Sunday, October 21, 2012

ယောက်ကျားလေးများအတွက် မိန်းကလေးတွေရဲ့အလှအပရဲ့ နောက်ကွယ်မှာ သိထားသင့်တဲ့ အကြောင်းအရာများ...



အမျိုးသမီးတွေရဲ့ ဆွဲဆောင်မှု
ဆွဲဆောင်မှုရှိတဲ့ အမျိုးသမီးတွေရဲ့ အားသာချက်ကို ပိုင်ဆိုင်သူတွေက ပိုပြီးခံစားကြရမှာပါ။ ဆွဲဆောင်မှုမရှိတဲ့ သူတွေဆိုရင် နေရာမပေးခံရတာလည်း ကာယကံရှင်တွေကိုယ်တိုင် သိရှိနေမှာပဲလေ။ ယောက်ျားလေးတွေကလည်း လှတာထက် ဆွဲဆောင်မှုရှိတာကို ပိုကြိုက်တာကိုး။ ဆွဲဆောင်မှုရဲ့ နောက်ကွယ်မှာကျတော့ တိကျတဲ့ အဖြေထွက်ပေါ်လာခြင်း မရှိတာဘဲ။ ဒါပေမဲ့ ဆွဲဆောင်မှုရှိတဲ့ သူတိုင်းကတော့ လှတာပဲ။ လှတဲ့သူတိုင်းကတော့ ဆွဲဆောင်မှု မရှိပြန်ဘူး။ သိပ်ပြီးကွာတယ်။ ဒါကြောင့် ဆွဲဆောင်မှု သုတေသနပညာရှင်တွေရဲ့ အကြမ်းဖျင်း ကောက်ချက်ချတာကတော့ အမျိုးသမီးတစ်ယောက်ဟာ အမျိုးသား တစ်ယောက်အတွက်ဆိုရင် ငယ်ရွယ်နုပျိုမှု၊ လှပမှု၊ ခန္ဓာကိုယ် အချိုးအစား ပြေပြစ်မျှတမှု ရှိနေရင် ဆွဲဆောင်နိုင်တာပဲလေ။ မျက်နှာအတွက်ဆိုရင် ဆွဲဆောင်မှု ရှိဖို့အတွက် အချိုးအစား ညီညာမျှတခြင်း၊ နှုတ်ခမ်းသား ပြည့်စုံညီညာခြင်း၊ နဖူးကျယ်ခြင်း၊ မေးရိုးသေးခြင်း၊ နှာခေါင်းသေးခြင်း၊ အောက်မေးရိုးတိုနေခြင်း၊ ပါးရှိမေးရိုးတွေ ထင်ပေါ်မြင့်မားနေခြင်း၊ ရှင်းလင်းချောမွေ့တဲ့ အသားအရေရှိခြင်း၊ ကြီးပြီးကြည်လင်တဲ့ မျက်လုံးပိုင်ရှင်ဖြစ်ခြင်းဟာ အမျိုးသမီး တစ်ယောက်အတွက် ဆွဲဆောင်မှုရှိတဲ့ မျက်နှာပိုင်ရှင်ပါပဲ။

ငယ်ရွယ်နုပျိုမှု

ဆွဲဆောင်မှုမှာတော့ ငယ်ရွယ်နုပျိုခြင်းဟာ လူတိုင်း ပိုင်ဆိုင်လို့ မရပါဘူး။ အသက်အရွယ် ကြီးရင့်သူ တစ်ယောက်အတွက် နုပျိုချင် နုပျိုနိုင်ပေမယ့် ငယ်ရွယ်တာတော့ ဖြစ်မလာနိုင်ဘူး။ ဒီတော့ ငယ်ရွယ်နုပျိုမှုဟာ အချိန်အတိုင်းအတာ ရှိတာပေါ့။ အသက်ကြီးလာရင်တောင် အသက်ကို လိမ်ပြောချင်ကြတယ်။ အသက်ကြီးတယ် ပြောတာ၊ အိုစာတာကို လုံးဝ လက်မခံကြပါဘူး။ ဒီတော့ နုပျိုငယ်ရွယ်ခြင်းဟာ ဆွဲဆောင်မှုအတွက် အချိန်အတိုင်းအတာ တစ်ခုအတွင်း ရမယ့်အကျိုးရလဒ် တစ်ခုပဲ။ ဆွဲဆောင်မှု အရှိဆုံးအရွယ်ကို စစ်တမ်းအရ ၂၁ နှစ်လို့ သတ်မှတ်ကြတယ်။ နှစ်ဆကြီးလာရင် နှစ်ဆ ဆွဲဆောင်မှု လျော့တာပါပဲ။

ရင်သား

သုတေသန အလိုအရပြောရရင် တချို့အမျိုးသားတွေက အမျိုးသမီးတွေရဲ့ ရင်သားဟာ ဆွဲဆောင်မှုရှိတဲ့ အထဲမှာ ပါတယ်ဆိုတာပါပဲ။ တချို့ လေ့လာချက်ကျတော့ ရင်သား ညီနေရင် အမျိုးသားတွေ ပိုကြိုက်သတဲ့။ နောက်တစ်ခါ တချို့အဖွဲ့ကတော့ အမျိုးသမီးတွေရဲ့ ရင်သားကြီးပြီး၊ မာတင်းတာကို ကြိုက်ပြန်ရောတဲ့။ ကြိုက်တာ မတူဘူးနော်။ အကြိုက်မတူတဲ့အတွက် ဆွဲဆောင်မှုကျ မတူပြန်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သုတေသနတွေရဲ့ ဆုံးဖြတ်ချက်ကတော့ ရင်သားကြီးတာဟာ Oestradial နဲ့ Progesterone ဟော်မုန်းတွေ များနေလို့ပါပဲတဲ့။ ခန္ဓာကိုယ်ညွှန်းကိန်း (BMI) ဒါကတော့ မမြင်ရဘူး။ တိုင်းတာပြီး ဆုံးဖြတ်ရတဲ့ စံနှုန်းစံထားပါ။ ဆွဲဆောင်မှုမှာတော့ ခန္ဓာကိုယ်ညွှန်းကိန်း (BMI) လည်း ပါတာပေါ့။ အင်္ဂလိပ်လို အရှည်ကတော့ Body Mass Index ပေါ့။ ကျန်းမာရေး ရှုထောင့်မှာလည်း နောက်ပိုင်း အရေးပါလာတယ်။ BMI ရဲ့ အရေးကြီးမှုဟာ ခန္ဓာကိုယ် တစ်ခုလုံးအတွက်နဲ့ပါ သက်ဆိုင်လာတာပေါ့။ အဲ… နောက်တစ်မျိုး ပြောရရင်တော့ BMI ဟာ ဝတာ၊ မဝတာလည်း ဆုံးဖြတ်ပေးတာပဲလေ။ ဒီနေရာမှာတော့ မောင်ကေနိုင်း သိရတာက မိန်းကလေးတွေရဲ့ ဆွဲဆောင်မှုမှာ BMI ရလဒ် ပါနေတာပါပဲ။ တွက်ချက်တဲ့နည်းတော့ ရှိပါတယ်။ မောင်ကေနိုင်း အရပ်က ၅ ပေ ၇ လက်မမြင့်ပြီး ပေါင်ချိန်က ၁၇၀ ဆိုပါစို့ဗျာ။ BMI တွက်နည်းအတိုင်း တွက်ကြည့်ရာ ၂၆ ဒသမ ၆၂၂ ရရှိပါတယ်။ ပုံမှန်ရှိသင့်တဲ့ BMI ၂၃ ဝန်းကျင်ရှိရမယ်။ ၂၆ ဒသမ ၆၂၂ ဆိုတော့ ဝနေတယ်။ ပုံပျက်နေတယ်ပေါ့။ နောက်တစ်မျိုး ပြောရရင်တော့ မလှဘူးပေါ့။ ဒါကြောင့် BMI ကို အရေးကြီးတဲ့အထဲမှာ ပါလာပြီး နောက်ပိုင်း Mobile Hand Set တွေဆိုရင် BMI တွက်ဖို့ တစ်ခါတည်း ထည့်ပေးထားတယ်။ ဒါကျ ဒီလိုမြှောက်စားတာတွေ မလိုတော့ဘူး။ တစ်ခါတည်း ထည့်လိုက်တာနဲ့ ဝနေတယ်၊ ပိန်နေတယ်၊ ပုံမှန်ပဲဆိုတဲ့ အဖြေပါ ပေးတယ်။ ဒါကြောင့် ဆွဲဆောင်မှုနဲ့ အလှအတွက်ရော၊ ကျန်းမာရေးအတွက်ပါ BMI ဟာ တွက်ချက်ကြည့်သင့်တဲ့ အထဲမှာ ရှိနေပါတယ်။

ခါး-တင် အချိုး

အမျိုးသမီးတွေအတွက် ခါး-တင် အချိုးကလည်း ဆွဲဆောင်မှုနဲ့ အလှရဲ့ အဓိကပါပဲ။ သူလည်း စံနှုန်းတော့ ရှိတယ်ဗျ။ ဒါပေမဲ့ လူမျိုးနဲ့ခွဲပြီး အချိုးတွေကတော့ ကွာခြားမှုရှိတယ်။ တရုတ်လူမျိုးတွေက ၀ ဒသမ ၆ ရှိတယ်။ တောင်အမေရိကတိုက်နဲ့ အာဖရိကလူမျိုးတွေကလည်း ၀ ဒသမ ၈ နဲ့ ၀ ဒသမ ၉ ဝန်းကျင် ရှိကြတယ်။ ဒီအချိုးတွေရော၊ အလှအပတွေပါ စံနှုန်းထားပြီးတွက်တဲ့ အချိုးလေး ရှိပါတယ်။ သူ့အခေါ်အဝေါ်ကတော့ ရွှေအချိုး (Golden Ratio) ပေါ့။ နောက်ပိုင်းကျတော့ ဒီရွှေအချိုးပါ တွက်တဲ့အခါ အလှအပမှာ အရေးကြီးတာနဲ့ ဆက်စပ်တာကို သိလာပါလိမ့်မယ်။ ထပ်ပြီးလည်း မောင်ကေနိုင်းက Golden Radio နဲ့ ပတ်သက်ပြီး ဖော်ပြပေးပါဦးမယ်။

အရပ်အမောင်း

ဆွဲဆောင်မှုရှိတဲ့အထဲမှာ အရပ်အမောင်းကိုလည်း မေ့ထားလို့ မရပြန်ဘူး။ ဘယ်လိုပဲပြောပြော အရပ်ပုတဲ့သူက နေရာ၊ အခြေအနေမပေး၊ ဆွဲဆောင်မှု မရှိတာတော့ အမှန်ပါပဲ။ ဒါပေမဲ့ အမျိုးသားတွေဟာ အမျိုးသမီးတွေကို အရပ်ရှည်တာ ကြိုက်ပေမယ့် သူတို့ထက်ရှည်ရင် ဆွဲဆောင်မှု မရှိတော့ဘူးလို့ ဆိုပြန်ပါတယ်။ တွဲသွားတွဲလာ လမ်းလျှောက်တဲ့အခါ အမျိုးသမီးရဲ့ အရပ်က ပိုရှည်နေတဲ့ မြင်ကွင်းကတော့ ယောက်ျား၊ မိန်းမ ဆွဲဆောင်မှု အလှအပကို အကျည်းတန်စေပါတယ်။


ခြေထောက်-ခန္ဓာကိုယ် အချိုး

လေ့လာ သုံးသပ်မှုတွေအရ ခြေထောက်နဲ့ ခန္ဓာကိုယ်ရဲ့အချိုးတွေကို ကြည့်တဲ့အခါမှာပေါ့၊ ဆိုလိုတာက ခြေထောက် အရှည်၊ ခန္ဓာကိုယ်ပိုင်း အရှည် ပြောတာ။ ဒီလိုနှိုင်းယှဉ်ရင် ခြေထောက်ပိုင်း ရှည်တာက ပိုပြီးဆွဲဆောင်မှု ရှိတယ်တဲ့ဗျာ။ ဒါတော့ လူတိုင်း အမှုမဲ့၊ အမှတ်မဲ့ အချိုးအစားပဲ။ သေချာကြည့်ပြီး နှိုင်းယှဉ်ကြည့်မှ သိရမှာပဲ။

ဆံပင်

ဆံပင်ရဲ့အချက်တွေကလည်း အများကြီးရှိတာပေါ့။ ဒါပေမဲ့ ယေဘုယျ ဆွဲဆောင်မှုကို ဦးစားပေးပြောမယ်ဆိုရင် ဆံပင်ရှည်ရှည်နဲ့ အမျိုးသမီးဟာ ဆွဲဆောင်မှု ရှိတယ်တဲ့။ ဒါကြောင့် ဘာကြောင့် ဒီလိုဖြစ်ပေါ်လာရသလဲ ဆိုရင်တော့ စိတ်ပိုင်းဆိုင်ရာ ရှင်းပြချက်အရ ပြောရရင် ဆံပင်ရှည်တဲ့သူဟာ အာဟာရဓာတ်ပြည့်ဝပြီး သတ္တုဓာတ်၊ ဗီတာမင်ဓာတ်တွေ ပြည့်စုံတဲ့ အမျိုးသမီးလို့ သွယ်ဝိုက် ပြောတာပဲတဲ့။ နောက်ပြီး မောင်ကေနိုင်းတို့လို အာရှတိုက်သားတွေက ဆံပင် ရှည်လည်းရှည်၊ နက်လည်း နက်နေမှ ဆွဲဆောင်မှု ရှိတာတဲ့။

လှုပ်ရှားမှုပုံစံ

ဒါက ပြောရခက်သားဗျာ၊ ကြည့်သောသူ မြင်၏ လို့ပြောရမှာပဲ။ အမျိုးသမီးတစ်ယောက် သွားလာ၊ လှုပ်ရှားမှု၊ ပျော့ပြောင်းနူးညံ့မှု ဟန်ပန်တွေပေါ့။ ဒီအပြုအမူတွေက သွက်လက်ချက်ချာပြီး လှုပ်ရှားမှုက လှပနေရင် ကျန်းမာခြင်းနဲ့ နုပျိုခြင်းကိုပါ ပြညွှန်းနေတာတဲ့။ တစ်ခုနဲ့တစ်ခု သွယ်ဝိုက် ဆက်စပ်တယ်နော်။


အသားအရောင်

အသားအရောင်ကလည်း ဆွဲဆောင်မှုပဲပေါ့။ ရွှေဝါရောင်လို ဖြူဖွေးနေရင် လှနေတာပဲ။ ဒါပေမဲ့ ကပ္ပလီလို လူမျိုးက ဒီလိုမြင်ရနိုင်မှာလား၊ လူမျိုးနဲ့ တိုင်းပြည်နဲ့ ဆိုင်သွားပြီ။ အာရှတိုက်သားတွေမှာ အနီရောင်နဲ့ အဝါရောင်ကြားမှာရှိနေတဲ့ အရေပြားအရောင်ဟာ ကျန်းမာရေးအရ ဆွဲဆောင်မှုရှိတယ်။ ဒါဟာ အောက်ဆီဂျင်ထဲ ပါတဲ့သွေး (Oxygenated blood) တွေ ခန္ဓာကိုယ်ထဲမှာ စီးဝင်နေတာဖြစ်လို့ သိပ်ကျန်းမာတဲ့သူ ဖြစ်တာကို ညွှန်းတာတဲ့။ ဒီတော့ ကျန်းမာခြင်းနဲ့အလှ ဆက်စပ်တာပေါ့။

ဒေါက်တာမိုလာကို ကျေးဇူးတင်ပါတယ်နော်...

No comments: