မြန်မာ အသင်းသည် ယခုလ
၁၁ ရက်နေ့တွင် အိမ်ကွင်း ဖြစ်သော သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင် ကစားမည့်
စင်္ကာပူ လက်ရွေးစင် အသင်းနှင့် ခြေစမ်းပွဲစဉ်အတွက် ကစားသမား ၂၆ ဦးပါ
အသင်းလူစာရင်းကို ထုတ်ပြန်ပြီး ပြင်ဆင်လေ့ကျင့်နေပြီ
>ဖြစ်သည်။
အဆိုပါ ခြေစမ်းပွဲစဉ်အပြီးတွင် လက်ရှိ လူစာရင်းမှ ကစားသမား တစ်ဦးကို ချန်လှပ်ကာ လက်ကျန်ကစားသမား ၂၅ ဦးဖြင့် မြန်မာအသင်းသည် ဂျပန်နိုင်ငံသို့ ခြေစမ်းခရီးစဉ်အဖြစ် ဆက်လက်ထွက်ခွာမည်ဖြစ်သည်။ မြန်မာ အသင်း၏ အုပ်ချုပ်မှုအဖွဲ့တွင် အသင်းအုပ်ချုပ်သူ ဦးသန်းတိုးအောင် ၊ လက်ထောက်အသင်းအုပ်ချုပ်သူ ဦးစိုးမိုးကျော် ၊ အသင်းနည်းပြ ပတ်ဆောင်ဟွာ ၊ နည်းပြ ဦးတင်မြင့်အောင် ၊ လက်ထောက်နည်းပြ ဦးဇော်ဝင်းထွန်း ၊ ဂိုး နည်းပြ ဦးမျိုးချစ် ၊ ကြံ့ခိုင်ရေးနည်းပြ ဟဟေဂျွန် ၊ အသင်းဆရာဝန် ဒေါက်တာ အောင်ကျော်ဦး ၊ မီဒီယာအရာရှိအဖြစ် ဦးဇော်မင်းထိုက် နှင့် စကားပြန်အဖြစ် ဦးအောင်သူရ တို့ ပါဝင်မည်ဖြစ်သည်။ ပဏာမ မြန်မာ့လက်ရွေးစင်အသင်းကို ယခင်က ကစားသမား (၃၁) ဦးဖြင့် ရွေးချယ် ဖွဲ့စည်းထားခဲ့ပြီး ဂျပန်ခြေစမ်း လေ့ကျင့်ရေးခရီးစဉ်အတွက် ကစားသမား ၂၆ ဦးကိုသာ ရွေးချယ် ခေါ်ယူသွားမည် ဖြစ်သည်။
အဆိုပါ ကစားသမားများ ထဲတွင် ယခင် ပဏာမ အသင်းလူစာရင်း ထုတ်ပြန်စဉ်က မပါဝင်ခဲ့သော မနောမြေအသင်းမှ ညီညီမင်း ၊ ဧရာဝတီယူနိုက်တက် ကွင်းလယ်လူ မင်းမင်းသူ နှင့် ဒဏ်ရာကြောင့် ကာလရှည် အနားယူနေရသည့် မြန်မာ အသင်းနှင့် ဇေယျာရွှေမြေ အသင်းတို့မှ တိုက်စစ်မှူး ကျော်ကိုကို တို့ ပြန်လည် ပါဝင်လာခဲ့သည်။ မြန်မာ အသင်းနှင့် စင်္ကာပူ အသင်းတို့၏ ခြေစမ်းပွဲ ပွဲကြိုသတင်းစာရှင်းလင်းပွဲကို စက်တင်ဘာလ ၁၀ရက်နေ့တွင် ဟိုတယ်ရန်ကုန်၌ ကျင်းပ ပြုလုပ်သွားမည် ဖြစ်သည်။ အဆိုပါ ခြေစမ်းပွဲစဉ်သည် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် ဖီဖာ၏ အသိအမှတ်ပြု ခြေစမ်းပွဲ ဖြစ်သလို ယခုနှစ် AFF ဆူဇူကီး ဖလား ပြိုင်ပွဲသို့ ၀င်ရောက် ယှဉ်ပြိုင်မည့် မြန်မာ အသင်းအတွက်လည်း အကြို ပြင်ဆင်မှု တစ်ခုဖြစ်သည်။ စင်ကာပူလက်ရွေးစင် ဘောလုံး အသင်းသည် စက်တင်ဘာလ ၉ရက်နေ့တွင် မြန်မာအသင်းနှင့် ခြေစမ်းပွဲစဉ်အတွက် ရန်ကုန်မြို့သို့ ရောက်ရှိမည်ဖြစ်ပြီး ယင်းနေ့ နှင့် ယခုလ ၁၀ ရက်နေ့ ညနေ ၄နာရီ အချိန်များ၌ သုဝဏ္ဏ ကွင်းနှင့် အောင်ဆန်းကွင်းများတွင် လေ့ကျင်မှုများ ပြုလုပ် သွားမည် ဖြစ်သည်။
မြန်မာအသင်းသည် စင်္ကာပူ အသင်းနှင့် ခြေစမ်းပွဲစဉ်အပြီးတွင် ဂျပန်နိုင်ငံသို့ ယခုလ ၁၇ ရက်နေ့တွင် ထွက်ခွာမည်ဖြစ်ပြီး စက်တင်ဘာလ ၂၀ ရက်နေ့တွင် ဂျေလိဂ်မှ ကလပ်အသင်း ဖြစ်သည့် ဖာဂီယာနို အိုကာယာမာ အသင်း ၊ စက်တင်ဘာလ ၂၃ ရက်နေ့တွင် ဂျေလိဂ်ကလပ် အသင်းတစ်သင်း ဖြစ်သော ဆီရီဇို အိုဆာကာအသင်း ၊ စက်တင်ဘာလ ၂၅ ရက်နေ့တွင် ကန်ဆိုင်းတက္ကသိုလ် လက်ရွေးစင်အသင်း ၊ စက်တင်ဘာလ ၂၆ ရက်နေ့တွင် ဂျပန်တက္ကသိုလ်ပေါင်းစုံ လက်ရွေးစင်အသင်း ၊ စက်တင်ဘာလ ၂၇ ရက်နေ့တွင် ဂျေလိဂ် ဗစ်ဆယ်ကိုဘီ ယူ-၁၈ အသင်းတို့နှင့် ခြေစမ်းပွဲ ကစားသွားမည် ဖြစ်သည်။

မြန်မာအသင်း ပဏာမ လူစာရင်း
|
|||
| စဉ် | အမည် | နေရာ | ကလပ် |
| ၁ | သီဟစည်သူ | ဂိုး | ဧရာဝတီ |
| ၂ | ကျော်ဇင်ဖြိုး | မကွေး | |
| ၃ | မျိုးမင်းလတ် | ဇေယျာရွှေမြေ | |
| ၄ | သိန်းသန်းဝင်း | နောက် | ကမ္ဘောဇ |
| ၅ | ပြည့်ဖြိုးအောင် | ရန်ကုန် | |
| ၆ | ဇော်မင်းထွန်း | မကွေး | |
| ၇ | မိုးဝင်း | နေပြည်တော် | |
| ၈ | အောင်သိုက် | ရန်ကုန် | |
| ၉ | အောင်ဇော် | ဟံသာဝတီ | |
| ၁၀ | ရန်အောင်ဝင်း | ရန်ကုန် | |
| ၁၁ | သက်နိုင် | ရတနာပုံ | |
| ၁၂ | အောင်ဟိန်းကျော် | ဇေယျာရွှေမြေ | |
| ၁၃ | ပိုင်စိုး | လယ် | ရတနာပုံ |
| ၁၄ | ခင်မောင်လွင် | ရန်ကုန် | |
| ၁၅ | နိုင်လင်းဦး | ဧရာဝတီ | |
| ၁၆ | ရဲဇော်ထက်အောင် | ရတနာပုံ | |
| ၁၇ | ရန်အောင်ကျော် | ရန်ကုန် | |
| ၁၈ | ကြည်လင်း | ရန်ကုန် | |
| ၁၉ | ဒေးဗစ်ထန်း | ရန်ကုန် | |
| ၂၀ | ညီညီမင်း | မနောမြေ | |
| ၂၁ | မင်းမင်းသူ | ဧရာဝတီ | |
| ၂၂ | ရန်ပိုင် | ရှေ့ | ရတနာပုံ |
| ၂၃ | ရာဇာဝင်းသိန်း | ရန်ကုန် | |
| ၂၄ | ကျော်ဇေယျာဝင်း | ကမ္ဘောဇ | |
| ၂၅ | ကောင်းစည်သူ | ရန်ကုန် | |
| ၂၆ | ကျော်ကိုကို | ဇေယျာရွှေမြေ | |
No comments:
Post a Comment