျိုးမှာ ပရိုတင်းဓာတ်နဲ့ အမျှင်ဓာတ်တို့ များများ ပါဝင်ပါတယ်။ ပဲအမျိုးမျိုးမှာပါတဲ့ အမျှင်ဓာတ်ဟာ အထွေထွေ ကျန်းမာရေးကို ကောင်းမွန်စေရုံ သာမက အစာခြေစနစ်ကိုလည်း ကျန်းမာစေပါတယ်။ ပဲအမျိုးမျိုးမှာ အဆီဓာတ် ပါဝင်မှုနည်းပြီး အင်ဆီအောက်ဆီးဒင့် ပါဝင်တာကြောင့် အဆိပ်တွေကို ချေဖျက်ပေးနိုင်စွမ်း ရှိပါတယ်။
အခွံမာသော အစေ့အဆန် စားပါ
အခွံမာတဲ့ အစေ့အဆန်တွေမှာ ပရိုတင်းဓာတ် ပါဝင်မှု မြင့်မားတာကြောင့် ဆာလောင်မှု မဖြစ်စေဘဲ နှလုံးကိုလည်း အကာအကွယ် ပေးနိုင်စွမ်း ရှိပါတယ်။ လေ့လာမှုအရ အခွံမာတဲ့ အစေ့အဆန်ကို ပုံမှန်စားတဲ့ သူတွေဟာ ဇီဝရုပ် ဖြစ်ပျက်မှုကို ကောင်းမွန်စေပြီး သွေးဖိအားကို လျော့ကျစေတယ်လို့ သိရပါတယ်။
အရက်ရှောင်ပါ
ခန္ဓာကိုယ်ထဲ အဆိပ်တွေ ချေဖျက်နေစဉ် အရက်ကိုလည်း ရှောင်ရပါမယ်။ အယ်လ်ကိုဟောဟာ ဆီးသွားစေတဲ့ အာနိသင်ရှိပြီး ခန္ဓာကိုယ်ကို ရေဓာတ် ခန်းခြောက်စေပါတယ်။ အယ်လ်ကိုဟောဟာ အသည်းရဲ့ အစာကို ချေဖျက်နိုင်စွမ်းနဲ့ အရေးကြီး အာဟာရဓာတ်တွေ စုပ်ယူနိုင်စွမ်းကို တားဆီးပေးပါတယ်။ အသည်းဟာ အယ်လ်ကိုဟောကို အဓိက ချေဖျက်နေရလို့ပါ။

ရေးသားပေးထားသော မမိုးကို ကျေးဇူးတင်ပါတယ်နော်....

No comments: