Thursday, November 8, 2012
အမြဲလှနေစေဖို့ လျှို့ ဝှက်ချက်များ
ပြီးပြည့်စုံတဲ့ အလှအပဆိုတာ ကျန်းမာကြံ့ခိုင်မှု၊ စတိုင်ကြမှု၊ ခန့် ညားမှု နဲ့  ယုံကြည်မှုတွေရဲ့  ပေါင်းစီးထားတာပါ။ မြန်မာမလေးများအားလုံး အမြဲ လှပနေအောင် Wiki How မှ Ben Rubensteinေ၇းသားတဲ့ How to Look Like a Model ဆောင်းပါးလေးကို ဆီလျော်အောင် ဘာသာပြန်လိုက်ပါတယ်ရှင်။ အားလုံးပဲ ရွှင်လန်းချမ်းမြေ့လို့  လှသထက် လှကြပါစေ။
၁။ ကျန်းမာခြင်းက ပိန်ခြင်း၊ ဝခြင်းထက် ပိုအရေးကြီးပါတယ်။ ရှိသင့်တဲ့ ဝိတ်ကို လေ့လာပြီး အဲဒီဝိတ်အတွင်းရှိအောင်နေပ်။ လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်း၊ အစာကို သင့်တော်မျှတအောင်စားခြင်း၊ေ၇များများသောက်ခြင်းဖြင့် ကျန်းမာတဲ့ ကိုယ်ခန္ဓာ ရအောင်ကြိုးစားယူပါလို့ စာရေးသူ Ben Rubenstein က အကြံပေးထားပါတယ်။ ကိုယ်ခန္ဓာ က ဘာတွေစားနေသလဲဆိုတာဖော်ပြပေးပါတယ်။ သင်ဟာ အစားအသောက် အနေထိုင် ဆင်ခြင်နိုင်သူ၊ လေ့ကျင့်ခန်းပုံမှန်လုပ်သူ၊ ကျန်းမာပျော်ရွှင်သူဖြစ်ကြောင်းကို လည်း သင့် ခန္ဓာကပြောပေးနိုင်ပါတယ်။ စိတ်ကျေနပ်စရာ အဆီကင်းတဲ့ ခန္ဓာကိုယ်ကို ရပြီဆိုရင် ယုံကြည်မှုတွေတိုးပြီး လှနေတော့တာပါပဲ။ Model တွေလို အရမ်းကြီးပိန်ဖို့ ၊ နည်းနည်း ထပ်ဝဖို့  ဆိုတာတွေက အရေးမကြီးလှပါဘူး။ ကျန်းမာတဲ့ ခန္ဓာကိုယ်ဟာ လှပတဲ့ ခန္ဓာကိုယ်ပါပဲ။
၂။ ဆံစ က စလို့ ၊ ခြေဖျားထိ အလှပကို အမြဲ ဂရုစိုက်နေဖို့ လိုပါတယ်။ လှပတဲ့ မျက်နှာလေးနဲ့  အလှပဆိုတာ မလုံလောက်သွားပါဘူ။ တနည်းအားဖြင့် ပြည့်စုံလှပတဲ့ မျက်နှာမျိုး သင့်မှာ ရှိမနေခဲ့ရင်လည်း စိတ်ညစ်နေဖို့ မလိုပါဘူး။ လှပမှုဆိုတာ စိတ် နဲ့ ခန္ဓာ နှစ်ခုလုံးကို ထိန်းသိမ်းထားနိုင်မှုပါ။
အလှပနဲ့ ပတ်သက်ပြီး အများစု မေ့နေကြပြီး အရေးကြီးလှတဲ့ အစိတ်ပိုင်းနှစ်ခုက ဆံပင် နဲ့ ဖိနပ်ပါ။ မိပ်ကပ်နဲ့ အဝတ်စား ဘယ်လောက်လှနေပါစေ၊ ပုံမကျတဲ့ ဆံပင်နဲ့  ဖိနပ်ကို စီးထားမယ်ဆိုရင် သင့်လှပမှုကို ဘယ်သူမှ အသိမှတ်ပြုမှာမဟုတ်ပါဘူးတဲ့။ အမြဲ လှပပြီး ခေတ်မှီတဲ့ ဆံပင်မျိုးရှိနေ ဖို့ အလှအပ နဲ့ ဆံပင်ဆိုင်ရာ Magazine တွေ၊ ဆံပင်ညှပ်သူတွေ ဆီကနေ ကိုယ်နဲ့ လိုက်ဖက်တဲ့ ပုံစံမျိုးကို သုံးလ တစ်ကြိမ်လောက် ညှပ်ပေးပါ။ နေ့ စဉ် ဆံပင်ကို သန့် ရှင်းပြီး ပုံစံ ကြနေပါစေ။ ဆံသားေ၇ာင် အ၇မ်းမွဲ နေရင်တော့ ဆေးဆိုးပါ။ ဆေးဆိုးပြီး ပေါင်းတင်၊ ပုံမှန်ဂရုစိုက်မှုတွေလုပ်ပေးရင် ဆံသားလည်းမပျက်စီးပဲ အမြဲ လှပတောက်ပြောင်နေပါလိမ့်မယ်။
လှပပြီး တောက်ပြောင်နေတဲ့ ဖိနပ်တရံ က သင့် ရဲ့ လှပမှုကို ပြည့်စုံသွားပါစေလိမ့်မယ်။
လိုက်ဖက်တဲ့ ဖိနပ်များရွေးရခက်နေခဲ့ ရင် စွယ်စုံမီဒီယာ က ဒီဖိနပ် ပို့ လေးကို ဖတ်ရှုနိုင်ပါတယ်။
၎။ Be Yourself. သင့်ဘဝကို သင့်စိတ်ကြိုက် နေပါ။ ဖုံးကွယ်မှု၊ ဟန်ဆောင်မှုများမှ ဝေးပါစေ။ စိတ်ပျော်အောင်နေပြီး  စိတ်ပါ လက်ပါပြုံးပါ။ ပျော်ရွှင်နေတဲ့ အပြုံးတခုက အခြားသူများအား အပျော်ရွှင်မှုပေးနိုင်သလို သင့်ကိုလည်း သူငယ်ချင်းသစ်တွေ၊လှပမှုတွေ ပေးပါလိမ့်မယ်။ အပြုံး ရဲ့ နောက်မှာ သင့်ဘဝကိုတော့ ဖုံးကွယ်မထားပါနဲ့ ။ သင်ဝမ်းနည်းတဲ့ အခါ၊ စိတ်အားငယ်နေတဲ့ အခါမှာလည်း သင့်ခံစားချက်ကို တခြားသူများနဲ့ မျဝေလိုက်ပါ။ ဟန်ဆောင်မှုကင်းတဲ့ လှပခြင်းကို သင်ထပ်ရပါလိမ့်မယ်။
၅။ မိပ်ကပ်ကို ကျွမ်းကျင်စွာလိမ်းတတ်အောင် လေ့ကျင့်ယူပါ။ မိက်ကပ် က အားနည်းချက်တွေကို ပျောက်စေပြီး ဖက်ရှင်ကျ လှပစေဖို့ သော့ချက်သလို Model တယောက်အတွက်လည်း မရှိမဖြစ်ပါ။ fashion magazines များ၊ website များက လေ့လာပြီး စမ်းလူးကြည့်ပါ။ အလှဆုံး မိပ်ကပ်ကို လိမ်းချယ်တတ်ဖို့ လျှို့ ဝှက်ချက်ကတော့ လေ့ကျင့်နေဖို့ ပါပဲ။ လေ့ကျင့်မှုများလေ သင်နဲ့ လိုက်ဖက်တဲ့ပုံစံမျိုးကို ဖန်တီး နိုင်လေပါပဲ။
6. တကိုယ်လုံးရဲ့ လှပမှုကို အမြဲ ဂရုစိုက်နေပါ။ သွားလေးတွေ ဖြူနေအောင်၊ တံတောင်ဆစ်၊ ဒူးခေါင်းတွေ ညိုမနေအောင်၊ ခြေ လက်ချောင်းလေးတွေ အမြဲသန့် ရှင်းနေအောင် နေပါ။ အသားရည်ထိန်းသိမ်းမှု အမြဲလုပ်ပါ။ အလှပဆိုင်ရာ Magazine များကို များများဖတ်ပါ။ နှစ်သက်ရာ မိမိဖြင့် ကိုယ်ခန္ဓာဆင်သော Model တဦး ရှာပြီး ဝတ်စားနေထိုင်ပုံ များသင်ယူပါ။ ခြေကို ဖြောင့်ဖြောင့်ထားပြီးလမ်းလျောက်ပါ။
လူတိုင်းမှာ အလှကိုယ်စီ ရှိကြတာမို့  ဂရုတစိုက်နဲ့ ကိုယ်ပိုင်အလှတ၇ားများကို ရှာဖွေ၊ ထိန်းသိမ်းနိုင်ကြပါစေရှင်။
ရေးသားပေးသော deedeelwyn ကိုကျေးဇူးတင်ပါတယ်နော်...
No comments: