Monday, October 29, 2012

လူတွေကိုဖမ်းပြီး ဂိမ်းကစားတဲ့ ဇတ်လမ်းလေးတွေပါ 2...saw...

လူတွေကိုဖမ်းပြီး ဂိမ်းကစားတဲ့ ဇတ်လမ်းလေးတွေပါ 1...saw...

သင့်အတွက် အရွယ်တင်နုပျိုစေနိုင်သော အစားအစာနှင့်နည်းလမ်းများ....

(၁) အပြင်စာများ မစားပါနှင့်
အပြင်စာတွေကို စားသုံးတာက ကယ်လိုရီအပိုတွေကို ရရှိစေပါတယ်။ လတ်တလော လေ့လာမှုအရ အသက် ၄၀ နှစ်ကျော် အရွယ်တွေ ကိုယ်အလေးချိန် လျှော့ချပေးဖို့ အဓိက ထိန်းချုပ်သင့်တာက ကယ်လိုရီအပိုတွေ စားသုံးမှုပဲ ဖြစ်ပါတယ်။ တစ်နေ့ကို ကိုယ်အလေးချိန် လျှော့ချပေးဖို့ ကယ်လိုရီ ၁၆၀၀ သာ စားသုံးဖို့ လိုအပ်ပါတယ်။ ကယ်လိုရီရရှိမှု လျှော့ချဖို့အတွက် သရေစာစားသုံးတာနဲ့ အပြင်စာစားသုံးမှုတွေကို လျှော့ချပေးပါ။
(၂) အချိုရည်ရှောင်ပါ
အချိုရည်သောက်သုံးမှုကို လျှော့ချလိုက်တာက ကယ်လိုရီရနိုင်တဲ့ တခြားအစာတွေ လျှော့ချလိုက်တာထက် ကိုယ်အလေးချိန် လျှော့ချရာမှာ ပိုမိုထိရောက်မှု ရှိတယ်လို့ ဂျွန်ဟော့ကင်း တက္ကသိုလ် လေ့လာမှုအရ သိရပါတယ်။ ဘာကြောင့်လဲဆိုတော့ အရည်ကရတဲ့ ကယ်လိုရီက စိတ်ကျေနပ်မှုကို နည်းစေပြီး ဆာလောင်မှုကို ပိုမိုစေတာကြောင့်ပါ။
(၃) အသားဓာတ်ပါဝင်အောင် စားပါ
ဥရောပလေ့လာမှု တစ်ခုအရ ကိုယ်အလေးချိန် လျှော့ချနေသူတွေကို တစ်နေ့တာစားသုံးတဲ့ ကယ်လိုရီရဲ့ ၂၅ ရာခိုင်နှုန်းကို ပရိုတင်း (အသားဓာတ်) ကနေရယူတာက ကိုယ်အလေးချိန် လျှော့ချရေးမှာ များစွာ အကျိုးရှိတာကို တွေ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ပရိုတင်းက ဗိုက်ပြည့်စေပြီး အစာချေဖျက်ဖို့အတွက် ကာဗိုဟိုက်ဒရိတ်နဲ့ အဆီတွေထက် စွမ်းအင်ပိုမို အသုံးပြုရတာကြောင့်လို့ ပညာရှင်တွေက ပြောပါတယ်။ ကြက်သားသုံးအောင်စကနေ ပရိုတင်း ၂၆ ဂရမ်၊ တူနာငါး သုံးအောင်စကနေ ပရိုတင်း ၂၂ ဂရမ်ကို ရရှိနိုင်ပါတယ်။
(၄) ညစာ မစားမီ စွပ်ပြုတ်သောက်ပါ
ညစာမစားမီ စွပ်ပြုတ်သောက်တာကြောင့် ကယ်လိုရီစားသုံးမှုကို ၂၀ ရာခိုင်နှုန်း လျှော့ချနိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။ ကယ်လိုရီပိုရတဲ့ ခရင်မ်နဲ့ အချိုများတဲ့ အစားအစာတွေကိုတော့ ရှောင်သင့်ပါတယ်။
(၅) အသီးအရွက်ဖျော်ရည် သောက်ပါ
အသီးအရွက်ဖျော်ရည်က အစာစားချင်စိတ်ကို လျော့နည်းစေပြီး ကယ်လိုရီစားသုံးမှုကို လျှော့ချပေးပါတယ်။ ကယ်လီဖိုးနီးယား တက္ကသိုလ်မှ သုတေသီမစ္စတာ ဒေးဗစ်က အမျိုးသမီးရော၊ အမျိုးသားတွေပါ ကယ်လိုရီနည်းပြီး နှလုံးကျန်းမာစေဖို့ ဆိုဒီယမ် ပါဝင်မှုနည်းတဲ့ အသီးအရွက်ဖျော်ရည် သောက်သုံးပြီး အချိုရည်သောက်သုံးမှုကို ရှောင်ရှားပါလို့ ပြောပါတယ်။

အသက်ကြီးလာတာ၊ ပတ်ဝန်းကျင် ညစ်ညမ်းမှုတွေနဲ့ နေ့စဉ် ထိတွေ့နေရတာ၊ စိတ်ဖိစီးမှုများတာ၊ မောပန်း နွမ်းနယ်တာတွေကြောင့် သင်ရဲ့ အသွင်အပြင်က မရွှင်မပျဖြစ်ကာ ရှိသင့်တဲ့ အသက်ထက် ပိုတယ်လို့ ထင်မြင်စေပါတယ်။  အောက်ပါ အစားအစာငါးမျိုးက သင့်ကို နုပျိုတဲ့အသွင်အပြင် ဖြစ်ပေါ်စေဖို့ ကူညီပေးနိုင်ပါတယ်။

၆။ ဟင်းနုနယ်ရွက်
မျက်ကွင်းညိုတာကို လျော့နည်းစေတယ်
အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်ဖြစ်တဲ့ ဟင်းနုနယ်ရွက်မှာ အင်တီအောက်ဆီးဒင့် တစ်မျိုးဖြစ်တဲ့ လူတင်းဓာတ် ပါဝင်ပါတယ်။ လူတင်းက မျက်စိအားကောင်းပြီး ကျန်းမာစေရုံသာမကဘဲ အရေပြားစိုစွတ်မှုနဲ့ ဆွဲဆန့်အားတွေကို ထိန်းထားပေးနိုင်တယ်။ ဖရီးရေဒီကယ်တွေရဲ့ ဖျက်ဆီးမှုမှ ကာကွယ်ပေးနိုင်တယ်ဆိုတဲ့ အချက်တွေကို လတ်တလော လေ့လာမှုတွေအရ သိရပါတယ်။
ဘယ်လိုအာနိသင်ပေးစွမ်းသလဲ
ဟင်းနုနယ်ရွက်မှာ ဗီတာမင် ကေနဲ့စီတွေ များစွာပါဝင်တာကြောင့် မျက်လုံးအောက်မှာ ဖြစ်တတ်တဲ့ မျက်ကွင်းညိုတာကို သက်သာစေပါတယ်။ ပင်ပန်းနွမ်းနယ်တာ၊ မျိုးရိုးလိုက်တာ စတဲ့မျက်ကွင်းညိုစေတဲ့ အကြောင်းရင်းတွေ များစွာရှိပေမယ့် အဓိက အကြောင်းကတော့ မျက်လုံးတစ်ဝိုက် သွေးလှည့်ပတ်မှု နည်းတာကြောင့် ဖြစ်ရတာပါ။ ဒါကြောင့် ဗီတာမင် ကေနဲ့စီ များစွာပါဝင်တဲ့ ဟင်းနုနယ်ရွက် စားပေးပါက သွေးလှည့်ပတ်မှု ကောင်းစေပြီး သွေးကြောနံရံတွေကို အားကောင်းစေပါတယ်။
၇။ ကမာကောင်
အသားအရေ ဖြူဖျော့ဖျော့ဖြစ်ခြင်းမှ ကာကွယ်ပေးတယ်
ကမာကောင်က သင်ရဲ့အလှတရား ပြီးပြည့်စုံဖို့ အထောက်အပံ့ ပေးပါတယ်။ သင့်အသားအရေက ဖြူတာမျိုးမဟုတ်ဘဲ ဖြူဖျော့ဖျော့ ဖြစ်နေတာ ဒါမှမဟုတ် မျက်ကွင်းညိုနေတာ ခန္ဓာကိုယ်မှာ ဗီတာမင်ဘီ ၁၂ နဲ့ သံဓာတ်တွေ ချို့တဲ့နေတာ ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် နှစ်မျိုးစလုံး ဖြစ်နေရင်တော့ သွေးအားနည်း ရောဂါကြောင့် ဖြစ်နိုင်ပါတယ်။
ဘယ်လိုအာနိသင် ပေးစွမ်းသလဲ
ကမာကောင်မှာ ဗီတာမင်ဘီ ၁၂၊ သံဓာတ်နဲ့ ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်တဲ့ အာဟာရဓာတ်တွေ ပါဝင်တာကြောင့် သင့်ခန္ဓာကိုယ်တွင်းမှာ သွေးအား ကောင်းလာစေပါတယ်။ ပင်လယ်ကျောက်ပွင့်၊ ယောက်သွား၊ ခရု စတာတွေကလည်း ကမာကောင်လိုပဲ အကျိုးများစေပါတယ်။
၈။ ကြက်သွန်ဖြူ
ဝက်ခြံကြောင့် ရောင်ရမ်းခြင်းမှ ကာကွယ်ပေးတယ်
ကြက်သွန်ဖြူမှာ ပိုးသတ်အာနိသင်၊ သွေးတွင်း သန့်ရှင်းစေကြယ်စေတဲ့ အာနိသင်နဲ့ ခန္ဓာကိုယ် ခုခံအားကို မြှင့်တင်ပေးပါတယ်။ ကြက်သွန်ဖြူကို အိမ်တွင်းမှာ အလွယ်တကူ ရရှိနိုင်ပြီး ဝက်ခြံကုသရာမှာလည်း ထိရောက်မှု ရှိပါတယ်။
ဘယ်လိုအာနိသင် ပေးစွမ်းသလဲ
ကြက်သွန်ဖြူမှာ ရောင်ရမ်းမှုကို လျှော့ချပေးနိုင်တဲ့ အာနိသင်ရှိတာကြောင့် ဝက်ခြံကြောင့် ရောင်ရမ်းမှု မဖြစ်အောင် ကာကွယ်ပေးပါတယ်။
၉။ ထောပတ်သီး
အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်းမှ ကာကွယ်ပေးတယ်
ထောပတ်သီးမှာ အဆီများတယ်ဆိုပေမယ့် ခန္ဓာကိုယ်အတွက် သင့်တော်တဲ့ ကျန်းမာရေးနဲ့ ညီညွတ်စေတဲ့ မပြည့်ဝဆီတွေဖြစ်ပြီး အသားအရေကိုလည်း လှပစေပါတယ်။
ဘယ်လိုအာနိသင် ပေးစွမ်းသလဲ
ထောပတ်သီးမှာ အိုမီဂါ-၃ အဆီပါဝင်ပြီး အသားအရေ စိုပြည်စေပါတယ်။ အရေပြား တင်းရင်းစေတဲ့ ကိုလာဂျင် ထုတ်လုပ်မှုကို အားပေးပြီး အရေးကြောင်း မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ထောပတ်သီးရဲ့ ရောင်ရမ်းမှု လျော့နည်းစေတဲ့ အာနိသင်က ဝက်ခြံဖြစ်ပွားမှုနဲ့ ဆိုရီရေးစစ် အရေပြားရောဂါ ဖြစ်ပွားမှုကို လျော့နည်းစေပါတယ်။ ဒါ့အပြင် ထောပတ်သီးမှာ ဗီတာမင်အီး ပါဝင်တာကြောင့် အသားအရေ လှပစေပြီး အရွယ်မတိုင်မီ အိုမင်းရင့်ရော်မှု မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
၁၀။ ငှက်ပျောသီး
ခန္ဓာကိုယ်တွင်း ရေဓာတ်ကို ထိန်းညှိပေးတယ်
ခန္ဓာကိုယ်က ရေကို ပြန်ဆွဲထားတာကြောင့် ဝမ်းဗိုက်မှာ လေပွတာကို ဖြစ်စေတယ်ဆိုတာ သိပြီးဖြစ်ပါလိမ့်မယ်။ ဒါတင် မကသေးပါဘူး။ သင့်မျက်နှာ ဖောင်းအစ်တာ၊ မျက်အိတ်ရောင်တာတွေပါ ဖြစ်စေပါတယ်။ ခန္ဓာကိုယ်မှာ ပိုတက်စီယမ်နည်းပြီး ဆိုဒီယမ် (ဆား) များနေပါက ခန္ဓာကိုယ်တွင်းက ပိုလျှံနေတဲ့ရေတွေ အပြင်ပြန်မထွက်ဘဲ ခန္ဓာကိုယ်က ပြန်ဆွဲထားတတ်ပါတယ်။ ငှက်ပျော်သီးက ဆိုဒီယမ်-ပိုတက်စီယမ် ပမာဏကို ညှိပေးပြီး ခန္ဓာကိုယ်မှာ ရေဆွဲအားကို ထိန်းညှိပေးပါတယ်။
ဘယ်လိုအာနိသင် ပေးစွမ်းသလဲ
ငှက်ပျောသီးမှာ ပိုတက်စီယမ်များစွာ ပါဝင်တာကြောင့် ငှက်ပျောသီး စားပေးပါက ခန္ဓာကိုယ်မှာ ဆိုဒီယမ်-ပိုတက်စီယမ် ပမာဏကို ညှိပေးပါတယ်။ စတော်ဘယ်ရီသီး၊ ဖရဲသီး၊ သင်္ဘောသီးတွေကနေလည်း ပိုတက်စီယမ်ကို ရရှိနိုင်ပါတယ်။

ရေးသားပေးသော မဇာခြည်ဝင်းကို ကျေးဇူးတင်ပါတယ်....



သင့်ကို ဝစေသော အချက်ရှစ်ရပ်



၁။ ဖတ်ရှုလေ့လာနိုင်စွမ်း
အစားအသောက်တွေကို ပုံမှန် စားနေပေမယ့် ကိုယ်အလေးချိန် တက်မလာတဲ့သူတွေ ရှိနေသလို  အစားအသောက်ကို ထိန်းချုပ်ပြီး စားနေပေမယ့် ကိုယ်အလေးချိန် မကျသွားတဲ့ သူတွေလည်း ရှိနေပါ လိမ့်မယ်။ ဘာကွာခြားလို့လဲ ဆိုတာ သိချင်နေမှာပါ။ အကြောင်းကတော့ ကိုယ်အလေးချိန် တက်မလာတဲ့သူတွေက အစားအသောက်တွေကို ဝယ်ယူတဲ့အခါ အညွှန်းကို ဖတ်ရှုလေ့လာတဲ့ အလေ့အထ ရှိပြီး ပါဝင်ပစ္စည်းတွေထဲက ဆောင်ရန် ရှောင်ရန်တွေကိုပါ သိထားလို့ပါ။
၂။ ဆော်ဒါသောက်သော အလေ့အထ
လေ့လာမှုတွေအရ တစ်နေ့မှာ ဆော်ဒါ အချိုရည် နှစ်ခွက်နဲ့ အထက် သောက်ရင် မသောက်တဲ့သူတွေထက် ခါးအတိုင်းအတာ ခြောက်ဆလောက် ပိုတုတ်လာတယ်လို့ သိရပါတယ်။
၃။ အိပ်ရေးပျက်ခြင်း
လေ့လာမှုအသစ်တစ်ရပ်အရ အိပ်ရေးပျက်တဲ့အခါ နောက်တစ်နေ့မှာ စိတ်ပိုင်းဆိုင်ရာ တက်ကြွမှု မရှိတော့ဘဲ အစာကို အလွန်အကျွံ စားချင်တဲ့ ဓာတ်တွေ အထွက်များလာတာကြောင့် အစာ စားသုံးမှု များပြီး ကိုယ်အလေးချိန် များလာရတယ်လို့ သိရပါတယ်။ အိပ်ရေးပျက်တဲ့သူတွေက ကောင်းကောင်း အိပ်ရေးဝသူတွေထက် ကယ်လိုရီ လောင်ကျွမ်းနှုန်း ပိုမို လျော့နည်းတယ်လို့ ရုစဗဲ့ဆေးရုံရဲ့ လေ့လာမှုအရ သိရပါတယ်။
၎။ အခန်း အပူချိန်
ကိုယ်အလေးချိန် လျော့ကျလိုပါသလား။ အခန်း အပူချိန်ကို လျှော့ချလိုက်ပါ။ နွေးထွေးထွေးရှိတဲ့ အိမ်မှာနေရင် ကိုယ်အလေးချိန် တက်လာစေတယ်လို့ အဝလွန်မှုဆိုင်ရာ ဂျာနယ်ရဲ့ လေ့လာမှုအရ သိရပါတယ်။ ခန္ဓာကိုယ်က အေးနေတဲ့အခါ ကြွက်သားတွေက အပူထုတ်နိုင်ဖို့ ကျုံ့ရတာကြောင့် ကယ်လိုရီကို လောင်ကျွမ်းစေတာ ဖြစ်ပါတယ်။
၅။ ဝသော သူငယ်ချင်းများ ရှိခြင်း
နယူးအင်္ဂလန် ဂျာနယ်ရဲ့ လေ့လာမှုအရ လူတွေမှာ အဝလွန်တဲ့ သူငယ်ချင်းရှိရင် အဝလွန်တာမျိုး ဖြစ်နိုင်ခြေ များတယ်လို့ သိရပါတယ်။ အသက် ၃၂ နှစ်ကျော်သူ ၁၂၀၆၇ ဦးကို လေ့လာမှုအရ အဝလွန်သူတွေရဲ့ ရင်းရင်းနှီးနှီး ပေါင်းဖော်လေ့ ရှိသူတွေက အဝလွန်နိုင်ခြေ ၁၇၁ ရာခိုင်နှုန်း ပိုမြင့်လာနိုင်ခြေရှိကြောင်း တွေ့ရှိရပါတယ်။ ဒါက သူငယ်ချင်း အပေါင်းအသင်းတွေရဲ့ လွှမ်းမိုးမှုကြောင့် ဖြစ်ရတာ ဖြစ်ပါတယ်။ တကယ်လို့ သင်က သွယ်လျပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်ကို စားသူနဲ့ ပေါင်းဖော်နေရင် သင်ပါ ကိုယ်အလေးချိန် လျော့ကျလာနိုင်ပါတယ်။
၆။ အစာကို အလွန်အမင်း စားခြင်း
တစ်နေ့လုံး အစာကို နည်းနည်းနဲ့ မကြာခဏ စားနေတာက ကယ်လိုရီအများစုကို လျော့ကျဖို့ လွယ်ကူပါတယ်။ တကယ်လို့ အစာကို တစ်ချိန်တည်းမှာ အများကြီး စားတတ်တဲ့ အလေ့အထရှိရင်တော့ ကိုယ်အလေးချိန် မြင့်တက်လာနိုင်ပါတယ်။
၇။ အဆိပ်ရှိသော ဓာတုပစ္စည်းများ
ကျန်းမာနေတဲ့ ကိုယ်ခံစွမ်းအားစနစ်က ဝစေတဲ့ ဓာတုပစ္စည်းတွေရဲ့ အန္တရာယ်ကို လျော့ကျစေပါတယ်။ သင့်အနေနဲ့ အစားအသောက်တွေကို ပလတ်စတစ်ထဲ ထည့်ပြီး စားရင် ပလတ်စတစ်ထဲမှာ phthalate ဆိုတဲ့ ဓာတ် ပါဝင်ကာ အဲဒီဓာတ်ဟာ အဝလွန်စေတဲ့ ဓာတုပစ္စည်းတွေကို ထွက်နှုန်း တိုးစေပါတယ်။
၈။ စိတ်ဖိစီးမှု အဆင့်
နာတာရှည် ဖိစီးမှုခံစားနေရင် သင့်ခန္ဓာကိုယ်ကနေ ကော်တီဆောနဲ့အတူ အင်ဆူလင် ထွက်နှုန်း များစေပါတယ်။ ဒီဓာတ်တွေက အစာစားချင်စိတ်ကို တိုးစေပါတယ်။ အဲဒီအခါ ကယ်လိုရီများတဲ့ အချိုစာနဲ့ အဆီစာတွေကို များများ စားဖြစ်နိုင်ပါတယ်။ ဒါကြောင့် အစာနဲ့ ဖိစီးမှုကို ဖြေဖျောက်ရာက စိတ်ကျေနပ်မှုကို ရနိုင်ပေမယ့် ကိုယ်အလေးချိန်တော့ မြင့်တက်လာပါလိမ့်မယ်။

ရေးသားပေးသော ကြယ်စင်ကို ကျေးဇူးတင်ပါတယ်....

အောက်တိုဘာ ၂၇ ရက် ၂၈ ရက် ၂၉ ရက် နေ့ထုတ် ဂျာနယ်များ

အောက်တိုဘာ ၂၇ ရက် စနေနေ့ထုတ် the voice journal..

click here to read journal

အောက်တိုဘာ ၂၉ ရက် တနင်္လာနေ့ထုတ် weekly eleven journal..

click here to read journal

အောက်တိုဘာ ၂၈ ရက် တနင်္ဂနွေနေ့ထုတ် mobile guide journal..

click here to read journal

အောက်တိုဘာ ၃၀ ရက် အင်္ဂါနေ့ထုတ် first eleven journal..

click here to read journal

အောက်တိုဘာ ၃၀ ရက် အင်္ဂါနေ့ထုတ် ray of lights journal..

click here to read journal

Monday, October 22, 2012

သွေးစုပ်ဖုတ်ကောင်များကို လိုက်ရှာပြီး လက်စားချေသော အက်ရှင်ဇတ်လမ်းလေးပါ

game ကစားရင်းနဲ့ လူလိုက်သတ်ရတဲ့ အက်ရှင်ဇတ်လမ်းလေးတွေပါ..

gamer (2009)


click here to watch movie

game of death (2010)


click here to watch movie

eagle eye (2008)



click here to watch movie


သင့်ကို ပိုလှစေနိုင်သော အစားအစာ ရှစ်မျိုး



စားသောက်ခြင်းဟာ ကျန်းမာရေး ကောင်းစေပြီး အားရှိစေတယ်ဆိုတာ အားလုံးသိပြီးသားပါ။  အစားအစာ အတွက် ကျန်းမာရေးအပြင် အလှအပကိုပါ အကျိုးပြုကြောင်း လတ်တလော လေ့လာချက်တွေအရ တွေ့ရှိရပါတယ်။ လေ့လာချက်တွေအရ တချို့ အာဟာရတွေဟာ ကျွန်မတို့ကို ပိုပြီးလှပကာ ဆွဲဆောင်မှု ရှိစေသလို တချို့ဆိုရင် ရက်ပိုင်း အတွင်းမှာတင် အစွမ်းထက်တာကို တွေ့ရပါတယ်။ အောက်ပါ အစားအစာ ရှစ်မျိုးကတော့ ကျွန်မတို့ရဲ့ အလှအပအတွက် အလျင်မြန်ဆုံးနဲ့ အထိရောက်ဆုံး အကျိုးအာနိသင် ဖြစ်ပေါ်စေတဲ့ အစားအစာတွေပဲ ဖြစ်ပါတယ်။

၁- အသားအရေ ကောင်းစေဖို့ ကန်စွန်းရွက် စားပါ  
ကျွန်မတို့ မြန်မာလူမျိုးတွေ နေ့တိုင်းလိုလို စားနေတဲ့ ကန်စွန်းရွက်ဟာ အလှအပအတွက် များစွာ အထောက်အကူ ပြုပါတယ်။ အရေပြားရောင်ရမ်းမှု သက်သာစေပြီး ချွေးပေါက်ကျဉ်းစေနိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ (Anti-oxidants) နဲ့ သွေးအားကောင်းစေနိုင်တဲ့ သံဓာတ်တို့ ပါရှိတာကြောင့် အသားအရေ ချောမွေ့ကာ သွေးရောင် လွှမ်းစေနိုင်ပါတယ်။ ဒါ့အပြင် ကန်စွန်းရွက်ဟာ သွေးထဲရှိ Antioxidant ပမာဏကို များစေပြီး DNA ပျက်စီးမှုကိုလည်း လျှော့ချပေးတာကြောင့် သွေးသား သန့်စင်စေပါတယ်။

၂- မျက်ဝန်း ကြည်လင်တောက်ပစေဖို့ ဟင်းနုနယ်ရွက်စားပါ  
ဟင်းနုနယ်ရွက်မှာ လူတင် (Lutein) ဓာတ် များစွာပါဝင်ပါတယ်။ လူတင်ဓာတ် မျက်လုံး ကျန်းမာရေးအတွက် ကောင်းစေသလို မျက်လုံးကို ပိုပြီး ကြည်လင်ဝင်းပ စေပါတယ်။ ဒါ့အပြင် မျက်ဝန်းအလှအတွက် ဟင်းနုနယ်ရွက်ကို တို့စရာအဖြစ် နေ့စဉ် စားသင့်ပါတယ်။

၃- ပြုံးအလှပိုင်ရှင် ဖြစ်စေဖို့ ပန်းသီးစားပါ  
တစ်နေ့ကို ပန်းသီးတစ်လုံး စားပေးခြင်းက ကျန်းမာရေးအတွက် ကောင်းစေသလို သွားတွေကိုလည်း ဖြူဖွေး တောက်ပ စေနိုင်ပါတယ်။ ပန်းသီးဟာ ကော်ဖီ၊ လက်ဖက်ရည်၊ ဝိုင်အနီ စတဲ့ သွားကို စွန်းထင်းဝါကြန့်စေတဲ့ အစားအသောက်တွေ စားသောက်တဲ့အခါ ထင်ကျန်ရစ်တဲ့ အစွန်းတွေကို ဖျက်ပေးပါတယ်။

၎- ဆံသားကောင်းစေဖို့ ပဲသီးစိမ်း စားပါ  
ပဲသီးစိမ်းမှာ ဆီလီကွန်ဓာတ် (Silicon) များစွာ ပါရှိပါတယ်။ လေ့လာချက်အရ ဆီလီကွန်အားဆေး သောက်သုံးသူတွေဟာ ကိုးလအကြာမှာ ဆံပင်သား သိသိသာသာ ပိုကောင်းလာတဲ့အပြင် ဆံပင်အုံပါ ပိုထူလာတာကို တွေ့ရပါတယ်။ ပဲသီးစိမ်းကို ဟင်းချက် စားနိုင်သလို ပဲသီးစိမ်းကို ပြုတ်ပြီး အဆာပြေ အဖြစ်လည်း စားနိုင်ပါတယ်။

၅- ဝက်ခြံပျောက်ကင်းစေဖို့ ဖရုံစေ့စားပါ  
ဖရုံစေ့ဟာ ဇင့်ဓာတ် ကြွယ်ဝတာကြောင့် အစက်အပြောက်တွေ သက်သာ လျော့နည်းစေပါတယ်။ ဝက်ခြံ အထွက်များသူတွေဟာ ဇင့်ဓာတ်ချို့တဲ့ကြကြောင်းကို တွေ့ရှိရပါတယ်။ ဒါကြောင့် ဇင့်ဓာတ်ကြွယ်ဝတဲ့ ဖရုံစေ့ကို တစ်နေ့ကို ထမင်းစားဇွန်း တစ်ဇွန်း၊ နှစ်ဇွန်းစာလောက် စားပေးသင့်ပါတယ်။

၆- အသားအရေ စိုပြည်စေဖို့ နှမ်းကြတ်စေ့ဆီ စားပါ  
နှမ်းကြတ်စေ့ (Falxseed) ဟာ ခြောက်သွေ့ အက်ကွဲလွယ်တဲ့ အရေပြား အတွက် အကောင်းဆုံး အစာပါပဲ။ နှမ်းကြတ်စေ့မှာ အရေပြားကို ရေဓာတ်ဖြည့်ပေးပြီး နူးညံ့ချောမွေ့စေတဲ့ အိုမီဂါ-၃ ဖက်တီးအက်စစ် ပါရှိပါတယ်။ နှမ်းကြတ်စေ့ဆီကို စူပါမားကက် တချို့မှာ ဝယ်ယူနိုင်ပြီး အသုပ်သုပ်စားရာမှာ ထည့်သုပ်နိုင်သလို နှမ်းကြတ်စေ့ကို ဒိန်ချဉ်ထဲ ထည့်စားတာ၊ ကွတ်ကီးမုန့်ထဲ ထည့်ဖုတ်တာကလည်း အရသာ ရှိပါတယ်။

၇- အရေပြား တင်းရင်းနုပျိုစေဖို့ ကီဝီသီး စားပါ  
အရွယ်တင် နုပျိုလိုသူတွေ အနေနဲ့ ကီဝီသီး စားသင့်ပါတယ်။ ကီဝီသီးမှာ ဗီတာမင်စီ များစွာကြွယ်ဝပြီး ကော်လာဂျင် ဓာတ်တွေ ထွက်ရှိမှုကို လှုံ့ဆော်ပေးတာကြောင့် အရွယ်တင် နုပျိုစေပါတယ်။ အရေပြားထဲ ကော်လာဂျင်ဓာတ် များများ ထွက်ရှိလေ အရေပြားပိုပြီး တင်းရင်းကာ ကျုံ့နိုင်ဆန့်နိုင်အား ပိုကောင်းလေပါပဲ။ တင်းရင်းလာတဲ့ အသားအရေကြောင့် အသားအရေ လျော့ရဲ တွဲကျတာတွေ၊ အရေးကြောင်းပေါ်တာတွေ ပျောက်ပြီး နုပျိုတဲ့ အသွင်ကို ဖြစ်ပေါ်စေပါတယ်။

၈- လက်သည်း မာကျော လှပစေဖို့ ကြက်ဥစားပါ  
ကျန်းမာလှပပြီး မာကျောတဲ့ လက်သည်း ပိုင်ဆိုင်ချင်တယ်ဆိုရင် ကြက်ဥ မကြာခဏ စားပေးသင့်ပါတယ်။ ကြက်ဥမှာ ဘိုင်တင်ဓာတ် (Biotin) ကြွယ်ဝစွာ ရှိတာကြောင့် လက်သည်းတွေကို အားဖြည့်ပေးပြီး ကျန်းမာသန်စွမ်းစေနိုင်တာပဲ ဖြစ်ပါတယ်။

ရေးသားပေးသော မနုမြတ်ကို ကျေးဇူးတင်ပါတယ်....


ဆံကေသာက ပြောပြနေသော သင့်ကျန်းမာရေး



ဆံကေသာအကြောင်း ပြောတဲ့အခါတွေမှာ ကျွန်မတို့ဟာ ဆံပင်ပုံစံ၊ ဆံပင်ပုံသွင်းပစ္စည်း၊ ဆံပင်အရောင် စတဲ့ အကြောင်းတွေကိုပဲ စိတ်ဝင်စားလေ့ ရှိတတ်ပါတယ်။ကျွမ်းကျင်သူတွေက ဆံပင်နဲ့ ပတ်သက်ပြီး လေ့လာခဲ့တဲ့အခါမှာ ဆံကေသာဟာ အလှအပနဲ့ သာမက ကျန်းမာရေးနဲ့လည်း ဆက်စပ်မှုရှိနေကြောင်း  လေ့လာတွေ့ရှိ ခဲ့ရပါတယ်။ ဒါကြောင့် ဆံကေသာဟာ လူတစ်ယောက်ရဲ့ ကျန်းမာရေး အခြေအနေကို ဘယ်လို ဖော်ညွှန်းနေသလဲ ဆိုတာကို ဆန်းစစ် လေ့လာနိုင်အောင် ရေးသားလိုက်ရပါတယ်။

(၁) ခြောက်သွေ့၊ ဖျော့တော့ ခွေယိုင်ကာ ပါးနေသော ဆံပင်သား
ဘာကိုဆိုလိုသလဲဒါဟာ ဆံပင်သားကို လေမှုတ်စက် အသုံးလွန်တာ၊ ဆံပင်ဆိုးဆေး အသုံးများတာနဲ့ ကလိုရင်းဆေး ခတ်ထားတဲ့ ရေကူးကန်ထဲမှာ ရေကူးများတာစတဲ့ ဆံပင်သား ခြောက်သွေ့စေတဲ့ ကိစ္စတွေကို လုပ်ထားကြောင်း ပြသနေရာ ရောက်ပါတယ်။ ဒါပေမဲ့ ဆံလုံးသေးပြီး ဆံပင်သားဟာ ရုတ်တရက်ပြောင်းလဲ ပျက်စီးသွားတာကတော့ သိုင်းရွိုက်ဟော်မုန်း ထွက်ရှိမှုနည်းတဲ့ အခြေအနေကြောင့် ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။
နောက်ထပ်သဲလွန်စများ
သိုင်းရွိုက်ဟော်မုန်း ထွက်ရှိမှုနည်းတဲ့ အခြေအနေရဲ့ တခြားလက္ခဏာ တွေကတော့ နုံးခြင်း၊ ကိုယ်အလေးချိန် တက်ခြင်း၊ နှလုံးခုန်နှုန်း နှေးခြင်းနဲ့ တစ်ချိန်လုံး အေးစက်နေခြင်းတို့ပဲ ဖြစ်ကြပါတယ်။
ဘာလုပ်သင့်သလဲ
သင့်သွေးတွင်း သိုင်းရွိုက်ဟော်မုန်း အတိုင်းအတာကို သိနိုင်အောင် သွေးစစ်ဆေးမှုကို ခံယူနိုင်ဖို့ ဆရာဝန်နဲ့ တွေ့ဆုံပါ။

(၂) ဆံစပ်နေရာမှစကာ ဦးရေပြားပေါ်မှာ အကြေးခွံဖတ်များ ကွာကျနေခြင်း
ဘာကို ဆိုလိုသလဲ
ဦးရေပြားပေါ်မှာ ထူထဲတဲ့ အကြေးခွံဖတ်တွေ ရှိနေတဲ့ အခြေအနေကို ဆိုးရီးယေးစစ် အရေပြားရောဂါလို့ ဆိုနိုင်ပါတယ်။ ဒါက ဗောက်ထတဲ့ အခြေအနေနဲ့ မတူပါဘူး။ ဆိုးရီးယေးစစ် ရောဂါဟာ ကိုယ်တွင်းစနစ်တွေကို ပြန်တိုက်ဖျက်တဲ့ ကိုယ်ခံအား လွန်ကဲတဲ့ရောဂါ (Autoimmune disease) တစ်မျိုးဖြစ်ပြီး အရေပြားဆဲလ်တွေ ကွာကျတတ်ပါတယ်။
နောက်ထပ်သဲလွန်စများ
ဆိုးရီးယေးစစ်ဟာ တခြားကိုယ်ခံအား လွန်ကဲတဲ့ ရောဂါတွေဖြစ်တဲ့ ခရုမ်းရောဂါ၊ ရူမတွိုက် အဆစ်ရောင်ရောဂါ၊ Lupus ရောဂါတွေနဲ့ တွဲဖြစ်တတ်ပါတယ်။ သင့်မှာ တခြားကိုယ်ခံအား လွန်ကဲတဲ့ ရောဂါတွေ ရှိနေရင်တော့ ဆိုးရီးယေးစစ်ဖြစ်နေတာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။
ဘာလုပ်သင့်သလဲ
ဆိုးရီးယေးစစ်ရောဂါ သက်သာအောင် Coal Tar နဲ့ Salicylic acid ပါဝင်တဲ့ ရှမ်ပူသုံးပါ။ ဒါမှမဟုတ် ဇင့်နဲ့ ရှားစောင်း (aloevera) ပါဝင်တဲ့ လိမ်းဆေးခရင်မ် လိမ်းပါ။ ဟိုက်ဒရိုကော်တီဇုန်း ခရင်မ်ဟာ ရောင်ရမ်းမှုကို လျော့ကျစေပါတယ်။ အရေပြားအထူးကု ဆရာဝန်နဲ့ ပြသပြီး ဆိုးရီးယေးစစ် အရေပြားရောဂါကို စနစ်တကျ ကုသသင့်ပါတယ်။

(၃) တစ်ခေါင်းလုံး ဆံပင်ပါးနေခြင်း
ဘာကိုဆိုလိုသလဲ
တစ်နေ့မှာ ဆံပင် ၁ဝဝ – ၁၅ဝ လောက် ကျွတ်တာက ပုံမှန်ပါပဲ။ ခေါင်းဖြီးတဲ့အခါ၊ ခေါင်းလျှော်ပြီး တဘက်နဲ့ သုတ်တဲ့အခါ ဆံပင်တွေ အထွေးလိုက် ကျွတ်တာဟာ စိတ်ပိုင်းဆိုင်ရာ အခြေအနေ ဒါမှမဟုတ် ခန္ဓာကိုယ်ပိုင်းဆိုင်ရာ အခြေအနေနဲ့ ဆက်စပ်နေတတ်ပါတယ်။ ဒါမှမဟုတ် တုပ်ကွေးဖျားတာနဲ့ ကူးစက်ပိုး ဝင်တာကြောင့်လည်း ဆံပင်ကျွတ်နှုန်း များတတ်ပါတယ်။ ဆီးချိုသွေးချိုရောဂါရဲ့ ပထမဦးဆုံး သတိပေးလက္ခဏာ တစ်ရပ်အနေနဲ့ ဆံပင်ကျွတ်နှုန်း များတာလည်း ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် သန္ဓေတားဆေးလို ဆေးဝါးတချို့ သောက်တာကြောင့်လည်း ဆံပင်ကျွတ်နှုန်း များတတ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်၊ သွေးဆုံးပြီးချိန် တွေမှာလည်း ဟော်မုန်း အပြောင်းအလဲကြောင့် ဆံပင်ကျွတ်တတ် ပါတယ်။
နောက်ထပ်သဲလွန်စများ
ဟော်မုန်းတွေကို နှောင့်ယှက်ဟန့်တားတဲ့ ဆေးဝါးတွေ သောက်နေရရင်၊ သံဓာတ်နဲ့ ပရိုတင်းဓာတ် ချို့တဲ့နေရင်နဲ့ အစားအသောက် ပျက်နေရင် ဆံပင်ကျွတ်နှုန်း များတတ်ပါတယ်။
ဘာလုပ်သင့်သလဲ
ဆံပင်ကျွတ်နှုန်း များနေရင် ဘိုင်အိုတင် (Biotin) ပါတဲ့ ဖြည့်စွက်ဆေးကို သောက်ပါ။ ဘိုင်အိုတင်က ဆံကေသာကို သန်စွမ်းထူထဲ စေပါတယ်။ ဗီတာမင်ဒီ မှီဝဲပေးရင် ဆံပင်တွေကို ပြန်ပေါက်လာစေ နိုင်ပါတယ်။ ဒါမှမဟုတ် သွေးအားနည်း ရောဂါကြောင့် ဆံပင်ကျွတ်နှုန်း များနေသလားဆိုတာ သိနိုင်အောင် သွေးထဲက သံဓာတ်ပမာဏကို သိနိုင်အောင် ဆရာဝန်နဲ့ တိုင်ပင်ကာ စစ်ဆေးကြည့်ပါ။

(၄) ဆံပင်သားများ ကျိုးပဲ့ ပြတ်ထွက်လွယ်ကာ ခြောက်သွေ့ ကြွပ်ဆတ်ခြင်း
ဘာကိုဆိုလိုသလဲ
အိပ်ရာထချိန်မှာ ခေါင်းအုံးကို ကြည့်လိုက်လို့ ကျွတ်နေတဲ့ ဆံပင်တွေကို အတွေ့များတဲ့အခါ ဆံပင်တွေက ပုံမှန်ထက် ပိုများနေရင် ဒါဟာ ဆံပင်အရောင် ချွတ်ခြင်း၊ ဆံပင်ဖြောင့်ခြင်းနဲ့ တခြားဓာတု ပစ္စည်းတွေ အသုံးများကာ ပြုပြင်ခြင်းတွေကြောင့် ဖြစ်တတ်ပါတယ်။ ဒီလိုမဟုတ်ဘဲ ကျန်းမာရေး အခြေအနေတွေ ဖြစ်တဲ့ ကော်တီစောဟော်မုန်း ထွက်နှုန်းများတဲ့ Cushing Syndrome, Parathyroid gland အားနည်းတဲ့ အခြေအနေတွေကြောင့် ဆံပင်သား ကြွပ်ဆတ်ခြောက်သွေ့ကာ ကျွတ်လွယ်တတ်ပါတယ်။
နောက်ထပ်သဲလွန်စများ
ဆံပင်သားက ခြောက်သွေ့ကြွပ်ဆတ် တာနဲ့အတူ အရေပြားက ခြောက်သွေ့ကာ အဖတ်တွေ ဖြစ်နေရင်တော့ သင့်အနေနဲ့ အိုမီဂါသရီး ဖက်တီးအက်စစ် ချို့တဲ့တာကြောင့် ဖြစ်နိုင်ပါတယ်။
ဘာလုပ်သင့်သလဲ
ဆံပင်သား ခြောက်သွေ့ ကြွပ်ဆတ်နေရင် ဆံပင်သားတွေ ပြန်ကျန်းမာလာအောင် အပူပေးတာမျိုး သိပ်မလုပ်ပါနဲ့။ ဓာတုပစ္စည်းတွေ သုံးတာမျိုးကိုလည်း ရှောင်ပါ။ ဆံပင်ကို ကွန်ဒီရှင်နာ များများလိမ်းပြီး ဆံပင်သားကျန်းမာအောင် ဆောင်ရွက်ပါ။ သံလွင်ဆီ၊ အုန်းဆီတွေကို လိမ်းပေးပါ။ အိုမီဂါသရီး ချို့တဲ့မှုမဖြစ်အောင် အိုမီဂါသရီးပါတဲ့ ငါးစားပါ။ ငါးမစားဖြစ်ရင် အိုမီဂါသရီးပါတဲ့ ငါးကြီးဆီ သောက်ပေးပါ။

ရေးသားပေးသော မဇွန်ကို ကျေးဇူးတင်ပါတယ်နော်...


ကိုယ်အလေးချိန် ကျဆင်းနိုင်အောင် ကိုယ်တွင်းအဆိပ်များ ဖယ်ရှားသောနည်းဖြင့် ကိုယ်အလေးချိန် လျှော့ချရအောင်....



ကနေဒါနိုင်ငံမှ ထိပ်တန်း ကိုယ်အလေးချိန် လျှော့ချနိုင်တဲ့ နည်းလမ်းတွေဖြစ်ပြီး သကြားစွဲလမ်းတဲ့ အခြေအနေကို အနိုင်ယူကာ ဆီးချိုရောဂါ ဖြစ်နိုင်ခြေကိုလည်း လျှော့ချနိုင်တဲ့အတွက်  ကိုယ်အလေးချိန် လျှော့ချလိုသူတွေ လိုက်နာသင့်ပါတယ်။ သကြားဓာတ်တွေ ခန္ဓာကိုယ်အတွင်း နေရာအနှံ့မှာ ရှိနေရင် ခန္ဓာကိုယ်ရဲ့ ဓာတုလုပ်ငန်းတွေ ပြောင်းလဲသွားပြီး ကိုယ်တွင်းအင်္ဂါထဲ အဆီတွေ တွယ်ကပ်နေသလို ဖြစ်သွားပါတယ်။ ဒါကြောင့် ကိုယ်တွင်းမှာ သကြားတွေ စုဆောင်းမှု မရှိအောင် Detox လုပ်ရပါမယ်။ Detox လုပ်တာကြောင့် တစ်ပတ်အတွင်း ကိုယ်အလေးချိန် ၁၅ ပေါင်အထိ လျော့ကျသွားနိုင်ပါတယ်။

၁။ သန့်ရှင်းတဲ့ အစာနဲ့ စတင်ပါ
ဆိုလိုတာက သဘာဝအတိုင်းဖြစ်တဲ့ အစာတွေဖြစ်ပြီး ဘာမှ မပြုပြင်ထားတဲ့ အစာတွေပါ။ ဥပမာအားဖြင့် ကြက်ဥ၊ ငါး၊ ကြက်သား၊ မြက်စားနွား၊ အခွံမာသီး၊ ပဲအမျိုးမျိုးနဲ့ ဟင်းသီးဟင်းရွက်တို့ ဖြစ်ကြပါတယ်။

ဘယ်လိုအလုပ်လုပ်သလဲ
သစ်သီးတွေမှ သဘာဝအချိုဓာတ်တွေ ရပေမယ့် သကြားနဲ့ အချိုပါဝင်တယ်လို့ စာတန်းကပ်ထားတဲ့ အစားအသောက် ထုတ်ကုန်တွေလောက် ကယ်လိုရီ မများတဲ့အတွက် အဲဒါတွေကို ရှောင်ကြဉ်တာကြောင့် ခန္ဓာကိုယ်တွင်း သကြားဓာတ်ရရှိမှု နည်းသွားနိုင်ပါတယ်။

၂။ တစ်ကြိမ်ကို နည်းနည်းနဲ့ ခဏခဏစားပါ
တစ်နေ့တာလုံးအတွက် အစာကြီးသုံးကြိမ်နဲ့ အဆာပြေအစာ သုံးကြိမ်စားပါ။
ဘယ်လိုအလုပ်လုပ်သလဲ
သကြားပါဝင်မှုနည်းတဲ့ အစာမျိုးစုံဖြစ်ပေမယ့် အဲဒီအစာတွေကို ပမာဏများများ စားလိုက်တာကြောင့် သွေးတွင်း သကြားဓာတ် မြင့်တက်သွားနိုင်ပါတယ်။ မကြာခဏ သကြားဓာတ်မြင့်တက်တာကြောင့် Insulin အဆင့်တွေ မြင့်သွားတယ်လို့ ကယ်လီဖိုးနီးယား တက္ကသိုလ်မှ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ Insulin ဆိုတာ အဆီလောင်ကျွမ်းမှုကို ပိတ်ပင်ပြီး အဆီစုဆောင်းမှုကို အားပေးတဲ့ဟော်မုန်းပါ။ အစာပမာဏ အနည်းငယ်ကို မကြာခဏ စားလိုက်တာကြောင့် ခန္ဓာကိုယ်က Relax ရရှိသွားပြီး လပေါင်းများစွာ သကြားစုဆောင်းမှု များတဲ့အတွက် ပျက်စီးမှုဖြစ်စဉ်တွေကို မဖြစ်အောင်ကာကွယ်နိုင်ပါတယ်။

၃။ ကစီဓာတ်အစား ပရိုတင်း စားပေးပါ
ကာဗိုဟိုက်ဒရိတ်ခေါ်တဲ့ ကစီဓာတ်ပါဝင်တဲ့ ဆန်၊ ပေါင်မုန့်၊ ခေါက်ဆွဲ အစရှိတာတွေကို တစ်နေ့ နှစ်ကြိမ်ထက် ပိုမစားပါနဲ့။ သင်အစာစားတဲ့ အချိန်တိုင်း ပရိုတင်းပါဝင်အောင် စားပေးပါ။
ဘယ်လိုအလုပ်လုပ်သလဲ
ကစီဓာတ်ကို ကန့်သတ်ပြီးစားကာ ပရိုတင်း ပိုမိုစားသုံးတာကြောင့် သွေးတွင်း သကြားဓာတ်မြင့်တက်မှုကို ကာကွယ်နိုင်ပါတယ်။ ဒါ့အပြင် ပရိုတင်း များများစားတာကြောင့် အချိန်အကြာကြီး ဗိုက်ပြည့်တင်းမှု ရရှိစေနိုင်ပါတယ်။

၎။ သကြားဓာတ်ကို ဖြိုခွဲနိုင်တဲ့ အစာစားပါ
သစ်ကြံပိုးခေါက်နဲ့ ပန်းသီးဝိုင်ရှာလကာရည် (Apple Cider Vinegar) တွေပါဝင်အောင် စားပါ။
ဘယ်လိုအလုပ်လုပ်သလဲ
အစာမစားခင် Vinegar အနည်းငယ်သောက်လိုက်တာကြောင့် သွေးတွင်း သကြားအဆင့်မြင့်တက်မှု ၈၁ ရာခိုင်နှုန်းခန့် လျှော့ချနိုင်ပါတယ်။ သစ်ကြံပိုးခေါက်မှာပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေဟာ ဆဲလ်တွေမှ သကြားဓာတ်ကို လောင်ကျွမ်းနှုန်း ပုံမှန်ထက်အဆ ၂၀ ပိုမြန်ပါတယ်။

ကိုယ်အလေးချိန် တက်တာနဲ့ ခန္ဓာကိုယ်တွင်း အဆိပ်ရှိတာအကြား ဆက်စပ်မှု ရှိနေတတ်ပါတယ်။  အဆိပ်တွေက အဆီဆဲလ်တွေထဲမှာ သိုလှောင်နေတာကြောင့် ခန္ဓာကိုယ်က အဆိပ်တွေ ပိုရှိလေလေ၊ အဆိပ်တွေကို သိုလှောင်ဖို့ အဆီတွေကို ပိုမို ထုတ်လုပ်ရလေလေ ဖြစ်ပါတယ်။ ဒါကြောင့် အဆီဆဲလ်တွေထဲမှာ စုပုံနေတဲ့ အဆိပ်တွေ လျော့ကျအောင် လုပ်ဆောင်တဲ့နည်းဟာ အဆီဆဲလ် ပမာဏကို လျော့နည်းစေသလို ကိုယ်အလေးချိန်ကိုလည်း လျှော့ချနိုင်ပါတယ်။
ရေသောက်ပါ
ရေဟာ ခန္ဓာကိုယ်အတွက် မရှိမဖြစ် အရေးပါပြီး ခန္ဓာကိုယ် အလေးချိန်ရဲ့ ၆၀ ရာခိုင်နှုန်းကျော်က ရေတွေနဲ့ ဖွဲ့စည်းထားပါတယ်။ ဆဲလ်တိုင်းဟာ အသက်ရှင်ဖို့ရာ အတွက် ရေကို မှီခိုနေရပါတယ်။ ရေဟာ ဆဲလ်တွေဆီကို အာဟာရဓာတ်တွေ သယ်ဆောင်ပေးသလို ခန္ဓာကိုယ်တွင်း အင်္ဂါအစိတ်အပိုင်းတွေထဲက အဆိပ်တွေ ထွက်ရှိဖို့လည်း ကူညီနိုင်ပါတယ်။ ရေအနည်းငယ်ပဲ သောက်ရင် ရေဓာတ် ခန်းခြောက်တာနဲ့ ပင်ပန်းနွမ်းနယ်မှုကို ဖြစ်စေနိုင်ပါတယ်။ ခန္ဓာကိုယ်ဟာ ချွေးထွက်တာနဲ့ ဆီးသွားတာတွေကြောင့် နေ့စဉ် ရေဓာတ်ဆုံးရှုံး နေတတ်ပါတယ်။ ဒီလို ဆုံးရှုံးမှုကို ပြန်လည် အစားထိုးနိုင်အောင် ရေကို များများ သောက်ပေးရပါမယ်။
လေ့ကျင့်ခန်းကို အလုံအလောက် လုပ်ဆောင်ပါ
သွေးစီးဆင်းမှု ကောင်းမွန်တာက ခန္ဓာကိုယ် အင်္ဂါအစိတ်အပိုင်းတွေဆီ ရေစီးဆင်း ရောက်ရှိမှုကို ကောင်းမွန်စေပါတယ်။ လေ့ကျင့်ခန်း လုပ်တာက အဆီတွေကို လောင်ကျွမ်းစေရုံ သာမက ချွေးထွက်တာကြောင့် ခန္ဓာကိုယ်ထဲက အဆိပ်တွေကို ကင်းစင်သွားစေပါတယ်။ ဒီလို အကျိုးကျေးဇူးတွေ ရရှိဖို့ နေ့စဉ် လေ့ကျင့်ခန်းလုပ်ပါ။ လေ့ကျင့်ခန်း လုပ်တာကြောင့် နှလုံးခုန်နှုန်း မြန်စေပြီး ဇီဝရုပ် ဖြစ်ပျက်မှုကို ကောင်းစေကာ အဆုတ်ရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေပါတယ်။
ရှောင်သင့်သော အစားအသောက်များကို ရှောင်ပါ
ခေါက်ဆွဲ၊ ပေါင်မုန့်၊ အာလူးနဲ့ အခွံချွတ်ထားတဲ့ သကြားပါ မုန့်တွေကို တတ်နိုင်သမျှ လျှော့စားသင့်ပါတယ်။ အကြောင်းကတော့ ကာဗိုဟိုက်ဒရိတ်က လောင်ကျွမ်းနှုန်း လွယ်စေပြီး စွမ်းအင်အဖြစ် ပြောင်းလဲ သွားနိုင်တာကြောင့် ခန္ဓာကိုယ်က အဆီတွေကို လောင်ကျွမ်းမယ့်အစား ကာဗိုဟိုက်ဒရိတ်ကိုပဲ လောင်ကျွမ်းစေလို့ပါ။ ကာဗိုဟိုက်ဒရိတ် အပိုတွေက အဆီအဖြစ် ခန္ဓာကိုယ်ထဲမှာ စုနေပါလိမ့်မယ်။
ဟင်းသီးဟင်းရွက် များများစားပါ
အရောင်နဲ့ အမျိုးအစားက ဘယ်လိုပဲ ဖြစ်ဖြစ် နေ့စဉ်နေ့တိုင်း ဟင်းသီးဟင်းရွက်တွေကို စားပေးသင့်ပါတယ်။ ဖြစ်နိုင်ရင် လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက် အစိမ်းကို ချက်စားသင့်ပါတယ်။ ဟင်းသီးဟင်းရွက်တွေက အလွယ်တကူ ကြေညက်လွယ်သလို ဗိုက်လည်း ပြည့်စေပါတယ်။ ဟင်းသီးဟင်းရွက်တွေမှာ မရှိမဖြစ် ဗီတာမင်နဲ့ သတ္တုဓာတ်တွေလည်း ပါဝင်ပါတယ်။
ငါးစားပါ
အနီရောင်အသားကို လျှော့စားဖို့ ကြိုးစားပါ။ ကြက်သားကို စားပေးနိုင်သလို အထူးသဖြင့် ငါးကို အဓိက စားပေးသင့်ပါတယ်။ ငါးမှာ အိုမီဂါ ၃ ဖက်တီးအက်စစ် ပါဝင်တာကြောင့် ဦးနှောက်ရဲ့ ကျန်းမာရေးကို ကောင်းမွန်စေကာ နှလုံးရောဂါ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။ ငါးဟာ ခန္ဓာကိုယ်ကို ပရိုတင်းဓာတ် ဖြည့်တင်းပေးတာကြောင့် ကြာကြာ ဗိုက်ပြည့်စေပါတယ်။
ပဲအမျိုးမျိုး စားပါ
ကုလားပဲ၊ ပဲနီလေးနဲ့ ပဲတီစိမ်း စတဲ့ ပဲအမျိုးမျိုးမှာ ပရိုတင်းဓာတ်နဲ့ အမျှင်ဓာတ်တို့ များများ ပါဝင်ပါတယ်။ ပဲအမျိုးမျိုးမှာပါတဲ့ အမျှင်ဓာတ်ဟာ အထွေထွေ ကျန်းမာရေးကို ကောင်းမွန်စေရုံ သာမက အစာခြေစနစ်ကိုလည်း ကျန်းမာစေပါတယ်။ ပဲအမျိုးမျိုးမှာ အဆီဓာတ် ပါဝင်မှုနည်းပြီး အင်ဆီအောက်ဆီးဒင့် ပါဝင်တာကြောင့် အဆိပ်တွေကို ချေဖျက်ပေးနိုင်စွမ်း ရှိပါတယ်။
အခွံမာသော အစေ့အဆန် စားပါ
အခွံမာတဲ့ အစေ့အဆန်တွေမှာ ပရိုတင်းဓာတ် ပါဝင်မှု မြင့်မားတာကြောင့် ဆာလောင်မှု မဖြစ်စေဘဲ နှလုံးကိုလည်း အကာအကွယ် ပေးနိုင်စွမ်း ရှိပါတယ်။ လေ့လာမှုအရ အခွံမာတဲ့ အစေ့အဆန်ကို ပုံမှန်စားတဲ့ သူတွေဟာ ဇီဝရုပ် ဖြစ်ပျက်မှုကို ကောင်းမွန်စေပြီး သွေးဖိအားကို လျော့ကျစေတယ်လို့ သိရပါတယ်။
အရက်ရှောင်ပါ
ခန္ဓာကိုယ်ထဲ အဆိပ်တွေ ချေဖျက်နေစဉ် အရက်ကိုလည်း ရှောင်ရပါမယ်။ အယ်လ်ကိုဟောဟာ ဆီးသွားစေတဲ့ အာနိသင်ရှိပြီး ခန္ဓာကိုယ်ကို ရေဓာတ် ခန်းခြောက်စေပါတယ်။ အယ်လ်ကိုဟောဟာ အသည်းရဲ့ အစာကို ချေဖျက်နိုင်စွမ်းနဲ့ အရေးကြီး အာဟာရဓာတ်တွေ စုပ်ယူနိုင်စွမ်းကို တားဆီးပေးပါတယ်။ အသည်းဟာ အယ်လ်ကိုဟောကို အဓိက ချေဖျက်နေရလို့ပါ။

ရေးသားပေးထားသော မမိုးကို ကျေးဇူးတင်ပါတယ်နော်....

၂၀ ရက် ၂၂ ရက် ၂၃ ရက်၂၆ ရက်နေ့ထုတ်ဂျာနယ်များ....

၂၂ ရက်နေ့ တနင်္လာံနေ့ထုတ် internet journal..

click here to read journal

၂၀ ရက်နေ့ စနေနေ့ထုတ် the voice journal...

click here to read journal..

၂၂ ရက်နေ့ တနင်္လာံနေ့ထုတ် weekly eleven journal..

click here to read journal...

၂၃ ရက်နေ့ အင်္ဂါံနေ့ထုတ် first eleven journal..

click here to read journal 

၂၂ ရက်နေ့ တနင်္လာံနေ့ထုတ် အနုပညာဂျာနယ် the ray of light journal..

click here to read journal 

၂၆ ရက်နေ့ သောကြာနေ့ထုတ် premier eleven journal.. 

click here to read journal

Sunday, October 21, 2012

ယောက်ကျားလေးများအတွက် မိန်းကလေးတွေရဲ့အလှအပရဲ့ နောက်ကွယ်မှာ သိထားသင့်တဲ့ အကြောင်းအရာများ...



အမျိုးသမီးတွေရဲ့ ဆွဲဆောင်မှု
ဆွဲဆောင်မှုရှိတဲ့ အမျိုးသမီးတွေရဲ့ အားသာချက်ကို ပိုင်ဆိုင်သူတွေက ပိုပြီးခံစားကြရမှာပါ။ ဆွဲဆောင်မှုမရှိတဲ့ သူတွေဆိုရင် နေရာမပေးခံရတာလည်း ကာယကံရှင်တွေကိုယ်တိုင် သိရှိနေမှာပဲလေ။ ယောက်ျားလေးတွေကလည်း လှတာထက် ဆွဲဆောင်မှုရှိတာကို ပိုကြိုက်တာကိုး။ ဆွဲဆောင်မှုရဲ့ နောက်ကွယ်မှာကျတော့ တိကျတဲ့ အဖြေထွက်ပေါ်လာခြင်း မရှိတာဘဲ။ ဒါပေမဲ့ ဆွဲဆောင်မှုရှိတဲ့ သူတိုင်းကတော့ လှတာပဲ။ လှတဲ့သူတိုင်းကတော့ ဆွဲဆောင်မှု မရှိပြန်ဘူး။ သိပ်ပြီးကွာတယ်။ ဒါကြောင့် ဆွဲဆောင်မှု သုတေသနပညာရှင်တွေရဲ့ အကြမ်းဖျင်း ကောက်ချက်ချတာကတော့ အမျိုးသမီးတစ်ယောက်ဟာ အမျိုးသား တစ်ယောက်အတွက်ဆိုရင် ငယ်ရွယ်နုပျိုမှု၊ လှပမှု၊ ခန္ဓာကိုယ် အချိုးအစား ပြေပြစ်မျှတမှု ရှိနေရင် ဆွဲဆောင်နိုင်တာပဲလေ။ မျက်နှာအတွက်ဆိုရင် ဆွဲဆောင်မှု ရှိဖို့အတွက် အချိုးအစား ညီညာမျှတခြင်း၊ နှုတ်ခမ်းသား ပြည့်စုံညီညာခြင်း၊ နဖူးကျယ်ခြင်း၊ မေးရိုးသေးခြင်း၊ နှာခေါင်းသေးခြင်း၊ အောက်မေးရိုးတိုနေခြင်း၊ ပါးရှိမေးရိုးတွေ ထင်ပေါ်မြင့်မားနေခြင်း၊ ရှင်းလင်းချောမွေ့တဲ့ အသားအရေရှိခြင်း၊ ကြီးပြီးကြည်လင်တဲ့ မျက်လုံးပိုင်ရှင်ဖြစ်ခြင်းဟာ အမျိုးသမီး တစ်ယောက်အတွက် ဆွဲဆောင်မှုရှိတဲ့ မျက်နှာပိုင်ရှင်ပါပဲ။

ငယ်ရွယ်နုပျိုမှု

ဆွဲဆောင်မှုမှာတော့ ငယ်ရွယ်နုပျိုခြင်းဟာ လူတိုင်း ပိုင်ဆိုင်လို့ မရပါဘူး။ အသက်အရွယ် ကြီးရင့်သူ တစ်ယောက်အတွက် နုပျိုချင် နုပျိုနိုင်ပေမယ့် ငယ်ရွယ်တာတော့ ဖြစ်မလာနိုင်ဘူး။ ဒီတော့ ငယ်ရွယ်နုပျိုမှုဟာ အချိန်အတိုင်းအတာ ရှိတာပေါ့။ အသက်ကြီးလာရင်တောင် အသက်ကို လိမ်ပြောချင်ကြတယ်။ အသက်ကြီးတယ် ပြောတာ၊ အိုစာတာကို လုံးဝ လက်မခံကြပါဘူး။ ဒီတော့ နုပျိုငယ်ရွယ်ခြင်းဟာ ဆွဲဆောင်မှုအတွက် အချိန်အတိုင်းအတာ တစ်ခုအတွင်း ရမယ့်အကျိုးရလဒ် တစ်ခုပဲ။ ဆွဲဆောင်မှု အရှိဆုံးအရွယ်ကို စစ်တမ်းအရ ၂၁ နှစ်လို့ သတ်မှတ်ကြတယ်။ နှစ်ဆကြီးလာရင် နှစ်ဆ ဆွဲဆောင်မှု လျော့တာပါပဲ။

ရင်သား

သုတေသန အလိုအရပြောရရင် တချို့အမျိုးသားတွေက အမျိုးသမီးတွေရဲ့ ရင်သားဟာ ဆွဲဆောင်မှုရှိတဲ့ အထဲမှာ ပါတယ်ဆိုတာပါပဲ။ တချို့ လေ့လာချက်ကျတော့ ရင်သား ညီနေရင် အမျိုးသားတွေ ပိုကြိုက်သတဲ့။ နောက်တစ်ခါ တချို့အဖွဲ့ကတော့ အမျိုးသမီးတွေရဲ့ ရင်သားကြီးပြီး၊ မာတင်းတာကို ကြိုက်ပြန်ရောတဲ့။ ကြိုက်တာ မတူဘူးနော်။ အကြိုက်မတူတဲ့အတွက် ဆွဲဆောင်မှုကျ မတူပြန်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သုတေသနတွေရဲ့ ဆုံးဖြတ်ချက်ကတော့ ရင်သားကြီးတာဟာ Oestradial နဲ့ Progesterone ဟော်မုန်းတွေ များနေလို့ပါပဲတဲ့။ ခန္ဓာကိုယ်ညွှန်းကိန်း (BMI) ဒါကတော့ မမြင်ရဘူး။ တိုင်းတာပြီး ဆုံးဖြတ်ရတဲ့ စံနှုန်းစံထားပါ။ ဆွဲဆောင်မှုမှာတော့ ခန္ဓာကိုယ်ညွှန်းကိန်း (BMI) လည်း ပါတာပေါ့။ အင်္ဂလိပ်လို အရှည်ကတော့ Body Mass Index ပေါ့။ ကျန်းမာရေး ရှုထောင့်မှာလည်း နောက်ပိုင်း အရေးပါလာတယ်။ BMI ရဲ့ အရေးကြီးမှုဟာ ခန္ဓာကိုယ် တစ်ခုလုံးအတွက်နဲ့ပါ သက်ဆိုင်လာတာပေါ့။ အဲ… နောက်တစ်မျိုး ပြောရရင်တော့ BMI ဟာ ဝတာ၊ မဝတာလည်း ဆုံးဖြတ်ပေးတာပဲလေ။ ဒီနေရာမှာတော့ မောင်ကေနိုင်း သိရတာက မိန်းကလေးတွေရဲ့ ဆွဲဆောင်မှုမှာ BMI ရလဒ် ပါနေတာပါပဲ။ တွက်ချက်တဲ့နည်းတော့ ရှိပါတယ်။ မောင်ကေနိုင်း အရပ်က ၅ ပေ ၇ လက်မမြင့်ပြီး ပေါင်ချိန်က ၁၇၀ ဆိုပါစို့ဗျာ။ BMI တွက်နည်းအတိုင်း တွက်ကြည့်ရာ ၂၆ ဒသမ ၆၂၂ ရရှိပါတယ်။ ပုံမှန်ရှိသင့်တဲ့ BMI ၂၃ ဝန်းကျင်ရှိရမယ်။ ၂၆ ဒသမ ၆၂၂ ဆိုတော့ ဝနေတယ်။ ပုံပျက်နေတယ်ပေါ့။ နောက်တစ်မျိုး ပြောရရင်တော့ မလှဘူးပေါ့။ ဒါကြောင့် BMI ကို အရေးကြီးတဲ့အထဲမှာ ပါလာပြီး နောက်ပိုင်း Mobile Hand Set တွေဆိုရင် BMI တွက်ဖို့ တစ်ခါတည်း ထည့်ပေးထားတယ်။ ဒါကျ ဒီလိုမြှောက်စားတာတွေ မလိုတော့ဘူး။ တစ်ခါတည်း ထည့်လိုက်တာနဲ့ ဝနေတယ်၊ ပိန်နေတယ်၊ ပုံမှန်ပဲဆိုတဲ့ အဖြေပါ ပေးတယ်။ ဒါကြောင့် ဆွဲဆောင်မှုနဲ့ အလှအတွက်ရော၊ ကျန်းမာရေးအတွက်ပါ BMI ဟာ တွက်ချက်ကြည့်သင့်တဲ့ အထဲမှာ ရှိနေပါတယ်။

ခါး-တင် အချိုး

အမျိုးသမီးတွေအတွက် ခါး-တင် အချိုးကလည်း ဆွဲဆောင်မှုနဲ့ အလှရဲ့ အဓိကပါပဲ။ သူလည်း စံနှုန်းတော့ ရှိတယ်ဗျ။ ဒါပေမဲ့ လူမျိုးနဲ့ခွဲပြီး အချိုးတွေကတော့ ကွာခြားမှုရှိတယ်။ တရုတ်လူမျိုးတွေက ၀ ဒသမ ၆ ရှိတယ်။ တောင်အမေရိကတိုက်နဲ့ အာဖရိကလူမျိုးတွေကလည်း ၀ ဒသမ ၈ နဲ့ ၀ ဒသမ ၉ ဝန်းကျင် ရှိကြတယ်။ ဒီအချိုးတွေရော၊ အလှအပတွေပါ စံနှုန်းထားပြီးတွက်တဲ့ အချိုးလေး ရှိပါတယ်။ သူ့အခေါ်အဝေါ်ကတော့ ရွှေအချိုး (Golden Ratio) ပေါ့။ နောက်ပိုင်းကျတော့ ဒီရွှေအချိုးပါ တွက်တဲ့အခါ အလှအပမှာ အရေးကြီးတာနဲ့ ဆက်စပ်တာကို သိလာပါလိမ့်မယ်။ ထပ်ပြီးလည်း မောင်ကေနိုင်းက Golden Radio နဲ့ ပတ်သက်ပြီး ဖော်ပြပေးပါဦးမယ်။

အရပ်အမောင်း

ဆွဲဆောင်မှုရှိတဲ့အထဲမှာ အရပ်အမောင်းကိုလည်း မေ့ထားလို့ မရပြန်ဘူး။ ဘယ်လိုပဲပြောပြော အရပ်ပုတဲ့သူက နေရာ၊ အခြေအနေမပေး၊ ဆွဲဆောင်မှု မရှိတာတော့ အမှန်ပါပဲ။ ဒါပေမဲ့ အမျိုးသားတွေဟာ အမျိုးသမီးတွေကို အရပ်ရှည်တာ ကြိုက်ပေမယ့် သူတို့ထက်ရှည်ရင် ဆွဲဆောင်မှု မရှိတော့ဘူးလို့ ဆိုပြန်ပါတယ်။ တွဲသွားတွဲလာ လမ်းလျှောက်တဲ့အခါ အမျိုးသမီးရဲ့ အရပ်က ပိုရှည်နေတဲ့ မြင်ကွင်းကတော့ ယောက်ျား၊ မိန်းမ ဆွဲဆောင်မှု အလှအပကို အကျည်းတန်စေပါတယ်။


ခြေထောက်-ခန္ဓာကိုယ် အချိုး

လေ့လာ သုံးသပ်မှုတွေအရ ခြေထောက်နဲ့ ခန္ဓာကိုယ်ရဲ့အချိုးတွေကို ကြည့်တဲ့အခါမှာပေါ့၊ ဆိုလိုတာက ခြေထောက် အရှည်၊ ခန္ဓာကိုယ်ပိုင်း အရှည် ပြောတာ။ ဒီလိုနှိုင်းယှဉ်ရင် ခြေထောက်ပိုင်း ရှည်တာက ပိုပြီးဆွဲဆောင်မှု ရှိတယ်တဲ့ဗျာ။ ဒါတော့ လူတိုင်း အမှုမဲ့၊ အမှတ်မဲ့ အချိုးအစားပဲ။ သေချာကြည့်ပြီး နှိုင်းယှဉ်ကြည့်မှ သိရမှာပဲ။

ဆံပင်

ဆံပင်ရဲ့အချက်တွေကလည်း အများကြီးရှိတာပေါ့။ ဒါပေမဲ့ ယေဘုယျ ဆွဲဆောင်မှုကို ဦးစားပေးပြောမယ်ဆိုရင် ဆံပင်ရှည်ရှည်နဲ့ အမျိုးသမီးဟာ ဆွဲဆောင်မှု ရှိတယ်တဲ့။ ဒါကြောင့် ဘာကြောင့် ဒီလိုဖြစ်ပေါ်လာရသလဲ ဆိုရင်တော့ စိတ်ပိုင်းဆိုင်ရာ ရှင်းပြချက်အရ ပြောရရင် ဆံပင်ရှည်တဲ့သူဟာ အာဟာရဓာတ်ပြည့်ဝပြီး သတ္တုဓာတ်၊ ဗီတာမင်ဓာတ်တွေ ပြည့်စုံတဲ့ အမျိုးသမီးလို့ သွယ်ဝိုက် ပြောတာပဲတဲ့။ နောက်ပြီး မောင်ကေနိုင်းတို့လို အာရှတိုက်သားတွေက ဆံပင် ရှည်လည်းရှည်၊ နက်လည်း နက်နေမှ ဆွဲဆောင်မှု ရှိတာတဲ့။

လှုပ်ရှားမှုပုံစံ

ဒါက ပြောရခက်သားဗျာ၊ ကြည့်သောသူ မြင်၏ လို့ပြောရမှာပဲ။ အမျိုးသမီးတစ်ယောက် သွားလာ၊ လှုပ်ရှားမှု၊ ပျော့ပြောင်းနူးညံ့မှု ဟန်ပန်တွေပေါ့။ ဒီအပြုအမူတွေက သွက်လက်ချက်ချာပြီး လှုပ်ရှားမှုက လှပနေရင် ကျန်းမာခြင်းနဲ့ နုပျိုခြင်းကိုပါ ပြညွှန်းနေတာတဲ့။ တစ်ခုနဲ့တစ်ခု သွယ်ဝိုက် ဆက်စပ်တယ်နော်။


အသားအရောင်

အသားအရောင်ကလည်း ဆွဲဆောင်မှုပဲပေါ့။ ရွှေဝါရောင်လို ဖြူဖွေးနေရင် လှနေတာပဲ။ ဒါပေမဲ့ ကပ္ပလီလို လူမျိုးက ဒီလိုမြင်ရနိုင်မှာလား၊ လူမျိုးနဲ့ တိုင်းပြည်နဲ့ ဆိုင်သွားပြီ။ အာရှတိုက်သားတွေမှာ အနီရောင်နဲ့ အဝါရောင်ကြားမှာရှိနေတဲ့ အရေပြားအရောင်ဟာ ကျန်းမာရေးအရ ဆွဲဆောင်မှုရှိတယ်။ ဒါဟာ အောက်ဆီဂျင်ထဲ ပါတဲ့သွေး (Oxygenated blood) တွေ ခန္ဓာကိုယ်ထဲမှာ စီးဝင်နေတာဖြစ်လို့ သိပ်ကျန်းမာတဲ့သူ ဖြစ်တာကို ညွှန်းတာတဲ့။ ဒီတော့ ကျန်းမာခြင်းနဲ့အလှ ဆက်စပ်တာပေါ့။

ဒေါက်တာမိုလာကို ကျေးဇူးတင်ပါတယ်နော်...

အိုမင်းမှုကို ဟန့်တားပြီး အရွယ်တင် နုပျိုစေရန်


အိုမင်းမှုဆိုတာ မလွှဲမရှောင်သာ ဖြစ်စဉ်တစ်ခုပါ။ ကမ္ဘာပ်ါမှာ နေထိုင်ကြတဲ့ သက်ရှိအားလုံး အချိန်နဲ့အမျှ အိုမင်းလာနေကြပါတယ်။  အသက်ကြီးလာတဲ့ သဘောတရားကို လွန်ဆန်လို့ မရပေမယ့် အိုမင်းတဲ့ သွင်ပြင်တွေကို လျှော့ချနိုင်ပြီး အရွယ်တင် နုပျိုလှပအောင် ကြိုးစားသင့်ပါတယ်။ နှစ် ၄၀ ကြာ လေ့လာမှုတစ်ရပ်အရ အာဟာရရှိတဲ့ အစာတွေကို စားတာအပါအဝင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဘဝနေထိုင် စားသောက်မှုပုံစံကို လိုက်နာတာက အိုမင်းမှုကို နှောင့်နှေးစေပြီး အရွယ်တင် နုပျိုစေကြောင်း သိရပါတယ်။

(၁) စားနိုင်သော ပမာဏ၏ လေးပုံ သုံးပုံပဲ စားပါ


သင်စားနိုင်တဲ့ အတိုင်းအတာထက် လျှော့စားတဲ့အခါ ခန္ဓာကိုယ်မှ (အောက်ဆီဂျင် မော်လီကျူးတွေကို ထိခိုက်စေတဲ့) ဖရီးရယ်ဒီကယ် ထွက်နှုန်း လျော့နည်းစေပါတယ်။ ကိုယ်ထဲမှာ ဖရီးရယ်ဒီကယ်တွေ များတာက အိုမင်းမှုဖြစ်စဉ်ကို တိုးစေနိုင်ပါတယ်။ ဒါ့အပြင် အစာကို များများစားတာကြောင့် ကယ်လိုရီ အပိုရရှိတာဟာ နုပျိုလှပမှုရဲ့ ရန်သူလည်း ဖြစ်ပါတယ်။

(၂) ရေ၊ ရေနွေးကြမ်းနှင့် ရေဓာတ်များသော စွပ်ပြုတ်သောက်ပါ


ရေဟာ အစာကို ကြေညက်စေတာကြောင့် သင့်ခန္ဓာကိုယ်မှ လိုအပ်တဲ့ အာဟာရဓာတ်တွေကို စုပ်ယူရရှိနိုင်ပါတယ်။ ရေဟာ အဆစ်တွေကို ချောမွေ့စေကာ အမြှေးပါးတွေကို စိုစွတ်စေတာကြောင့် နေ့စဉ် ရေနဲ့ အရည်များများပါတဲ့ စွပ်ပြုတ်ကို သောက်ပေးသင့်ပါတယ်။

(၃) အစာစားချင်စိတ်ကို ဟန်ချက်ညီမျှအောင် လုပ်ပါ

 
ခန္ဓာကိုယ်မှာ အပူဓာတ် လွန်ကဲမှုကြောင့် အစာ စားချင်စိတ် များတဲ့အခါ ဟန်ချက်ညီသွားစေဖို့ သခွားသီး၊ တရုတ်နံနံ၊ ဂေါ်ဖီထုပ်၊ မုန်လာဥ၊ ဆလတ်ရွက်၊ ခရမ်းချဉ်သီး စတဲ့ အေးမြစေတဲ့ ဟင်းသီးဟင်းရွက်တွေနဲ့ ဖရဲသီး၊ ပန်းသီး၊ ငှက်ပျောသီး၊ လိမ္မော်သီး၊ စပျစ်သီး၊ သစ်တော်သီးတို့လို သစ်သီးတွေကို စားပေးရပါမယ်။ အင်တီအောက်ဆီးဒင့်ကိုလည်း ရရှိစေတဲ့အတွက် အရွယ်တင် နုပျိုစေပါတယ်။ 

from shwe beauty...

ပြုံးလိုက်တိုင်း လှချင်တယ်ဆိုရင်



တချို့အစားအစာကို ပိုစားပါ
ပန်းသီး၊ မုန်လာဥနီ၊ ဟင်းသီးဟင်းရွက်၊ အရည်ရွှမ်းတဲ့ သစ်သီးနဲ့ ဘယ်ရီသီး အမျိုးမျိုးတွေက သဘာဝ သွားဖြူစေတဲ့ သစ်သီးတွေပဲ ဖြစ်တာကြောင့် အဲလိုသစ်သီးတွေကို ပိုစားပါ။
သောက်နေကျ အရည်တွေကို ဆန်းစစ်ပါ
အရမ်းအရောင်ရင့်တဲ့ ဖျော်ရည်တွေဖြစ်တဲ့ ကော်ဖီ၊ လက်ဖက်ရည်၊ ဝိုင်နဲ့ ချောကလက် ဖျော်ရည်တွေကို သောက်ပြီးချိန်မှာ ရေအနည်းငယ်နဲ့ စက္ကန့်  ၂၀ လောက် ငုံထားပြီး အာလုတ်ကျင်းပေးသင့်ပါတယ်။ အရောင့်ရင့် ဖျော်ရည်တွေကို အသောက်များတာကြောင့် သွားအရောင် မည်းလာတတ်ပြီး မလှတော့ပါဘူး။
အပြင်အဆင်နဲ့ လှည့်စားပါ
နှုတ်ခမ်းနီအရောင်ကို နှင်းဆီနီရောင်၊ ပန်းရောင်နဲ့ ဘယ်ရီရောင်တွေက သင့်အပြုံးကို ပိုပြီး သက်ဝင်လှပနေအောင် အထောက်အကူပြုစေတဲ့ နှုတ်ခမ်းနီအရောင်တွေပဲ ဖြစ်ပါတယ်။ သွေးရောင်လွှမ်းတဲ့ နှုတ်ခမ်းတစ်စုံက သင့်ကို ပြည့်စုံတဲ့ အပြုံးပေးနိုင်ပါတယ်။
ပုံမှန် ခံတွင်းသန့်ရှင်းမှု ပြုလုပ်ပါ
တစ်နေ့နှစ်ကြိမ် သွားတိုက်တာမျိုး၊ ထမင်းစားပြီးချိန်တိုင်း သွားတိုက်တာမျိုး၊ သွားတိုက်တံကို သုံးလ၊ လေးလ တစ်ကြိမ်လောက် အသစ်လဲပေးတာမျိုး၊ သွားပွတ်ကြိုးကို နေ့စဉ်သုံးပေးတာမျိုး၊ သွားတိုက်ပြီးချိန် လျှာကိုပါ သန့်စင်ပေးတာမျိုး၊ သွားဆရာဝန်နဲ့ ခြောက်လတစ်ကြိမ် ပုံမှန် တွေ့ဆုံတာမျိုး ပြုလုပ်ပြီး သွားနဲ့ခံတွင်းကို ဂရုစိုက်ပါ။
သွားဖြူဆေး ကိုယ်တိုင်ဖန်တီးပါ
ဟိုက်ဒရိုဂျင်ပါ အောက်ဆိုက်အမှုန့် တစ်ဇွန်းနဲ့ ဆော်ဒါမှုန့်တစ်ဇွန်းကို ရေအနည်းငယ်နဲ့ ပျစ်နေအောင် ရောပြီး သွားတိုက်တံပေါ်မှာ သွားတိုက်ဆေးအဖြစ် သုံးပေးနိုင်ပါတယ်။ သွားကို ဖြူဝင်းစေပြီး အနံ့ဆိုးကင်းစေကာ ဘက်တီးရီးယားတွေကိုလည်း သေစေနိုင်ပါတယ်။
နှုတ်ခမ်းဘေးက အရေးကြောင်းတွေကို ဖယ်ရှားပါ
နှုတ်ခမ်းပေါ်နဲ့ နှုတ်ခမ်း ဘေးပတ်ပတ်လည်မှာ အရေးကြောင်းတွေ ရှိနေတာကလည်း သင့်အပြုံးကို လှပမှုကင်းစေတဲ့ အကြောင်းရင်းတစ်ခု ဖြစ်တာကြောင့် ဖယ်ရှားပေးသင့်ပါတယ်။ နှုတ်ခမ်းဖူးဖူးလေး ဖြစ်ဖို့ ရေဓာတ်အပြည့်အဝ ပါဝင်တဲ့ နှုတ်ခမ်းဆိုးဆေးကို သုံးပြီး၊ နှုတ်ခမ်းဆိုးဆေး အဆီတစ်မျိုးကို အပြီးသတ်ဆိုးပေးပါ။ နှုတ်ခမ်းဘေးက အရေးကြောင်းတွေအတွက် ဘိုတောက် ဆေးထိုးနည်းက ကူညီနိုင်ပါတယ်။ အရေပြားဆရာဝန်နဲ့ တိုင်ပင်ပြီး ကုသပေးနိုင်ပါတယ်။ ဆေးလိပ်သောက်တာကလည်း အရေပြားမှာ အရေးကြောင်းကို ဖြစ်စေတာကြောင့် ဆေးလိပ်သောက်တတ်သူ ဖြစ်ရင် ဆေးလိပ်သောက်တာကို ချက်ချင်း ရပ်တန့်ဖို့လိုပါတယ်။
သွားကို နည်းနည်းမှ အထိမခံပါနဲ့
သွားအနည်းငယ် ပဲ့ထွက်တာ၊ ကျိုးပဲ့တာမျိုးတွေနဲ့ မတော်တဆ ထိခိုက်မှုတွေကြောင့် သွားကျဉ်တာမျိုးတွေဖြစ်ရင် သွားဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ သွားကို အလှပြုပြင်သူတွေ၊ သွားအရောင်ချွတ်ထားသူတွေ၊ သွားထဲမှာ စိန်ထည့်ထားသူတွေမှာ အစပိုင်း သွားကျင်တာမျိုး ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ ပုံမှန်မဟုတ်တဲ့ သွားကျဉ်တာမျိုးနဲ့ သွားကျဉ်တာက ရေသောက်လို့တောင် မရရင်တော့ သွားဆရာဝန်နဲ့ တိုင်ပင်ဖို့လိုပါတယ်။
သွားကျဲတာက သင့်အပြုံးကို ရုပ်ဆိုးစေပါတယ်
သွားကျဲတာကို ပြန်လည် ကုသပေးဖို့အတွက် သွားထိန်းကြိုးတွေ တပ်ထားပြီး ပြန်လည် ပြုပြင်ပေးလို့ ရပါတယ်။ ဒီလိုပြုပြင်မှုကို ကလေးငယ်တွေအတွက် မပြုလုပ်သင့်ပါဘူး။ သွားတွေအားလုံကို စုပြီးညီညာအောင် ပြုလုပ်ထားတာမျိုးပါ။ အဲဒီ့ ကိရိယာက တပ်ထားစဉ်မှာတော့ သင့်ကို ကြည့်ရဆိုးနေစေမှာပါ။ ကိရိယာ တပ်ဆင်ထားစဉ်မှာ ဆောင်သင့် ရှောင်သင်တဲ့ အစားအစာတွေကို သွားဆရာဝန်က ညွှန်ကြားပေးပါလိမ့်မယ်။ ကိရိယာ တပ်ဆင်ထားချိန်က ခြောက်လကနေ တစ်နှစ်လောက် ကြာပါတယ်။
ကုသမှု မှန်ကန်ပါစေ
သင့်အပြုံးဟာ သင့်သွားပုံစံနဲ့ ဆက်စပ်မှု ရှိတယ်ဆိုတာ သိသင့်ပါတယ်။ သွားကျန်းမာရေးအတွက် တိုင်ပင်ချိန်မှာ အမှန်တကယ် နားလည်တဲ့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပြီး၊ မှန်ကန်တဲ့ အကြံကိုလည်း ယူသင့်ပါတယ်။
သွားကြားညပ်တာကို ဂရုစိုက်ပါ
အစာစားပြီးချိန်မှာ သွားကြားမှာ ငရုတ်သီးဖတ်နဲ့ အစားအသောက်တွေ ကပ်နေတာမျိုး ဖြစ်တတ်ပါတယ်။ အထူးသဖြင့် ချောကလက်လို အစားအစာတွေ စားပြီးချိန်မှာ သွားကြားမှာ အမည်းရောင်တွေ စွန်းထင်း ကပ်ငြိနေတတ်ပါတယ်။ ဒါဟာ သင့်အပြုံးကို အကျည်းတန်စေတဲ့ အချက်တွေပါပဲ။ အစာစားပြီးတိုင်း ခံတွင်းသန့်ရှင်းမှုကို အလေးပေးပြီး ပြုလုပ်ပေးပါ။

လမင်းလေးကို ကျေးဇူးတင်ပါတယ်နော်....

အစား မလျှော့ဘဲ ကိုယ်အလေးချိန် ကျစေမည့် နည်းလမ်းများ



အစားအသောက်ကို အလွန်အမင်း လျှော့စရာ မလိုဘဲ ကိုယ်အလေးချိန် လျော့ကျလိုပါသလား။  အစားအသောက် မလျှော့ဘဲ ဝိတ်ကျချင်သူတွေအတွက် ဘဝနေထိုင်မှုပုံစံတချို့ ပြောင်းလဲလိုက်ရုံနဲ့ အဆင်ပြေသွားစေမယ့် နည်းလမ်းကောင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ အိပ်ရေးဝဝ အိပ်ပါ။
မီချီဂန် တက္ကသိုလ်ရဲ့ လေ့လာမှု တစ်ခုအရ တစ်ညမှာ တစ်နာရီ ပိုအိပ်တာနဲ့ တစ်နှစ်ကြာရင် ကိုယ်အလေးချိန် ၁၄ ပေါင် ကျဆင်းသွားကြောင်း သိရပါတယ်။ အိပ်ရေးဝခြင်းက ဆာလောင်စိတ်ကို အထိုက်အလျောက် တားဆီးပေးနိုင်တာကြောင့် ဖြစ်ပါတယ်။

၂။ အိမ်မှာ စားပါ။
အိမ်မှာ ချက်ထားတဲ့ အစားအစာတွေကို တစ်ပတ်မှာ အနည်းဆုံး ငါးရက်စားသူတွေဟာ ခန္ဓာကိုယ် သွယ်လျလာတတ်ကြပါတယ်။ ဒါဟာ ဆိုင်တွေမှာ ချက်ပြုတ်တဲ့ အစားအသောက် အများစုဟာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အဆီပါဝင်မှု များတာကြောင့်ပါ။

၃။ အစားကို ဖြည်းဖြည်းချင်း စားပါ။
အစားအသောက် တစ်နပ်စားချိန်ကို မိနစ် ၂၀ ကြာ အချိန်ပေးပါ။ အစာစားတဲ့အခါ ဖြည်းဖြည်းချင်း ကြေညက်အောင် ဝါးစားပေးရန် ခန္ဓာကိုယ်ကနေ မကြာခင်မှာပဲ ဗိုက်ပြည့်ကြောင်း အချက်ပြပါလိမ့်မည်။ အစားအသောက်ကို အမြန်စားရင်တော့ ဗိုက်ပြည့်ကြောင်း အချက်ပြသံကို သတိမထားမိဘဲ အလွန်အကျွံ စားဖြစ်သွားပါတယ်။

၎။ ဟင်းသီးဟင်းရွက် များများစားပါ။
အစာ တစ်နပ်စားတိုင်း ဟင်းသီးဟင်းရွက် သုံးမျိုးပါအောင် စားပါ။ အစားအသောက်ကို များများ စားရမှ ကျေနပ်တတ်သူတွေ အနေနဲ့ ဟင်းသီးဟင်းရွက်ကို များများ စားပေးလိုက်တာဟာ စိတ်ကျေနပ်မှု ရစေသလို ကိုယ်အလေးချိန်လည်း လျော့ကျစေနိုင်ပါတယ်။ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံထဲမှာ အမျှင်ဓာတ်နဲ့ ရေဓာတ်သာ အဓိကပါပြီး ကယ်လိုရီ ပါဝင်မှု နည်းပါးတာကြောင့်ပါ။

၅။ ကောက်နှံတစ်လုံးနဲ့ ပြုလုပ်ထားတဲ့ အစာ စားပါ။
“ဆန်လုံးညို၊ ဘာလီ၊ အုတ်ဂျုံ၊ အညိုရောင်ပေါင်မုန့် စတာတွေဟာ ဝိတ်လျှော့လိုသူတို့အတွက် အသင့်တော်ဆုံးပါပဲ။ အကြောင်းကတော့ ကောက်နှံတစ်လုံးနဲ့ လုပ်ထားတဲ့ အစားအသောက်တွေဟာ ကယ်လိုရီ ပါဝင်မှု နည်းပြီး ခန္ဓာကိုယ်ထဲမှာ ကောင်းတဲ့ ကိုလက်စထရော မြင့်တက်စေတာကြောင့်ပါ။

၆။ ဝက်ပေါက်ခြောက် ရှောင်ပါ။
နံနက်စာ စားတဲ့အခါမှာ ဆင်းဒဝစ်ရှ် စားတဲ့အခါ ဝက်ပေါင်ခြောက် မစားပါနဲ့။ ဝက်ပေါင်ခြောက် နှစ်ချောင်းမှာ ကယ်လိုရီ ၁၀၀ လောက် ပါဝင်တဲ့အတွက် တစ်နှစ်ကြာရင် ကိုယ်အလေးချိန် ၁၀ ပေါင် တက်လာနိုင်ပါတယ်။ ဟမ်ဘာဂါ ဒါမှမဟုတ် ဆင်းဒဝစ်ရှ် စားတဲ့အခါ ဟင်းသီးဟင်းရွက် ပါဝင်တာကိုသာ ရွေးစားပါ။

၇။ သကြား မစားရပါ။
အချိုရည်အစား ရေပြောင်းသောက်လိုက်ရင် သကြား လက်ဖက်စားဇွန်း တစ်ဇွန်းလောက် ရှောင်ရှားရာ ရောက်ပါတယ်။ သကြားဟာ ကိုယ်အလေးချိန် တက်စေတဲ့အပြင် စိတ်ကိုပါ ထိုင်းမှိုင်း ညှိုးနွမ်းစေပါတယ်။

၈။ အယ်လ်ကိုဟော ပမာဏ ကန့်သတ်ပါ။
အရက်ပါတဲ့ လူမှုရေးဝိုင်းတွေ သွားတဲ့အခါ ကော့တေး၊ ဘီယာ၊ ဝိုင်၊ အရက် စတာတွေကို အရင်ဆုံး လက်လှမ်းမယ့်အစား ရေကို အရင်ဆုံး သောက်ပါ။ အရက်သောက်မိသွားတဲ့အခါ အရက်ကြောင့် ကယ်လိုရီ ရှိစေတဲ့အပြင် အဟာရတန်ဖိုးနည်းတဲ့ အစားအသောက်တွေကိုပါ မဆင်မခြင်ဘဲ စားမိသွားစေနိုင်ပါတယ်။

၉။ လက်ဖက်စိမ်း လက်ဖက်ရည် သောက်ပါ။
လက်ဖက်စိမ်း လက်ဖက်ရည် သောက်တာဟာ ကိုယ်အလေးချိန် လျော့ကျစေမယ့် နည်းလမ်းကောင်း တစ်ခုပါပဲ။ လက်ဖက်စိမ်း လက်ဖက်ရည်ဟာ ခန္ဓာကိုယ်ရဲ့ ကယ်လိုရီ လောင်ကျွမ်းစေတဲ့ ဇီဝရုပ်ဖြစ်ပျက်မှုကို အားကောင်းစေတာကြောင့်ပါ။ လက်ဖက်စိမ်း လက်ဖက်ရည် ပမာဏ အနည်းငယ် သောက်ရင်တောင် စိတ်ကို လန်းဆန်းသွားစေနိုင်ပါတယ်။

၁ဝ။ ယောဂ ကျင့်ပါ။
ယောဂကျင့်တဲ့ အမျိုးသမီးတွေဟာ ယောဂ မကျင့်သူတွေထက် ကိုယ်အလေးချိန် နည်းကြကြောင်း အမေရိကန် အာဟာရ အဖွဲ့အစည်းက ဆိုပါတယ်။ အကြောင်းကတော့ ယောဂကျင့်သူတွေဟာ အစားအသောက်ကို အလွန်အကြူး စားတတ်တဲ့အကျင့် မရှိကြတာကြောင့်ပါ။ ယောဂကျင့်တာကြောင့် စိတ်တည်ငြိမ် အေးချမ်းနေတဲ့အတွက် အစားအသောက်ကိုလည်း သင့်တင့်တဲ့ ပမာဏသာ စားသောက်လေ့ရှိတာ ဖြစ်နိုင်ကြောင်း သုတေသီတွေက ဆိုပါတယ်။

၁၁။ သကြားမပါသော ပီကေ ဝါးပါ။
သကြားမပါတဲ့ ပီကေ ဝါးတာဟာ သွားရေစာ စားချင်စိတ် လျော့နည်းစေတတ်ပါတယ်။ တီဗီကြည့်ရင်း ဒါမှမဟုတ် အင်တာနက်သုံးရင်း ညစာ စားပါက သွားရေစာ စားချင်စိတ် ပြင်းပြနိုင်ပါတယ်။ သကြားမပါတဲ့ အနံ့မွှေးတဲ့ ပီကေ ဝါးပေးရင် တခြား သွားရေစာတွေ စားချင်စိတ် လျော့သွားနိုင်ပါတယ်။

၁၂။ တစ်နေ့မှာ ကယ်လိုရီ ၁၀၀ လောင်ကျွမ်းအောင် လုပ်ပါ။
အစား မလျှော့ဘဲ တစ်နှစ်မှာ ကိုယ်အလေးချိန် ၁၀ ပေါင် ကျချင်ရင် တစ်နေ့မှာ ကယ်လိုရီ ၁၀၀ ကျဖို့အတွက် မိနစ် ၂၀ ကြာ တစ်မိုင် လမ်းလျှောက်ခြင်း၊ မိနစ် ၂၀ ကြာ ဥယျာဉ် စိုက်ပျိုးခြင်း၊ မိနစ် ၃၀ ကြာ အိမ်သန့်ရှင်းရေး လုပ်ခြင်း၊ ၁၀ မိနစ်ကြာ လမ်းအမြန်လျှောက်ခြင်း စတဲ့ နှစ်သက်ရာ လှုပ်ရှားမှုတစ်ခု လုပ်ပေးလိုက်ပါ။

၁၃။ အသားမပါတဲ့ အာဟာရကို မကြာခဏ စားပါ။
သားသတ်လွတ် စားတာဟာ ကိုယ်အလေးချိန်ကို သွယ်လျစေကြောင်း Web MD သုတေသနအရ သိရပါတယ်။ ပျမ်းမျှအားဖြင့် သားသတ်လွတ် စားသူတွေဟာ အသားစားသူတွေထက် ၂၀ ရာခိုင်နှုန်း ကိုယ်အလေးချိန် လျော့ကျနေပါတယ်။ ပဲနီလေး စွပ်ပြုတ်၊ ပဲအမျိုးမျိုးပါတဲ့ ဟင်းလျာတွေဟာ အမျှင်ဓာတ်ပါပြီး အာဟာရဓာတ် ရရှိစေကာ ခန္ဓာကိုယ်သွယ်လျ ကျန်းမာစေပါတယ်။

from shwe beauty...

မနက်အိပ်ရာနိုးချိန် အလှဆုံး ဖြစ်နေအောင်



အလှအပ ကြိုက်သူတိုင်း ပြုလုပ်သင့်တဲ့ အသားအရေ ထိန်းသိမ်းမှုနဲ့ အရေပြား ကျန်းမာစေမယ့် နည်းလမ်းလေးတွေပါ။

ညဘက်မျက်နှာသစ်ပါ  
အညစ်အကြေးနဲ့ အဆီတွေက ချွေးပေါက်တွေကို ပိတ်စေတာကြောင့် ကြာလာတဲ့အခါမှာ ဝက်ခြံတွေ ထွက်လာပါတော့တယ်။ အိပ်ရာဝင်ခါနီးတိုင်း မျက်နှာကို မိတ်ကပ်ဖျက်ဆေးနဲ့ ညင်သာစွာ ပွတ်လိုက်ပြီး ဂွမ်းဖက်လေးနဲ့ သန့်စင်ပြီးမှ မျက်နှာသစ်ဆေးနဲ့ သန့်စင်လိုက်ပါ။ အဆီကို အခြေခံတဲ့ မိတ်ကပ်ဖျက်ဆေးတွေက ရေစိုခံမိတ်ကပ်နဲ့ မျက်တောင် ဆိုးဆေးတွေကိုပါ အလွယ်တကူ ပျက်စေနိုင်ပါတယ်။ သန့်စင်ပြီးတဲ့ သင့်မျက်နှာပေါ်မှာ Night Cream ဒါမှမဟုတ် Mosturizer Cream လိမ်းပြီး အိပ်ရာဝင်လိုက်ပါ။ မနက်နိုးချိန် ကြည်လင်တဲ့ မျက်နှာလေးကို တွေ့ရပါလိမ့်မယ်။

ကော်လာဂျင်အားဖြည့်ပါ  
ကော်လာဂျင်ပါဝင်တဲ့ အားဖြည့်ဆေးဖြစ်စေ၊ အလှကုန်ပစ္စည်းဖြစ်စေ အသုံးပြုပေးပါ။ ကော်လာဂျင်ဟာ သင့်အရေပြားကို အားဖြည့်ပေးနိုင်တဲ့ အာဟာရဓာတ်ပါပဲ။ ဗီတာမင်အေ ပါဝင်တဲ့ အရေပြား လိမ်းပစ္စည်းတွေနဲ့ ရတီနော ပါဝင်တဲ့ အလှကုန်တွေက သင့်အရေပြားကို တောက်ပြောင်နေစေပြီး အစက်အပြောက် ကင်းစေပါတယ်။

Eye Cream လိမ်းပါ  
ဗီတာမင် အေ၊ စီ၊ အီးနဲ့ အီးပါဝင်တဲ့ မျက်လုံးလိမ်းတဲ့ ခရင်မ်တွေကို လိမ်းပေးပါ။ မျက်လုံးတစ်ဝိုက်က အရေပြားဟာ သင့်ခန္ဓာကိုယ် တစ်ခုလုံးက အရေပြားထက် ပိုပြီး ပါးလွှာပါတယ်။ အရေးကြောင်းတွေ ဖြစ်လွယ်ပြီး၊ မျက်ကွင်းညိုတာမျိုးတွေ ပျောက်စေဖို့ ဖော်ပြပါ ဗီတာမင်တွေ ပါဝင်တဲ့ Eye Cream မျိုးကို ညတိုင်းလိမ်းပြီး အိပ်ရာဝင်ပါ။

အိပ်စက်မှုပုံစံ  
ဘေးတစောင်းအိပ်တာနဲ့ မှောက်အိပ်တာမျိုးက မျက်နှာကို ဖောင်းအစ်နေတယ်ဆိုပေမယ့် အသားအရေ ဖောင်းအစ်မှုပုံစံဟာ ညီညာမှု မရှိတတ်ပါဘူး။ ဒါ ကြောင့် ပက်လက်အိပ်တာက သင့်မျက်နှာအတွက် အကောင်းဆုံးပါပဲ။ ခေါင်းအုံးပေါ် လှဲလိုက်ချိန်မှာ သင့်မေးစေ့က ရင်ဘတ်ထက် မမြင့်စေတဲ့ ခေါင်းအုံးအမျိုး အစားမျိုးကို ရွေးချယ်ပါ။

ပျော်ပျော်နေပါ  
ပျော်ရွှင်နေတဲ့ မျက်နှာထားမျိုးဟာ လူတစ်ယောက်အတွက် ကြည့်လို့အကောင်းဆုံး အချိန်ပါပဲ။ ဒါကြောင့် ပျော်ရွှင်စွာ နေတတ်အောင် ကြိုးစားပါ။ ညနေခင်း သူငယ်ချင်းတွေနဲ့အတူ လမ်းလျှောက်ရင်း စကားပြောတာမျိုး၊ သီချင်းဆိုတာမျိုးတွေနဲ့ ဟာသ ပြောတာမျိုးတွေဟာ သင့်ကို ဖိစီးမှု ကင်းစေပြီး ပိုမိုနုပျိုစေနိုင်ကာ ညဘက် ကောင်းစွာ အိပ်ပျော်စေပြီး ကြည်လင် လန်းဆန်းစွာ နိုးထလာစေနိုင်ပါတယ်။

ခြေသည်း၊ လက်သည်း ဂရုစိုက်ပါ  
ခြေချောင်းလေးတွေကို ညအိပ်ရာ မဝင်ခင် ဘရပ်ရှ်နဲ့ သေချာပွတ်တိုက်သန့် စင်ပေးပြီး၊ အလှဆီ ဒါမှမဟုတ် လိုးရှင်း တစ်မျိုးလိမ်းကာ ချည်သားခြေစွပ်ဝတ်ပြီး အိပ်လိုက်ပါ။ ခြေထောက်ခြောက်သွေ့ ကွဲအက်မှု ကင်းပြီး၊ ရေဓာတ်ရရှိစေကာ တခြား ရောဂါပိုးတွေလည်း ကင်းစင်နေစေပါတယ်။ သင့်လက်ချောင်းလေးတွေကလည်း တစ်နေ့လုံး ကွန်ပျူတာသုံးရ၊ စာရွက်စာတမ်းတွေ ကိုင်ရ၊ တခြားအိမ်မှုကိစ္စတွေကို လုပ်နေရတာကြောင့် ပင်ပန်းနေတတ်ပါတယ်။ ညအိပ်ရာဝင်ခါနီး ခြေလက်  သန့်စင်ပြီးချိန် ရေဓာတ်ပါဝင်တဲ့ လိုးရှင်းနဲ့ သွေးလည်ပတ်မှုအတိုင်း နှိပ်နယ်ပေးရင်း အိပ်ပျော်ပါစေ။

လမင်းလေးကို ကျေးဇူးတင်ပါတယ်.....

Thursday, October 18, 2012

အမျိုးသား၊ အမျိုးသမီးအားလုံး အသားအရေ လှပချောမွေ့ရန်အတွက် နေ့စဉ် လိုအပ်ချက်ငါးမျိုး

အခုခေတ်မှာ အမျိုးသမီးတွေသာမက အမျိုးသားတွေဟာလည်း အသားအရေ လှပအောင် ကြိုးစားလာကြပါပြီ။ အပြစ်အနာအဆာ ကင်းတဲ့ အသားအရေ အလှကို ပိုင်ဆိုင်တာက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနဲ့ လေးစားမှုကို တိုးစေတဲ့အတွက် အသားအရေ လှပရေးဆိုင်ရာ နေ့စဉ် အခြေခံ လိုအပ်ချက်တွေကို ရေးသားလိုက်ရပါတယ်။
(၁) အင်တီအောက်ဆီးဒင့်
အင်တီအောက်ဆီးဒင့်တွေက နှလုံးသွေးကြော ကျန်းမာရေးကို ကောင်းမွန်စေသလို ကင်ဆာကိုလည်း ကာကွယ်နိုင်ပါတယ်။ သစ်သီးဝလံတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ ပင်လယ်စာနဲ့ သံလွင်ဆီတွေထဲမှာ အင်တီအောက်ဆီးဒင့် အများအပြား ပါဝင်ပါတယ်။ အင်တီအောက်ဆီးဒင့်က ဆဲလ်ကောင်းတွေကို ထိခိုက်စေနိုင်တဲ့ ဖရီးရယ်ဒီကယ်တွေရဲ့ လုပ်ဆောင်မှုကို တွန်းလှန်ပေးပါတယ်။ ဒီလိုနည်းနဲ့ အရေပြား ဆဲလ်တွေကို ကျန်းမာစေတာ ဖြစ်ပါတယ်။ အင်တီအောက်ဆီးဒင့် နှစ်မျိုးဖြစ်တဲ့ ဗီတာမင်စီနဲ့ ဗီတာမင်အီးတို့က အရေပြားကို အောက်ပါနည်းတွေနဲ့ ကျန်းမာလှပစေပါတယ်။
ဗီတာမင်စီ – အရေပြားတင်းရင်း ပြည့်ဖြိုးစေတဲ့ ကော်လာဂျင်တွေကို တည်ဆောက်ပေးပါတယ်။ အခွံချွတ်မထားတဲ့ ကောက်နှံစာ၊ ပန်းသီးနဲ့ ချဉ်တဲ့ သစ်သီးတွေထဲမှာ ဗီတာမင်စီ ပါဝင်ပါတယ်။
ဗီတာမင်အီး – ခရမ်းလွန်ရောင်ခြည်ကြောင့် အရေပြားထိခိုက်မှုကို တွန်းလှန်ပေးနိုင်ပြီး အရေပြား ဆဲလ်အမြှေးပါးတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ဂျုံစေ့ဆီ၊ ဗာဒံစေ့နဲ့ မြေပဲထောပတ်တွေထဲမှာ ဗီတာမင်အီး ပါဝင်ပါတယ်။ အသားအရေကို လှပစေတဲ့ အင်တီအောက်ဆီးဒင့်တွေက ဆီလီနီယမ်၊ သိုင်ယာမင်၊ ဘီတာကယ်ရိုတင်းနဲ့ ဇင့်(သွပ်)တို့ ဖြစ်ပါတယ်။
(၂) နေကာခရင်မ်
နေကာခရင်မ်ကို ပုံမှန်လိမ်းပေးရင် အရေပြား ကင်ဆာ အပါအဝင် အရေပြား အပြစ်အနာအဆာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ နေရောင်ခြည်နဲ့ ထိတွေ့မှုကြောင့် အရေပြား အိုမင်းမှုဖြစ်တတ်သလို အရေးကြောင်းထင်တာနဲ့ အရေပြား လျော့တွဲကျတာတို့လည်း ဖြစ်နိုင်ခြေ များပါတယ်။ ဒါကြောင့် နေကာခရင်မ်ကို ပုံမှန်လိမ်းပေးရင် အရေပြားကို အရွယ်မတိုင်ခင် အိုမင်းမှုမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အပြင်မသွားခင် အနည်းဆုံး မိနစ် ၂ဝ အလိုမှာ နေကာခရင်မ်လိမ်းပါ။ ရေကူးရင် ဒါမှမဟုတ် ချွေးထွက်များရင် နေကာခရင်မ်ကို ထပ်မံလိမ်းပေးရပါမယ်။
(၃) မရှိမဖြစ် ဖက်တီးအက်စစ်
ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တချို့မှာ မရှိမဖြစ် ဖက်တီးအက်စစ် (EFA) ပါဝင်ပါတယ်။ ဒါကရေနဲ့ အာဟာရဓာတ်တွေကို စုပ်ယူထားနိုင်တဲ့ အဆီဓာတ်အခြေခံ ဆဲလ်အမြှေးပါးတွေကို တည်ဆောက်ပေးလို့ပါ။ အရေပြားမှာ အဆီရှိတာကြောင့် ခရမ်းလွန် ရောင်ခြည်ကြောင့် ထိခိုက်မှုနဲ့ လေထုညစ်ညမ်းမှုတို့ မဖြစ်အောင် အရေပြားကို ကာကွယ်ပေးနိုင်ပါတယ်။ အရေပြားဟာ ခရမ်းလွန်ရောင်ခြည်နဲ့ ထိတွေ့မှုများလွန်းရင်၊ ရေဓာတ်ခမ်းခြောက်လွန်းရင် အရေပြားကနေ ဆီကြည်ထွက်နှုန်းများပြီး အရေပြားကို ခြောက်သွေ့တာ၊ ရောင်ရမ်းတာနဲ့ အပြစ်အနာအဆာ ထင်တာတို့ ဖြစ်နိုင်ခြေ များပါတယ်။ သင့်အသားအရေကို ကြည့်ကောင်းစေတဲ့ မရှိမဖြစ် ဖက်တီးအက်စစ်တွေက အိုမီဂါ ၃ ဖက်တီးအက်စစ်နဲ့ အိုမီဂါ ၆ ဖက်တီးအက်စစ်တို့ ဖြစ်ကြပါတယ်။ ကြက်၊ ဝက်၊ ဘဲ၊ ကောက်နှံစာနဲ့ ဟင်းချက်ဆီတွေထဲမှာ အိုမီဂါ ၆ ပါဝင်ပြီး ဆယ်လ်မွန်ငါး၊ ဆာဒင်းငါး၊ ပဲနီစေ့၊သီဟိုဠ်စေ့ တွေထဲမှာ အိုမီဂါ ၃ ပါဝင်မှု များပါတယ်။
(၄) ရေ
လူ့ခန္ဓာကိုယ်ကို ရေတွေနဲ့ တည်ဆောက်ထားပါတယ်။ ရေဟာ ခန္ဓာကိုယ်ထဲက အဆိပ်တွေကို ထွက်ရှိစေသလို ဆဲလ်တွေထဲကို အာဟာရဓာတ်တွေစုပ်ယူရရှိဖို့နဲ့ အစာခြေစနစ်ကောင်းကောင်းလှုပ်ရှားနိုင်ဖို့ လုပ်ဆောင်ပေးပါတယ်။ အသက်ရှူထုတ်တာနဲ့ ချွေးထွက်တာတို့လို ခန္ဓာကိုယ်ရဲ့ အခြေခံ လုပ်ငန်းဆောင်တာတွေကြောင့် ဆဲလ်တွေထဲက ရေထွက်ရှိသွားတတ်ပါတယ်။ ဒီလိုဆုံးရှုံးသွားတဲ့ ရေတွေအစား ပြန်လည် ဖြည့်တင်းနိုင်ဖို့ ရေများများ ပြန်လည် သောက်ပေးရပါမယ်။ ရေအလုံအလောက်မရှိရင် ရေဓာတ်ခန်းခြောက်တာနဲ့ အဖုအပိမ့် ထွက်တာတို့လို အသားအရေ ပြဿနာတွေ ဖြစ်နိုင်ပါတယ်။ ရေဟာ အရေပြားဆီက အညစ်အကြေးတွေကို ဖယ်ရှားပေးတဲ့အပြင် အရေပြားကို စိုပြည်တင်းရင်းစေပါတယ်။ ဒီလို အရေပြား လှပဖို့အတွက် တစ်နေ့ အနည်းဆုံး ရေရှစ်ဖန်ခွက်လောက် သောက်ပေးသင့်ပါတယ်။
(၅) မျက်နှာသစ်ဆပ်ပြာ
စနစ်တကျသန့်စင်တာက အသားအရေ ထိန်းသိမ်းမှုအတွက် အခြေခံနည်း တစ်ရပ်ဖြစ်ပါတယ်။ အရေပြားကို သန့်စင်ပေးတာကြောင့် ဖုန်မှုန့်နဲ့ အမှိုက်သရိုက်တွေ၊ ချွေးပေါက်ပိတ်စေတဲ့ အဆီတွေကို ကင်းစင်စေရုံသာမက သန့်စင်ထားတဲ့ အရေပြားထဲ အစိုဓာတ်ထိန်းခရင်မ်နဲ့ နေကာခရင်မ်စတဲ့ အလှကုန်တွေ လိမ်းရင် ပါဝင်ပစ္စည်းတွေက အရေပြားအတွင်းထဲအထိ ရောက်ရှိသွားနိုင်ပါတယ်။ မျက်နှာသစ်ဆပ်ပြာ ရွေးချယ်ရာမှာ အသားအရေ အမျိုးအစားကို အခြေခံပြီး ရွေးချယ်ရပါမယ်။ အလွန်ခြောက်သွေ့တဲ့ အရေပြားအတွက် ခရင်မ်အမျိုးအစား သန့်စင်ဆပ်ပြာ၊ ခြောက်သွေ့တဲ့၊ ထိခိုက်လွယ်တဲ့ အရေပြားအတွက် အယ်လ်ကိုဟောမပါတဲ့ သန့်စင်ဆပ်ပြာ၊ အဆီပြန်တဲ့ အရေပြားအတွက် ဝက်ခြံကင်းစေတဲ့ သန့်စင်ဆပ်ပြာတို့ကို ရွေးချယ်ပြီး သုံးသင့်ပါတယ်။ မျက်နှာသန့်စင်ဆေး လိမ်းပြီး အနည်းဆုံး စက္ကန့် ၂၀ ခန့် ထားကာ နှိပ်နယ်ပြီးမှ ရေနဲ့ဆေးကြောပေးရမှာ ဖြစ်ပါတယ်။ 

ရေးသားပေးထားသော ဇွန် ကိုကျေးဇူးတင်ပါတယ်နော်...

အသားအရေ ထိန်းသိမ်းနည်း အမှား ကိုးရပ်


အမျိုးသမီးအများစု ဖြစ်ချင်တဲ့ ဆန္ဒတွေမှာ အပြစ်ကင်းစင်တဲ့ အသားအရေ ပိုင်ဆိုင်ဖို့ဆိုတဲ့ အချက်က ထိပ်ဆုံးက ပါဝင်နေပါတယ်။ ဒါကြောင့် အသားအရေ လှပအပြစ်ကင်းအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာကို  အမျိုးသမီးတွေက စူးစမ်းလေ့လာတတ်ကြပါတယ်။ အဲဒီအခါ အသားအရေနဲ့ ပတ်သက်ပြီး မလုပ်သင့်တဲ့ အမှားတွေကော၊ လုပ်သင့်တဲ့ အရာတွေပါ သိလာပြီး လက်တည့်စမ်းမိတတ်ကြပါတယ်။ မလုပ်သင့်တဲ့ အမှားတွေကို လုပ်ပြီးကာမှ အသားအရေ ထိခိုက်တာကြောင့် စိတ်အနှောင့်အယှက် မဖြစ်စေဖို့ အောက်ပါအချက် ကိုးသွယ်ကို သတိထားစေချင်ပါတယ်။

သန့်စင်ရေးပစ္စည်းကို အလွယ်တကူ ဝယ်ခြင်း

အမျိုးသမီးအများစုက ကြေးချွတ်နိုင်ပြီး အစိုဓာတ်ထိန်းနိုင်တဲ့ သန့်စင်ရေးပစ္စည်းတွေကို ခပ်လွယ်လွယ်ပဲ ဝယ်တတ်ကြပါတယ်။ တကယ်တော့ ဓာတုပစ္စည်းနည်းပါးတဲ့ သန့်စင်ဆပ်ပြာကို ရွေးချယ် ဝယ်ယူသင့်တာပါ။ အထူးသဖြင့် ဆပ်ပြာထဲမှာ SD-40 နဲ့ isopropyl alcohol တို့ မပါဝင်တဲ့ အမျိုးအစားကို ရွေးချယ်ဝယ်ယူပါ။ ဒီအမျိုးအစားတွေက ဝက်ခြံဖြစ်လွယ်စေပြီး အရေပြား နီမြန်းခြောက်သွေ့မှုကို ဖြစ်စေနိုင်သလို အရွယ်မတိုင်ခင် အိုမင်းမှုကိုလည်း ဖြစ်စေနိုင်ပါတယ်။

မကြာခဏ ကြေးချွတ်ခြင်း

ကြေးချွတ်တာကို အလွန်အမင်း မလုပ်ပါနဲ့။ al-pha hydroxy acids ပါတဲ့  ကြေးချွတ်ပစ္စည်းတွေကို မကြာခဏ အသုံးပြုလွန်းရင် အရေပြားကို ရောင်ရမ်းမှု ဖြစ်စေနိုင်လို့ပါ။

မျက်နှာကို ပွတ်သပ်နေခြင်း

သင့်မျက်နှာ အပြစ်ကင်းစင်ချင်တယ်ဆိုရင် သင့်လက်တွေကို မျက်နှာနဲ့ မထိမိအောင် တတ်နိုင်သမျှ ရှောင်ပါ။ မဆေးကြောရသေးတဲ့ လက်နဲ့ မျက်နှာပေါ်က အဖုအပိမ့်တွေကို ထိတွေ့နေတာကြောင့် အမွေးအိတ်တွေ ထိခိုက်ကာ ဘက်တီးရီးယား ပျံ့နှံ့နိုင်ခြေ များပါတယ်။

အရေပြားကို အစိုဓာတ်ထိန်းမှု လွန်ကဲခြင်း

အရေပြား ခြောက်သွေ့တဲ့ အမျိုးသမီးတွေအနေနဲ့ မျက်နှာကို အစိုဓာတ်ထိန်းခရင်မ်တွေ အလွန်အမင်း လိမ်းတာမျိုး ရှောင်ပါ။ ဒီလို အဆီတွေ လိမ်းလွန်းရင် ကြာလာတဲ့အခါ ချွေးပေါက် ပိတ်ဆို့တတ်ပါတယ်။ ဒါကြောင့် အစိုဓာတ်ထိန်းတာကို မလွန်ကဲပါစေနဲ့။

သစ်သီး မစားခြင်း

ရေကို သောက်ရင် အသားအရေ ကြည်လင်လှပတယ်ဆိုတာ မှန်ပါတယ်။ ရေဟာ အရေပြားဆီ အောက်ဆီဂျင် ရောက်ရှိစေတာကြောင့် ဖြစ်ပါတယ်။ ဒါပေမဲ့ အရေပြားကိုတော့ စိုပြည်မှု မဖြစ်စေနိုင်ပါဘူး။ အရေပြား စိုပြည်ချင်ရင် မရှိမဖြစ် ဖက်တီးအက်စစ်ပါတဲ့ ထောပတ်သီးလို အသီးအနှံတွေကို စားသင့်ပါတယ်။

ပြင်းသော နေရောင်ခြည်နှင့် အလွန်အမင်း ထိတွေ့ခြင်း

အပူရှိန်ပြင်းတဲ့ နေရောင်ခြည်နဲ့ ထိတွေ့မှုကြောင့် အရေပြားကို အရွယ်မတိုင်ခင် အိုမင်းစေနိုင်ပါတယ်။ တချို့သူတွေမှာ ပြင်းထန်တဲ့ နေရောင်ခြည်ကို ကာကွယ်နိုင်ဖို့ သုံးတဲ့ နေကာခရင်မ်တချို့ကြောင့် ဝက်ခြံလို အဖုအပိမ့်တွေ ထွက်ရှိစေနိုင်ပါတယ်။ ဒါကြောင့် ချွေးပေါက်ပိတ်ပြီး အဖုအပိမ့်မဖြစ်အောင် ကာကွယ်ဖို့ ဇင့်နဲ့ တိုက်တေနီယမ်ပါတဲ့ နေကာခရင်မ်သုံးပါ။

မိတ်ကပ်လိမ်းပြီး အိပ်စက်ခြင်း

အပြစ်ကင်းစင်တဲ့ မျက်နှာအသားအရေ ပိုင်ဆိုင်ချင်ရင် ဘယ်တော့မှ (ဘယ်တော့မှ) မိတ်ကပ်လိမ်းပြီး မအိပ်သင့်ပါဘူး။ တကယ်လို့ မိတ်ကပ်လိမ်းပြီး အိပ်စက်အနားယူခဲ့ရင် တစ်ပတ်လောက်အတွင်း အသားအရေမှာ ပြဿနာဖြစ်လာစေနိုင်ပါတယ်။ မျက်နှာကို သေချာသန့်စင်ပြီးမှ ခေါင်းအုံးနဲ့ ခေါင်းကို ထိတွေ့သင့်ပါတယ်။

အိပ်ပျက်ခံခြင်း

အရေပြားဟာ အိပ်စက်အနားယူချိန်မှာ ပြန်လည်ပြုပြင် ထိန်းသိမ်းနေပါတယ်။ ဒါကြောင့် တစ်နေ့တာ အချိန်ဇယားမှာ အိပ်စက်တဲ့အချိန် အလုံအလောက်မပါဝင်ရင် သင့်အသားအရေက အလုံအလောက် ပြုပြင်ချိန်မရဘဲ ညစ်နွမ်း လျော့ရဲနေနိုင်ပါတယ်။ ဒါကြောင့် အိပ်ရေးဝဝအိပ်ပြီး လှလှပပ နိုးထပါ။

မိတ်ကပ်ကို မကုန်မချင်း ကြာရှည် အသုံးပြုခြင်း

သင့်မိတ်ကပ်တွေကို ဘယ်အချိန်ထိ အသုံးပြုသင့်တယ်၊ ဘယ်အချိန်မှာ လွှင့်ပစ်သင့်တယ်ဆိုတာ သင်သတိထားမိပါရဲ့လား။ အလှကုန်ပစ္စည်းတစ်ခုခုကို သက်တမ်း ကုန်နေသလားဆိုတာ ဂရုမစိုက်ဘဲ မကုန်မချင်း သုံးတတ်တဲ့ အကျင့်ရှိရင် ပြင်ဆင်သင့်နေပါပြီ။ မိတ်ကပ်လိမ်းရာမှာသုံးတဲ့ ကိရိယာ (ဥပမာ-တို့ဖတ်ပဝါ၊ ဘရပ်ရှ်)စတာတွေကိုလည်း စနစ်တကျ သန့်စင်သင့်ပါတယ်။ ဖောင်ဒေးရှင်း မိတ်ကပ်ကို ခြောက်လထက်ပိုပြီး မသုံးသင့်ပါဘူး။

ရေးသားပေးထားသော ဇွန်ကို ကျေးဇူးတင်ပါတယ်နော်...




အလှအပမြတ်နိုးသူတိုင်း လိုက်နာသင့်သော နည်း ၁၀


မိန်းကလေးတိုင်း အလုပ်သွား အလုပ်ပြန်၊ ရုံးသွားရုံးပြန် အချိန်ပေးပြီး အလှပြင်ဆင် တတ်ကြပါတယ်။ သင်ပြင်ဆင်နေတဲ့ အလှပြင်ပစ္စည်းတွေကို မှန်မှန်ကန်ကန် အသုံးပြုနိုင်ဖို့ အောက်ပါ အချက်တွေကို လှပလိုသူ မိန်းကလေးတိုင်း လိုက်နာသင့်ပါတယ်။
၁) မှန်ကန်သော မျက်နှာသန့်စင်မှု နည်းလမ်းအတိုင်း လိုက်နာပါ
မှန်ကန်တဲ့ မျက်နှာသန့်စင်နည်းကို အသုံးပြုတာက အရေပြား ထိန်းသိမ်းမှုအတွက် မရှိမဖြစ် လိုအပ်ပါတယ်။ မျက်နှာသန့်စင်ရာမှာ အညစ်အကြေးတွေနဲ့ ဘက်တီးရီးယားကို စင်ကြယ်အောင် သန့်စင်ဆေးကြောပေးဖို့ လိုပေမယ့် အလွန်အကျွံ သန့်စင်တာများပါက အရေပြားခြောက်သွေ့မှုကို ဖြစ်စေပါတယ်။ သန့်စင်ပစ္စည်း ဝယ်ယူရာမှာ ဓာတုပစ္စည်း မပါဝင်ဘဲ အက်စစ်-အယ်လ်ကာလီ မျှခြေ ဖြစ်နေတာမျိုး ရွေးရပါမယ်။
၂) သဘာဝ ပါဝင်ပစ္စည်းများကိုသာ အသုံးပြုပါ
အခုခေတ်မှာ သဘာဝ ပါဝင်ပစ္စည်းတွေကို အသုံးပြုထားတာ၊ သြဂဲနစ်ပစ္စည်းတွေ အသုံးပြုထားတယ် ဆိုတာတွေ ခေတ်စားလာပါတယ်။ ဘာကြောင့်လဲဆိုတော့ ဓာတုပစ္စည်းတွေနဲ့ ဖော်စပ်ထားတာတွေက အရေပြားကနေတစ်ဆင့် သွေးကြောထဲကို ဝင်ရောက်သွားပြီး အရွယ်မတိုင်မီ အိုမင်းရင့်ရော် စေတာကြောင့်ပါ။ သဘာဝ အသီးအနှံတွေနဲ့ မျက်နှာပေါင်းတင်တာ၊ ကြေးချွတ်တာတွေ ပြုလုပ်ပါ။
၃) ရေဓာတ်ပြည့်ဝနေအောင် ထိန်းသိမ်းပါ
ခန္ဓာကိုယ်မှာ ရေဓာတ်ဆုံးရှုံးပါက အသားအရေ ခြောက်သွေ့သူတွေ သာမကဘဲ အဆီပြန်သူတွေမှာလည်း သိသိသာသာ ခံစားရတတ်ပါတယ်။ ဘယ်လို အသားအရေမျိုးမဆို အစိုဓာတ်ကို ပုံမှန်ထိန်းသိမ်းဖို့ လိုအပ်ပါတယ်။ အစိုဓာတ်ထိန်းခရမ်င် လိမ်းတဲ့အခါ အရေးကြောင်း ဖြစ်လွယ်တဲ့ မျက်ဝန်းတစ်ဝိုက်၊ လည်ပင်းနဲ့ လက်တွေကို သေချာစွာ လိမ်းပေးပါ။
၎) အလှမပျက်အောင် အိပ်စက်ပါ
ပုံမှန်အိပ်စက်မှု ရှိတာက သင့်အလှတရားကို ဖြည့်စွက်ပေးပါတယ်။ တစ်ညကို ရှစ်နာရီအိပ်စက်ပါ၊ အိပ်ရာမဝင်မီ မျက်နှာပေါ်က မိတ်ကပ်နဲ့ အညစ်အကြေးတွေကို သန့်စင်ဆေးကြောပါ၊ ချည်သားခေါင်းအုံးစွပ်က ပါးပြင်ပေါ်က အစိုဓာတ်ကို စုပ်ယူနိုင်တာကြောင့် ပိုးသားခေါင်းအုံးစွပ်ကို အသုံးပြုပါ၊ မျက်နှာမှာ အရေးကြောင်းတွေ မဖြစ်စေဖို့ ပက်လက်လှန်ပြီး အိပ်စက်ပါ။
၅) ကြာကြာ ရေမချိုးပါနှင့်
အရေပြားပေါ်မှာ အကာအကွယ် ပေးထားတဲ့ အဆီလွှာရှိပြီး အစိုဓာတ်တွေ အပြင်မထွက်သွားအောင် ထိန်းပေးပါတယ်။ ရေအကြာကြီးချိုးတာ၊ ကြက်သီးနွေးရေ မဟုတ်ဘဲ အပူများတဲ့ရေ ချိုးတာတွေက အရေပြားမှာရှိတဲ့ အဆီတွေကို ဖယ်ရှားလိုက်တာကြောင့် အသားအရေ ခြောက်သွေ့ပြီး အရွယ်မတိုင်မီ အိုမင်းရင့်ရော် စေပါတယ်။ အသားအရေ နူးညံ့စိုပြည်ပြီး နုပျိုလှပနေစေဖို့ ရေအကြာကြီး ချိုးတာကိုရှောင်ပါ၊ ရေနွေးနွေးနဲ့ ရေချိုးပါ။
၆) SPF ပါသော နေရောင်ကာခရင်မ် နေ့စဉ်လိမ်းပါ
အရေးကြောင်းတွေ ဖြစ်လာမှ အသားအရေ ထိန်းသိမ်းတာထက် မဖြစ်ခင်က ကြိုတင်ကာကွယ်တာက ပိုမိုထိရောက်မှု ရှိပါတယ်။ နေရောင်ခြည်နဲ့ ထိတွေ့တာက အရေးကြောင်း ဖြစ်စေတဲ့ အကြောင်းတစ်ချက်ပါ။ အိမ်အပြင် ထွက်တဲ့အခါ ခရမ်းလွန်ရောင်ခြည်တွေကို ကာကွယ်နိုင်အောင် အနည်းဆုံး SPF-15 ပါတဲ့ နေရောင်ကာခရင်မ် လိမ်းပါ။
၇) အလှပြင်ရာတွင် အသုံးပြုသော ဘရပ်ရှ်များကို သန့်ရှင်းပါ
သင်မိတ်ကပ်လိမ်းရာမှာ နေ့စဉ်အသုံးပြုနေတဲ့ ဘရပ်ရှ်၊ တို့ဖတ်စတာက ဘက်တီးရီးယားတွေ အများဆုံး ကပ်ညိနေနိုင်တာကြောင့် ဒါတွေကို မကြာခဏ ဆေးကြောသန့်စင်ပေးဖို့ လိုပါတယ်။ ဆပ်ပြာရည်၊ ခေါင်းလျှော်ရည် စတာ တစ်မျိုးမျိုးနဲ့ ရေနွေးအသုံးပြုပြီး သန့်စင်ပါ။
၈) နေထိုင်မှုပုံစံ ပြောင်းလဲကျင့်သုံးပါ
အများစုက လှပနုပျိုဖို့ တန်ဖိုးကြီး အလှပြင်ပစ္စည်းတွေကို ဝယ်ယူ အသုံးပြုတတ်ကြပါတယ်။ တကယ်တော့ သင့်အလှတရားကို ပြီးပြည့်စုံစေတဲ့ နည်းလမ်းကောင်းကို လုပ်ဆောင်ဖို့ မေ့လျော့နေတတ်ကြပါတယ်။ သိပ်ကို လွယ်ကူတဲ့ နည်းလမ်းပါ။ သင်ရဲ့ နေထိုင်မှုပုံစံကို ပြောင်းလဲလိုက်ရုံပါ။ ဆေးလိပ်၊ အရက်၊ သကြား၊ ဆား စားသုံးမှုများတာနဲ့ ညဥ့်နက်မှ အိပ်ရာဝင်တာတွေက သင့်ကို အိုမင်းရင့်ရော်မှု ဖြစ်စေတဲ့ အကြောင်းတွေ ဖြစ်တာကြောင့် ဒါတွေကို သတိနဲ့ ဆင်ခြင်ဖို့ လိုပါတယ်။
၉) နုပျိုသောအသွင် ဖန်တီးပါ
သင့်ဆံပင်ပုံစံကလည်း သင့်အသွင်အပြင်ကို များစွာ ပြောင်းလဲနိုင်ပါတယ်။ နှစ်ပေါင်းများစွာ မပြောင်းလဲခဲ့တဲ့ သင့်ဆံပင်ပုံစံကို သင်နဲ့ လိုက်ဖက်မယ့် ပုံစံဖြစ်အောင် ပြောင်းလဲလိုက်ပါ။ သင်ပြင်ဆင်နေတဲ့ မိတ်ကပ်အရောင်၊ နှုတ်ခမ်းနီ အရောင်တွေကိုလည်း ပြောင်းလဲအသုံးပြုပါ။ ပုံစံအသစ် ပြင်ဆင်ထားတာကြောင့် သင်က နုပျိုသွက်လက်တဲ့ လူငယ်လေးအသွင် ဖြစ်နေစေပါတယ်။
၁၀) မိတ်ကပ်အသစ် လဲလှယ် အသုံးပြုပါ
မိတ်ကပ်ကို အသုံးပြုသင့်တဲ့ အချိန်ကာလ ကျော်လွန်ပြီး အသုံးပြုတာ၊ မိတ်ကပ်လိမ်းရာမှာ အသုံးပြုတဲ့ ဘရပ်ရှ်တွေ သန့်ရှင်းမှု မရှိတာတွေကြောင့် မိတ်ကပ်မှာ ဘက်တီးရီးယားတွေ ပေါက်ပွားနိုင်ပါတယ်။ မျက်လုံးအတွင်း ပိုးဝင်တာ မဖြစ်အောင် မျက်တောင်ကော့ဆေးရည်ကိုလည်း ခြောက်လထက်ပိုပြီး အသုံးမပြုသင့်ပါ။ တခြား အလှပြင်ပစ္စည်းတွေကိုလည်း ၁၈ လထက် ကျော်လွန်ပြီး အသုံးပြုတာမျိုးကို ရှောင်ပါ။

ရေးသားပေးသော ပန်းနွယ်လေးကို ကျေးဇူးတင်ပါတယ်နော်...


အုန်းလွဲတတ်သူများအတွက်ပါ......

                                   
                                    ရောဂါမဟုတ်သော ဝေဒနာတစ်ခုဖြစ်ပါသည်။ အုန်းလွဲခြင်းသည် လူအ တော်များများဖြစ်ဖူးသော ဝေဒနာတစ်ခုဖြစ်သည်။ အိပ်ရာပေါ်တွင် အိပ်ပျော် နေစဉ် ခေါင်းနှင့် လည်ပင်းအနေအထား မမှန်ကန်မှု (Postural Defect) ကြာရှည်စွာ ခေါင်းငုံ့ လျက်ဖြစ်စေ ငဲ့စောင်းလျက်ဖြစ်စေ နေမိရာမှ ဖြစ်လေ့ရှိပါသည်။ ဖြစ်လေ့ဖြစ်ထ ရှိသော ဝေဒနာတစ်ခုဖြစ်ရာ သာမန်အားဖြင့် အရေးမကြီးဟု ထင်ရသော်လည်း ဤဝေဒနာဖြစ်ပျက် လာပုံကို လည်းကောင်း၊ ကာကွယ်နိုင် ပုံကိုလည်းကောင်း၊ စနစ်တကျ ကုပုံကို လည်းကောင်း သိရှိနားလည်မှု မရှိကြသဖြင့် တစ်ရက်နှစ်ရက်နှင့် ပျောက်ရမည့်အစား တပတ်နှစ်ပတ်မှ တလအထိ ဝေဒနာကို ကြာရှည်စွာ ခံစားရခြင်းများ ရှိလေသည်။ အချို့သော လူနာများသည် ခေါင်းအုံးကို နေလှန်း၍ အုန်းခြင်းဖြင့်လည်း ကောင်း၊ ရေနွေးကပ်ပေးခြင်း ဖြင့်လည်းကောင်း၊ အကိုက်အခဲပျောက်ဆေး များကို သုံးခြင်းဖြင့် လည်းကောင်း အမှတ်မထင် သက်သာပျောက်ကင်းမှု ရတတ်ကြ သော်လည်း အုန်းလွဲသူတိုင်းထိုသို့ ပြုလုပ်၍ ပျောက်ကင်း ကြသည် မဟုတ်ချေ။ အထက်ဖေါ်ပြပါနည်းများမှ တနည်းနည်းကို သော်လည်း ကောင်း နှစ်နည်းသုံးနည်းကိုသော် လည်းကောင်းပြုလုပ်ပြီးမှ သက်သာမှု မရခြင်း၊ (သို့) ပို၍နာကျင်ခြင်းဖြစ်လာသဖြင့် အကြောအဆစ် ဆေးကုဌာန သို့ ရောက်လာကြသူများမှာ မနည်းလှပါ။ အကြောင်းမှာ အနှိပ်သည်၏ ကုသနည်းမမှန်၍သော်လည်းကောင်း၊ လည်ပင်းနှင့်ပတ် သက်၍ သတိပြု ဆင်ခြင်ရမည်များကို မသိ၍သော်လည်း ကောင်း၊ စနစ်မကျ ကုသနည်းကို သိရှိထားခြင်းမရှိ၍သော်လည်းကောင်း ဖြစ်နိုင်ပေသည်။ အုန်းလွဲခြင်းကို ကျား၊မ အသက်အရွယ်မရွေး ဖြစ်တတ်ပါသည်။
ဤဝေဒနာ အကြောင်းသိရှိပါက လူနာကိုယ်တိုင် ကုသရလွယ်ကူ၍ အပျောက်မြန်လေသည်။ ဆေးရုံဆေးခန်းသို့ သွားရန်မလိုပေ။

လည်ပင်းကြွက်သားများတည်ရှိပုံ(Anatomy of Neck)

ပုံတွင်ပြထားသည့်အတိုင်း လည်ပင်းရိုးများ (Cervical Vertebrae) ကိုဗဟိုပြုလျက် ကြွက်သားများသည် အဘက်ဘက်မှ လည်ပင်းအား အညီအမျှ ဖွဲ့စည်းထိန်း ကျောင်းထားကြသည်ဖြစ်၏။ ယင်းကြွက်သားများ၏ ရုန်းဆွဲခြင်းကြောင့် လည်ပင်းလှုပ်ရှားမှုများ ဖြစ်ရလေသည်။
ဝေဒနာဖြစ်ရခြင်းအကြောင်းအရင်းများ
ခေါင်းအုံးထူထူမြင့်မြင့်ကိုလည်းကောင်း၊ ခေါင်းအအုံးမာမာကို လည်းကောင်း ကြာရှည်စွာ အသုံးချ အိပ်စက်ခြင်း။
သစ်သားတန်းပေါ်၌ဖြစ်စေ၊ ပက်လက်ကုလားထိုင်လက်တန်းပေါ်၌ဖြစ်စေ ပစ္စည်းထုပ်ပေါ်၌ ဖြစ်စေ ဖြစ်သလိုအိပ်စက်ခဲ့ခြင်း။
စာရေး စာဖတ်ခြင်း၊ လက်နှိပ်စက်ရိုက်ခြင်း၊ ဆန်ရွေးခြင်းကဲ့သို့သော အလုပ် များကို ကြာရှည်စွာခေါင်းငုံ့ လည်စောင်းလျက် အလုပ်လုပ်မိခြင်း။
အမှတ်မထင် ဗြုန်းစားလှည့်ကြည့်မိရာမှ လည်ပင်းပခုံးကြွက်သားများ မျက်သွားခြင်း။
ရောဂါ လက္ခဏာများ
လည်ပင်းလှည့်မရခြင်း
ဇက်စောင်းခြင်း
လည်ပင်းနှင့် ပခုံးကြွက်သားများ နာခြင်း၊ အောင့်ခြင်း၊ ကိုက်ခြင်း။
ဇက်ကြော၊ ပခုံးကြောများ တင်းတောင့်နေခြင်း။
ခေါင်းငုံ့မရခြင်း၊ ခေါင်းငုံ့က ပိုနာခြင်း။
(ရောဂါလက္ခဏာများအရ လူနာ၏မျက်နှာပုံပန်းသည် မာနကြီးသူ၏ ပုံမျိုးဖြစ်နေတတ်ပေသည်။)

အုန်းလွဲခြင်းဟူသည်
အုန်းလွဲခြင်းသည် အထက်တွင်တင်ပြခဲ့ပြီး ဖြစ်သည့်အတိုင်း ရောဂါမဟုတ် သော ဝေဒနာတမျိုးဖြစ်လေသည်။ ခေါင်းနှင့် လည်ပင်းအား စနစ်တကျ အနားယူသော အနေအထားဖြင့် အိပါစက်မှုမပြုခြင်း၊ အလုပ်တခုခုကို အကြောင်းပြုပြီး လည်ပင်းကြွက်သားများ မညီမမျှတာဝန် ထမ်းဆောင် စေခြင်းတို့ကြောင့် လည်ပင်းကြွက်သားအချို့ တင်းတောင့်လာကြခြင်း (Spasm) ဖြစ်ပြီး ဇက်ခိုင်လာခြင်းကို အုန်းလွဲခြင်းဟု ခေါ်ပါသည်။ ကြွက်သားများ တင်းလာသဖြင့် ကြွက်သားများအတွင်းရှိ အာရုံ ကြောများအား ညှစ်မိရာမှ နာကျင်ခြင်းဖြစ်ရလေသည်။

ကုသနည်းများ
(က) အနားယူခြင်း။   ။ အထက်တွင် ဖော်ပြထားသည့်အတိုင်း အုန်းလွဲခြင်းဖြစ်နေချိန်တွင် လည်ပင်းနှင့် ပခုံးကြွက်သားတို့သည် တင်းတောင့်ခြင်းဖြစ်နေကြရာ အားဖြင့်နှိပ်ခြင်း၊ နင်းခြင်း၊ ချိုးလှည့်ခြင်းအား ဖြင့် ကြွက်သားများ နာကျင်သွားနိုင်ပေသည်။ ထိုအခါ တရက်နှစ်ရက်နှင့် ပျောက်ကင်းရမည့်အစား တပတ်နှစ်ပတ်ထိကုသမှု ခံယူရတော့မည် ဖြစ်သည်။ သို့ဖြစ်ရာ ဤဝေဒနာရှင်များအဖို့ အနားယူရန် အရေးကြီး ပေသည်။ အနားယူခြင်းဆိုသည်မှာ စာရေးစာဖတ်ခြင်းကဲ့သို့ ခေါင်းငုံ့ပြီး အလုပ်မလုပ်ရခြင်း၊ မျက်နှာကို ငုံ့ခြင်း မော့ခြင်းမရှိစေပဲ တည့်တည့်အနေအ ထားရှိစေခြင်း၊ လည်ပင်းစောင်း၍မနေစေရန် မှန်ကြည့်လျက် ပြုပြင်ပေးခြင်း၊ အနင်းအနှိပ်မခံရခြင်း၊ ခေါင်းအုံးမြင့်မြင့်မားမားဖြင့် မအိပ်စက်ခြင်း၊ ပက်လက်ကုလားထိုင်တွင် မထိုင်ရခြင်းတို့ ဖြစ်လေသည်။
အနားယူခြင်းကို ကုသနည်းကောင်းတစ်ခုအနေဖြင့် စွဲမြဲစွာ မှတ်ယူသင့် ပါသည်။
(ခ) အပူပေးခြင်း။      ။ ရောဂါစဖြစ်သည့်နေ့မှစ၍  အပူပေးခြင်းကို ပြုလုပ်နိုင်ပါသည်။ ရေနွေးအိတ်၊ ရေနွေးပုလင်း၊ အုတ်ပူ၊ ဆားကျပ်ထုပ် စသည့် အပူတမျိုးမျိုးအား လည်ပင်းနောက် ပိုင်း သို့ လည်းကောင်း၊ လက်ပြင်နှင့် လက်မောင်းများသို့လည်းကောင်း ကပ်ပေးပါ။ ဝေဒနာအဖြစ် များလျင် များသလို အကြိမ်များများ ကပ်ပေးပါ။
ဤရောဂါရှင်များအား အကြောအဆစ်ဆေးကုဌာန၌  S.W.D သို့ RH များဖြင့် အပူပေး လေ့ရှိသည်။ ဆေးရုံတွင် တစ်နေ့ တကြိမ်သာ စက်ဖြင့်အပူပေးပြီး ကျန်သော အချိန်များတွင် ရေနွေးကပ်စေပါသည်။
အပူပေးခြင်းဖြင့် တင်းနေသော ကြွက်သားများ ပျော့လာမည်။ အနာသက်သာမည်။ ခိုင်နေသော လည်ပင်းအား အနည်းငယ်လှုပ်ရှားမှု ပြုလုပ်လာနိုင်မည် ဖြစ်သည်။

(ဂ) လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း။     ။ ဝေဒနာများစွာ ခံစားနေရသော ပထမ တစ်ရက်နှစ်ရက်တွင် လေ့ကျင့်ခန်းပြုလုပ်မပေးပဲ အနားယူခြင်း၊ အပူပေးခြင်းလောက်သာ ပြုလုပ်ပေးသင့်ပါသည်။ ထိုနောက် အပူပေးပြီးတိုင်း လည်ပင်းကို ဟိုဘက်သည်ဘက် တဖြည်းဖြည်းလှည့် ပေးရမည်။ တခြားသော လည်ပင်းလှုပ်ရှားမှုများ (ဥပမာ- ငုံ့ခြင်း) အား လုံးဝ မပြုလုပ်ရပေ။ လည်ပင်းလှည့်သောအခါ ပခုံးနှင့် ကိုယ်ပါ လိုက်ပါလှည့်မသွားစေရန် လက်ဖြင့်ခုံကို ကိုင်ထားလျက် လည်ပင်း သက်သက်ကိုသာ ဗယ်ညာလှည့်ပေးရမည်။ လည်ပင်းကို ပထမနေ့တွင် မနာခင်အထိသာ လှည့်ပေးရမည်။ နာသည်အထိ လှည့်ပေးခြင်းဖြင့် လည်ပင်းကြွက်သားများ ပို၍တင်းလာပြီး သက်သာတိုးတက်မှု မရဖြစ်တတ် သည်။ နောက်ရက်များ၌ ရောဂါအခြေအနေကိုကြည့်ပြီး တဖြည်းဖြည်းတိုး၍ လည့်ပေးရမည်။ လည်ပင်းလှည့်ခြင်းကို အတော်အတန်ပြုလုပ်၍ ရလာသောအခါ လည်ပင်း၊ ခေါင်းမော့ခြင်း နှင့် ဘေးသို့ စောင်းခြင်း (နားရွက်နှင့် ပခုံးသို့ထိခြင်း) များတဖြည်းဖြည်း ပြုလုပ်ပေးပါ။ အခြားသော လှုပ်ရှားမှုများအားလုံး အတော်အတန်တိုးတက်မှု ရလာပြီး နာကျင်မှုလည်း များစွာ သက်သာမှုရလာသော အခါ တွင်မှ ခေါင်းငုံ့ခြင်းကို တဖြည်းဖြည်း ချင်း လေ့ကျင့်ယူရမည် ဖြစ်သည်။ သိပ်နာသည်အထိ မပြုလုပ်ရပေ။
လည်ပင်းလေ့ကျင့်ခန်းများအား ရောဂါအခြေအနေအရ တနေ့လျင် ၁၀ခါ သုံးကြိမ်နှင့် အထက် ပြုလုပ်ပေးနိုင်သည်။

လည်ပင်းအားစိုက်လှည့်ခြင်း
လည်ပင်းလှုပ်ရှားမှုများ အဘက်ဘက်သို့ အတော်အတန်ပြုလုပ်လာနိုင် သောအခါ အားစိုက်၍ လှည့်ရသော လေ့ကျင့်ခန်းများသို့ တဆင့်တက် လှမ်းပြုလုပ်ရပေမည်။ ဤသို့ ပြုလုပ်ခြင်းဖြင့်ရောဂါကြောင့် အင်အား လျော့ပါးသွားသော ကြွက်သားများပြန်၍ သန်စွမ်း လာကြရန် ဖြစ်သည်။ ယင်းလည်ပင်းကြွက်သားများ ထာဝရသန်စွမ်းနေကြ မှသာ ဤရောဂါ ဝေဒနာမှာ ကာလကြာရှည်စွာ သက်သာပျောက်ကင်းနိုင်ပါမည်။ အကြောင်း မှာ လည်ပင်းကြွက်သားမသန်စွမ်းက လည်ပင်းရိုးများ အချင်းချင်း ကွာဟ မနေကြဘဲ လျော့ကျ ပူးကပ်နေမည်ဖြစ်ရာ အာရုံကြောအား ဖိမိညှပ်မိ နိုင်မည် ဖြစ်သည်။
လေ့ကျင့်ခန်းပြုလုပ်နည်း
(က) လည်ပင်းလှည့်ခြင်း
ဥပမာ လည်ပင်းအား ဗယ်ဘက်သို့ လှည့်ကြည့်သည် ဖြစ်အံ့၊ လူနာသည် လည်ပင်းမလှည့်မီ သူ၏ဗယ်ဘက်မေးစေ့အား ညာဘက်သို့ တွန်းထားရမည်။ ထိုနောက် တွန်းထားသောလက်အား ဆန့်ကျင်လျက် ခေါင်းကို ဗယ်ဘက်သို့ အားစိုက်လှည့်ပေးရမည်။ တွန်းထားသော လက်သည် လည်ပင်းလှည့်နေစဉ် တချိန်လုံးတွန်းထားပါ။ လည်ပင်းလှည့်ရာတွင် တဖြည်းဖြည်းချင်း တသမတ်တည်းလှည့်ရမည်။ ရပ်လိုက် လှည့်လိုက်မလုပ်ရ။ အားဖြင့် ဆောင့်၍လှည့်ခြင်း ၊ ဖြုန်းစားလှည့်ခြင်းမပြုလုပ်ရ။ လည်ပင်းသည် ဗယ်ဘက်သို့ တဆုံးလှည့်ပြီးသောအခါ ဗယ်လက်ကို ဖယ်လိုက်ပြီး ညာလက်ဖနောင့်ဖြင့် ညာဘက်မေးအား ဗယ်ဘက်သို့ တွန်းထားလျက် ညာဘက်သို့ တဖြည်းဖြည်းချင်းပြန်လှည့်ပေးပါ။ ဤသို့ဖြင့် တဘက်လျင် လေးငါးကြိမ် ပြုလုပ်ပေး ရမည်။ တနေ့ သုံးကြိမ် ပြုလုပ်ပေးပါ။
(ခ) လည်ပင်းစောင်းခြင်း
ဥပမာ လည်ပင်းအား ညာဘက်သို့ စောင်းလိုသည်ဖြစ်အံ့၊ လူနာသည် ခေါင်းကို ဗယ်ဘက်သို့ အတန်ငယ်စောင်းထားပြီး ညာဘက်လက်ဖ၀ါးဖြင့် ညာဘက်နားရွက်၏ အထက်နားသို့ တွန်းထားပေးပါ။ ထိုနောက် တွန်းထားသော လက်ကို ဆန့်ကျင်လျက် လည်ပင်းကို ညာဘက်သို့ တဖြည်းဖြည်းချင်း စောင်းပေးပါ။ ဤသို့ဖြင့် ခေါင်းကို ညာဘက် စောင်းပြီးသောအခါ ညာဘက်နားရွက် အထက်နားသို့ ညာဘက်လက် ဖ၀ါးဖြင့် တွန်းထားလျက် ဗယ်ဘက်သို့ ပြန်စောင်းပေးပါ။ တဘက် ငါးကြိမ် ပြုလုပ်ပေးရမည်။ တနေ့ သုံးကြိမ် ပြုလုပ်ပေးပါ။
(ဂ) ခေါင်းငုံ့ခြင်း၊ မော့ခြင်း
ပထမဦးစွာ ခေါင်းကို အရှေ့ဘက်သို့ အနည်းငယ် ၄၅ဒီဂရီခန့် ငုံ့ထားပါ။ မနာခင်အထိသာ ငုံ့ထားပေးပါ။ ထိုနောက်လက်ဖ၀ါး နှစ်ခုအား တခုပေါ် တခုကပ်လျက် လက်နောက်ပစ်ပြီး နောက်စိကို အုပ်၍ တွန်းထားပါ။ ထိုနောက် တွန်းထားသည့် လက်ဖ၀ါးကို ဆန့်ကျင်လျက် ခေါင်းကို တဖြည်းဖြည်းချင်း မော့ပေးရမည်။ အတတ်နိုင်ဆုံးမော့ပြီးသောအခါ နောက်စေ့မှ လက်များကိုဖယ်လိုက် ပြီး မော့ထားသော မေးစေ့အောက်၌ အပေါ်သို့ တွန်းတင်သည့် အနေအထားဖြင့် ထားပါ။ ထိုနောင် ယင်းတွန်းတင်ထားသော လက်နှစ်ဘက်အား ဆန့်ကျင်လျက် ခေါင်းကို တဖြည်းဖြည်းချင်း ငုံ့ ပေးပါ။ ပထအဆုံး အနေအထားအထိ ပြန်ငုံ့ပေးရမည်။ လေးငါးကြိမ်ထိ ငုံ့မော့ပေးပါ။ တနေ့ သုံးကြိမ်ပြုလုပ်ပေးပါ။ အုန်းလွဲ သောလူနာများသည် များသောအားဖြင့် လည်ပင်းဆွဲပေးရန် မလိုအပ်ပါ။
ရှောင်ရန် ဆောင်ရန်များ
၁-ခေါင်းအုံးထူထူမအုံးရ။ ခေါင်းအုံးမ မာစေရ။ ခေါင်းအုံးပါးပါး ပျော့ပျော့ဖြင့် အိပ်ပါ။
၂-ပက်လက်ကုလားထိုင် မထိုင်ရ။
၃-ခေါင်းငုံ့ အလုပ်မလုပ်ရ။ အကယ်၍ စာဖတ်ခြင်း၊ စာရေးခြင်း ပြုလုပ်လိုက ခေါင်းမငုံ့စေဘဲ စာအုပ်ကို မျက်နှာရှိရာ နေရာအထိ မြှင့်တင်လျက် ဖတ်ပါ၊ ရေးပါ။
၎-နင်းခြင်း၊ နှိပ်ခြင်း၊ လည်ပင်းချိုးခြင်း မပြုလုပ်ရ။
၅-ခေါင်းကို တတ်နိုင်သရွေ့ မော့ခြင်း၊ ငုံ့ခြင်း၊ စောင်းခြင်း မဖြစ်စေပဲ ရှေ့သို့ တည့်တည့်ကြည့်လျက် အနေအထားဖြင့် နေပါ။

အနားယူခြင်း၊ ရေနွေးအိတ်ကပ်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်းများကို တိတိကျကျ လိုက်နာကျင့်သုံးပါ။
မိမိဘာသာပြုလုပ်ကြည့်၍ တပတ်အတွင်းသက်သာပျောက်ကင်းမှု မရှိက ဆေးရုံသို့ သွားရောက်ပြသရမည်ဖြစ်ပါသည်။
သူငယ်ချင်းများအားလုံး ကာယသုခ စိတ္တသုခ ပြည့်ဝကြပါစေ...

ကိုဇေယျာ ကျေးဇူးပါနော်....


ဒူးဆစ်ရောင်ခြင်းအတွက် ဆောင်ရန်နှင့် ရှောင်ရန်...


           လူ၌ခန္ဓာကိုယ်အား ထောက်မတ်ပေးရန်နှင့် သွားလာလှုပ်ရှားမှုအတွက် ခြေထောက်နှစ်ချောင်းနှင့် ကိုင်တွယ်လုပ်ကိုင် ဆောင်ရွက်နိုင်ရန် လက်နှစ်ချောင်းရှိလေသည်။ လူသားသည် သူ၏ အသက်ရှင်နေထိုင်မှုအတွက် ခြေနှင့် လက်အား မွေးသည်မှ သေသည်အထိ မရပ်မနား အသုံးချ စေခိုင်းရသည်။ ထိုအခါ အလုပ်များ အမှားပါဆိုသော စကားအတိုင်း လူ၏စားဝတ်နေရေး အ၀၀အား တာဝန်ယူ ဆောင်ရွက်ပေးနေရသော ခြေနှင့် လက်တို့သည် ပင်ပန်းခြင်း ၊ ထိခိုက်အနာတရဖြစ်ခြင်း နှင့် ချွတ်ယွင်းခြင်းများ ဖြစ်လာရပေသည်။ လူတို့လုပ်ကိုင်ဆောင်ရွက်ရသော လုပ်ငန်းသဘာဝအရ လည်းကောင်း၊ စက်မှုတိုးတက်မှု အဆင့်အရလည်းကောင်း၊ ခန္ဓာကိုယ် ၀ခြင်း ပိန်ခြင်းအရ လည်းကောင်း၊ ရောဂါကြောင့် လည်းကောင်း၊ အလုပ်အကိုင် များသော ခြေနှင့် လက်တို့သည် ထိခိုက်နာကျင် ချွတ်ယွင်းပျက်စီးမှုအဖြစ်များဆုံး ဖြစ်ရတော့သည်။
ထိုသို့သော ခြေလက်ရောဂါ ဝေဒနာများတွင် ဒူးဆစ်ရောင်ခြင်း (ခေါ်) ဒူးနာခြင်းသည်လည်း အဖြစ်များသော ရောဂါဝေဒနာတခုဖြစ်ပြီး လူတို့အား ဝေဒနာခံစားရခြင်းနှင့် စိတ်ဆင်းရဲရခြင်းများစွာ ဖြစ်စေပါသည်။ ဒူးဆစ်ရောင်ခြင်းဟု အများနားလည်အောင်ခေါ်ထားရသော်လည်း ဤရောဂါဝေဒနာ ဖြစ်တိုင်းဒူးဆစ်ရောင်သည် မဟုတ်ပေ။ အချို့လူနာများတွင်မူ ဒူးဆစ်ရောင်ခြင်းမတွေ့ရပေ။ ဒူးဆစ်၏ မျက်နှာပြင်များ ကြမ်းတမ်းလာခြင်း၊ မချောမွတ်ခြင်းနှင့် အရိုးပိုလေးများ ထွက်ပေါ်လာခြင်းအား ယေဘုယျအားဖြင့် ခေါ်ဆိုထားခြင်း ဖြစ်ပါသည်။ ဤရောဂါ ဝေဒနာဖြစ်လျင် အချိန်မြန်မြန်နှင့် မပျောက်တတ်ရာ လူနာအဖို့ အလုပ်အကိုင်ပျက်ခြင်း၊ နာကျင်မှုခံစားရခြင်းနှင့် စိတ်ဆင်းရဲခြင်းများ ဖြစ်ကြရလေသည်။ အချို့က အရိုးကင်ဆာဟု မိမိဘာသာထင်မှတ်ပြီး မတို့ရဲ မထိရဲနှင့် ဆေးရုံသို့ သွားရောက်ပြသပြီး ကုသမှုခံယူရန် ကြောက်ရွံ့စိုးရိမ်နေတတ်ကြကြောင်း တွေ့ရဖူးပါသည်။ အချို့က သည်လိုမတွေး၊ ငြိမ်ငြိမ်လေးနေလို့ ကိုယ်လက်လှုပ်ရှားမှု နည်းပါးလို့ဟု ထင်မှတ်ကြပြီး လမ်းများများ လျှောက်ခြင်း၊ ခြေထောက်လေ့ကျင့်ခန်းများ ပြင်းထန်စွာ ပြုလုပ်ပေးခြင်းများ ပြုလုပ်တတ်ကြရာ ဝေဒနာ အခြေအနေပိုဆိုးသွားတတ်သည် ဖြစ်၏။ အချို့က အနှိပ်သည်ဖြင့် နှိပ်ခြင်း၊ နင်းခြင်း၊ ချိုးခြင်းများ ပြုလုပ်ပြီး ပိုမို နာကျင်ခြင်းသာ ခံစားရလေသည်။
အမှန်မူ ဒူးဆစ်ရောင်ခြင်းရောဂါ ဝေဒနာအကြောင်းနှင့် ကာကွယ်ရေး၊ ကုသရေးနှင့် သတိပြုနေထိုင်ရေးများအကြောင်း သိရှိသဘောပေါက်ထားကြမည်ဆိုပါက ထင်သလောက် မဆိုးရွားသော ဒုက္ခမပေးနိုင်သော စိုးရိမ်ကြီးရန်မလိုသော ကုသ၍ပျောက်ကင်း (မနာတော့ခြင်းကို ဆိုလိုသည်) နိုင်သော ရောဂါဝေဒနာဖြစ်ကြောင်း လက်တွေ့ပြုလုပ်သိရှိနိုင်သည် ဖြစ်၏။
ရောဂါဝေဒနာဖြစ်ရခြင်း အကြောင်းအရင်းများ
ဆေးကျမ်းများ၏ အဆိုအရ ဒူးဆစ်ရောင်ခြင်း (O.A Knee) ၏ဖြစ်ရသောအကြောင်းအရင်းအား အများအားဖြင့် အတိအကျ မသိဟု တညီတညွတ်တည်းဆိုထားကြပါသည်။ မည်သို့ဆိုစေ ဆရာဝန်များ၏ ဆေးကုသမှုအတွေ့အကြုံအရ ဒူးဆစ်နာခြင်းအား အမျိုးအစား နှစ်မျိုး ခွဲခြင်း၍ သတ်မှတ်ရ လေသည်။
(၁) အလိုလျှောက် ဒူးဆစ်ရောင်ခြင်း
(၂) အကျိုးအဆက်အဖြစ် ဒူးဆစ်ရောင်ခြင်း
ပထမ အမျိုးအစားဖြစ်သော အလိုအလျှောက် ဒူးဆစ်ရောင်ခြင်းဖြစ်ရသောအကြောင်းအရင်းအား အတိအကျ မသိရပေ။ ဖြစ်နိုင်ချေရှိသော အကြောင်းအရင်းများကား
(၁) မျိုးရိုးဗီဇ အရ ဖြစ်ခြင်း
(၂) အသက်အရွယ်အရ ဖြစ်ခြင်း
(၃) ခန္ဓာကိုယ် ၀လွန်း၍ ဖြစ်ခြင်း
(၄) အလုပ်အကိုင်၏ သဘာဝအလျှောက်ဖြစ်ခြင်း (ဥပမာ ကြာရှည်မတ်တတ်ရပ်၍လည်းကောင်း၊ ဒူးကွေးထိုင်လျက် လည်းကောင်း လုပ်ရသော အလုပ်မျိုး)
ဒုတိယ အမျိုးအစား ဖြစ်သော အကျိုးအဆက်အဖြစ် အဆစ်ရောင်ခြင်းဖြစ်ရသော အကြောင်းအရင်းများကား
ဒူးအား ပြင်းထန်စွာထိခိုက်အနာတရဖြစ်ခဲ့ဖူးခြင်း
ရောဂါပိုးဝင်ရောက်ခဲ့ခြင်း
အဆစ်အမြစ်ရောင်ရောဂါဖြစ်ခဲ့ဖူးခြင်း။
(ဂေါက်) ခေါ် အဆစ်ရောင်ရောဂါတစ်မျိုးဖြစ်ခဲ့ဖူးခြင်း
မွေးရာပါ ကိုယ်အင်္ဂါချွတ်ယွင်းမှုရှိခြင်း (ဥပမာ-ခြေခွင်ခြင်း၊ ခါးစောင်းခြင်း၊ ခြေထောက်အတိုအရှည် မညီညာခြင်းများ)။

ရောဂါဝေဒနာ ဖြစ်ပျက်ပုံသဘော
အရိုးဆက်ရွတ်များ (Semilunar Cartilages) အရိုးများနှင့် အဆစ်ငုံအရွတ် (Capsular Ligaments) များအတွင်း မျက်စီးမှုဆိုင်ရာ ပြောင်းလဲခြင်းများ ဖြစ်ပေါ်လာ၍ ဖြစ်ရလေသည်။ မျက်နှာချင်းဆိုင်ဆက်သွယ်ထားသော အရိုးနှစ်ခုကြားရှိ ကြားခံအရိုးဆက်ရွတ်များ တရိရိပျက်စီးသွားခြင်းဖြင့် အရိုးနှစ်ခုကို တိုက်ရိုက် ထိတွေ့ပွတ်တိုက်ခြင်းဖြစ်လာရသည်။ ထိုအခါ ချောမွေ့သော အရိုးမျက်နှာပြင် ကြမ်းလာသည်။ ပြောင်ချောလာသည်။ နောက်ဆုံး အရိုးများ၏ နခမ်းသားများ၌ အရိုးပိုလေးများ (Osteophytis) ဖြစ်ပေါ်လာသည်။ ထိုအခါ အဆစ်ငုံအရွတ်များကျုံ့သွားကြပြီး ကြာသော် တိုသွားကြသည်။ ဤသို့ဖြင့် အဆစ်၏အနေအ ထား ချွတ်ယွင်းခြင်း၊ ကွေးကောက်ခြင်း ဖြစ်လာရတော့သည်။
ရောဂါလက္ခဏာများ
(၁) နာကျင်ခြင်း
(၂) ဒူးဆစ်အပြည့်အ၀ကွေးဆန့်မရခြင်း
(၃) ပတ်ဝန်းကျင်ကြွက်သားများ တင်းခြင်း
(၄) ခြေထောက်အနေအထား ချွတ်ယွင်းခြင်း
(၅) ဒူးဆစ်အတွင်းမှ အရိုးပွတ်တိုက်သံ(Crepitus) များတခါတရံ ကြားရခြင်း၊ လက်နှင့် စမ်း၍ရခြင်း
(၆) ဒူးဆစ်ရောင်ခြင်း (အချို့လူနာများတွင်)
(၇) ဆောင့်ကြောင့်ထိုင်မရခြင်း၊ တင်ပလ္လင်ခွေထိုင်မရခြင်း
(၈) လှေကားအတက်အဆင်း မလုပ်နိုင်ခြင်း
(၉) ကြာကြာမတ်တတ်မရပ်နိုင်ခြင်း
(၁၀) ရာသီဥတုအေးက ပိုမိုကိုက်ခြင်း၊ နာခြင်း
(၁၁) ဒူးမခိုင်ခြင်း

ကုသနည်းများ
အနားယူခြင်း။  ။ အနားယူခြင်းဆိုသည်မှာ နာသောဒူးပေါ်တွင် ကြာကြာအားပြု၍ အလုပ်အကိုင် မလုပ်ရန် ဆိုလိုပါသည်။ ကြာကြာမတ်တတ်မရပ်ရခြင်း၊ လမ်းမလျှောက်ရခြင်း၊ တတ်နိုင်သရွေ့ လှေကားအတက်အဆင်း မလုပ်ခြင်း၊ မနင်းနှိပ်ြခင်း၊ ဒူးကွေးမထိုင်ခြင်းတို့ ဖြစ်သည်။
အပူပေးခြင်း။   ။ အဆစ်နှင့် အကြောရောဂါ များသည် ရေနွေးအိတ်ကပ်ပေးခြင်းဖြင့် သက်သာမှုရဂတတ်သည့်အတိုင်း အနည်းဆုံး တနေ့(၃) ကြိမ်ရေနွေးကပ်ပေးပါ။ အေးသောအချိန်များတွင် ပို၍ကပ်ပေးပါ။ ထူးထူးခြားခြား မနာလျင် အနာသက်သာစေသော ဆေးများကို စားသုံးမည့်အစား ရေနွေးကပ်ပေးခြင်း အန္တရာယ်လည်း ကင်းပြီး ဆေးဖိုးဝါးခ ကုန်ကျသက်သာပါသည်။
တုတ်ကိုင်လမ်းလျှောက်ခြင်း။   ။ ဒူးဆစ်တကယ်နာပြီဆိုက လမ်းမလျှောက်နိုင်သည်က များလေသည်။ အချို့ မတ်တတ်ပင် မရပ်နိုင်ပေ။ အချို့အနည်းငယ်နာသူများက ထော့နဲ့ ထော့နဲ့ဖြင့် လမ်းလျှောက်ပေးခြင်းဖြင့် ဒူးပို၍ နာသွားတတ်ပေသည်။ အကောင်းဆုံးမှာ နာသောဘက်မှ လက်တွင် တုတ်တချောင်းကိုင်လျက် လမ်းလျှောက်ခြင်းပင် ဖြစ်သည်။ နာသောခြေထောက်ပေါ်သို့ အားပြုတိုင်း တုတ်ပေါ်၌ အားပြုပေးခြင်းဖြင့် ဒူးနာခြင်းသက်သာပါမည်။ ဒူးအားထိခိုက်မိခြင်း လျော့ပါးစေပါမည်။ လမ်းလျှောက်ရာတွင်လည်း ထော့နဲ့ထော့နဲ့ သိပ်မဖြစ်တော့ပဲ လူကောင်းအတိုင်းအသင့်အတင့် ကြည့်ကောင်းလာမည်ဖြစ်သည်။ ဤသို့ဖြင့် နာနေသော ဒူးအား ပိုမိုထိခိုက်ခြင်းလည်း မဖြစ်စေ၊ နာကျင်ခြင်းလည်းများစွာ မခံစားရစေဖြစ်ပါသည်။
ဆေးစားခြင်း။  ။ အနာသက်သာစေသည့် ဆေးနှင့် ကြွက်သားတင်းသည်များကို လျှော့နိုင်သောဆေး များအား ဆရာဝန်နှင့် တိုင်ပင်ပြီး စားသုံးပါ။ အလွန်နာကျင်မှ စားသုံးရန်ဖြစ်ပါသည်။ နေနိုင်ရုံနာက ဆေးမစားပဲ ရေနွေးအိတ်များများ ကြာကြာကပ်ပေးပါက ပိုကောင်းပါသည်။
ဆေးထိုးခြင်း။   ။ အရိုးအထူးကုဆရာများ၊ အကြောအဆစ်ဘက်ဆိုင်ရာ ဆရာဝန်များအနေဖြင့် လိုအပ်က အဆစ်အတွင်းသို့ ဆေးထိုးပေးပါမည်။

လေ့ကျင့်လှုပ်ရှားကုသခြင်း
ဒူးနာသူများအဖို့ အောက်ပါဒူးလေ့ကျင့်ခန်းများအား ရေနွေးအိတ်ကပ်ပြီးတိုင်း ပြုလုပ်ပေးပါ။
(၁) လူနာသည် ခြေဆင်းထိုင်လျက် ရှိနေရမည်။ ပထမဦးစွာ မနာသော ခြေထောက်မှ ခြေကျင်းဝတ်အား အပေါ်သို့ အစွမ်းကုန်ကော့တင်ထားပါ။ ထိုနောက် ဒူးဆစ်အား စိတ်ဖြင့် အောက်သို့ဖိချပေးပါ။ သို့မဟုတ် ဒူးဆစ်အောက်တွင် လက်ဖ၀ါးခံထားပြီး ထိုလက်ဖ၀ါးအား ဒူးဖြင့်အောက်သို့ အစွမ်းကုန်ဖိထားပေးပါ။ ထိုအခါပေါင်ကြွက်သားများ တင်းလာကြောင်းတွေ့ရမည်။ နှစ်စက္ကန့်မျှ တင်းပြီးလျင် တဖြည်းဖြည်းလျှော့လိုက်ပါ။ ခြေကျင်းဝတ်ကိုလည်း အသာပြန်ချပါ။ ဤသို့ ဖြင့် လေ့ကျင့်ခန်းလုပ်ခြင်း တကြိမ်ပြီး၏။ ဤသို့ ကောင်းသော ခြေထောက်အား လေ့ကျင့်၍ရမှ နာသောဘက်အား တဖြည်းဖြည်းလုပ်ပေးပါ။ နာကျင်မှုအခြေအနေအရ သိပ်နာအောင်မလုပ်ရ။ မသိမသာလေးနာသည်အထိ လုပ်ပေးပါ။ နှစ်ရက် သုံးရက်ကြာသောအခါ မနာမကျင်ပဲ ဤလေ့ကျင့် လှုပ်ရှားမှုအား လုပ်နိုင်လာပေမည်။ တခါလုပ်လျင် ခုနစ်ကြိမ်မှ ဆယ်ကြိမ်အထိ လုပ်ပေးပါ။ တခါလုပ် ပြီးတိုင်း တမိနစ်ခန့်နားပါ။ ထိုနောက် ခုနစ်ကြိမ် ဆယ်ကြိမ်ပြန်လုပ်ပါ။ တမိနစ်နားပါ။ တတိယအကြိမ် လုပ်ပြီးက လုံးဝအနားယူရမည်။ ဤသို့ တနေ့ နှစ်ကြိမ်ပြုလုပ်ပေးရမည်။

(၂) လူနာသည် ပက်လက်ဆန့်ဆန့်အိပ်နေရမည်။ နာသောဒူးဆစ်အား ဆန့်ထားလျက် ခြေထောက်ကိုအပေါ်သို့ မြှောက်တင်ပေးပါ။ ထိုသို့ မြှောက်နေစဉ် ဒူးကွေးမသွားစေရ။ စတင်လေ့ကျင့် စတွင် နှစ်လက်မ၊ သုံးလက်မခန့်သာ မြှင့်တင်နိုင်ပါလိမ့်မည်။ သိပ်နာသည်အထိ မမြှောက်တင်ရ။ မိမိရသလောက် မနာပဲ လုပ်နိုင်သရွေ့ သာလုပ်ပေးပါ။ တဖြည်းဖြည်းနှင့် ပို၍ရလာပါလိမ့်မည်။
(၃) လူနာသည် ခုတင်(သို့) ခုံတန်းတခုတွင် ခြေတွဲလောင်းချလျက်ထိုင်နေရမည်။ ဒူးဆစ်၏ တံကောက်ကွေးသည် ခုံတန်း၏အစွန်းနှင့် ထိကပ်ထားရမည်။ ထိုနောက်ခြေကျင်းဝတ်အား အပေါ်သို့ ကော့တင်ပါ။ ယင်းသို့ ကော့တင်ထားပြီး ဒူးအား အပေါ်သို့ ဆန့်တင်ရမည်။ မိမိရနိုင်သရွေ့သာ ဆန့်တင်ပေးရမည်။ လက်နှစ်ဘက်အား ခုံပေါ်ထောက်ထားပါ။ ပေါင်ကြွက်သား စစ်စစ်ဖြင့် မတင်ရမည်။ တကိုယ်လုံးအားဖြင့် မမတင်ရ။ နာသောဒူးသည် လေ့ကျင့်ခန်းစလုပ်စတွင် ဆန့်ဆန့်လုပ်နိုင်ဦးမည်မဟုတ်ပေ။ တဖြည်းဖြည်းလေ့ကျင့်ပါမှ ဆန့်လာနိုင်မည်ဖြစ်သည်။ တစ်ရက်လျက် ဆယ်ကြိမ် သုံးခါ ပြုလုပ်ပေးရမည်။ ဤသို့ဖြင့် ပေါင်ကြွက်သားသန်မာလာမည်။ ဒူးအနောက်ဘက်မှ ကြွက်သားတင်းခြင်း လျော့လာမည်ဖြစ်သည်။
(၄) လူနာသည် မှောက်အိပ်နေရမည်။ ထိုနောက်နာသော ဒူးအား အပေါ်သို့ တဖြေးဖြေးကွေးတင်ပေးပါ။ ဤလေ့ကျင့်လှုပ်ရှားမှု သည် ဒူးနာသူများအဖို့ အခက်ခဲဆုံးဖြစ်ရာ အခြားလေ့ကျင့်လှုပ်ရှားမှုများ (၁) (၂) (၃) ပြုလုပ်၍တပတ်ကျော်မှ စတင်ပြုလုပ်သင့်သည်။ ဒူးနာခြင်းတော်တော်လေးသက်သာမှ ပြုလုပ်ပေးပါ။ နာသောဒူးအား သူ့ဘာသာ မကွေးတင်နိုင်က ကောင်းသောခြေထောက်၏ အကူအညီဖြင့် ကွေးတင်ပေးပါ။ သိပ်နာသည်အထိ မကွေးရ။
(၅) လူနာသည် မတ်တတ်ရပ်လျက် ဒူးအားအနည်းငယ် ကွေးလိုက်ပါ။ အရပ်အနည်းငယ် ပုသွားလိမ့် မည်။ ထိုနောက် ပေါင်ကြွက်သားအား အားစိုက်လျက် ရှိပေမည်။ ပထမတွင် ၁၅ ဒီဂရီ ၂၀ ဒီဂရီခန့် ကွေးလိုက်ဆန့်လိုက် ပြုလုပ်ပြီးနောက် တဖြည်းဖြည်း၂၅ ဒီဂရီမှ ၆၀၊ ၇၀၊ ၉၀၊ ၁၀၀ ဒီဂရီ စသည်ဖြင့် တိုးတက်ကွေးဆန့်ပေးပါ။ တနည်းအားဖြင့်ဆိုရသော် ထိုင်ထ လေ့ကျင့်ခြင်းပင် ဖြစ်ပါသည်။
ရှောင်ရန် ဆောင်ရန်များ
(၁) မနင်းရ၊ မနှိပ်ရ
(၂) ဒူးကွေးမထိုင်ရ၊ တင်ပလ္လင်ခွေ မထိုင်ရ
(၃) လှေခါးအတက်အဆင်း မပြုလုပ်ရ။ အကယ်၍ ပြုလုပ်လိုက အတက်တွင်ကောင်းသော ခြေထောက်ဖြင့်သာ စတက်ပြီး၊ နာသော ခြေထောက်က နောက်လိုက်ဖြစ်ရမည်။ အဆင်းတွင် ပြောင်းပြန်ဖြစ်၏။ နာသောဘက်နှင့်ချည်း စ၍ဆင်းရမည်။ ကောင်းသောဘက်က နောက်လိုက်ဖြစ်ရမည်
(၄) ကြာကြာမတ်တတ်မရပ်ရ၊ လမ်းမလျှောက်ရ

ရေးသားပေးသော ကိုဇေယျာကို ကျေးဇူးတင်ပါတယ်နော်...

အချစ်ပညာပေးဇတ်လမ်းလေးတွေပါ......

romeo and juliet (1996)


click here to watch movie

juno (2007)

click here to watch movie 

american beauty (1999)


click here to watch movie
amt

အက်ရှင်ကား ၂၀၁၂...

maximum conviction (2012)


click here to watch movie

the mark (2012)


click here to watch movie

wrong turn 5 (2012)


click here to watch movie

Monday, October 15, 2012

တက္ကဆီမောင်းတဲ့ ဇတ်လမ်းလေးတွေပါ....taxi...

taxi (2004)


click here to watch movie

taxi 2 (2000)


click here to watch movie

 taxi 3 (2000)


click here to watch movie 

putlocker လိုင်းကိုကြည့်ပါက..click here to play .နှိပ်ပြီး continue as free user ထပ်နှိပ်ပါ ပြီးရင် click to play ကိုနှိပ်ပြီး ကြည့်လို့ရပါပြီ ..
filenuke လိုင်းကိုကြည့်ပါက click here to play ကိုနှိပ်ပါ ပြီးရင် free ကိုနှိပ်ပါ..ပေါ်လာတဲ့ကြော်ငြာ Tap ကို ပိတ်ပြီး အောက်မှာရှိတဲ့ play ပုံလေးကို နှိပ်ပြီးကြည့်နိုင်ပါပြီ.....

မာမီသရဲကား ဇတ်လမ်းလေးပါ...the mummy..

the mummy (1999)


click here to watch movie

the mummy return (2001)


click here to watch movie

the mummy: tomb of the dragon emperor (2008)


click here to watch movie 

putlocker လိုင်းကိုကြည့်ပါက..click here to play .နှိပ်ပြီး continue as free user ထပ်နှိပ်ပါ ပြီးရင် click to play ကိုနှိပ်ပြီး ကြည့်လို့ရပါပြီ ..
filenuke လိုင်းကိုကြည့်ပါက click here to play ကိုနှိပ်ပါ ပြီးရင် free ကိုနှိပ်ပါ..ပေါ်လာတဲ့ကြော်ငြာ Tap ကို ပိတ်ပြီး အောက်မှာရှိတဲ့ play ပုံလေးကို နှိပ်ပြီးကြည့်နိုင်ပါပြီ.....


အောက်တိုဘာ ၁၃ ရက် နေ့မှ ၁၉ ရက်နေ့ထိ ဂျာနယ်များ


အောက်တိုဘာ ၁၅ရက် တနင်္လာံနေ့ထုတ် weekly eleven journal

click here to read journal


အောက်တိုဘာ ၁၃ရက် စနေနေ့ထုတ် the voice journal

click here to read journal 


အောက်တိုဘာ ၁၆ရက် အင်္ဂါံနေ့ထုတ် first eleven journal

click here to read journal

အောက်တိုဘာ ၁၅ရက် တနင်္လာံနေ့ထုတ် internet journal

click here to read journal 

အောက်တိုဘာ ၁၉ရက် သောကြာနေ့ထုတ် premier eleven journal

click here to read journal 

အောက်တိုဘာ ၁၅ရက် တနင်္လာံနေ့ထုတ် အနုပညာဂျာနယ် the ray of light journal

click here to read journal

Shwe FM 3rd Anniversary




01 မင်းသဘော - Bobby Soxer
02 ပြန်လာပြီး - ချမ်းချမ်း
03 အလုံခြုံဆုံး - ဆုပန်ထွာ
04 မနေတတ်သောအလွမ်း - အိမ့်ချစ်
05 နောက်ဆုံးတော့ - Super Models
06 တစ်နေရာစာ - ၀ိုင်းစုခိုင်သိန်း
07 ကိုင်းကြီးကြီးနား - စန္ဒီမြင့်လွင်
08 အလွမ်း FM - နေနေ
09 နောင်တမဲ့အမှား - အေသင်ချိုဆွေ
10 လာရာလမ်းလေး - နန်းသူဇာ (Cappuccino)
11 ငါ့ကိုချစ်ရင် - နန်းမြတ်ဖြိုးသင်း
12 မင်းဘက်မှာ - စိုးပြည့်သဇင်
13 သာသာယာယာပဲ -Group

click here to download

Saturday, October 13, 2012

စက်တင်ဘာလအတွက် အကောင်းဆုံးရုပ်၇ှင်များ...

stolen (2012)


နီကိုလပ်ကေ့ခ်ျ နောက်ဆုံးရိုက်ထားတဲ့ ကားလေးပါ...ငွေနဲ့ေ၇ွခိုးတဲ့ ဇတ်လမ်းလေးပါ...

click here to watch movie

looper (2012)

ဘရုစ်ဝီးလစ် နောက်ဆုံးရိုက်ထားတဲ့ ကားလေးပါ...looper တယောက်ဟာ သူ့ရဲ့သက်တမ်းကြာအောင်နေရဖို့ သူ့ရဲ့အသက်ကိုပြန်သတ်ရတဲ့ ဇတ်လမ်းလေးပါ....

click here to watch movie 

premium rush (2012)

ပါဆယ်ပို့တဲ့ ဇတ်လမ်းလေးပါ....

click here to watch movie

putlocker လိုင်းကိုကြည့်ပါက..click here to play .နှိပ်ပြီး continue as free user ထပ်နှိပ်ပါ ပြီးရင် click to play ကိုနှိပ်ပြီး ကြည့်လို့ရပါပြီ ..
filenuke လိုင်းကိုကြည့်ပါက click here to play ကိုနှိပ်ပါ ပြီးရင် free ကိုနှိပ်ပါ..ပေါ်လာတဲ့ကြော်ငြာ Tap ကို ပိတ်ပြီး အောက်မှာရှိတဲ့ play ပုံလေးကို နှိပ်ပြီးကြည့်နိုင်ပါပြီ.....

Friday, October 12, 2012

အမေရိကန်၊ ဂျပန်နှင့် တရုတ် ငွေထုတ်ကတ်လေးမျိုး ပြည်တွင်း၌ သုံးခွင့်ရပြီ



နိုင်ငံတကာသုံး ငွေထုတ်ကတ်လေးမျိုးကို ပြည်တွင်း၌ စတင်အသုံးပြုရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က အောက်တိုဘာလ ၃ ရက်နေ့၌ ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ပုဂ္ဂလိကဘဏ်တစ်ခုမှ စုံစမ်းသိရှိရသည်။ ပြည်တွင်း၌ သုံးစွဲခွင့်ရသည့် နိုင်ငံတကာ သုံး ငွေထုတ်ကတ် ၄ မျိုးမှာ အမေရိကန်နိုင်ငံထုတ် VISA နှင့် MASTER Card၊ ဂျပန်နိုင်ငံထုတ် JCB Card နှင့် တရုတ်နိုင်ငံထုတ် CUP Card တို့ ဖြစ်သည်။ ငွေပေးချေမှု အဆင့်မြှင့်တင်ရေး အတွက် International Card များဖြစ်သည့် VISA၊ Master၊ CUP နှင့် JCB ကတ်များအား ပြည်တွင်း၌ သုံးစွဲခွင့်ပြုရေးအတွက် MPU အဖွဲ့ဝင် ဘဏ်များနှင့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၊ ပြည်တွင်းအခွန်များ ဦးစီးဌာနနှင့် MIT တို့မှ မြန်မာနိုင်ငံဘဏ်များ အသင်း၌ အစည်းအဝေး ပြုလုပ်ခဲ့ပြီး သဘောတူညီချက်များကို သက်ဆိုင်ရာသို့ တင်ပြထားခဲ့ရာ ဗဟိုဘဏ်မှ အချက် ၄ ချက်ဖြင့် ခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း သိရသည်။ ခွင့်ပြုချက်များအရ နိုင်ငံတကာ ကတ်ဝန်ဆောင်မှုကို မြန်မာနိုင်ငံမှ လက်ခံရယူပြီး ပထမအဆင့် သုံးစွဲမည်ဖြစ်၍ ဘဏ်တစ်ခုချင်းစီနှင့် ATM စက်များတွင် စတင်သုံးစွဲနိုင်ရန် ဆောင်ရွက်ရေး အဆိုပါ ATM စက်များနှင့် ချိတ်ဆက်ရာတွင် လိုအပ်သည့် နည်းပညာနှင့် ဆက်သွယ်ရေးဆိုင်ရာ ကိစ္စရပ်များအတွက် MIT၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းတို့နှင့် ညှိနှိုင်းဆောင်ရွက်ရေး၊ ဟိုတယ်များ၊ စားသောက်ဆိုင်များတွင် အဆိုပါ ကတ်များအား POS Terminal ထားရှိ၍ လက်ခံသုံးစွဲရန် အတွက် MPU POS အပြင် MPU, POS နှင့် ကွဲပြားသည့် International POS Terminal ကို ထပ်မံချထား၍ ၎င်းကတ်များအားလုံး စုပေါင်းသုံးစွဲနိုင်သည့် ပုံစံဖြင့် ဆောင်ရွက်ရန် လိုအပ်သည့် နည်းပညာပိုင်းကို MIT နှင့် ညှိနှိုင်းရန်နှင့် ဆက်သွယ်ရေး လိုင်းများအတွက် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းနှင့် ညှိနှိုင်းဆောင်ရွက် သွားရေးအပြင် အဖွဲ့ဝင် ဘဏ်များမှ ၎င်းကတ်များ၏ Acquiring များ ဆောင်ရွက်ရန် အတွက် Settlement ဆိုင်ရာ ကိစ္စရပ်များကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်သို့ ရှင်းလင်းစွာ ဖော်ပြပေးရန်တို့ကို ဗဟိုဘဏ်က ပုဂ္ဂလိကဘဏ်များသို့ ညွှန်ကြားထားကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်ရာတွင် International Gateway အတွက် သီးသန့် Switch ကို MPU တွင် ထားရှိပြီး နိုင်ငံတကာကတ်များ သုံးစွဲမှုကို ဗဟိုဘဏ်မှ ကြီးကြပ် ဆောင်ရွက်သွားမည်ဖြစ်သည်။ ယခုသုံးစွဲခွင့်ပြုသည့် နိုင်ငံတကာသုံး ငွေထုတ်ကတ် ၄ မျိုးကို လာမည့် ဆီးဂိမ်းအမီ အသုံးပြုနိုင်ရေး အတွက်ကိုလည်း ပုဂ္ဂလိက ဘဏ်များက စီစဉ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဘဏ်အသိုင်းအဝိုင်း အတွင်းမှ စုံစမ်းသိရှိရသည်။ လက်ရှိတွင် ပြည်တွင်း၌ ပုဂ္ဂလိက ဘဏ် ၁၉ ဘဏ်ရှိပြီး ယင်းထဲမှ ဘဏ် ၁၇ ဘဏ်သာ ATM အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်နေသေးကြောင်း ၂၀၁၂ ခုနှစ် အောက်တိုဘာ ၁၁ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။

Thursday, October 11, 2012

စိတ်ဝင်စားဖွယ်ရာ animation ကားလေးတွေပါ.......

astro boy (2009)

သိပ္ပံပညာရှင်ကြီးတဦးက စမ်းသပ်မူပြုလုပ်ရင်းနဲ့ မတော်တစ သေဆုံးသွားတဲ့ သူ့ရဲ့သားလေးနေရာမှာ စွမ်းရည်မြင့်တဲ့ စက်ရုပ်တရုပ်တီထွင်ပြီး အစားထိုးတဲ့ ဇတ်လမ်းလေးဖြစ်ပါတယ်.....

click here to watch movie

wall - e (2008)


ခေတ်နောက်ကျတဲ့စက်ရုပ်လေးက ခုခတ်ပေါ်စက်ရုပ်လေးကို ချစ်တဲ့ဇတ်လမ်းလေးပါ..

click here to watch movie

rango (2011)

ဒီကားလေးကတော့ ရေရှားပါးအောင်လုပ်ထားတဲ့ ကျေးလက်ဒေသကို ရေပြန်လည်ရရှိအောင် ဝိုင်းဝန်းကြိုးစား ကျတဲ့ဇတ်လမ်းလေးပါ...

click here to watch movie 

putlocker လိုင်းကိုကြည့်ပါက..click here to play .နှိပ်ပြီး continue as free user ထပ်နှိပ်ပါ ပြီးရင် click to play ကိုနှိပ်ပြီး ကြည့်လို့ရပါပြီ ..
filenuke လိုင်းကိုကြည့်ပါက click here to play ကိုနှိပ်ပါ ပြီးရင် free ကိုနှိပ်ပါ..ပေါ်လာတဲ့ကြော်ငြာ Tap ကို ပိတ်ပြီး အောက်မှာရှိတဲ့ play ပုံလေးကို နှိပ်ပြီးကြည့်နိုင်ပါပြီ.....

မျက်နှာဖုံးစွပ်ပြီး လူလိုက်သတ်တဲ့ကားလေးပါ..စိတ်ဝင်စားဖို့ ကောင်းပါတယ်...scream...

scream (1996) 1


click here to watch movie

scream (1997) 2


click here to watch movie

scream (2000) 3


click here to watch movie

scream (2011) 4


click here to watch movie 

putlocker လိုင်းကိုကြည့်ပါက..click here to play .နှိပ်ပြီး continue as free user ထပ်နှိပ်ပါ ပြီးရင် click to play ကိုနှိပ်ပြီး ကြည့်လို့ရပါပြီ ..
filenuke လိုင်းကိုကြည့်ပါက click here to play ကိုနှိပ်ပါ ပြီးရင် free ကိုနှိပ်ပါ..ပေါ်လာတဲ့ကြော်ငြာ Tap ကို ပိတ်ပြီး အောက်မှာရှိတဲ့ play ပုံလေးကို နှိပ်ပြီးကြည့်နိုင်ပါပြီ.....

Wednesday, October 10, 2012

သံပုရာသီး အစွမ်းအံမခန်း

ကျွန်တော်သူငယ်ချင်းကို မျှဝေပေးခြင်တာက သံပုရာသီးရဲ့ အသုံးဝင်ပုံ အကျိုးရှိပုံ တွေကိုမျှဝေပေးချင်ပါတယ်ခင်ဗျာ
*ခံတွင်း ကျန်းမာရေး*

သံပုရာသီးဟာ သွားကို ဖြူစေပါတယ်။ သံပုရာသီးအခွံကိုဆား (တကော်စာ)နဲ့ ရောပြီး ပွတ်ပေးရင် သွားကို ဖြူစေရုံတင်မကဘူး။ တောက်ပစေပါတယ်။ ခံတွင်းအနံ့ မကောင်းတာလည်း ပျောက်စေပါတယ်။ သွားကိုက်နေရင်လည်း သံပုရာရည်နဲ့ ပလုတ်ကျင်းပေးပါ။

*နှုတ်ခမ်းကွဲခြင်း*

မျက်နှာလိမ်းခရင်မ်တစ်ဇွန်း (လက်ဖက်ရည်သောက်ဇွန်း) နဲ့ လိမ္မော်ရည်၊ ပျားရည်တို့ကို ရောစပ်ပြီး လိမ်းပေးပါ။ တစ်ပတ်လောက် လိမ်းရုံနဲ့ သိသာ ထင်ရှား ပျောက်ကင်း သွားပါလိမ့်မယ်။

*ဆံပင်ကျွတ်ခြင်း*

အုန်းရည်လေးဇွန်း (စားပွဲတစ်ဇွန်း)နဲ့ သံပရာရည်တို့ ရောစပ်ပြီး တစ်ပတ်တစ်ခါလောက် လိမ်းပေးရင် ဆံပင်ကျွတ်တာ ပျောက်ကင်း စေပါတယ်။

*ဦးရေပြား ယားယံခြင်းနှင့် ဒဏ်ပျောက်ဖို့အတွက်*

ကြက်ဥအကာရည်နှင့် သံပရာရည် (သံပုရာသီးတစ်လုံးစာ) တို့ရောပြီး ဆံနွယ်အမြစ်ကနေ လိမ်းပေးပါ။ တစ်နာရီခန့်ကြာမှ ရေနဲ့ ပြန်ပြီးဆေးကြောပေးပါ။
တစ်လလောက် လုပ်ပေးရုံနဲ့တင် ဦးရေပြားသန့်ရှင်းပြီး ဗောက်၊ ဒက်တို့ ကင်းစင်သွားပါလိမ့်မယ်။

*အသားအရေခြောက်သွေ့ခြင်းအတွက်*

ငှက်ပျောသီးမှည့်တစ်လုံးကိုယူပြီး ချေပေးပါ။ ပြီးရင်တော့ လတ်လတ်ဆတ်ဆတ် သံပုရာရည် တစ်စက်နှစ်စက်နဲ့ ချေထားတဲ့ ငှက်ပျောသီးတို့ကို ရောစပ်ပေးပါ။
ပြီးရင်တော့ မျက်နှာနဲ့ လက်ကို လိမ်းပေးရမှာ ဖြစ်ပါတယ်။ အသားအရေကို ချောမွေ့ သန့်ရှင်း စေပါတယ်။

နောက်တစ်နည်းကတော့ ပျားရည်တစ်ဇွန်း (လက်ဖက်ရည်ဇွန်း) ကို ဟင်းသီးဟင်းရွက် ဆီနဲ့ရောပေးပါ။ ပြီးရင် သံပုရာရည်တစ်စက် လောက်နဲ့ ထပ်ရောပြီး လက်တွေ၊
တံတောင်ဆစ်တွေ၊ ခြေဖနောင့်တွေနဲ့ ကြမ်းထော်နေတဲ့နေရာတွေကို လိမ်းပေးပါ။ လိမ်းပြီးရင် ဆယ်မိ နစ်လောက် စောင့်ပေးပါ။ သံပုရာသီးဟာ အရေပြားအလှအပအတွက်
အကောင်းဆုံးပေးစွမ်းစေနိုင်တဲ့ သစ်သီးပဲ ဖြစ်ပါတယ်။ အထူးသ ဖြင့် ဝက်ခြံနဲ့ ယားနာတွေ ကို ပျောက်ကင်းစေတဲ့သတ္တိရှိပါတယ်။ မှဲ့ခြောက်တွေကိုလည်း ပျောက်ကင်း
စေပါတယ်။ သံပုရာရည်နဲ့သာ လိမ်းပေးရမှာ ဖြစ်ပါတယ်။
*အဆီပြန်တဲ့အသားအရေပိုင်ရှင်များအတွက်*

သံပုရာရည်နှစ်ဇွန်း (လက်ဖက်ရည်ဇွန်း)၊ နနွင်းမှုန့် ဇွန်းဝက်ခန့် (လက်ဖက်ရည်ဇွန်း) တို့ကိုယူပါ။ သင်္ဘောသီးစိတ်ကိုချေပြီး ပျော့ဖတ် သဖွယ် ရအောင်လုပ်ပါ။ ယင်းသင်္ဘောသီး ရည်ကို သုံးဇွန်းခန့် ယူပါ။ အားလုံးကို ရောစပ်ပြီး မျက်လုံးကလွဲရင် မျက်နှာတစ်ပြင်လုံးကို လိမ်း ပေးရမှာ ဖြစ်ပါတယ်။ လိမ်းပြီး မိနစ် ၂၀ ခန့်ကြာအောင် စောင့်ပေးပါ။ ပြီးမှ ရေနဲ့ စ်ဖန် ပြန်ဆေးကြောပေးပါ။

*တံတောင်ဆစ်မည်းခြင်းအတွက်*

သံပရာသီးအခွံနဲ့ ပွတ်ပေးပါ။ ပြီးရင်ရေနဲ့ ဆေးပေးပါ။ နည်းနည်းတော့ကြာပေမယ့် အရေပြားကို သန့်စင်သွားပြီး တောက်ပြောင်ဝင်း လက်လာ ပါလိမ့်မယ်။ တချို့ အသားအရေ
တွေဟာ မှောင်မှောင်မှိုင်းမှိုင်းနဲ့ ခြောက်ခြောက်သွေ့သွေ့ဖြစ်နေတတ်ပါတယ်။ အရောင်အဝါ လင်းလက်ချင်တယ် ဆိုရင်တော့ လတ်လတ်ဆတ်ဆတ် သံပုရာသီး တစ်လုံးရဲ့ အရည်နဲ့ မျက်နှာမကျန် ခန္ဓာကိုယ် အနှံ့ အိပ်ရာမဝင်ခင် ပွတ်လိမ်းပေးပါ။ မနက်ကျမှ ရေချိုးပေးပါ။ အရေပြားကို တောက်ပြောင်ရွှန်းလဲ့စေပြီး နူးညံ့စေပါတယ်။ အိပ်ရတာ စေးထန်းထန်းနဲ့ မအိပ်ချင်ဘူးဆိုရင်တော့ ရေချိုးတဲ့အခါမှာ ချိုးမယ့်ရေထဲ သံပုရာရည်တစ်ခွက်တစ်ဝက်ခန့် ထည့်ပြီး အဲဒီ့ရေနဲ့စိမ်ချိုးပေးပါ။

*လက်သည်းဆေးစွန်းတာ ဖျောက်ချင်ရင်*

သံပုရာသီးစိတ် (သို့) သံပရာရည်ကို ရေထဲရောပြီး လက်ကိုစိမ်ပေးပါ။ လက်သည်းမှာ ပေနေတဲ့ အစွန်းအထင်းတွေကို ချက်ခြင်းချေ ချွတ်ပေးသွား ပါလိမ့်မယ်။
ပြီးသွားရင် လက်သည်းကို ပြန်ဆိုးမယ်ဆိုရင်လည်း ပိုပြီးတောက်ပြောင်လာပါလိမ့်မယ်။သံပုရာရည်ထဲ လက်သည်း ခြေသည်းကို ဆယ်မိနစ်ခန့် စိမ်ပေးပါ။ ပြီးလို့ရှိရင် ဘရက်ရှ်နဲ့ လက်သည်း၊ ခြေသည်းကို ပြန်ပွတ်တိုက်ပေးပါ။ ပြီးမှ ရေနွေး နွေးနဲ့ ဆေးကြောပေးပါ။ ဒီနည်းဟာ လက်သည်းကို သန်စွမ်းစေပြီး တောက်ပြောင်စေပါတယ်။ ဖြစ်နိုင်ရင် ဗင်နီဂါဖြူ ဇွန်းဝက်ခန့်နဲ့
ရေနွေးတစ်ဝက်တို့ ရောပြီး ဘရက်ရှ်နဲ့ တိုက်ပေးရင် ပိုကောင်းပါတယ်။

*ခြေထောက်*

သံပုရာရည်တစ်ခွက်စာ (ကော်ဖီခွက်တစ်ခွက်စာ)၊ သစ်ဂျပိုး(အနံ့အတွက်)၊ သံလွင်ဆီ နှစ်ဇွန်း (စားပွဲတင်ဇွန်း)၊ နွားနို့လေးပုံတစ်ပုံ (ခွက်တစ်ခွက်)၊ ရေသန့် (ရေကို သင့်တော်သလို ထည့်နိုင်ပါတယ်၊ အနည်း၊ အများ အရေးမကြီးပါ) တို့ရောစပ်ပေးပါ။ တကယ်လို့ သစ်ဂျပိုး မသုံးချင်ဘူးဆိုရင် တခြားအနံ့ ပစ္စည်းတို့ သုံးနိုင်ပါတယ်။ နှင်းဆီပွင့်ချပ် တို့ဖြင့်လည်း အစားထိုး အသုံးပြုနိုင်ပါတယ်။ အားလုံးရော စပ်ပြီးရင်တော့ အဲဒီ့အရည်ကို ခြေထောက်စိမ်ပေးရမှာ ဖြစ်ပါတယ်။ ပြီးသွားမှ ရေနဲ့ ဆပ်ပြာ (Mild) နဲ့ သေချာဆေးကြောသန့်စင်ပေးပါ။
တစ်ပတ်လောက်လုပ်ကြည့်လိုက်တာနဲ့ ခြေထောက် အသားအရေဟာ သိသိသာသာချောမွေ့လာပါလိမ့်မယ်။

*နွေအပူမှာ ချွေးဆုနေခြင်းအတွက် အကောင်းဆုံးသစ်သီး*

ပူပြင်းခြောက်သွေ့တဲ့နွေရာသီလို ဥတုမျိုးမှာ ချွေးထွက်သက်သာအောင်ပဲ ဖြစ်ဖြစ်၊ ရင်ပူသက်သာအောင်လုပ်ဖို့ပဲ ဖြစ်ဖြစ် သံပုရာ သီးရည်ကို ပျားရည်တစ်ဇွန်းနဲ့ရောပြီး သောက်ပေးပါ။ သွေးလေလည်ပတ်မှုကို ကောင်းမွန်စေရုံမျှမက ချွေးထွက်ခြင်းကိုလည်း သက် သာစေပါတယ်။ သံပုရာသီးထဲမှာ ပါရှိတဲ့ ဂလူးကိုစ့်နဲ့
သတ္တုဓာတ်တွေကြောင့် ခန္ဓာကိုယ်ကို ချွေးထွက်ခြင်းမှ ကာကွယ်ပေးတဲ့အပြင် အေးမြအောင်လည်း စွမ်းဆောင်ပေးပါတယ်။
လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဂျာနယ်တစ်စောင်မှာ ဒီဆောင်းပါးကို ဖတ်မိရင်း အော် သံပုရာသီးရဲ့ ကောင်းကျိုးက ဒီလောက်ရှိနေတာ၊ နောက်ပြီး နေရာတိုင်းမှာလည်း သံပုရာ သီးကို လွယ်လွယ်ကူကူ ရနိုင်တယ်၊ ရေးကူးထားမှပဲ ဆိုပြီး ဒိုင်ယာရီထဲမှာကို ကူးထားပြီး သွားလေရာကို ယူသွားတတ် ပါတယ်၊ အခုတော့ ဘာရယ်မဟုတ်၊ ကျမ္မာရေး လိုက်စား သူ တွေအတွက် တစုံတခု အသုံးတည့်မယ် ထင်လို့ မှတ်တမ်း အဖြစ် တင်ပြလိုက်ပါတယ် …
၁။သံပုရာရည်ကို သောက်ခြင်းအားဖြင့် မောပန်းနွမ်းနယ်မှုကို ပြေစေပြီး လူ၏ ခန္ဓာကိုယ်တွင် ဖြစ်ပွားတတ် သော အထူးသဖြင့် ၀မ်းဗိုက်တွင် ဖြစ်ပေါ်တတ်သော ရောဂါများကို ကာကွယ်နိုင်ပါတယ်၊
၂။ သံပုရာရည်ကို သကြားအနည်းငယ်ထည့်ကာ များများ သောက်ပေးပါက အစာအဆိပ်သင့်ခြင်း၊ အရက်မှ ဖြစ်သော အဆိပ်၊ ဘိန်းမူးလွန်နာ စသည်များကို ပျောက်ကင်းစေသည်။
၃။ ထမင်းစားပြီးနောက် အော့အန်ခြင်း ဖြစ်တတ်လျင် လပ်ဆတ်သော သံပုရာရည်ကို သောက်ရပါမည်။
၎။ သံပုရာရည်ကို သကြားခတ်၍ သောက်ပါက ခန္ဓာကိုယ်တွင် အဆီများ၍ ချောင်းဆိုးခြင်း၊ သည်းခြေအားနည်းခြင်း၊ ကိုယ်လက် အဆစ် အမြစ် ကိုက်ခဲခြင်းများ ပျောက်ကင်းစေပါတယ်။
၅။ သံပုရာရည်တွင် သကြားခတ်ကာ နံနက်/ည တကြိမ်စီ သောက်ပေးပါက သွားမှ သွေးယိုစီးခြင်းကို ပျောက်ကင်း စေသည်။
၆။ သံပုရာဖျော်ရည်ကို နေ့စဉ်သောက်ပေးပါက အထိုင်အထ လုပ်စဉ် ဖြစ်တတ်သော မူးဝေခြင်း၊ မိုက်ကနဲ ဖြစ်ခြင်း များကို ပျောက်ကင်းစေသည်။
၇။ သံပုရာသီး အစိမ်း၏ အခွံကို စားပေးပါက လေနာ/ ရင်နာ များ ပျောက်ကင်းစေသည်။
၈။ ယားနာ ပွေးနာ၊ အရေပြားတွင် အမည်းကွက်များ ပေါ်လာခြင်း ၊ အမွှေးများ ကျွတ်ခြင်း ဖြစ်ပါက သံပုရာခြမ်း နှင့် ပွတ် တိုက်ပေးရပါမည်။
၉။ သံပုရာသီး သနပ်ကို ထမင်းနှင့် နေ့စဉ် စားသုံးပါက သရက်ရွက် ကြီးသော ရောဂါကို ပျောက်စေသည်။
၁၀။ သံပုရာရည် နွေးနွေးကို ပျားရည်နှင့် ရောစပ်ကာ တနေ့ နှစ်ကြိမ်မျှ လျက်ပေးပါက လည်ချောင်းနာခြင်းကို ပျောက် စေသည်။
၁၁။ သံပုရာသီးတလုံးကို မီးကျွမ်းအောင်ဖုတ်ကာ လေးညှင်းတပွင့်နှင့် ထည့်ကျိတ်ပြီး သွားဖုံးရင်းတွင် သိပ်ပေးသော် သွားကိုက် သွားနာ ပျောက်ကင်းစေပါသည်။
၁၂။ ဆီးဆေးဖြူ ( တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ် ၂၁ ) နှင့် သံပုရာရည်ကို ဖျော်၍ သောက်ပေးပါက ဆီးအောင့်ခြင်း ဝေဒနာကို ပျောက်စေသည်။
၁၃။ သံပုရာခေါက်ကို နံနက် ည တကြိမ်စီ ရေနှင့် ကြိုချက်ကာ သောက်ပေးပါက အဖျား ပျောက်ကင်းစေသည်။
၁၄။ သံပုရာခေါက် ၅ ကျပ်သား၊ ရေ ၇၅ ကျပ်သားနှင့် ထက်ဝက်ခန့် ကျို၍ တခွက်စာ (၂ ကျပ်သားခန့်မျှ) တနေ့ ၂ ကြိမ် သောက်ပေးပါက မပြတ်နိုင်သော အဖျားရောဂါများ ပြတ်သွားနိုင်သည်။
၁၅။ အစာမကြေ၊ လေထိုး၊ လေအောင့်၊ လေပြည့် ဖြစ်နေခဲ့သော် ဂျင်းခြောက်မှုန့် ၂ ပဲ၊ သိန္ဓော ၄ ပဲကို အမှုန့်ထောင်း၍ သံပုရာရည်နှင့် ဖျော်ကာ တနေ့ သုံးကြိမ် သောက်ပေးပါက ပျောက်ကင်းစေနိုင်သည်။
၁၆။ သံပုရာဖျော်ရည် ချိုချိုကို သောက်ပေးခြင်း၊ သံပုရာရည် နှင့် ဆားမီးဖုတ်ကို လျက်ပေးခြင်းဖြင့် နှလုံးတုန်ခြင်း၊ ရင် ခုန်ခြင်း၊ မူးဝေ မောပန်းခြင်း များကို သက်သာပျောက်ကင်းစေသည်။
၁၇။ မူးလျင် သံပုရာသီးကို ရှုပေးပါ၊ ရွဲ့စောင်းသော လေငန်းရောဂါများ၊ အာလေး လျှာလေး၍ စကားမပီသသော သူများ ပုံမှန် သံပုရာသီးတလုံးကို ငုံထားသင့်ပါသည်။
၁၈။ ခေါင်းတွင် ပေါက်တတ်သော ဒက်များ၊ ဘောက်များ ရှိနေပါက သံပုရာသီးအခွံနှင့် ခေါင်းကို ပွတ်တိုက်ပေးရပါမည်။ ယားယံသော နေရာများကိုလည်း ပွတ်တိုက်နိုင်ပြီး အမျိုးသမီးများအတွက် သံပုရာသီးအခွံကို ခေါင်းလျော်ရည်တွင် ထည့် ကာ ခေါင်းလျော်နိုင်ပါသည်။
၁၉။ သံပုရာအစေ့ကို ကြိတ်ကာ ချက်မှာ အုံပြီး ၄င်းအပေါ်၌ ဆန်ဆေးရည်ကို အနည်းငယ် ဆွတ်ဖြန်းပေးပါက ဆီး ရွှင်စေပါတယ်။
၂၀။ သံပုရာချဉ် ပြုလုပ်၍ ထမင်းစားတိုင်း စားသုံးပေးပါက လေကြောင့်ဖြစ်ရသော သွက်ချာပါဒ၊ေ လငန်း၊ လေထိုး၊ လေအောင့်၊ အစာအိမ်ရောဂါ မှန်သမျှကို ကာကွယ်နိုင်သော အထူးစိတ်ချရသော အာဟာရ တစ်မျိုး ဖြစ်ပါသည်။
( ကြည်ကြည်ခင်၊ တိုင်းရင်းဆေး )
စာရေးသူ အထင်တော့ သံပုရာသီးဟာ ၀မ်းဗိုက်နဲ့ ပက်သက်တဲ့ ရောဂါမှန်သမျှ၊ လေနဲ့ ပက်သက်တာ မှန်သမျှကို ကာကွယ်နိုင်ပါတယ်၊ သူ့ရဲ့ ဘေးထွက်ဆိုးကျိုးကို မမြင်မိသလိုပဲ၊ ချွင်းချက်အနေနဲ့ တနေ့ကို ( ၃ ) လုံးထက် ပိုစား မိရင် တော့ အစာအိမ် အချဉ်ပေါက်တဲ့အနာမျိုး ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်၊
ပိန်နေသူများ ၀စေသည်
ရှေးရှေးသော ဆရာတော်ကြီးများကတော့ ညနေပိုင်းမှာ သံပုရာသီး( ၁) လုံးနှင့်၊ ပျားရည် ထမင်းစားဇွန်း ( ၃ ) ဇွန်းလောက်ကို ဖန်ခွက်ကြီး တခုထဲမှာ ထည့်ပြီး ရေနွေးအဖြူနှင့် သမအောင် မွှေကာ သကြားအနည်းငယ်ထည့်ပြီး သောက်လေ့ရှိခဲ့ကြတယ်၊ ရောဂါ မျိုးစုံကို ကာကွယ်နိုင်သလို၊ ညနေပိုင်းမှာလည်း ဗိုက်မဆာတော့ဘူး၊ သံပုရာက လေကို နိုင်သလို ပျားရည်ကလဲ ၀မ်းတွင်းကလီစာများကို ဆေးကုပေးတတ်တယ်၊ စားကောင်း အိပ်ပျော်၊ ဆီးမှန် ၀မ်းမှန် ဖြစ်ပြီး လူကိုလဲ ၀ဖြိုးစေတယ်။ အသားအရေကိုလည်း ကြည်လင်စေတယ်။
အထူးသဖြင့် အစာအိမ် သမားများအတွက် ပျားရည်ဟာ အသင့်လျော်ဆုံး ဆေးကောင်းပါ၊ ပျားရည်က အစာအိမ် နာကြောင့် အစာအိမ်နံရံမှာ ဖြစ်ပေါ်နေတဲ့ အနာများကို ကျက်စေပါတယ်၊ စတုမဓူဟာလဲ အစာအိမ်အတွက် တော်တော် ကောင်းမွန် တဲ့ ဆေး စွမ်းတလက်ပါပဲ။
ဒီနေရာမှာ ကိုယ့်ကိုယ်ကို ပိန် လွန်းလို့ စိတ်ညစ်နေသူများ၊ ၀ချင်သူများ အထက်ပါနည်းကို ပုံမှန်လေး သောက်ပေး ကြည့်ပါ၊ မယုံမရှိပါနဲ့၊ ကိုယ်တွေ့ပါပဲ၊ စာရေးသူ မြန်မာပြည်မှာ ရှိနေစဉ်က ညနေပိုင်းမှာ အထက်ပါနည်းကိုပဲ စွဲစွဲမြဲမြဲ သောက်လာပြီး ၂ လလောက်လဲ နေရော၊ ခန္ဓာကိုယ်ပေါင်ချိန်က ( ၂၀ ) လောက် တက်လာလို့ ဆက်မသောက် ရဲတော့ဘူး၊ အစား လျော့ စားပေး ရင်တော့ ကိုယ်အလေးချိန် သိပ်မတက်နိုင်ပါဘူး၊
ဝနေသူကို ပိန်စေသည်
ဝလွန်းလို့ ပိန်ချင်သူများကတော့ ပျားရည် နှင့် မသောက်ပဲ သံပုရည်သက်သက် သောက်တာ ကောင်းပါတယ်၊ အထူးသဖြင့် သံပုရာရည်သောက်ပြီးလျင် ၀မ်းဗိုက်အတွင်းက ဟာနေတဲ့ အတွက် ညနေစာကို ၀ိတ်ချတာကို သတိမေ့ပြီး စိတ်ကြိုက် စားလေ့ရှိကြပါတယ်၊ အဲဒီမှာ ဘရိတ်မရှိလေတော့ ခန္ဓာကိုယ်က ပိန်မလာပဲ ၀မြဲ ၀နေတာ မျိုးဖြစ် တတ် ပါ တယ်၊ အဲဒီလို အစား မလျော့လျင်လည်း စားလိုက်သမျှ အာဟာရက ခန္ဓာကို အကျိုးပြုစေတာမို့ သတိထားစရာပါပဲ၊ အထူးသဖြင့် သံပုရာရည် သောက်ထားလေတော့ ၀မ်းဗိုက်က ရှင်းလင်းထားသလို ဖြစ်ပြီး ပိုစားနိုင်လာတတ်တယ်၊ ဒါဆိုရင်တော့ ရည်ရွယ် ချက်ပြည့်ဖို့ ခဲယဉ်းသွားပါလိမ့်မယ်၊ အခုခေတ်ပေါ်နေတဲ့ ပိန်ဆေးတွေက ဘေးထွက်ဆိုးကျိုးတွေ အများကြီး ရှိတာကို ဆရာဝန်တိုင်းက ထောက်ခံထားကြပါတယ်၊ သံပုရာကတော့ မရှိသလောက်ပါပဲ၊ သံပုရာကို လိုသလို အသုံးချနိုင်ကြ ပါေ စ လို့ တင်ပြရင်း ..

ရောက်လေရာတွင် သံပုရာ ဆောင်ထားလျင် ကျမ္မာပကတိ ချမ်းသာစွာ ရှိနိုင်ပါကြောင်း စေတနာစကား ပါးလိုက် ပါရစေတော့…
ဗိုက်ခေါက်ထူ/ဗိုက်ပူလို့ အလှပျက်နေသူများအတွက်

မိန်းခလေးဘဲဖြစ်ဖြစ် ယောင်္ကျားလေးဘဲဖြစ်ဖြစ်... အလှအပကို မြတ်နိုးတတ်ကြတာ... သဘာဝပါ... ဒါ့ကြောင့် ဗိုက်ခေါက်ထူ/ဗိုက်ပူပြီး အဆီ များနေသူတွေအတွက်... လက်တွေ့... ၇ ရက်အတွင်း... သိသိသာသာ ဗိုက်ချပ်ပြီး အဆီကျစေတဲ့ဆေးနည်းလေးကို မျှဝေလိုက်ပါတယ်...
ဆေးနည်းက အလွန်လွယ်ပြီး အကုန်အကျလည်း အလွန်သက်သာပါတယ်... အိမ်မှာရှိတတ်တဲ့ ပစ္စည်းလေးတွေကို ရောစပ်ပြီး အသုံးပြုရမှာပါ..

ပါဝင်တဲ့ ပစ္စည်းတွေကတော့... သံပုရာသီး၊ အုံးဆီ၊ ဆေးပူ(ဒဏ်ကြေလိမ်းဆေး) တို့ကို တစ်ခါလိမ်းရုံ... ရောစပ်ပြီး လိမ်းပေးရမှာပါ...

ဖေါ်စပ်နည်း

သံပုရာသီး တစ်လုံးရဲ့ ၅ ပုံ တစ်ပုံလောက်ကို လှီးပြီး... အကြမ်းပုဂံလုံးထဲကို အရည်ညှစ်ပါ...
အကြမ်းပုဂံလုံးထဲသို့ အုံးဆီ သုံးလေးစက်လောက် ထည့်ပေးပါ... ထို့နောက် .... ဂဠုန်ရာဇာ/မိဂသီ/ရှမ်းရိုးမ/လင်ဇီး(လိမ်းထေည့်ဆး)တစ် မျိုးမျိုးကို တစ်ခါလိမ်းစာ အနေတော်ထည့်ပြီး... မွှေပေးပါ...

အသုံးပြုနည်း

ညအိပ်ယာဝင်ခါနီးတိုင်း......
ဆေးကို ရင်ခေါင်းမှ ၀မ်းဗိုက်သို့ အထက်မှအောက်သို့ ဆွဲချပြီး အသားထဲစိမ့်ဝင်အောင် ပွတ်လိမ်းပေးပါ... ခါးတွင်အဆီရှိပါက ခါးမှ ချက်သို့ ပွတ်လိမ်းပေးနိုင်ပါတယ်...
တစ်ပါတ်အတွင်း သိသာစွာ... ဗိုက်ချပ်လာသည်ကို... လက်တွေ့... တွေ့မြင် ခံစားရမှာပါ...

မှတ်ချက်- ညစာကို ပုံမှန် ထက်... လျှော့စားပေးရင်... ပိုပြီး သိသိသာသာ ဗိုက်ချပ်စေပါတယ်...တစ်ပါတ်အတွင်း သိသိသာသာ အဆီနှင့် အခေါက်များ လျှော့ကျသွားမှာဖြစ်ပါတယ်ခင်ဗျာ...