Thursday, November 29, 2012

ဟစ်ဟော့စစ်သည် စိုးကြီး ဘန်နီဖြိုး

Myanmar Hip Hop Album

01.ကိုယ့်အလုပ်ကိုလုပ်လိုက် - စိုးကြီး
02.ဟာ...ဒါ - စိုးကြီး,Right D,JR
03.မိုးပေါ်လေမှာဝဲ - စိုးကြီး, စိုင်းစိုင်းခမ်းလှိုင်
04.ပြန်လာခဲ့ - စိုးကြီး Feat ဘန်နီဖြိုး
05.Hip Hop စစ်သည် - စိုးကြီး
06.ငါအရမ်းမင်းကို - စိုးကြီး,စည်သူနှင်းမိုး
07.မစွန့်လွှတ်နိုင်သေးဘူး - စိုးကြီး, ဘန်နီဖြိုး
08.Open Sesame - စိုးကြီး
09.မဝေးတဲ့တစ်နေ့ - စိုးကြီး Feat  ဘန်နီဖြိုး
10.အချစ်ကြီးသူ - စိုးကြီး,Ar-T
11.ဘယ်မှာလဲ - စိုးကြီး,JR,Kyaw Swer Sett
12.စကားကိုထိန်း- စိုးကြီး, Right D,D-Nay,JR,K.O.C
13.အိမ်မက်ဆိုး - စိုးကြီး, Feat Kyaw Swar Sett

click here to download song

click here to listen song

စိတ်ဝင်စားဖွယ်ရာ ဇတ်လမ်းလေးတွေပါ.....

box of shadow (2011)

click here to watch movie

hollow man (2000)

click here to watch movie

hoiiow man 2 (2006)

click here to watch movie

Tuesday, November 27, 2012

ဆံပင်ဖြောင့်မည့်သူများ အတွက် သိသင့်သည်များ

ဆံပင်သားကို မီးအပူဖြောင့်စက်နဲ့ စက်ဆွဲပြီး ဖြောင့်ဆေးသုံးကာ ဖြောင့်လိုက်မယ်ဆိုရင် ဘယ်လောက်ပဲ ကောက်သားရှိတဲ့ ဆံပင်သား ဖြစ်ပါစေ ဖြောင့်စင်းပြီး လှပသွားတတ်ကြတယ်။  ဆံပင်သား ဖြောင့်စင်း လှပနေတာဟာ အမျိုးသမီးတွေသာမက အမျိုးသားတွေပါ နှစ်သက်တတ်ကြတယ်။ ဆံပင်သား ဖြောင့်ချင်ကြတဲ့ သူတွေက အကြောင်းပြချက်မျိုးစုံ ရှိကြတယ်။ ပင်ကို ကောက်သားရှိတဲ့သူတွေ၊ ဆံပင်သားက ဖြောင့်စင်းမနေဘဲ ပင်ကိုဆံပင်သား လှိုင်းတွန့်ပါသူတွေ၊ ဆံသား ကြမ်းတမ်းတဲ့သူတွေနဲ့ ဆံပင်ဖြောင့်စင်းနေတာကို သဘောကျ နှစ်သက်တဲ့သူတွေက ဆံပင်သားကို ပိုပြီးလှပနေအောင်နဲ့ ဆွဲဆောင်မှုရှိအောင် ဆံပင်ဖြောင့်တတ်ကြတယ်။ ဘယ်လို အကြောင်းကြောင့်ပဲ ဆံပင်ဖြောင့်ပါစေ။ အဓိကကတော့ ကိုယ့်ဆံသားနဲ့ ဦးရေပြားကို မထိခိုက်စေဘဲ လှပဖို့နဲ့ ပုံစံကျသွားစေဖို့ လိုပါတယ်။ ဆံပင်ဖြောင့်တယ်ဆိုရင် လူအတော်များများက ဆံပင်တစ်ချောင်းချင်း ဖြောင်းစင်းနေတာကို သဘောကျတတ်ကြပြီး၊ နည်းနည်းလေး ဆံပင်သား သိမ်နေမယ်၊ ကွေးနေမယ် ဆိုရင်တောင် မကြိုက်တတ်ကြဘူး။ ဒါဟာ ဆံပင်ဖြောင့်တဲ့သူတိုင်း ဖြစ်ချင်ကြတဲ့ ဆန္ဒတစ်ခုပါပဲ။

ဆံပင်သား ဖြောင့်တော့မယ်ဆိုရင် ဆံပင်မှာ အလွှာ သုံးလွှာ ရှိပါတယ်။ အရမ်းကို သေးမျှင်တဲ့ ကျွန်မတို့ရဲ့ ဆံပင်တစ်ချောင်းမှာ အလွှာသုံးလွှာ ပါဝင်နေတယ်လို့ ဆံပင်နဲ့ ဦးရေပြားဆိုင်ရာ ကျွမ်းကျင်သူတွေက ပြောကြားထားပါတယ်။ ဆံပင်ဖြောင့်တော့မယ်ဆိုရင် ပထမဆုံး ဖြောင့်ဆေးနဲ့ အရင်ဆံပင်ကို ထိရပါတယ်။ ပြီးရင် ဆံပင်ဖြောင့်တာပိုပြီး ပုံစံကျစေဖို့အတွက် ဖြောင့်စက်ကို အပူဆုံးအဆင့် ပေးပြီး ဆံပင်ကို စက်ဆွဲပါတော့တယ်။ ဒီအချိန်မှာ ဆံပင်ရဲ့ အလွှာ သုံးလွှာထဲက နောက်ဆုံး အလွှာအထိ မီးအပူနဲ့ ဆေးတွေရောက်ရှိသွားမယ် ဆိုရင်တော့ ဆံပင်သားဟာ ပင်ကိုမူလ သင့်ဆံပင်သားလို မဟုတ်တော့ဘဲ။ အရမ်းကို ဖြောင့်စင်းနေတဲ့ ဆံပင်သား ဖြစ်သွားပါတော့တယ်။ ဒါကို ဆံပင်ဖြောင့်တဲ့ သူတွေက အရမ်းကို သဘောကျတတ်ကြပါတယ်။ ဆံပင်ဖြောင့်ထားတဲ့ အပိုင်းဟာ ဦးရေပြားက ဆံပင်သား ပေါက်လာလေလေ၊ အဖျားပိုင်းက ဆံပင်သားရဲ့ အလေးချိန်နဲ့ အိကျလာလေလေ ဖြစ်တာကြောင့် ကြာလာတဲ့အခါမှာ ဆံပင်ထိပ်ပိုင်းက ပြောင်လာပါတော့တယ်။ ဦးရေပြားကနေ ထွက်တဲ့ဆံပင်ဟာလည်း တဖြည်းဖြည်း ပုံစံပြောင်းလာပါတော့တယ်။ ပင်ကို ဆံပင်သားကို ပြန်မရတော့ဘဲ တဖြည်းဖြည်းနဲ့ ဆံပင်က ပါးလာပြီး ဦးရေပြားကို မြင်ရတဲ့အထိ ဖြစ်လာပါတော့တယ်။ ဒါကို ဦးရေပြား မာသွားတယ်လို့ ခေါ်ပါတယ်။

ဒီလို အခြေအနေမှာ ဆံပင်ပေါက် ဆံပင်ဖြောင့်တဲ့သူပဲ ဖြစ်ဖြစ်၊ ကောက်တဲ့သူပဲဖြစ်ဖြစ် အလှအပကို စိတ်ဝင်စားတဲ့ သူတိုင်းဟာ ပုံစံတစ်မျိုးတည်းကို စိတ်မဝင်စားဘဲ အမျိုးမျိုး စိတ်ရဲ့ အလှအပ ပုံစံဖန်တီးမှုကို လိုက်ပြီး ပြောင်းလဲနေတတ်ကြပါတယ်။ ဒါကြောင့် ဒီနေ့ ဆံပင်ဖြောင့်ပြီးပေမယ့် နောက်နေ့ ဆံပင်ကောက်ချင်ရင် ကောက်ချင်တတ်ကြပါတယ်။ ဒါကြောင့် ဆံပင်ဖြောင့်မယ်ဆိုရင် ဦးရေပြားကို အရမ်းကပ်ပြီး ဖြောင့်တာမျိုးကို မလုပ်သင့်ပါဘူး။ ဆံပင် အလွှာသုံးလွာထဲက ပထမအဆင့် အလွှာလောက်ကိုပဲ ဆံပင်ဖြောင့်ဆေး ဝင်အောင် စက်ဆွဲပေးသင့်ပါတယ်။ ဒါမှ နောက်ထပ် ဘယ်လို ဆံပင်ပုံစံတွေပဲ ပြောင်းပါစေ သင့်ဆံပင်နဲ့ ဦးရေပြားကို မထိခိုက်စေဘဲ လှပတဲ့ ဆံပင်စတိုင်တွေကို နောက်ထပ် ဖန်တီးနိုင်မှာ ဖြစ်တယ်ဆိုတာကို သဘောပေါက် နားလည်နိုင်စေဖို့ အတွက် ဆံပင်နဲ့မိတ်ကပ် အလှဖန်တီးသူ သင်းပျံ့နွယ်မှ မငယ်လေးက အကြံပြု ပြောပြပေးထားတာတွေကို အလှအပရေးရာတွေ စိတ်ဝင်စားတဲ့သူတိုင်း အတွက် ရေးသား တင်ပြလိုက်ရပါတယ်။

ရေးသားပေးသော လမင်းလေးကို ကျေးဇူးတင်ပါတယ်.....

ဝမ်းဗိုက်ချပ်ရပ် သွားစေမည့် လေ့ကျင့်ခန်းများ

ဝမ်းဗိုက်နေရာမှာ ချပ်ရပ်မှု ရှိနေစေပြီး ခါးနေရာက အဆီပိုတွေကို ကျစေမယ့် လေ့ကျင့်ခန်း ပြုလုပ်နည်းတွေကို ဖော်ပြ ပေးလိုက်ပါတယ်။  လေ့ကျင့်ခန်း စတင်နိုင်ဖို့ သက်သောင့်သက်သာ ဖြစ်စေမယ့် အဝတ်အစား တစ်စုံ လိုအပ်ပါတယ်။ လေ့ကျင့်ခန်း တစ်မျိုးကို တစ်မိနစ်စီ လေ့ကျင့်ရမှာ ဖြစ်ပြီး လေ့ကျင့်ခန်း တစ်ခုလုံးပြီးချိန်မှာ ငါးမိနစ်ကြာမှာ ဖြစ်ပါတယ်။ တစ်နေ့ကို သုံးကြိမ်တစ်ပတ်မှာ လေးခါလောက် လေ့ကျင့်ပေးပါ။

လေ့ကျင့်ခန်း (၁)

(A) ခါးနေရာကို ဒဏ်မဖြစ်စေဖို့ ကြမ်းပြင်က မာကျောမနေစေရပါဘူး။ ကြမ်းပြင်မှာ ပက်လက်လှန် အိပ်နေပြီး လက်နှစ်ဖက်ကို ဆန့်တန်းကာ လက်ဖဝါးချင်း ချိတ်ထားလိုက်ပြီး ခြေထောက်တွေကို မျက်နှာကြက်ဆီကို ဆန့်တန်းထားလိုက်ပါ။ ခန္ဓာကိုယ်ရဲ့ ခြေထောက် မြှင့်တင်ထားမှုဟာ ၉၀ ဒီဂရီ ဖြစ်နေရပါမယ်။

(B) နောက်ကျောက ကြမ်းပြင်မှာ ကပ်နေရာကနေ လက်နှစ်ဖက်ကို အရှိန်ယူပြီး ပေါင်နှစ်ခုကြားကို ဦးတည်လိုက်ပါ။ ဒီအချိန်မှာ ခြေထောက်နှစ်ဖက်ကိုလည်း ၄၅ ဒီဂရီလောက်စီ ခွာလိုက်ပါ။ စိတ်ထဲကနေ တစ်၊ နှစ်၊ သုံး ရေတွက်ပြီး (A) ပုံစံအတိုင်း ပြန်စကာ တစ်မိနစ် လေ့ကျင့်ပေးပါ။ လေ့ကျင့်မှုမှာ ဝမ်းဗိုက်နေရာသာ မကဘဲ ပေါင်တံအတွင်းပိုင်းကိုပါ အထောက်အကူ ပြုစေပါတယ်။

လေ့ကျင့်ခန်း (၂)

(A) ကြမ်းပြင်ပေါ်မှာ ခြေဆင်းထိုင်နေပြီး လက်နှစ်ဖက်ကို နောက်ပြန် ခေါင်းပေါ်မှာ ချိတ်ထားလိုက်ပါ။ ခြေထောက်နှစ်ချောင်းက ဒူးတွေကို ကွေးလိုက်ပြီး တင်ပါးနေရာနဲ့ ထိန်းကာ ထိုင်နေလိုက်ပါ။ ခါးနေရာနားကို ဆန့်တန်းထားပြီး ရှေ့တည့်တည့်ကို ကြည့်နေပါ။

(B) ဆန့်တန်းထားတဲ့ ခြေထောက်ကို တစ်ချောင်းချင်းစီ စက်ဘီးနင်းတဲ့ ပုံစံမျိုးကွေးလိုက်၊ ခန္ဓာကိုယ်ကိုပါ ယိမ်းလိုက်၊ ဘယ်ညာ ပြောင်းကာ တစ်မိနစ် ပြုလုပ်လေ့ကျင့်ပေးပါ။ ဒီလေ့ကျင့်မှုဟာ သင့်တင်ပါးနေရာ အတွက်ပါ အကျိုးသက်ရောက်မှု ရှိစေပါတယ်။

လေ့ကျင့်ခန်း (၃)

(A) ကြမ်းပြင်ပေါ်မှာ ပက်လက် အနေအထားနေပြီး လက်နှစ်ဖက်ကို ဘေးတစ်ဖက်စီမှာ ချထားကာ ခြေထောက်ချောင်းဖက်ကို ၉၀ ဒီဂရီ ကွေးရင်း ထောင်ထားလိုက်ပါ။

(B) မြှင့်တင်ထားတဲ့ ခြေထောက်နှစ်ဖက်ကို လက်ဖဝါးနှစ်ဖက်ရဲ့ ထောက်အားသုံးပြီး မြှင့်တင်လိုက်၊ ကြမ်းပြင်ကို ပြန်ထိလိုက် တစ်မိနစ် လေ့ကျင့်ပေးပါ။ ခါးနေရာနားကနေ မြှင့်တင်ရမှာ ဖြစ်တာကြောင့် ခါးနေရာက အဆီတွေကိုပါ လောင်ကျွမ်းစေပါတယ်။

လေ့ကျင့်ခန်း (၄)

(A) ကြမ်းပြင်ပေါ်မှာ ပက်လက်နေပြီး လက်နှစ်ဖက်ကို ကြမ်းပြင်ပေါ်မှာ ချထားပါ။ ခြေထောက်နှစ်ဖက်က ၄၅ ဒီဂရီလောက် ထောင်ထားပြီး ခြေထောက် ဘယ်ညာခြေလှမ်းနေသလို စက္ကန့် ၃၀ လောက် လေ့ကျင့်ပေးပါ။

(B) စက္ကန့် ၃၀ ပြီးချိန်မှာ ခြေထောက်နှစ်ဖက်ကို သင့်ဦးခေါင်းနားဆီကို ကွေးချရမှာပါ။ သင်တတ်နိုင်မယ်ဆိုရင် ခြေနှစ်ချောင်းကို ကြမ်းပြင်နဲ့အပြိုင် ဖြစ်တဲ့အထိ ကွေးချကာ စက္ကန့် ၃၀ လောက်နေပါ။ ခြေထောက်တွေ ကွေးနေချိန်မှာ သင့်ဦးခေါင်းနဲ့ နောက်ကျောက ကြမ်းပြင်နဲ့ ထိနေပါ။

လေ့ကျင့်ခန်း (၅)

(A) လက်တံတောင် နှစ်ဖက်နဲ့ ခြေချောင်းထိပ်လေးတွေကို ကြမ်းပြင်မှာ ထောက်ထားပြီး ခန္ဓာကိုယ်က ကြမ်းပြင်နဲ့ အပြိုင်ဖြစ်နေအောင် ဝမ်းလျားမှောက် အနေအထားနေပါ။

(B) ဝမ်းလျှားမှောက်ထားတဲ့ အနေအထားကနေ ခန္ဓာကိုယ်ကို တစောင်း အနေအထားကို ပြောင်းလိုက်ပြီး လက်တစ်ဖက်က မျက်နှာကြက်ဆီကို မြှင့်တင်လိုက်ပါ။ ဆန့်ကျင်ဘက်ပုံစံ ဘယ်ညာပြောင်းကာ တစ်မိနစ် လေ့ကျင့်ပေးပါ။

ကိုယ်အလေးချိန် လျော့ကျလိုသူတိုင်း ကိုယ့်ကိုယ်ကို ပြန်မေးသင့်သည့် မေးခွန်းများ နှင့် အစားအစာများ..

ရေကို အလုံအလောက် သောက်ရဲ့လား
အာဟာရဂျာနယ်ရဲ့ လတ်တလော လေ့လာမှုတစ်ရပ်အရ အနည်းငယ် ရေဓာတ်ခန်းခြောက် နေရင်တောင် အမျိုးသမီးငယ်တွေဟာ နုံးတာ၊ ခေါင်းကိုက်တာနဲ့ အာရုံစူးစိုက်နိုင်ဖို့ ခက်ခဲတာတွေ ဖြစ်တတ်တယ်လို့ သိရပါတယ်။ ရေဓာတ်ခန်းခြောက်တာကြောင့် ဗိုက်ဆာတာ၊ ပင်ပန်းတာနဲ့ စိတ်တိုတာတွေလည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် အစာစားချင်စိတ် လျော့ကျစေဖို့ အစာမစားခင် ရေတစ်ဖန်ခွက် သောက်သင့်ပါတယ်။  အစာစားချင်စိတ် ဖြစ်ပေါ်တဲ့အခါမှာလည်း ရေတစ်ဖန်ခွက် သောက်ပေးသင့်ပါတယ်။

အိပ်ရေးဝဝ အိပ်ရဲ့လား
အိပ်ရေးပျက်တာက စိတ်ခံစားမှုအပေါ် သက်ရောက်မှုရှိပြီး အစာစားချင်တဲ့ ဆန္ဒကို တိုးစေကာ အစာကို ပိုစားဖြစ်စေပါတယ်။ ပုံမှန်ထက် အိပ်ချိန်နည်းတဲ့ သူတွေဟာ တစ်နေ့မှာ ကယ်လိုရီ ၃၀၀ ခန့် ပိုစားဖြစ်တယ်လို့  ကိုလံဘီယာ တက္ကသိုလ်ရဲ့ လေ့လာသူတွေက ဆိုပါတယ်။ အိပ်ချိန် အလုံအလောက် မရှိတာက စိတ်ဖိစီးမှု ပိုခံရတတ်ပြီး ဗိုက်ပိုဆာတတ်ကြပါတယ်။  အထူးသဖြင့် အိပ်ရေးပျက်တဲ့ သူတွေက သကြားပါတဲ့ ကာဗိုဟိုက်ဒရိတ်အစာတွေကို စားချင်စိတ် များတတ်ကြပါတယ်။ ဒီအစာတွေကို အလွန်အမင်းစားမိရင် ကိုယ်အလေးချိန် မြင့်တက်စေနိုင်ပါတယ်။

ကောင်းတဲ့အဆီကို များများစားရဲ့လား
အိုမီဂါ ၃ ဖက်တီးအက်စစ်လို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတွေကို စားပေးရင် စိတ်ခံစားချက်ကို ကောင်းမွန်စေတဲ့ အကျိုးကျေးဇူးကို ရရှိစေပါတယ်။ ကော်နက်တီးကပ် တက္ကသိုလ်ရဲ့ လတ်တလော လေ့လာမှုတစ်ရပ်အရ ကိုယ်ဝန်ဆောင်ချိန်မှာ အိုမီဂါ ၃ ဖက်တီးအက်စစ်ကို မှီဝဲတဲ့ အမျိုးသမီးတွေဟာ ကလေးမွေးပြီးချိန်မှာ စိတ်ဓာတ်ကျနိုင်ခြေ လျော့ကျမှု ရှိကြောင်း သိရပါတယ်။ ဒါကြောင့် အိုမီဂါ ၃ ဖက်တီးအက်စစ်ပါတဲ့ ဆယ်လ်မွန်ငါး၊ ဆာဒင်းငါးတို့ကို တစ်ပတ် နှစ်ကြိမ်စားပါ။ ဒါမှမဟုတ် သစ်ကြားသီးကို လက်တစ်ဆုပ်စာ စားပေးပါ။ ဒီလိုမစားဖြစ်ရင် ဖြည့်စွက်ဆေးမှီဝဲပါ။

ဟက်ဟက်ပက်ပက် ရယ်မောရဲ့လား
ဒီနေ့ခေတ်မှာ အလုပ်တာဝန် အများအပြား ထမ်းဆောင်ရင်း ဟက်ဟက်ပက်ပက် ရယ်မောနိုင်တဲ့ အချိန်ရှိသင့်ပါတယ်။ ရယ်မောတာက စိတ်ဖိစီးမှုကို လျော့ကျစေပြီး သွေးစီးဆင်းမှု ကောင်းမွန်စေတယ်လို့ လေ့လာမှုတွေက သက်သေပြထားပြီးသားပါ။ တကယ်တော့ ရယ်မောတာက ကယ်လိုရီတွေကိုလည်း လောင်ကျွမ်းစေနိုင်ပါတယ်။ တစ်နေ့မှာ တစ်နာရီလောက် ဟက်ဟက်ပက်ပက် ရယ်မောတာဟာ အားကစားခန်းမမှာ နာရီဝက်လောက် လေ့ကျင့်ခန်း လုပ်သလို ကယ်လိုရီတွေကို လောင်ကျွမ်းစေနိုင်ပါတယ်။

လေပွပြီး ဗိုက်ပူတာမျိုး မဖြစ်စေဘဲ ဝမ်းဗိုက် ချပ်ရပ်လိုသူတိုင်း ရှောင်သင့်၊ ဆောင်သင့်တဲ့ အစားအသောက်တွေကို ကျွမ်းကျင်သူတွေက အောက်ပါအတိုင်း အကြံပြု ရေးသားထားပါတယ်။

အကောင်းဆုံး အစားအသောက် -  ဒိန်ချဉ်

ဒိန်ချဉ်ဟာ ကျွန်မတို့ အားလုံးအတွက်  ကောင်းတယ်ဆိုတာ သိကြပါတယ်။ ဒါပေမဲ့ ဝမ်းဗိုက်ချပ်ရပ်စေတယ်လို့တော့ မသိကြပါဘူး။ ဒိန်ချဉ် အများစုမှာပါတဲ့ အကျိုးပြု ဘက်တီးရီးယားတွေက အစာခြေစနစ်ကို ကျန်းမာစေပါတယ်။ ဒိန်ချဉ်ဟာ လေပွတာနဲ့ ဝမ်းချုပ်တာတွေ မဖြစ်စေဘဲ ဝမ်းဗိုက်ချပ်ရပ်နေစေတဲ့ အာနိသင် ရှိပါတယ်။

အဆိုးဆုံး အစားအသောက် – ဆော်ဒါ အချိုရည်
ဗိုက်ပူမှာ စိုးရွံ့သူတွေ အနေနဲ့ ကာဗွန်ပါတဲ့ အချိုရည်တွေကို ရှောင်သင့်ပါတယ်။ ဂက်စ်ပါတဲ့ အချိုရည်တွေဟာ ဗိုက်ကို လေတွေနဲ့ ပြည့်နေစေပြီး ဗိုက်ပူကာ လေပွနေစေပါတယ်။ ဒါကြောင့် ဗိုက်ချပ်ရပ်လိုရင် ဆော်ဒါ အချိုရည်အစား ရေ ဒါမှမဟုတ် ကယ်လိုရီနည်းတဲ့ အရည် (ဥပမာ-လက်ဖက်စိမ်းလက်ဖက်ရည်) ကို သောက်သင့်ပါတယ်။ ဒီအရည်ထဲမှာ အင်တီအောက်ဆီးဒင့် များစွာ ပါဝင်ပြီး ဝမ်းဗိုက်ထဲ အဆီစုတာနဲ့ ဆက်စပ်နေတဲ့ ရောင်ရမ်းမှုဖြစ်နှုန်းကို လျော့ကျစေပါတယ်။

အကောင်းဆုံး အစားအသောက် – ပန်းဂေါ်ဖီ
ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ ကညွတ်၊ငရုတ်သီး၊ ပဲဝါ စတဲ့ အစားအစာတွေမှာ ဗီတာမင်အေ၊ စီနဲ့ ကေအပြင် ဖောလိတ်၊ ဘီတာကယ်ရိုတင်း၊ မဂ္ဂနီဆီယမ်၊ ကယ်လ်စီယမ်နဲ့ အမျှင်ဓာတ်တွေလည်း ပါဝင်နေပါတယ်။

အဆိုးဆုံး အစားအသောက်  – အခွံချွတ်ထားသော ကာဗိုဟိုက်ဒရိတ်
ဂျုံဖြူနဲ့ လုပ်ထားတဲ့ မုန့်တွေနဲ့ ထမင်းဖြူတွေကို မစားပါနဲ့။ ဒီအစာတွေက အစာကြေလွယ်ပြီး သွေးတွင်းသကြားဓာတ်နဲ့ အင်ဆူလင်အဆင့်ကို မြင့်တက်စေလို့ပါ။ အင်ဆူလင်အဆင့်မြင့်တက်တာက ဝမ်းဗိုက်တစ်ဝိုက် အဆီစုပုံမှုကို တိုးစေနိုင်ပါတယ်။

အကောင်းဆုံး အစားအသောက် – အခွံချွတ်မထားသော ကောက်နှံစာ

အခွံချွတ်မထားတဲ့ ကောက်နှံနဲ့ လုပ်ထားတဲ့ ဆန်လုံးညို၊ ပေါင်မုန့်ညိုနဲ့ ပဲနီလေးလို အစာတွေကို စားပါ။ အမေရိကန် အာဟာရ ဆေးပညာဂျာနယ်ရဲ့ လတ်တလော လေ့လာမှုတစ်ရပ်အရ အခွံချွတ်မထားတဲ့ ကောက်နှံစာဟာ ကယ်လိုရီ ထိန်းချုပ်ပေးပြီး ခါးတစ်ဝိုက်ကို အဆီပိုတွေ ကင်းဝေးစေတယ်လို့ သိရပါတယ်။

အဆိုးဆုံး အစားအသောက် – ဆားကဲသော အစားအစာ
ပဲပိစပ်ဆော့ အများအပြားပါတဲ့ ဆူရှီစားပြီးချိန်မှာ လေပွသလို ခံစားနေရပါသလား။ ဆိုဒီယမ်များစွာပါတဲ့ အစားအစာတွေကို စားတာက ရေစုဆောင်းမှု များတာကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်  ဗိုက်က ဖောင်းလာပြီး လေပွလာတတ်ပါတယ်။ ဗိုက်သား ချပ်ရပ်စေဖို့ တစ်နေ့မှာ ဆိုဒီယမ် ၂၀၀၀ မီလီဂရမ်အောက်ပဲ စားပါ။

အကောင်းဆုံး အစားအသောက် – မပြည့်ဝဆီ
သံလွင်ဆီလိုမျိုး မပြည့်ဝဆီပါတဲ့ အစားအစာတွေဟာ ဗိုက်သားချပ်ရပ်စေတယ်လို့ လေ့လာမှုအသစ်တစ်ရပ်အရ သိရပါတယ်။

အကောင်းဆုံး အစားအသောက်  – ရှလကာရည်
ရှလကာရည်မှာပါတဲ့ ချဉ်တဲ့အရသာနဲ့ စူးရှတဲ့ အနံ့ကိုပေးတဲ့ ဓာတ်တွေဟာ ဗိုက်အဆီကို ချေဖျက်ပေးတယ်လို့ ဂျပန်လေ့လာမှု တစ်ရပ်က ဆိုပါတယ်။ အဝလွန်တဲ့ လူတွေဟာ တစ်နေ့မှာ ရှလကာရည် ထမင်းစားဇွန်း တစ်ဇွန်း- နှစ်ဇွန်း စားရာ ၁၂ ပတ်အကြာမှာ ကိုယ်အလေးချိန်၊ ဗိုက်အဆီနဲ့ ခါးအတိုင်းအတာ သိသိသာသာ လျော့ကျမှုရှိတာကို လေ့လာမှုအရ သိရပါတယ်။ ရှလကာရည်မှာပါတဲ့ Acetic Acid ဟာ အဆီချေဖျက်တဲ့ ပရိုတင်းတွေ ထွက်လာအောင် မျိုးရိုးဗီဇကို ပြောင်းလဲပေးတာကြောင့်လို့ လေ့လာသူတွေက ဆိုပါတယ်။

ရေးသားပေးသော ဇွန် နှင့် ကြယ်စင် ကိုကျေးဇူးးတင်ပါတယ်.....

နိုဝင်ဘာ ၂၄ ၂၆ ၂၇ ရက်နေ့ထုတ် ဂျာနယ်များ

နိုဝင်ဘာ ၂၆ ရက်နေ့ထုတ် internet journal...

click here to read journal

နိုဝင်ဘာ ၂၆ ရက်နေ့ထုတ် mobile guide issue journal...

click here to read journal

နိုဝင်ဘာ ၂၄ ရက်နေ့ထုတ် the voice journal...

click here to read journal

နိုဝင်ဘာ ၂၆ ရက်နေ့ထုတ် the ray of light journal...အနုပညာဂျာနယ်...

click here to read journal

နိုဝင်ဘာ ၂၆ ရက်နေ့ထုတ် weekly eleven journal...

click here to read journal

နိုဝင်ဘာ ၂၆ ရက်နေ့ထုတ် first eleven journal...

click here to read journal

Tuesday, November 20, 2012

အိုင်ရင်းဇင်မာမြင့် - ယိမ်းလိုက် (2012)

01 ဒဏ်ရာများနဲ့
02 ဘယ်လိုအချစ်မျိုးလဲ
03 ပြန်လှည့်မကြည့်ဘူး
04 ယိမ်းလိုက်
05 လွမ်းနေလို့
06 အဆုံးမဲ့အိပ်မက်
07 ရာဇ၀င်တွင်မယ့်ချစ်ခြင်း (+ ကောင်းကောင်း)
08 သက်ဆုံးတိုင်
09 မင်းနဲ့အတူ (+ မြင့်မြတ်)
10 တဇွတ်ထိုး
11 အဖြည့်ခံ
12 ကျိန်လိုက်ဦး .... လိမ်လိုက်ဦး
13 သမီးရဲ့မေမေ
14 အပြာရောင်တေးသံ

click here to download

Monday, November 19, 2012

2012 နိုဝင်ဘာလအတွက် ရုပ်ရှင်များ....

the twilight saga: breaking down part 2(2012)

click here to watch movie

skyfall (2012) 007

click here to watch movie

၁၇ ရက် ၁၉ ရက် ၂၀ရက် နေ့ထုတ်ဂျာနယ်များ....

၂၃ ရက်နေ့ထုတ် premier eleven sport journal...

click here to read journal...

၂၀ ရက်နေ့ထုတ် first eleven sport journal...

click here to read journal

၁၉ ရက်နေ့ထုတ် mobile guide journal...

click here to read journal

၂၀ ရက်နေ့ထုတ် internet journal...

click here to read journal

၁၉ ရက်နေ့ထုတ် weekly eleven journal...

click here to read journal

၁၇ ရက်နေ့ထုတ် the voice journal...

click here to read journal...

ဆံပင်ကျွတ်ခြင်းကို ကာကွယ်နိုင်သော အစားအစာအုပ်စု လေးမျိုး

Photo: ဆံပင်ကျွတ်ခြင်းကို ကာကွယ်နိုင်သော အစားအစာအုပ်စု လေးမျိုး

၁။ ကြက်ဥနှင့် ကြက်သား

အမိုင်နိုအက်စစ်တွေက ဆံပင် သန်စွမ်းစေဖို့အတွက် လိုအပ်တဲ့ ပရိုတင်းတွေပါပဲ။ ပရိုတင်းဓာတ် များများရအောင် အသား၊ ငါး၊ ကြက်သား၊ နို့နဲ့ နို့ထွက်ပစ္စည်းတွေ၊ ပဲနို့၊ ဥအမျိုးမျိုး စတာတွေ စားပေးပါ။ ကြက်ဥမှာ များစွာပါဝင်တဲ့ ဘိုင်အိုတင်နဲ့ ဗီတာမင်ဘီ- ၁၂ က ဆံပင်၊ လက်သည်း၊ ခြေသည်းနဲ့ အရေပြားမှာရှိတဲ့ ဆဲလ်တွေကို ကြီးထွားစေပါတယ်။

၂။ ငါးနှင့် အိုမီဂါ- ၃

မပြည့်ဝဆီဖြစ်တဲ့ အိုမီဂါ- ၃ အဆီတွေက ဆံပင်နဲ့ အရေပြားကို ကျန်းမာ သန်စွမ်းစေပါတယ်။ အိုမီဂါ- ၃ အဆီကို ဆယ်လ်မွန်ငါး၊ ဆာဒင်းငါး စတဲ့ ငါးတွေနဲ့ သစ်ကြားသီး၊ မိကျောင်းကွမ်းဖတ်နဲ့ ပဲပိစပ်တွေကနေ များစွာ ရရှိနိုင်ပါတယ်။

၃။ အမဲသား၊ ကမာကောင်နှင့် အစေ့အဆန်

အမဲသားနဲ့ ကမာကောင်တွေမှာ ဇင့်ဓာတ် ကြွယ်ဝစွာ ပါဝင်ပါတယ်။ ခန္ဓာကိုယ်မှာ ဇင့်ဓာတ်ချို့တဲ့ပါက ဆံပင် ကျွတ်စေပါတယ်။ အစေ့အဆန်တွေဖြစ်တဲ့ ဗာဒံစေ့၊ သစ်ကြားသီးတွေကနေလည်း ဇင့်ဓာတ်ကို ရရှိနိုင်ပါတယ်။ ထောပတ်သီးနဲ့ သံလွင်ဆီမှာ ဗီတာမင်အီးတွေ ပါဝင်တာကြောင့် ဆံသားကို ကျန်းမာ သန်စွမ်းစေပါတယ်။

၎။ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်

အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေဖြစ်တဲ့ ဟင်းနုနယ်ရွက်၊ ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ် စတာတွေမှာ သံဓာတ်၊ ဗီတာမင်အေနဲ့ ဗီတာမင်စီဓာတ်တွေ များစွာ ပါဝင်ပါတယ်။ ဗီတာမင်အေနဲ့ စီက ဆံပင်ရဲ့ အရင်းမှာရှိတဲ့ မွေးညင်းအိတ်လေးတွေကနေ အဆီတွေကို ထုတ်လုပ်ပေးပြီး ဆံသားနူးညံ့ ပျော့ပျောင်းစေတဲ့ ကွန်ဒီရှင်နာအဖြစ် လုပ်ဆောင်ပေးပါတယ်။

အလင်း (ဆေးဝါး)

Shared from: http://news.yatanarpon.com.mm/news/news-44535

၁။ ကြက်ဥနှင့် ကြက်သား
အမိုင်နိုအက်စစ်တွေက ဆံပင် သန်စွမ်းစေဖို့အတွက် လိုအပ်တဲ့ ပရိုတင်းတွေပါပဲ။ ပရိုတင်းဓာတ် များများရအောင် အသား၊ ငါး၊ ကြက်သား၊ နို့နဲ့ နို့ထွက်ပစ္စည်းတွေ၊ ပဲနို့၊ ဥအမ
ျိုးမျိုး စတာတွေ စားပေးပါ။ ကြက်ဥမှာ များစွာပါဝင်တဲ့ ဘိုင်အိုတင်နဲ့ ဗီတာမင်ဘီ- ၁၂ က ဆံပင်၊ လက်သည်း၊ ခြေသည်းနဲ့ အရေပြားမှာရှိတဲ့ ဆဲလ်တွေကို ကြီးထွားစေပါတယ်။ ၂။ ငါးနှင့် အိုမီဂါ- ၃
မပြည့်ဝဆီဖြစ်တဲ့ အိုမီဂါ- ၃ အဆီတွေက ဆံပင်နဲ့ အရေပြားကို ကျန်းမာ သန်စွမ်းစေပါတယ်။ အိုမီဂါ- ၃ အဆီကို ဆယ်လ်မွန်ငါး၊ ဆာဒင်းငါး စတဲ့ ငါးတွေနဲ့ သစ်ကြားသီး၊ မိကျောင်းကွမ်းဖတ်နဲ့ ပဲပိစပ်တွေကနေ များစွာ ရရှိနိုင်ပါတယ်။
၃။ အမဲသား၊ ကမာကောင်နှင့် အစေ့အဆန်
အမဲသားနဲ့ ကမာကောင်တွေမှာ ဇင့်ဓာတ် ကြွယ်ဝစွာ ပါဝင်ပါတယ်။ ခန္ဓာကိုယ်မှာ ဇင့်ဓာတ်ချို့တဲ့ပါက ဆံပင် ကျွတ်စေပါတယ်။ အစေ့အဆန်တွေဖြစ်တဲ့ ဗာဒံစေ့၊ သစ်ကြားသီးတွေကနေလည်း ဇင့်ဓာတ်ကို ရရှိနိုင်ပါတယ်။ ထောပတ်သီးနဲ့ သံလွင်ဆီမှာ ဗီတာမင်အီးတွေ ပါဝင်တာကြောင့် ဆံသားကို ကျန်းမာ သန်စွမ်းစေပါတယ်။
၎။ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်
အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေဖြစ်တဲ့ ဟင်းနုနယ်ရွက်၊ ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ် စတာတွေမှာ သံဓာတ်၊ ဗီတာမင်အေနဲ့ ဗီတာမင်စီဓာတ်တွေ များစွာ ပါဝင်ပါတယ်။ ဗီတာမင်အေနဲ့ စီက ဆံပင်ရဲ့ အရင်းမှာရှိတဲ့ မွေးညင်းအိတ်လေးတွေကနေ အဆီတွေကို ထုတ်လုပ်ပေးပြီး ဆံသားနူးညံ့ ပျော့ပျောင်းစေတဲ့ ကွန်ဒီရှင်နာအဖြစ် လုပ်ဆောင်ပေးပါတယ်။

ရေးသားပေးသော အလင်းကို ကျေးဇူးတင်ပါတယ်....

ကြက်ဥတစ်နေ့တစ်လုံးစားခြင်းဖြင့် ကိုယ်အလေးချိန်လျှော့ချရာတွင် အထောက်အကူပြုဖွယ်ရှိ

Photo: ကြက်ဥတစ်နေ့တစ်လုံးစားခြင်းဖြင့် ကိုယ်အလေးချိန်လျှော့ချရာတွင် အထောက်အကူပြုဖွယ်ရှိ

ကြက်ဥအား အထူးအစားအစာအဖြစ် ထည့်သွင်းစဉ်းစားသင့်ကြောင်း၊ အကြောင်းမှာ ကြက်ဥကို စားသုံးခြင်း အားဖြင့် ကျန်းမာရေးကို ကောင်းမွန်စေပြီး အဝလွန်ခြင်းကို ကာကွယ် တားဆီး ပေးနိုင်ဖွယ် ရှိသည်ဟု သုတေသန ပညာရှင်တို့က ထုတ်ဖော်ပြောကြား ခဲ့ကြောင်း သိရသည်။

အာဟာရဗေဒ ပညာရှင်တို့ကလည်း ကြက်ဥသည် အာဟာရ ပါဝင်မှုအများဆုံး အစားအစာများ ထဲမှ တစ်ခုဖြစ်ပြီး နေ့စဉ် ကြက်ဥတစ်လုံး စားသုံးခြင်း အားဖြင့် များစွာ အကျိုးကျေးဇူး ဖြစ်ထွန်းစေမည် ဖြစ်သည်ဟု အကြံပြုတိုက်တွန်းခဲ့ကြသည်။

သုတေသနပညာရှင်တို့၏ တွေ့ရှိချက်အရ ကြက်ဥတွင် ကယ်လိုရီ ပါဝင်မှု နည်းပါး သော်လည်း ပရိုတင်းဓာတ် ကြွယ်ဝကြောင်း၊ အထူးသဖြင့် ကြက်ဥတွင် ပါဝင်သည့် ဗီတာမင်ဒီ၊ ဗီတာမင်ဘီ ၁၂ Selenium နှင့် Choline တို့ကြောင့် ကျန်းမာရေးကို များစွာ အထောက်အကူ ပြုစေနိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့ကြသည်။ ထို့ပြင် ကြက်ဥတွင် ပါဝင်သော အမိုင်နိုအက်စစ်ဓာတ် သည် ကလေးများ၊ ဆယ်ကျော်သက်များနှင့် လူငယ်လူရွယ်များအတွက် မရှိမဖြစ် အရေးပါသော ဓာတ်ဖြစ်သည် ဟုဆိုသည်။

ကြက်ဥတွင်ပါဝင်သော အင်တီအောက်ဆီးဒင့် ဓာတ်ပမာဏမှာ မြင့်မားလှပြီး အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးနိုင်ဖွယ်ရှိသည်ဟုဆိုသည်။

လေ့လာဆန်း စစ်မှုအရ လူငယ်များ၊ အသား အလွန်အကြူးစားသုံး သူများနှင့် နွားနို့ရှောင်ကြဉ်သူများအနေဖြင့် ကြက်ဥကို ပိုမိုစားသုံးခြင်းဖြင့် အကျိုးကျေးဇူးကို ခံစားရဖွယ်ရှိသည် ဟုဆိုသည်။ ကြက်ဥနှင့်ပတ်သက်၍ အရေးပါသောတွေ့ရှိ မှုများထဲမှ တစ်ခုမှာ ကြက်ဥသည် ဗီတာမင်ဒီနှင့်ပတ်သက်၍ အရေးပါသောဓာတ်စာအရင်းအမြစ်တစ်ခုဖြစ်သည်ဟု သုတေသနပညာရှင်တို့က အစီရင်ခံစာတွင် ဖော်ပြခဲ့ကြောင်း သိရသည်။

Ref:myanmarnewszone.

ကြက်ဥအား အထူးအစားအစာအဖြစ် ထည့်သွင်းစဉ်းစားသင့်ကြောင်း၊ အကြောင်းမှာ ကြက်ဥကို စားသုံးခြင်း အားဖြင့် ကျန်းမာရေးကို ကောင်းမွန်စေပြီး အဝလွန်ခြင်းကို ကာကွယ် တားဆီး
ပေးနိုင်ဖွယ် ရှိသည်ဟု သုတေသန ပညာရှင်တို့က ထုတ်ဖော်ပြောကြား ခဲ့ကြောင်း သိရသည်။ အာဟာရဗေဒ ပညာရှင်တို့ကလည်း ကြက်ဥသည် အာဟာရ ပါဝင်မှုအများဆုံး အစားအစာများ ထဲမှ တစ်ခုဖြစ်ပြီး နေ့စဉ် ကြက်ဥတစ်လုံး စားသုံးခြင်း အားဖြင့် များစွာ အကျိုးကျေးဇူး ဖြစ်ထွန်းစေမည် ဖြစ်သည်ဟု အကြံပြုတိုက်တွန်းခဲ့ကြသည်။
သုတေသနပညာရှင်တို့၏ တွေ့ရှိချက်အရ ကြက်ဥတွင် ကယ်လိုရီ ပါဝင်မှု နည်းပါး သော်လည်း ပရိုတင်းဓာတ် ကြွယ်ဝကြောင်း၊ အထူးသဖြင့် ကြက်ဥတွင် ပါဝင်သည့် ဗီတာမင်ဒီ၊ ဗီတာမင်ဘီ ၁၂ Selenium နှင့် Choline တို့ကြောင့် ကျန်းမာရေးကို များစွာ အထောက်အကူ ပြုစေနိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့ကြသည်။ ထို့ပြင် ကြက်ဥတွင် ပါဝင်သော အမိုင်နိုအက်စစ်ဓာတ် သည် ကလေးများ၊ ဆယ်ကျော်သက်များနှင့် လူငယ်လူရွယ်များအတွက် မရှိမဖြစ် အရေးပါသော ဓာတ်ဖြစ်သည် ဟုဆိုသည်။
ကြက်ဥတွင်ပါဝင်သော အင်တီအောက်ဆီးဒင့် ဓာတ်ပမာဏမှာ မြင့်မားလှပြီး အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးနိုင်ဖွယ်ရှိသည်ဟုဆိုသည်။
လေ့လာဆန်း စစ်မှုအရ လူငယ်များ၊ အသား အလွန်အကြူးစားသုံး သူများနှင့် နွားနို့ရှောင်ကြဉ်သူများအနေဖြင့် ကြက်ဥကို ပိုမိုစားသုံးခြင်းဖြင့် အကျိုးကျေးဇူးကို ခံစားရဖွယ်ရှိသည် ဟုဆိုသည်။ ကြက်ဥနှင့်ပတ်သက်၍ အရေးပါသောတွေ့ရှိ မှုများထဲမှ တစ်ခုမှာ ကြက်ဥသည် ဗီတာမင်ဒီနှင့်ပတ်သက်၍ အရေးပါသောဓာတ်စာအရင်းအမြစ်တစ်ခုဖြစ်သည်ဟု သုတေသနပညာရှင်တို့က အစီရင်ခံစာတွင် ဖော်ပြခဲ့ကြောင်း သိရသည်။

ရေးသားပေးသော m sun ကိုကျေးဇူးတင်ပါတယ်....

ကိုယ်အလေးချိန် ကျဆင်းနိုင်သော အစားအစာများ

နောက်ဆုံးလေ့လာမှုတွေအရ တချို့အစားအစာတွေဟာ ဆာလောင်မှုကို ပျောက်ကင်းစေပြီး ဇီဝရုပ်ဖြစ်ပျက်မှု မြန်ဆန်ကာ အဆီတွေမြန်မြန် လောင်ကျွမ်းစေနိုင်တယ်လို့ သိရပါတယ်။ အောက်ပါအစားအစာတွေကို ကြည့်ပြီး သင့်ခန္ဓာကိုယ်အလေးချိန် ၁၀ ပေါင်၊ ပေါင် ၂၀၊ ပေါင် ၃၀ ဒါမှမဟုတ် ဒီပေါင်ချိန်တွေထက် ပိုလျော့အောင် ပြုလုပ်ပါ။
၁။ အစာစားချင်စိတ် လွန်ကဲမှုပျောက်ကင်းအောင် ငရုတ်သီးစားပါ
လေ့လာမှုတစ်ခုအရ ဇွန်းတစ်ဝက်စာ ငရုတ်သီးမှုန့်ပါဝင်တဲ့ စွပ်ပြုတ်ရည်သောက်သူတွေဟာ အချိုစာ၊ အဆီစာနဲ့ အငန်စားချင်စိတ် လွန်ကဲမှု ထက်ဝက်ခန့် လျော့သွားတာကို အံ့သြဖွယ်ရာ တွေ့ရှိခဲ့ပါတယ်။ ဒါ့အပြင် လေးနာရီအတွင်း ၁၀ ကယ်လိုရီ ပိုမိုလောင်ကျွမ်းနိုင်တာမို့ တစ်နှစ်အတွင်း နှစ်ပေါင်လျော့ကျသွားနိုင်ပါတယ်။
အဆီလောင်ကျွမ်းမှု လျှို့ဝှက်ချက်
ငရုတ်သီးမှာပါတဲ့ Capsaican တွေဟာ (ပူတဲ့ အရသာပေးတဲ့ ဒြပ်ပေါင်းပါ) ဦးနှောက်နဲ့ လည်ပင်းကို ပေးပို့တဲ့ အာရုံကြော (Trigeminal Nerve) ကို လှုံဆော်ပေးမှုကြောင့် ခံတွင်းလိုက်အား ပြောင်းလဲကာ ဇီဝရုပ်ဖြစ်ပျက်နှုန်း တိုးတက်လာတာကြောင့်လို့ သုတေသီတွေက ဆိုပါတယ်။
Tips!
ရှလကာရည် အသုံးပြုနိုင်ပါတယ်။
လေ့လာမှုပြုလုပ်ရာမှာ ပါဝင်သူတွေဟာ ရှလကာရည် နှစ်ဇွန်းမှ သုံးဇွန်း ပါဝင်ပြီး ကာဗိုဟိုက်ဒရိတ်များစွာ ပါဝင်တဲ့ အစာစားသူတွေရဲ့ အင်ဆူလင် မြင့်တက်လာနှုန်းဟာ ရှလကာရည်မပါဝင်ဘဲ သူတို့နဲ့ တူညီတဲ့ အစားအစာတွေ စားသုံးသူတွေထက် ၂၅ ရာခိုင်နှုန်း လျော့ကျတယ်လို့ တွေ့ရှိခဲ့ပါတယ်။ အင်ဆူလင် အဆင့်နည်းတာဟာ စားချင်စိတ်နဲ့ ဆာလောင်မှုကို လျော့ကျစေတာကြောင့်ပါ။
၂။ ဗိုက်ပြည့်တာမြန်အောင် ချယ်ရီသီးစားပါ။
အစာစားပြီးလို့မှ မကြာခင်မှာ ဗိုက်ဆာသလို ဖြစ်နေသလား၊ အိပ်ရေးမဝတဲ့ အတွက် ခန္ဓာကိုယ်တွင်းမှာ Leptin အဆင့်တွေ ကျဆင်းနေတာကြောင့်ပါ။ Leptin ဆိုတာဟာ သင့်ဗိုက်ပြည့်တင်းတာကို သိရှိနိုင်တဲ့ဟော်မုန်းပါ။ ချယ်ရီသီးဖျော်ရည် သောက်ပေးရင် ဆာလောင်တာ လျော့သွားနိုင်တယ်လို့ သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။
အစာစားချင်စိတ် လျော့နည်းရခြင်း၏ လျှို့ဝှက်ချက်
ချယ်ရီသီးမှာ မယ်လတိုနင်တွေ များစွာပါဝင်ပါတယ်။ မယ်လတိုနင်ဆိုတာဟာ သင်မြန်မြန်အိပ်ပျော်စေနိုင်တဲ့ ဟော်မုန်းပါ။ ဒါ့အပြင် ချယ်ရီသီးမှာ ရောင်ရမ်းမှု ပျောက်စေတဲ့ ဒြပ်ပေါင်းတွေ များစွာပါဝင်တာမို့ နာကျင်ညောင်းညာတဲ့ဝေဒနာတွေ ပျောက်ကင်းစေတာကြောင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်ပါတယ်။
Tips!
စိုးရိမ်စိတ်ကြောင့် အိပ်မပျော်ဖြစ်နေသလား။
စိုးရိမ်စိတ်ပျောက်ကင်းအောင် Passion Flower (ပင်မှည့်သီးပွင့်) လက်ဖက်ရည်သောက်ပေးပါ။ အိပ်မပျော်သူတွေဟာ နေ့စဉ် ပင်မှည့်သီးဖျော်ရည်ကို တစ်ပတ်သောက်တာကြောင့် မြန်မြန်အိပ်ပျော်နိုင်ပြီး ညဘက်တစ်ရေးနိုးတဲ့ အကြိမ်လျော့သွားတယ်လို့ သိရပါတယ်။ အဲ့ဒီဖျော်ရည်ဟာ စိတ်ချမ်းသာစေတဲ့ ဟော်မုန်း(dopamine) အဆင့်ကို မြင့်တက်စေနိုင်လို့ပါ။

ရေးသားပေးသော m sun ကိုကျေးဇူးတင်ပါတယ်....

ခါးသေးစေမည့် နည်းလမ်းများ

စားသမျှ စောင့်ကြည့်ပါ

အစာစားတဲ့ အခါမှာ စည်းကမ်းတော့  ထားဖို့ လိုပါတယ်။ အစားအသောက် ရွေးချယ်ရာမှာ မှန်ကန် ကောင်းမွန်တဲ့ အစားအသောက်တွေကို ရွေးစားသင့်ပါတယ်။ ဆီကြော်စာ၊ အခန်း အပူချိန်မှာ ခဲသွားတဲ့ အဆီပါတဲ့ အသားတွေကို မစားပါနဲ့။ အမျှင်ဓာတ် ပါဝင်တဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေကို စားတာက ဇီဝရုပ် ဖြစ်ပျက်မှုကို ကောင်းစေပြီး ဝမ်းဗိုက် ပတ်လည်က အဆီတွေကို လျော့ကျစေပါတယ်။ တစ်နေ့တာလုံး အစာကို နည်းနည်းနဲ့ မကြာခဏ စားတာက ဇီဝရုပ် ဖြစ်ပျက်မှုကို ကောင်းစေတာကြောင့် အချိန် နှစ်နာရီ-သုံးနာရီ ကြာတိုင်း အစာစားပေးပါ။ အမျိုးသမီးတွေက ဝမ်းဗိုက် ချပ်ရပ်ဖို့နဲ့ ခါးသေးဖို့ အတွက် နည်းလမ်း အမျိုးမျိုးနဲ့ ကြိုးစားတတ်ကြပါတယ်။ ဒါပေမဲ့ ခါးသေးချင်တဲ့ အမျိုးသမီးတွေ လုပ်နေကြ အမှားတစ်ခုက အဝတ်အစားဝတ်လို့ အဆင်မပြေတဲ့ အချိန်မှာပဲ ခါးသေးချင်တတ်ပြီး ကျန်တဲ့ အချိန်တွေမှာတော့ ခါးသေးအောင် အားမထုတ်တတ်ကြပါဘူး။

ခါးလှည့်ကွင်း သုံးပါ

ခါးလှည့်ကွင်းကို သုံးပြီး လေ့ကျင့်ခန်းလုပ်တာက ခါးနဲ့ ဝမ်းဗိုက်က အဆီတွေကို လျော့ပါးစေပါတယ်။ ရေကူးတာကလည်း ခန္ဓာကိုယ် တစ်ခုလုံးက ကြွက်သားတွေကို သန်စွမ်း ကြံ့ခိုင်စေတဲ့ လေ့ကျင့်ခန်းပါ။ ကခုန်တဲ့ လှုပ်ရှားမှုကလည်း ခန္ဓာကိုယ် တစ်ခုလုံးမှာ ရှိတဲ့ အဆီတွေကို လျော့ကျစေပါတယ်။

ရေဓာတ် ဖြည့်တင်းပါ

ရေသောက်တာက ခန္ဓာကိုယ်ထဲက အဆိပ်တွေကို ဖယ်ရှားပေးနိုင်တဲ့အပြင် ဇီဝရုပ် ဖြစ်ပျက်မှုကို ကောင်းမွန်စေပါတယ်။ ဒါကြောင့် ရေသောက်များတာကြောင့် ခန္ဓာကိုယ်မှာရှိတဲ့ အဆီရာခိုင်နှုန်းကို လျော့ကျစေပြီး အစာကြေစေပါတယ်။ ဒါ့အပြင် ရေကို များများသောက်တာကြောင့် ခန္ဓာကိုယ်က ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို ကောင်းကောင်း စုပ်ယူနိုင်စေပါတယ်။ အရက်နဲ့ အချိုရည်အစား သစ်သီးဖျော်ရည်တွေကို သောက်ပါ။ ကော်ဖီအစား သံပရာရည်ကို ရွေးပါ။

လေ့ကျင့်ခန်း လုပ်ပါ

ခါးသေးသွယ်စေမယ့် အဓိက လေ့ကျင့်ခန်းက ထိုင်ထ လေ့ကျင့်ခန်း၊ ယောဂ လေ့ကျင့်ခန်း၊ အိပ်ထမတင် လေ့ကျင့်ခန်း စတာတွေ ဖြစ်ပါတယ်။ လေ့ကျင့်ခန်းလုပ်တာက သင့်ဘဝတစ်လျှောက်လုံး ကျန်းမာနေစေဖို့အတွက် ပုံမှန် လုပ်ပေးသင့်တဲ့ အလေ့အထတစ်ရပ် ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းတွေအပြင် နောက်ထပ် လုပ်သင့်တဲ့ လေ့ကျင့်ခန်းကတော့ အလေးမတဲ့ လေ့ကျင့်ခန်းပဲ ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းတွေက ဝမ်းဗိုက် ကြွက်သားတွေကိုပါ သန်စွမ်းစေပါတယ်။

စိတ်အား မြှင့်တင်ပါ

လေ့ကျင့်ခန်းလုပ်ဖြစ်စေဖို့ အားကစား ဝတ်စုံအသစ်တွေကို ဝယ်တာ၊ ခါးအလှ ပေါ်လွင်စေမယ့် ဝတ်စုံတွေ ဝယ်တာတွေကို လုပ်ဆောင်ပါ။ ဒီလို လုပ်ဆောင်တာကြောင့် ခါးသေး သွယ်လျအောင် ကြိုးစားချင်စိတ် အပြည့်အဝ ရှိလာပါလိမ့်မယ်။Reader’s comment: “  အစာစားတဲ့ အခါမှာ စည်းကမ်းတော့ ထားဖို့ လိုပါတယ်။ အစားအသောက် ရွေးချယ်ရာမှာ မှန်ကန် ကောင်းမွန်တဲ့ အစားအသောက်တွေကို ရွေးစားသင့်ပါတယ်။ ဆီကြော်စာ၊ အခန်း အပူချိန်မှာ ခဲသွားတဲ့ အဆီပါတဲ့ အသားတွေကို မစားပါနဲ့။ အမျှင်ဓာတ် ပါဝင်တဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေကို စားတာက ဇီဝရုပ် ဖြစ်ပျက်မှုကို ကောင်းစေပြီး ဝမ်းဗိုက် ပတ်လည်က အဆီတွေကို လျော့ကျစေပါတယ်။ တစ်နေ့တာလုံး အစာကို နည်းနည်းနဲ့ မကြာခဏ စားတာက ဇီဝရုပ် ဖြစ်ပျက်မှုကို ကောင်းစေတာကြောင့် အချိန် နှစ်နာရီ-သုံးနာရီ ကြာတိုင်း အစာစားပေးပါ။ အမျိုးသမီးတွေက ဝမ်းဗိုက် ချပ်ရပ်ဖို့နဲ့ ခါးသေးဖို့ အတွက် နည်းလမ်း အမျိုးမျိုးနဲ့ ကြိုးစားတတ်ကြပါတယ်။ ဒါပေမဲ့ ခါးသေးချင်တဲ့ အမျိုးသမီးတွေ လုပ်နေကြ အမှားတစ်ခုက အဝတ်အစားဝတ်လို့ အဆင်မပြေတဲ့ အချိန်မှာပဲ ခါးသေးချင်တတ်ပြီး ကျန်တဲ့ အချိန်တွေမှာတော့ ခါးသေးအောင် အားမထုတ်တတ်ကြပါဘူး။”

ရေးသားပေးသော ကြယ်စင်ကို ကျေးဇူးတင်ပါတယ်....

ဝမ်းဗိုက်အဆီ လျော့ကျစေမည့် နည်း ၉ သွယ်

ဝမ်းဗိုက်မှာ အဆီတွေစုပြီး ဗိုက်ပူနေလို့ စိတ်ညစ်နေသူတွေအတွက် ဗိုက်ပူတာ လျော့ကျအောင် လုပ်နိုင်မယ့် အလွယ်နည်းတွေကို ရေးသားလိုက်ရပါတယ်။
(၁) လေ့ကျင့်ခန်း လုပ်ပါ
လေ့ကျင့်ခန်း အားလုံးဟာ ကိုယ်အလေးချိန် လျော့ကျစေပါတယ်။ လေ့ကျင့်ခန်း လုပ်တဲ့အခါ ဝမ်းဗိုက်အဆီကျအောင် စွမ်းအားမြင့် လေ့ကျင့်ခန်းကို လုပ်ဖို့ လိုအပ်ပါတယ်။ လေ့လာမှုအရ အမျိုးသမီးအုပ်စု သုံးခုကို တစ်ပတ်မှာ ငါးကြိမ်ခန့် မတူညီတဲ့ လေ့ကျင့်ခန်းတွေကို လုပ်စေခဲ့ရာ ကယ်လိုရီ လောင်ကျွမ်းပုံချင်း တူပေမယ့် စွမ်းအားမြင့် လေ့ကျင့်ခန်းကို လုပ်ဆောင်တဲ့ အုပ်စုတစ်ခုရှိ အမျိုးသမီးတွေကသာ ဝမ်းဗိုက်အဆီ လျော့ကျမှုရှိခဲ့တာကို တွေ့ရပါတယ်။ စွမ်းအားမြှင့် လေ့ကျင့်ခန်းတွေမှာ အိပ်ထမတင် လေ့ကျင့်ခန်း၊ ခါးလှည့် လေ့ကျင့်ခန်းစတဲ့ လေ့ကျင့်ခန်း အမျိုးအစားတွေ ပါဝင်နေပါတယ်။
(၂) ဗိုက်ကို တုန်ခါအောင် လုပ်ပါ
ဗိုက်ကို တုန်ခါစေတဲ့ စက်နဲ့ အဆီချပေးတာက ထိုင်-ထ လေ့ကျင့်ခန်း လုပ်သလို ခြောက်လအတွင်းမှာ ဝမ်းဗိုက်အဆီကို သိသိသာသာ လျော့ကျ စေတာကိုတွေ့ရပါတယ်။
(၃) ညနေခင်းတွင် အလင်းရောင်ကို လျှော့ချပါ
စိတ်ဖိစီးမှု ဟော်မုန်း ကော်တီဆော အဆင့်မြင့်တက်မှု ရှိတာက ဝမ်းဗိုက်အဆီတိုးတာနဲ့ ဆက်စပ်မှု ရှိပါတယ်။ ညဘက်မှာ ကော်တီဆော ဟော်မုန်းအဆင့် လျော့ကျအောင် အိပ်ရာမဝင်ခင် တစ်နာရီအလိုမှာ လျှပ်စစ်ပစ္စည်းတွေကို ပိတ်ပြီး အနားယူပေးဖို့ လိုပါတယ်။ ကွန်ပျူတာကို ညဥ့်နက်တဲ့အထိ အသုံးပြုတာကို ရှောင်သင့်ပါတယ်။ ဒါဆိုရင် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျပါလိမ့်မယ်။
(၄) စောစော အိပ်ရာဝင်ပါ
တစ်ညမှာ ၅-၆ နာရီခန့်ပဲ အိပ်တဲ့သူတွေက တစ်ညမှာ ၇-၈ နာရီလောက် အိပ်တဲ့သူတွေထက် ခါးနဲ့ ဗိုက်နေရာတစ်ဝိုက်မှာ အဆီတက်ပြီး ဝနိုင်ခြေ ၆၀ ရာခိုင်နှုန်း ပိုများကြောင်း လေ့လာ တွေ့ရှိရပါတယ်။ “အိပ်ရေးပျက်တာက ဆာလောင်မှု တိုးစေတဲ့ Ghrelin ဟော်မုန်းကို အထွက်တိုးစေပြီး ဆာလောင်မှုကို ဟန့်တားပေးတဲ့  Leptin ဟော်မုန်းကို လျော့ကျစေလို့ ဖြစ်တယ်” လို့ အိပ်စက်မှုဆိုင်ရာ ပညာရှင် ဒေါက်တာ စတန်လေက ဆိုပါတယ်။ လူတွေက ပင်ပန်းနွမ်းနယ်တဲ့အခါ သကြားပါတဲ့ ကာဗိုဟိုက်ဒရိတ်အစာကို များများ စားမိတာကြောင့် ဗိုက်ပူလာရတာ ဖြစ်ပါတယ်။
(၅) ရှလကာရည် သောက်ပါ
တစ်နေ့မှာ ရှလကာရည် ထမင်းစားဇွန်း နှစ်ဇွန်းသောက်တဲ့ အဝလွန်သူတွေက အချဉ်ရှောင်တဲ့ တခြားသူတွေထက်ဗိုက်ပူတာ ငါးရာခိုင်နှုန်း လျော့ကျမှု ရှိစေတယ်လို့ ဂျပန်သုတေသီတွေက လေ့လာတွေ့ရှိခဲ့ပါတယ်။ ရှလကာရည်မှာ အဓိက ပါဝင်တဲ့ Acetic Acid ဟာ ခန္ဓာကိုယ်အဆီတွေ လောင်ကျွမ်းအောင် လှုံ့ဆော်မှုပေးတာကြောင့် ဖြစ်တယ်လို့ သုတေသီတွေက ဆိုပါတယ်။ ပြုလုပ်ရမယ့် နည်းကတော့  အစာမစားခင်မှာ ရေနွေးတစ်ဖန်ခွက်ထဲကို ရှလကာရည် ထမင်းစားဇွန်း တစ်ဇွန်း ထည့်ပြီး သောက်သုံးရမှာ ဖြစ်ပါတယ်။
(၆) ဒိန်ချဉ်စားပါ
နေ့စဉ် ကယ်လိုရီကို ထိန်းချုပ်ပြီး စားနေတဲ့သူတွေဟာ ဒိန်ချဉ်မှ ကယ်လ်စီယမ် ၁၁၀၀ မီလီဂရမ်လောက် ရနေရင် ဝမ်းဗိုက်အဆီ ၈၁ ရာခိုင်နှုန်း လျော့ကျမှု ရှိတာကို တင်နက်ဆီး တက္ကသိုလ်မှ လေ့လာ တွေ့ရှိရပါတယ်။ ကယ်လ်စီယမ်ဟာ အဆီကို လောင်ကျွမ်းစေလို့ ဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။ တခြားအစာတွေ အနေနဲ့ အခွံချွတ်မထားတဲ့ ကောက်နှံစာ (ဥပမာ- ဆန်လုံးညို၊ ခေါက်ဆွဲညို) နဲ့ မပြည့်ဝဆီ(အခွံမာတဲ့ အစေ့အဆန်၊ ထောပတ်သီး၊ ငါး) စတာတွေကိုလည်း စားပေးရမှာ ဖြစ်ပါတယ်။
(၇) စိတ်ဖိစီးမှုကို အနိုင်ယူပါ
စိတ်ဖိစီးမှုဟာ ဝမ်းဗိုက်မှာ အဆီပိုတွေ စုနေတာနဲ့ အကြီးအကျယ် ဆက်စပ်မှုရှိပါတယ်။ အကြောင်းကတော့ စိတ်ဖိစီးမှုများနေချိန်မှာ အဒရီနယ်ဂလင်းမှ ကော်တီဆော အလွန်အမင်း ထွက်လာလို့ပါ။ ကော်တီဆော အထွက်များတာက အင်ဆူလင် ထွက်နှုန်းတိုးစေပြီး အဆီတွေ စုနေစေပါတယ်။
(၈) ဗီတာမင်ဒီကို ရယူပါ
နေ့စဉ် နံနက်တိုင်း အိမ်အပြင်မှာ ၁၅ မိနစ်လောက်နေပြီး နေခြည်နုနုမှ ဗီတာမင်ဒီရအောင် ယူပါ။ ဗီတာမင်ဒီဟာ အဆီတွေကို ချေဖျက်ပေးနိုင်တဲ့ အရာဖြစ်ပါတယ်။ ဗီတာမင်ဒီ မလုံလောက်တာကြောင့် အဝလွန်တာကို ဖြစ်စေနိုင်ပါတယ်။
(၉) ဆေးလိပ်သောက်တတ်လျှင် ဆေးလိပ်ဖြတ်ပါ
ဆေးလိပ်သောက်တာဟာ ဗိုက်ပူစေတယ်လို့ နယ်သာလန် ဆေးစင်တာမှ သုတေသီတွေက ဆိုပါတယ်။ အကြောင်းရင်းကို တိတိကျကျ မသိကြသေးပေမယ့် ဆေးလိပ်သောက်တာဟာ ခန္ဓာကိုယ်ထဲမှာ အီစထရိုဂျင် ဟော်မုန်းရဲ့ လုပ်ဆောင်မှုကို လျော့ကျစေပြီး ကျားဟော်မုန်းရဲ့ လွှမ်းမိုးမှုကို တိုးစေတာကြောင့် ဗိုက်ပူတာ ဖြစ်နိုင်တယ်လို့ သုတေသီတွေက ယူဆထားပါတယ်။

ရေးသားပေးသောကြယ်စင်ကို ကျေးဇူးတင်ပါတယ်.....

ဆံကေသာ ကျန်းမာရေးအတွက် အကောင်းဆုံး အစားအစာ ၁၂ မျိုး

(၁) နို့နှင့် နို့ထွက်ပစ္စည်း

အဆီနည်းတဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေဟာ ကိုယ်အလေးချိန်ကို မမြင့်တက်စေဘဲ ဆံကေသာ ကျန်းမာရေးကို ကောင်းမွန်အောင် ပံ့ပိုး ပေးနိုင်စွမ်း ရှိပါတယ်။ ဒိန်ချဉ်နဲ့ ဒိန်ခဲလို နို့နဲ့ နို့ထွက်ပစ္စည်းတွေမှာ ပါဝင်တဲ့ ပရိုတင်းဓာတ်တွေဟာ ဆံကေသာကို သန်စွမ်း ကျန်းမာစေပါတယ်။

၂) ငါး

ဆယ်လ်မွန်နဲ့ မက်ကရယ်လို အဆီများများ ပါဝင်တဲ့ ငါးတွေမှာ အိုမီဂါ ၃ ဖက်တီးအက်စစ် ပါဝင်တာကြောင့် ဆံပင်ကျွတ်နှုန်း နှေးစေပါတယ်။ ငါးမှာ သံဓာတ်နဲ့ ဗီတာမင် B12တို့ ပါဝင်တဲ့အတွက် ဆံကေသာနဲ့ အသားအရေကို လှပကျန်းမာစေပါတယ်။ ဆံခြည်မျှင် အိတ်ထဲမှာ သံဓာတ်တွေကို သိုလှောင်ထားပြီး ဆံပင်ထိခိုက်မှုဖြစ်လာရင် ပြန်လည် အသုံးပြုနိုင်တာကြောင့်ပါ။

၃) အခွံချွတ်မထားသော ကောက်နှံတို့ဖြင့် လုပ်ထားသည့်အစာ

ကောက်နှံတစ်ခုလုံးနဲ့ လုပ်ထားတဲ့အစာတွေမှာ ဆံကေသာအတွက် အရေးပါတဲ့ သွပ်(ဇင့်)ဓာတ်၊ ဗီတာမင် ဘီအုပ်စုနဲ့ သံဓာတ်တို့ ပါဝင်နေပါတယ်။ သွပ်ဓာတ်ဟာ ဆံကေသာ ကြီးထွားသန်စွမ်း ထူထဲမှုတို့ကို တိုက်ရိုက် သက်ရောက်မှု ရှိစေတဲ့ ဟော်မုန်းတွေကို ဟန်ချက် ညီမျှစေပါတယ်။ စားတဲ့ အစားအသောက်ထဲမှာ သွပ်ဓာတ်ကို အလုံအလောက် ထည့်စားပေးတာက ဆံကေသာကို ကျန်းမာ စေပါတယ်။
၎) အခွံမာသီး

သီဟိုဠ်စေ့၊ မြေပဲနဲ့ သစ်ကြားသီးတွေမှာ သွပ်(ဇင့်)ဓာတ်များစွာ ပါဝင်တာကြောင့် ဆံပင်ကျွတ်တာနဲ့ ဆံပင်ကျဲပါးတာကို နှေးစေပါတယ်။ သစ်ကြားသီးထဲမှာ ဆီလီနီယမ်ဓာတ်လည်း ပါဝင်ပြီး အဲဒီဓာတ်ဟာ ဦးရေပြားကျန်းမာရေးအတွက် အရေးပါတဲ့ သတ္တုဓာတ်ပါ။ ဒါ့အပြင် ဗောက်ထတာကိုလည်း လျော့ပါးစေပါတယ်။ နေ့စဉ် အခွံမာသီးကို လက်တစ်ဆုပ်စာပမာဏ စားပေးသင့်ပါတယ်။

၅) ပဲအမျိုးမျိုး

ပဲနီလေးအပါအဝင် ပဲအမျိုးမျိုးဟာ ဆံပင်သားအတွက် အရေးကြီးတဲ့ အာဟာရဖြစ်ပါတယ်။ ပဲအမျိုးမျိုးမှာ သံဓာတ်၊ သွပ်(ဇင့်)ဓာတ် အများအပြား ပါဝင်ရုံသာမက ပရိုတင်းဓာတ်လည်း များစွာပါဝင်နေတာကြောင့် ဆံကေသာ ကြီးထွားသန်စွမ်းစေပါတယ်။ ဒါ့အပြင် ပဲအမျိုးမျိုးမှာ ဗီတာမင်ဘီဖြစ်တဲ့ ဘိုင်အိုတင်လည်း ပါဝင်တာကြောင့် ဆံပင်ပြတ်ထွက်တာတွေ မဖြစ်စေဘဲ ဆံပင်သားကို သန်စွမ်း ကျန်းမာစေပါတယ်။

၆) မုန်လာဥနီ

မျက်စိကျန်းမာရေးနဲ့ အမြင်အားကောင်းစေရေးအတွက် အရေးပါတဲ့ မုန်လာဥနီဟာ ဆံပင်သားကိုလည်း ကျန်းမာသန်စွမ်းစေပါတယ်။ ဗီတာမင်အေပါဝင်တဲ့ မုန်လာဥနီဟာ ဆံပင်သားမှာ သဘာဝအဆီရှိစေပြီး ဦးရေပြားကို ကျန်းမာစေတာကြောင့် ဆံကေသာကို သန်စွမ်း တောက်ပစေပါတယ်။

၇) ဥအမျိုးမျိုး

ဆံပင်သားတည်ဆောက်မှုမှာ ပရိုတင်းက အရေးပါတဲ့ အာဟာရဓာတ်ပါ။ ပရိုတင်းဓာတ်ကို အလုံအလောက် မစားဖြစ်ရင် ဆံကေသာကို ထိခိုက်စေနိုင်ပါတယ်။ သင်စားတဲ့အစာထဲမှာ ဥအမျိုးမျိုးနဲ့ ပြင်ဆင်ထားတဲ့ ဟင်းလျာတစ်ခွက်ကိုတော့ ထည့်သင့်ပါတယ်။ ဥအမျိုးမျိုးမှာ ဘိုင်အိုတင်နဲ့ ဗီတာမင် B12 ပါဝင်တာကြောင့် ဆံပင်သားကို ကျန်းမာစေပါတယ်။

၈) အစိမ်းရောင် ဟင်းသီးဟင်းရွက်

ရောင်စုံအစားအစာတွေက သင့်ကျန်းမာရေးကို ကောင်းမွန်စေရုံသာမက ဆံကေသာကိုလည်း သန်စွမ်းလှပစေပါတယ်။ ဟင်းနုနယ်ရွက်နဲ့ ပန်းဂေါ်ဖီစိမ်းတို့လို အစိမ်းရောင်ဟင်းရွက်တွေမှာ ဆံပင်အတွက် အရေးပါတဲ့ သံဓာတ်နဲ့ ကယ်လ်စီယမ်တို့ ပါဝင်ပါတယ်။ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေမှာ ဆီကြည်လို သဘာဝအဆီ ထုတ်လုပ်မှုကို တိုးစေတဲ့ ဗီတာမင်အေနဲ့စီ အများအပြား ပါဝင်နေတာကြောင့် ဆံပင်သားကို စိုပြည်စေပါတယ်။

၉) ကြက်၊ ဝက်

သင်စားတဲ့ အစားအစာထဲမှာ ပရိုတင်းဓာတ် ပါဝင်မှုလျော့နည်းတာက ဆံပင်သားအတွက် ပြဿနာတစ်ရပ်ပဲ ဖြစ်ပါတယ်။ ပရိုတင်းဓာတ် လျော့နည်းမှုကြောင့် ဆံပင်သား ကြွပ်ဆတ်တာကို ဖြစ်စေပြီး ဆံပင်အရောင်ကိုလည်း မှိန်ဖျော့စေပါတယ်။ ကြက်သားမှာ ဆံပင်သားကျန်းမာစေမယ့် ပရိုတင်းဓာတ် အလုံအလောက် ပါဝင်နေပါတယ်။ အမဲ၊ ဝက်၊ ဘဲ စတဲ့ အသားတွေမှာ သံဓာတ်များစွာ ပါဝင်တာကြောင့် ဆံခြည်မျှင်အိတ်တွေ အားကောင်းရေးမှာ အရေးပါနေပါတယ်။

၁ဝ) ကမာ

ပင်လယ်စာ ကမာမှာ ဓာတ်တိုးဆန့်ကျင် ဂုဏ်သတ္တိရှိတဲ့ သွပ်ဓာတ်များစွာ ပါဝင်တာကြောင့် ဆံကေသာကျန်းမာရေးကို ထိန်းသိမ်းပေးနိုင်စွမ်း ရှိပါတယ်။ အမဲသားနဲ့ သိုးသားကနေလည်း ဒီလို အာနိသင်မျိုးကို ရရှိနိုင်ပါတယ်။

၁၁) ငှက်ပျောသီး

သင်စားတဲ့ အစာမှ ဗီတာမင B6 မရရှိတာကြောင့် ဆံပင်ကျဲပါးတာနဲ့ ဆံပင်ကျွတ်တာတွေကို ဖြစ်စေနိုင်ပါတယ်။ အရေးကြီးတဲ့ ဗီတာမင် B6 ဟာ ခန္ဓာကိုယ်မှ အာဟာရဓာတ်တွေ စုပ်ယူရာမှာ ပါဝင်ကူညီပေးပါတယ်။ သွေးနီဥ ထုတ်လုပ်မှုမှာလည်း အရေးပါတဲ့ ဗီတာမင် B6 ဟာ ဆံခြည်မျှင်အိတ်တွေကို အားကောင်းစေပြီး ဆံပင်သားကို တောက်ပသန်စွမ်းစေပါတယ်။

၁၂) ဆန်လုံးညို

ပရိုတင်းဓာတ်ဟာ ကာဗိုဟိုက်ဒရိတ်မှ စွမ်းအင်ထွက်ရှိလာရေးအတွက် ပါဝင်ကူညီနေပါတယ်။ အဲဒီထွက်လာတဲ့ စွမ်းအင်ဟာ ဆံပင်သားကို သန်စွမ်း ကျန်းမာစေပါတယ်။ ဆန်လုံးညိုမှာ ဗီတာမင်ဘီအုပ်စု အပြည့်ပါဝင်တဲ့အပြင် စွမ်းအင်ကိုလည်း ထွက်ရှိစေတာကြောင့် ဆံပင်သား သန်စွမ်းကျန်းမာရေးအတွက် အရေးပါနေပါတယ်။

ရေးသားပေးသော msun ကိုကျေးဇူးတင်ပါတယ်.....

Sunday, November 18, 2012

idiots လူအဂီတ

1.ငါ့ဘ၀ပြန်ယူ
2.ချန်ခဲ့
3.မင်းနဲ့ နီးဖို့
4.အတု
5.နေရစ်ခဲ့တော့
6.မထိုက်တဲ့အလင်း
7.အသက်ငွေ့ငွေ့
8.ဆုလဒ်
9.အဓိပါယ်
10.မင်းအတွက်မင်း
11.ထပ်မမေ့နဲ့တော့
12.တွေ့ရတာဝမ်းသာတယ်

click here to download

မာတိကာ (အောင်လ)

image

1. အစိမ်းသက်သက်
2. အပြစ်နဲ့အမုန်း
3. စိတ်ကူးထဲကနှစ်
4. တောင်းပန်တယ်
5. အငှားအိပ်မက်
6. God Send Rain
7. အဆုံးသတ်တော့
8. အိပ်မက်ထဲကကမ္ဘာ
9. ဘ၀သစ်ရဲ့မာတိကာ
10. နှုတ်ပိတ်မာန
11. အမြင်မတော်စရာများ
12. အရာရာမင်း
13. My Home Paradise
14. Outro

click here to download song

Thursday, November 15, 2012

ကုလားကားဟာသကားလေးတွေပါ...

bodyguard (2011)

click here to watch movie

3 idiots (2009)

click here to watch movie

e.m.a.e.t (2012)

click here to watch movie

ဆောင်းဦးလှိုင် - အညတရသူရဲကောင်း (2012)

01 တန်ဖိုး - ဆောင်းဦးလှိုင်
02 ရွှေပြည်တော်မျှော်ရင်းဝေး - ဆောင်းဦးလှိုင်
03 တစ်နေ့နေ့ - မီးနို
04 အခါခါကျဆုံး - ဆောင်းဦးလှိုင်
05 သိပ်ကြောက်နေလား - ဆောင်းဦးလှိုင် ၊ Orchid
06 မောင်နဲ့ကျွန်မ - ခိုင်ဇာသွေး
07 အသက်ရှူတိုင်း - ဆောင်းဦးလှိုင်
08 အဖေ့သမီး - မီးနို ၊ သီရိစံ ၊ Orchid
09 လူထဲကလူ - သီရိစံ
10 မငိုနဲ့တော့ - ပိုပို
11 အညတရသူရဲကောင်း - ဆောင်းဦးလှိုင်

click here to download song

အောင်ဖြိုး - စိမ်းလန်းတဲ့နေ့ 

01 ရူးပြီ
02 မြင်နေခွင့်လေးပေး
03 ကျေနပ်တယ်
04 ပန်းကောက်သူ
05 လမ်းလျှောက်ထွက်ခြင်း
06 အညိုရောင်နတ်သမီး
07 ရေဒီယို
08 အိမ်ပြန်မယ်
09 မိုးစိုနေတော့
10 ဒဏ်ရာနဲ့စာမျက်နှာ
11 ကြေခွဲခြင်းများ

click here to download song

ကျန်းမာရေးနှင့် အလှအပအတွက် ထောပတ်သီး

ကျန်းမာရေးနှင့် အလှအပ အတွက် အကျိုးရှိစေမဲ့ အသီးတစ်မျိုးကတော့ထောပတ်
သီးဘဲဖြစ်ပါတယ်။
ကဗျာဆရာခါလီဂျီဘရန်က ‘ချစ်မေတ္တာ ကင်းပတဲ့ ဘဝဟာ မြုံနေတဲ့သစ်ပင်၊ ပန်းပင်နဲ့ တူတယ်’ လို့ဆိုထားတယ်။  အလားတူ ပျိုတို့ သုံးနေတဲ့ အလှကုန် ပစ္စည်းတွေဟာလည်း သစ်သီးသစ်ဖုတွေ မပါဘဲ ဓာတ်တုပစ္စည်း အားကိုးနဲ့ အစွမ်းရှိရိုး ထုံးစံမရှိပါဘူး။ သဘာဝက ပေးစွမ်းထားတဲ့ သစ်သီးသစ်ဥသစ်ဖုများနဲ့ ပျိုတို့အလှကို အရောင်တင်လင်းလက်စေခဲ့ရတာ ဖြစ်ပါတယ်။ ဒီတစ်ခါ ပျိုတို့ရဲ့လင်းရောင်ခြည်ကို တောက်ပစေမယ့် သစ်သီးကတော့ ထောပတ်သီးပဲ ဖြစ်ပါတယ်။
အာရောဂျံအကျိုးကျေးဇူးများ
ထောပတ်သီးဟာ တခြားသော လူအများစားသုံးကြတဲ့ သစ်သီးတွေထက် ကာရိုတီနွိုက်လူတင်း (Carotenoid Lutein)ပါဝင်တာ ကြောင့်   မျက်လုံးနဲ့ ပတ်သက်တဲ့ ဘေးဘယာများကို ကင်းရှင်းစေပါတယ်။ နှလုံးသမားများအတွက် ထောပတ်သီးဟာ အစဉ်သဖြင့် မှီဝဲ သင့်တဲ့ သစ်သီးတစ်မျိုး ဖြစ်ပါတယ်။ ထောပတ်သီးထဲက ဖိုလေး (Folate) ဓာတ်ပါဝင်မှုနှုန်း မြင့်မားခြင်းကြောင့် နှလုံးရိုက်ခြင်း၊ ဖြတ်ခြင်း များကို ကာကွယ် ပေးနိုင်စွမ်း ရှိပြီးနေ့စဉ် ထောပတ်သီးဖျော်ရည်တဟ်ခွက် သောက်သုံးခြင်းဖြင့် ရုတ်တရက် နှလုံးရှော့ခ်ရိုက်ခြင်းမှ ၂၃ ရာခိုင်နှုန်း   ကာကွယ်ပေးနိုင်ကြောင်း  လေ့လာချက်များအရ   တွေ့ရှိရပါတယ်။     ဒါ့အပြင် ထောပတ်သီးထဲမှာ ပါဝင်တဲ့ ဗီတာမင်အီး၊ Monounsaturated Fats နဲ့ ဂလူတသီဝမ်ဓာတ်တို့ဟာ နှလုံးအတွက် အားပေးစေတဲ့ ဓာတ်များပဲ ဖြစ်ပါတယ်။
ဗီတာမင်တွေထဲမှာ ပျိုတို့အတွက် အလှအပအတွက်ရော၊ ကျန်းမာရေးအတွက်ပါ အရေးအကြီးဆုံး ဗီတာမင်တစ်ခု ဖြစ်တဲ့ ဗီတာမင် အီးကို ချို့တဲ့နေတယ်ဆိုရင် ထောပတ်သီးကို သုံးဆောင်ပေးသင့်ပါတယ်။ ထောပတ်သီးဟာ ဗီတာမင်အီး ပေါကြွယ်ဝဆုံး သစ်သီးတစ်မျိုး ဖြစ်ပါတယ်။
ထောပတ်သီးဟာ ဝိတ်ကျစေတယ်
လို့ အမေရိကန်နှလုံးရောဂါအဖွဲ့ကြီးက ထောက်ခံချက်ပေးထားပါတယ်။ အမေရိကန်ဆီးချို ရောဂါကာကွယ်ရေး အဖွဲ့ကလည်း ထောပတ်သီးဟာ ဆီးချိုရောဂါမဖြစ်ပွားအောင် တားဆီးပေးနိုင်စွမ်းရှိရုံမျှမက ဝိတ်ကျစေတယ်လို့ အတည်ပြုထားပါတယ်။

ကာကွယ်တားဆီးပေးခြင်း
ထောပတ်သီးဟာ ကင်ဆာအတော်များများကို ကြိုတင်ကာကွယ် တားဆီးပေးပါတယ်။ အနောက်တိုင်းမှာ အမျိုးသမီးတွေ အဖြစ်များ နေတဲ့ ရင်သားကင်ဆာရောဂါကိုလည်း တားဆီးပေးပါတယ်။ ထောပတ်သီးထဲမှာ ပါတဲ့ အော်လီအစ် (Oleic) အက်ဆစ် ပါဝင်မှုကြောင့် ရင်သားကင်ဆာကို ကာကွယ်ပေးနိုင်ကြောင်း သုတေသီ စာတမ်း အတော်များများမှာ တွေ့ရှိထားပါတယ်။

ထောပတ်သီးနဲ့ အလှပြင်နည်းများ
ထောပတ်သီးထဲမှာ ဗီတာမင်စီ၊ ဗီတာမင်အီးတို့ အထူးကြွယ်ဝတာကြောင့် ပျိုတို့ရဲ့ အလှအပတိုးတက်ရေးအတွက် အထူးပဲ သင့်တော်တဲ့ သစ်သီးတစ်မျိုး ဖြစ်ပါတယ်။ သာမန်စားသုံးပေးရုံနဲ့တင် လူကို အကျိုးပြုစေတဲ့ သစ်သီး ဖြစ်ပါတယ်။

မျက်လုံးမို့အစ်ဖောင်းနေခြင်း
ဖိအိပ်ထားလို့ပဲ ဖြစ်ဖြစ်၊ ငိုထားလို့ပဲ ဖြစ်ဖြစ် မျက်ဝန်းပေါ်က မျက်ခွံအိမ်လေးဟာ မို့မို့ဖောင်း နေတတ်ပါတယ်။ ဒီမို့မို့ဟာ ပျိုတို့အတွက် လိုလားအပ်တဲ့အရာတော့ ဟုတ်မယ် မထင်ပါဘူး။ ဒီလိုမျိုး မျက်ခွံမို့မို့ဖောင်းနေရင် ထောပတ်သီးကို အခွံခွာပြီး အတွင်းသားလေးကို အ လွှာချပ်လေးပုံစံလှီးပြီး မျက်ခွံပေါ်သိပ်ပါ ကျန်အတွင်းသားတွေနဲ့ မျက်နှာအသားအရေကို လိမ်းကျံပါ။ မျက်လုံးအောက်ဘက်ခြမ်းနေရာကို လိမ်းကျံပေးရမှာ ဖြစ်ပါတယ်။ မိနစ်၂၀ ခန့်ထားပြီးတော့မှ ရေနွေးနွေးနဲ့ ဆေးကြောပေးပါ။ မို့မို့ဖောင်း မျက်ခွံလေးတွေ ပျောက်ကင်း သွားပါလိမ့်မယ်။
ကေသာဆံမြ နူးညံ့လှစေ
ပျိုတို့ကေသာအတွက် ဗီတာမင်အီးပါတဲ့ ရှမ်ပူတွေကို သုံးမယ့် အစား အောက်က ဖော်ပြထားတဲ့ နည်းလမ်းလေးနဲ့ ပြုလုပ်မယ်ဆိုရင် ပျိုတို့ရဲ့ ကေသာဟာ သိသိသာသာ နူးညံ့ပြီး ချောမွေ့လာပါမယ်။ ကမ္ဘာကျော်မော်ဒယ်တစ်ယောက်ဖြစ်တဲ့ ဆဲလစ်တာဘန့်ခါဟာ ဆိုရင် ထောပတ်သီးနဲ့ အမြဲခေါင်းလျှော်ပြီး ကေသာ တောက်ပြောင်အောင် လုပ်တယ်လို့ သိရပါတယ်။
ဆဲလစ်တာရဲ့ ကေသာတောက်ပြောင် လျှို့ဝှက်ချက်နည်းကတော့ ထောပတ်သီး တစ်လုံးဝက်ခန့်ကို အနှစ်သားတွေပဲ ယူပြီးဆံပင်ကို လိမ်းကျံတာပဲ ဖြစ်ပါတယ်။ မိနစ်အနည်းငယ်ခန့်ထားပြီးမှ ရေနဲ့ ပြန်ဆေးတာ ဖြစ်ပါတယ်။ နောက်တစ်နည်းကတော့ ပန်းကန်ခွက် (သေးသေး)တစ်လုံးထဲကို ထောပတ်သီးတစ်လုံး (ဆံပင်တိုရင်တော့ တစ်ဝက်ခန့်သာသုံးရန်)၊ ကြက်ဥအကာရည်(ကြက်ဥတစ်လုံးစာ)၊ သံလွင်ဆီ ဇွန်းတစ်ဝက်ခန့် (လက်ဖက်ရည်ဇွန်း) တို့ကို ရောစပ်ပြီး ဆံပင်ကို လိမ်းပေးပါ။ လိမ်းပြီး နာရီဝက်ခန့်(သို့) အထက်ထားပြီး ခေါင်းလျှော်ပေးပါ။

လက်အသားအရေ နူးညံ့ချောမွေ့စေခြင်း
ရွှေဇွန်းကိုက်ပြီး မမွေးလာရလို့ပဲ ဖြစ်ဖြစ်၊ ဘတ်စ်ကားလက်ရန်းကိုင်ပြီး ကားတိုးစီး နေရလို့ပဲ ဖြစ်ဖြစ် မေတို့ရဲ့ လက်ချောင်းလေးတွေ ဟာ ထူထဲမာကြမ်းနေတယ်ဆိုရင် ထောပတ်သီးက နူးညံ့သွားအောင် တာဝန်ယူကူညီဖြေရှင်းပေးပါရစေ။
ထောပတ်သီး (အခွံနွာပြီးလေးပုံတစ်ပုံခန့်ထည့်ရန်)၊ ကြက်ဥအကာရည် (ကြက်ဥ တစ်လုံးစာ)၊ ကောက်ညှင်းဆန် ၂ ဇွန်းခန့် (စားပွဲတင်ဇွန်း)၊ သံပုရာရည်တစ်ဇွန်းခန့် (လက်ဖက်ရည်ဇွန်း) တို့ကို ပေါင်းစပ်ရောနှောပြီး လက်ဖမိုးနဲ့ လက်ခုံတို့ကိ လိမ်းပေးပါ။ လိမ်းပြီး မိနစ် ၂၀ ခန့်စောင့်ပေးရမှာ ဖြစ်ပါတယ်။ ပြီးမှရေနွေးနွေးနဲ့ ဆေးကြောပြီး လက်ကိုဖွဖွလေး ပြန်နှိပ်ပေးပါ။ လက်ဖမိုးအသားအရေဟာ နူးံညံ့ပျော့ပြောင်းလာမှာ ဖြစ်ပါတယ်။

ထောပတ်သီးနဲ့ နေလောင်ဒဏ်အသားအရေကို ကုစားနိုင်ပါသေးတယ်။ လတ်လတ် ဆတ်ဆတ် ထောပတ်သီးတစ်လုံး ရဲ့အတွင်း သား  နဲ့ နေလောင်ခံထားရတဲ့ အရေပြားတွေကို ညင်သာစွာ ပွတ်ပေးပါ။ နေလောင်အသားအရေများ ကင်းပသွားပြီး နေ့စဉ်ထော ပတ်သီးကို စားသုံးပေးမယ်ဆိုရင် အလွယ်တကူ ဖျားနာခြင်းများ၊ အားအင် ကုန်ခမ်းမောပန်းခြင်းများကိုလည်း တားဆီးကာကွယ်ပေးသွားပါတယ်။

လျှို့ဝှက်ချက် – ထောပတ်သီးအတွင်းသားနဲ့ တစ်ကိုယ်လုံးကို လိမ်းကျံပေးရင်လည်း ကိုယ်အရေပြားနူးညံ့စေပါတယ်။

သတိထားရမည့်အချက်များ – ထောပတ်သီးကို ရေခဲသေတ္တာထဲမှာ လှီးပြီး၊ ခြမ်းပြီး၊ စိတ်ပြီး ၂ ရက်ခန့်အထိ သိမ်းထားနိုင်ပါတယ်။
ထောပတ်သီးကို ခွဲခြမ်းပြီးနောက် မြန်မြန်သုံးလေပိုပြီး အာနိသင်ရှိလေပဲ ဖြစ်ပါတယ်။ အကြာကြီး သိမ်းထားရန် မသင့်ပါ။
ရေးသားပေးသော ကြယ်စင်လေးကို ကျေးဇူးတင်ပါတယ်...

အိုမင်းခြင်း ဖြစ်စဉ်ကို နှေးကွေးစေမည့် အချက် ၁၀ ရပ်

တစ်နေ့ပြီး တစ်နေ့ ကူးပြောင်းလာချိန်မှာ အိုမင်းလာနေတယ် ဆိုပေမယ့် ရိုးစင်းတဲ့ ဘဝနေထိုင်မှု ပုံစံကို ပြောင်းလဲ ပေးလိုက်ရုံနဲ့ ရှိရင်းစွဲ အသက်ထက် ၁၀ နှစ်လောက် ပိုငယ်တယ် ထင်ရအောင်၊ ဘဝမှာ နေထိုင်ရတာ ပိုမို သက်သောင့်သက်သာ ရှိအောင်နဲ့ စွမ်းအင်တွေ ပြန်ရအောင် လုပ်ဆောင်နိုင်ပါတယ်။

၁။ တက်တက်ကြွကြွ နေထိုင်ခြင်း
သင်ရဲ့ နေ့စဉ် ဘဝထဲမှာ အားကစားတစ်မျိုးကို လုပ်ဆောင်တာ ဒါမှမဟုတ် ကိုယ်လက်လှုပ်ရှားမှု လုပ်တာ ပါဝင်ပါစေ။ လှုပ်ရှားမှုကြောင့် ခန္ဓာကိုယ်ဟန်ချက် ထိန်းနိုင်တာ၊ ဦးနှောက် နျူထရွန်တွေကြား ဆက်သွယ်ရေးကို လှုံ့ဆော်နိုင်တာ၊ ကိုယ်အလေးချိန် ထိန်းနိုင်တာ စတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေပါတယ်။

၂။ ပုံမှန် ချစ်တင်းနှီးနှောခြင်း
အိမ်ထောင်ရှိသူတွေ အတွက် ပုံမှန် Sex ကိစ္စ ရှိတာဟာ အိုမင်းတဲ့ ဖြစ်စဉ်ကို နှေးစေတဲ့ လျှို့ဝှက်ချက် တစ်ရပ်လို့ ကျွမ်းကျင်သူတွေက ထင်မြင် ယူဆထားကြပါတယ်။ Sex ကိစ္စကြောင့် ဘဝလက်တွဲဖော်နဲ့ ပိုရင်းနှီးလာတာ၊ ကြွက်သားတွေ ပိုသန်စွမ်းလာတာနဲ့ ကိုယ်အလေးချိန် ထိန်းနိုင်တာ စတဲ့ အကျိုးကျေးဇူးတွေ ရှိလို့ပါ။ အမျိုးသမီးတွေမှာ Sex ကိစ္စကြောင့် အောက်ဆီတိုစင်ဟော်မုန်း ထွက်ရှိကာ စိတ်ခံစားမှုကို ကောင်းစေပြီး အမျိုးသားတွေမှာတော့ တက်စတိုစတီ ရုန်းထွက်အောင် လှုံ့ဆော်မှု ရှိတာကြောင့် အိုမင်းတာနဲ့ ဆက်စပ်နေတဲ့ အရာတွေကို နှေးကွေးစေပါတယ်။

၃။ မှတ်ဉာဏ်အတွက် လေ့ကျင့်ခန်း လုပ်ခြင်း
တစ်နေ့ကို မိနစ် ၃ဝ လောက် လမ်းလျှောက်တာ၊ ရွရွပြေးတာ၊ ပြေးတာ၊ စက်ဘီးစီးတာ စတဲ့ အေရိုးဗစ် လေ့ကျင့်ခန်းတွေ လုပ်ပေးပါ။ လတ်တလော လေ့လာမှုအရ အေရိုးဗစ် လေ့ကျင့်ခန်းနဲ့ မှတ်ဉာဏ်အကြား ခိုင်မာတဲ့ ဆက်နွှယ်မှုကို တွေ့ရှိခဲ့ရာ အာရုံကြော ပညာရှင်တွေက များစွာ အံ့အားသင့်ခဲ့ရပါတယ်။ ဒါဟာ ဦးနှောက်ဆဲလ်တွေဆီ အောက်ဆီဂျင် ရောက်ရှိကာ သွေးလှည့်ပတ်မှု ကောင်းတာကြောင့်ပါ။ လေ့ကျင့်ခန်းလုပ်တာဟာ မှတ်ဉာဏ်ကို ထိန်းချုပ်တဲ့ ဦးနှောက် အစိတ်အပိုင်းရှိ ဦးနှောက်ဆဲလ်တွေကို အသစ် ဖြစ်ပေါ်စေတာကြောင့်လို့ လေ့လာမှု အသစ်တစ်ရပ်က ဖော်ပြထားပါတယ်။

၎။ ဆေးလိပ်မသောက်ဘဲ နေခြင်း
ဆေးလိပ်၊ ဆေးရွက်ကြီး စတာတွေမှာ ပါတဲ့ ဓာတုပစ္စည်းတွေဟာ ဦးနှောက်ဆဲလ်တွေကို လေးလံ ထိုင်းမှိုင်းသွားစေပါတယ်။ ဆေးလိပ်သောက်တာဟာ ဦးနှောက်ရဲ့ သတင်း အချက်အလက်တွေကို မှတ်သားနိုင်စွမ်းနဲ့ သိုလှောင်နိုင်စွမ်းကို ဟန့်တားပစ်တတ်တာကြောင့် မှတ်ဉာဏ် မကောင်းတာနဲ့ စူးစိုက်အား နည်းတာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် ဆေးလိပ်သောက်တာကြောင့် အရေပြားရဲ့ အပြင်လွှာကို အာဟာရ ထောက်ပံ့နေတဲ့ သွေးကြောတွေ ကျဉ်းသွားကာ အရေပြား ခြောက်သွေ့နွမ်းနယ်လာပြီး အရေးကြောင်းတွေ ဖြစ်ပေါ်လာစေပါတယ်။ ယေဘုယျအားဖြင့် ဆေးလိပ်သောက်သူရဲ့ အရေပြားဟာ ဆေးလိပ်မသောက်သူနဲ့ ယှဉ်ရင် ၁၀ နှစ်လောက် ပို ရင့်ရော်နေတတ်ပါတယ်။

၅။ အိပ်ချိန် အပြည့်အဝ ပေးခြင်း
တစ်ညမှာ အချိန်ရှစ်နာရီအောက် လျော့နည်းပြီး အိပ်တာဟာ ပင်ပန်း နွမ်းနယ်စေပြီး ကိုယ်အလေးချိန် မြင့်တက်ကာ ဆီးချိုသွေးချိုရောဂါ၊ နှလုံးရောဂါ စတာနဲ့ လေဖြတ်ရောဂါတွေရဲ့ ဖြစ်နှုန်းကို တိုးစေပါတယ်။ အိပ်ရေးပျက်တာကြောင့် Ghrelin ဟော်မုန်းပမာဏ မြင့်တက်ကာ အစာစားချင်တဲ့ဆန္ဒ မြင့်တက်လာပါတယ်။ ဒါ့အပြင် အိပ်ရေးပျက်ပါက ဗိုက်ပြည့်စေတဲ့ Leptin ဟော်မုန်းကို ဖိနှိပ်ထားတာကြောင့် ကိုယ်အလေးချိန်ကို မြင့်တက်စေတာ ဖြစ်ပါတယ်။

၆။  အသားအရေ ထိန်းသိမ်းခြင်း
အသက်ကြီးလာတဲ့ အခါမှာ အရေပြားက သူ့အလိုလို ပြန်ပြီး ငယ်နုအောင် မလုပ်နိုင်တော့ပါဘူး။ အရေးကြောင်းတွေနဲ့ သက်ကြီး အစက်အပြောက်တွေလည်း ထင်ရှား လာတတ်ပါတယ်။ ဒါကြောင့် အရေပြားဆဲလ်တွေ အသစ်ဖြစ်အောင် လှုံ့ဆော်နိုင်ဖို့ ရက်တီနော (Retinol) ခရင်မ်ကို လိမ်းပေးသင့်ပါတယ်။ အပြင်ထွက်တဲ့ အခါမှာ နေရောင်ကာနိုင်စွမ်း SPE  ၃၀ ဆနဲ့အထက် ပါတဲ့ အစိုဓာတ်ထိန်း ခရင်မ်ကို လိမ်းပေးပါ။

၇။ ငါးကြီးဆီ မှီဝဲခြင်း
အိုမီဂါသရီး ဖက်တီးအက်စစ် ပါတဲ့ ငါးကြီးဆီကို မှီဝဲတာက အသက်ကြီးတဲ့အခါ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် ကျဆင်းမှုကို ဟန့်တားပေးနိုင်ပါတယ်။ အိုမီဂါသရီး ဖက်တီးအက်စစ်ဟာ ဆဲလ်အဆင့်မှာ အိုမင်းမှု မဖြစ်အောင် ကာကွယ်နိုင်လို့ပါပဲ။

၈။ သိုင်းရွိုက်ကို စစ်ဆေးခြင်း
သိုင်းရွိုက်ဟာ ခန္ဓာကိုယ်ရဲ့ ဇီဝရုပ် စနစ်တစ်ခုလုံးကို ထိန်းညှိပေးတာကြောင့် သိုင်းရွိုက်မကောင်းတာနဲ့ ကိုယ်အလေးချိန် တက်တာ၊ စွမ်းအင်နည်းတာ၊ လိင်စိတ် ကုန်ခန်းတာနဲ့ စိတ်ဓာတ်ကျတာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ သင့်ခန္ဓာကိုယ်နဲ့ ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာ ကျဆင်းနေတယ်လို့ ထင်ရင် သိုင်းရွိုက် စစ်ဆေးမှုအတွက် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

၉။ အရက် မသောက်ခြင်း
အရက် အလွန်အမင်း သောက်သူတွေကို ကြည့်လိုက်ရင် သူတို့ဟာ ရှိရင်းစွဲ အသက်ထက် ပိုရင့်ရော်နေတာကို တွေ့ရမှာပါ။ အရက်ဟာ ဆဲလ်တွေကို ထိခိုက်စေပြီး အရက်သောက်တာ ကြာလာတဲ့အခါ ကိုယ်အလေးချိန် မြင့်တက်တာ၊ မှတ်ဉာဏ် ဆုံးရှုံးတာ၊ ဆီးချိုသွေးချို ရောဂါဖြစ်နှုန်း မြင့်တက်တာ၊ အရေပြားပေါ်က ဆံခြည်မျှင် သွေးကြောတွေ ပေါက်ပြီး မျက်နှာနီမြန်းတာ စတာတွေကို ဖြစ်စေနိုင်ကာ ကြည့်ရတာ ဖောသွပ်သွပ် ဖြစ်နေတတ်ပါတယ်။ တကယ်လို့ အရက်ကို မသောက်ရ မနေနိုင်ရင် အမျိုးသားတွေမှာ အရက်နှစ်ပက်အောက်၊ အမျိုးသမီးတွေမှာ အရက်တစ်ပက် အောက်ကိုသာ သောက်သင့်ပါတယ်။

၁ဝ။ အိပ်စက်မှု စွမ်းရည် ကောင်းမွန်ခြင်း
စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ စွမ်းဆောင်မှု လျော့နည်းနေတယ်လို့ ထင်ရင် ဒါဟာ အိပ်ရေးမဝတာကြောင့် ဖြစ်နိုင်ပါတယ်။ အိပ်ချိန် အပြည့်အဝ ပေးပေမယ့် အိပ်နေစဉ် ဟောက်တာ၊ ခြေထောက်တွေ လှုပ်နေတာ၊ သွားကြိတ်တာ၊ တခြား အသက်ရှူလမ်းကြောင်းနဲ့ မျိုချမှုဆိုင်ရာ ပြဿနာတွေ ဖြစ်တာကြောင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျတဲ့ အဆင့်ကို ဟန့်တားနိုင်ပါတယ်။ ဒါကြောင့် အိပ်ရေးမဝရတဲ့ အခြေခံ အကြောင်းရင်းကို ရှာပြီး ကုသမှု ခံယူကာ အိပ်ရေးဝအောင် ကြိုးစားသင့်ပါတယ်။

ရေးသားပေးသော ကြည်စင်လေးကို ကျေးဇူးတင်ပါတယ်နော်...

ဓာတ်ပုံထဲမှာ လှလှလေးဖြစ်စေချင်

ဓာတ်ပုံတိုင်းမှာ လှစေဖို့ မှတ်သားစရာနည်းအတိုအထွာလေးတွေပါ။

၁)ပြင်ဆင်စရာ

• ရိုက်တော့မယ်ဆိုမှ မျက်လုံးတွေမို့၊ မျက်ကွင်းတွေညို ဆို သိပ်အဆင်မပြေပါဘူး။ မျက်လုံးတွေမို့နေရင် ပါးပါးလှီးထားတဲ့သခွါးသီး ကိုမိနစ်အနည်းငယ်ကပ်ပေးပါ။ သခွါးသီးမှာပါတဲ့ပိုတက်စီယမ်ဓာတ်က တော့ မျက်ကွင်းမည်းတွေကိုစုပ်ယူပေးပါလိမ့်မယ်။

• သင်ရိုက်မယ့်ကင်မရာက Flash ပါနေပါသလား? ဒါဆိုရင်တော့နှုတ်ခမ်းနီ၊ ပါးနီ ကို နည်းနည်း ပိုပြီးမြင်သာအောင်ပြင်ရမှာပါ။ အကယ်၍ ပါးရိုးကိုမြင့်မြင့်နဲ့ ထင်ထင်လေးဖြစ် ချင်ရင် ပါးရိုးအောက်နေရာကို ပိုပြီးထင်းထင်းလေးဖြစ်အောင် ခြယ်ပေးရပါမယ်။

၂) အဝတ်အစား

•  အဝတ်အစားတွေကို သိပ်ဦးစားပေးမတွေးပါနဲ့။ အရမ်းတောက်လွန်း ထင်ရှားလွန်းတဲ့ အဝတ်တွေဟာ၊ ကြည့်တဲ့သူကို သင့်ထက် သင့်အဝတ်အစားတွေဆီ အာရုံရောက်သွား စေနိုင်ပါတယ်။
• အရောင်တူ၊ ဒါမှမဟုတ် အရောင် ခပ်ဆင်ဆင်လေးတွေကို အထက်အောက်ဝတ်ရင် သင့်ကို ကြည့်ရတာပို သွယ်စေပါတယ်။
• ကန့်လန့်စင်း နဲ့ အတွန့်၊ ရှုံ့ကြိုး ပါတဲ့ အဝတ်တွေက သင့်ကို ပြည့်စေ ပြီး၊ ဒေါင်လိုက်စင်းနဲ့ အောက်ရှူး ဘောင်းဘီတွေက သင့်ကိုပိန်တယ် ထင်စေရပါတယ်။
• ခါးအပေါ် တက် ဝတ်ရတဲ့ဘောင်ဘီတွေက သင့်ရဲ့ပေါင်တံတွေကိုပိုပြီး ရှည်လျားသွယ်လျစေပါတယ်။
• အခုပေါ်ပင်ဖြစ်ဖြစ်ပြီး ခေတ်ဆန်နေတဲ့ အဝတ်တွေကို၊ တစ်ချိန်ပြန်ကြည့်ရင် ဒိတ်အောက် နေကြောင်းတွေ့ရမှာအမှန်ပါပဲ။ဒါကြောင့်၊ ရိုးရှင်းပြီးဘယ်အချိန်ကြည့်ကြည့် ရိုးမသွားတဲ့အဝတ်ကိုဝတ်ပါ။

၃) ဘယ်လိုနေမယ်

• ပိန်တဲ့အမြင်ဖြစ်စေချင်ရင်တော့ သင့်လက်မောင်းကို ကိုယ့်နဲ့ကပ်မထားပါနဲ့။
• သင့်  ကိုယ် ကို တစ်တောင့်တည်း မဖြစ်စေဖို့ ခြေတစ်ဖက် ကိုနောက်ဆုတ်၊ ပခုံး နဲ့ခေါင်း angle မတူအောင်ထား၊ ပြီးရင်သင့် ကိုယ် ဝိတ် ကို အနောက်ခြေထောက်ပေါ်မှာထားလိုက်ပါ။
• မေးစေ့နှစ်ထပ် ဖြစ်နေရင် မေးကိုအနည်း ငယ် မော့ထာပေးပါ။
• သင့်တင်ပါးကို သေးစေချင်ရင် ကင်မရာဘက်ကို ပခုံးတည့်တည့်ထား၊ တင်ပါးကို သုံး ပုံလေးပုံ လှည့်ပြီး ရိုက်ပါ။

၎) ကင်မရာအနေအထား

• ပိန်စေချင်ရင် ရိုက်တဲ့သူကို မိမိရဲ့ ခေါင်းအပေါ်ကနေ ဆီးပြီး ရိုက်ခိုင်းပါ။ အဲဒါကသင့်ရဲ့ ကိုယ်လုံးကိုမဟုတ်ပဲ မျက်နှာ၊မျက်လုံးတွေကို အသားပေးပါလိမ့်မယ်။
• သင့်ရဲ့ နှာခေါင်းပုံစံကလည်း ကင်မရာ Angle ပေါ်လိုက်ပြီးပြောင်းနေတာပါပဲ။ သင့်နှာတံတိုနေရင် အထက်စီးကနေရိုက်ရ ပြီး သင့်နှာတံရှည်နေလို့တိုချင်ရင် Angle နည်းနည်း နှိမ့်ပြီးရိုက်ရပါတယ်။

၅) မီး/အလင်းရောင်

• သင် အပြင်မှာရိုက်တယ်ဆိုရင် နေတိုက်ရိုက်ထိုးတဲ့ဘက်မှာမနေတာ ကောင်းပါတယ်။အထူးသဖြင့် နေ့လည်တွေပေါ့။
• တိမ်ရှိနေတာ စူးရှရှ နေရောင်ထက် ဓာတ်ပုံကို အလင်းအမှောင်ညီညီညာညာ ရှိစေပါတယ်။ မနက်ပိုင်း ဒါမှမဟုတ် နေဝင်ခါနီး အချိန်ရိုက်တာက အလင်းအမှောင်ကောင်း ကောင်း နဲ့ အကောင်းဆုံး ဓာတ်ပုံကို ပေးပါလိမ့်မယ်။

၆)ပြုံးနည်း

• တမင်တကာ ဟန်ဆောင်အပြုံးကြီး မဖြစ်စေဖို့သင်ကို ရယ်စေတဲ့ အဖြစ်တစ်ခုခု ကောက် စဉ်းစားလိုက်ပါ။
•  အဲဒါနဲ့ အလုပ်မဖြစ်ရင် အသက်ကို ရှူသွင်း၊ ရှူထုတ်တဲ့အချိန်မှ ပြုံးပါ ။Professionalတွေက အဲဒီ နည်း နဲ့ပြုံးကြပါသတဲ့။အဲဒီလိုလုပ်တာက သင့်မျက်နှာမှာရှိတဲ့ တင်းနေတဲ့ကြွက်သားတွေကိုလျှော့ပေးပြီး သင့်အပြုံးကိုပိုပြီး သဘာဝကျစေမှာပါ။

အခုတော့ ဓာတ်ပုံထဲမှာ ဘယ်လိုနေရင် လှလှလေး ဖြစ်မယ် ဆိုတဲ့ လျှို့ဝှက်ချက်ကိုသိပြီပေါ့။ မလှတဲ့ပုံတွေထွက်မှာ မစိုးရိမ်ရတော့ပါဘူးနော်?

ရေးသားပေးသော မမြတ်ကြည်ကို ကျေးဇူးတင်ပါတယ်...

tom cruise သရုပ်ဆောင်ထားတဲ့ အက်ရှင်ကားဇတ်လမ်းလေးတွေပါ mission impossible...

mission impossible (1996)

click here to watch movie

mission impossible (2000) 2

click here to watch movie

mission impossible (2006) 3

click here to watch movie

mission impossible (2011) 4

click here to watch movie

မြွေကြီးရဲ့လက်ထဲကနေ အသက်ဘေးမှလွတ်အောင်ပြေးရတဲ့ ဇတ်လမ်းလေးပါ...anaconda..

anaconda (1997)

click here to watch movie

anaconda (2004)  2

click here to watch movie

anaconda (2008) 3

click here to watch movie

anaconda (2009) 4

click here to watch movie

ဂျပန်ကားလေးပါ သူ့စာအုပ်ထဲမှာ နာမည်ရေးလိုက်တာနဲ့ နာမည်ရှင်ဟာ အလိုလိုသေသွားတဲ့ ဇတ်လမ်းလေးပါ...death note..

death note (2006) 1

click here to watch movie

death note (2006) 2

click here to watch movie

death note (2008) 3

click here to watch movie