Friday, September 28, 2012

Mr..bean ရဲ့ဟာသကားလေးတွေပါ....

Holiday (2007)


click here to watch movie..

Johnny English (2003)


click here to watch movie..

Johnny English Reborn (2011)
 

click here to watch movie... 

putlocker လိုင်းကိုကြည့်ပါက..click here to play .နှိပ်ပြီး continue as free user ထပ်နှိပ်ပါ ပြီးရင် click to play ကိုနှိပ်ပြီး ကြည့်လို့ရပါပြီ ..
filenuke လိုင်းကိုကြည့်ပါက click here to play ကိုနှိပ်ပါ ပြီးရင် free ကိုနှိပ်ပါ..ပေါ်လာတဲ့ကြော်ငြာ Tap ကို ပိတ်ပြီး အောက်မှာရှိတဲ့ play ပုံလေးကို နှိပ်ပြီးကြည့်နိုင်ပါပြီ.....

Thursday, September 27, 2012

ကွန်ပျူတာမြန်ဆန်စေဖို့ အခြေခံကျတဲ့နည်းလမ်းတွေ ကိုတင်ပြပေးလိုက်ပါတယ်

ကွန်ပျူတာမြန်ဆန်စေဖို့ အခြေခံကျတဲ့နည်းလမ်းတွေ ကိုတင်ပြပေးလိုက်ပါတယ်

၁။ ပထမဆုံး run box ကိုဖွင့်လိုက်ပါ။
-start ကနေသွားလည်းရတယ်။ Windows key နဲ့ R တွဲနှိပ်လည်းရပါတယ်။
-run box မှာ gpedit.msc လို့ရိုက်လိုက်ပါ။
-ဘယ်ဘက်မှာ computer configurati
on ကိုရွေးလိုက်ပါ။
-Administrative Templates ကိုရွေးပါ။
-Windows Components ကိုရွေးပါ။
-Terminal services ကိုရွေးပါ။
-Temporary folders ကိုဆက်ရွေးပါ။
-Do not delete temp folder upon exit မှာ right click ခေါက်ပြီး properties ကိုရွေးပါ။
-ပြီးရင် disable ကိုရွေးချယ်လိုက်ပါ။
-ပြီးရင် apply ၊ ok လိုက်ပါ။

ဒါဆိုရင်တော့ temp files တွေဖျက်လို့ရပါပြီ။
ခုနလိုပဲ run box ပြန်ခေါ်လိုက်ပါ။ ပေါ်လာတဲ့ ဘောင့်စ်မှာ %temp% လိုက်ရိုက်ထည့်လိုက်ပါ။
ပြီးရင် enter ခေါက်လိုက်ပါ။ ဒါဆို temp files တွေပေါ်လာပါပြီ။ delete နဲ့ဖျက်လိုက်ပါ။
တချို့ဖိုင်တွေအလုပ်လုပ်နေသေးလို့ဖျက်လို့မဘူးလို့ပြောပါလိမ့်မယ်။

၂။ နောက်တစ်မျိုး

run box ခေါ်လိုက်ပါ။ prefetch လို့ရိုက်လိုက်ပါ။ ctrl+A နဲ့အားလုံး select ပေးပြီးဖျက်ပြစ်လိုက်ပါ။

၃။ Hard disk ကိုရှင်းရအောင်

Windows XP မှာ hard disk ကိုရှင်းတဲ့ tool လေးတစ်ခုပါဝင်ပါတယ်။ တကယ်ကိုကောင်းမွန်ပါတယ်။
Start
All Program
Accessories
System tools
Disk cleanup
ထိသွားလိုက်ပါ။ ရောက်သွားရင် ကိုယ်ရှင်းချင်တဲ့ drive ကိုရွေးချယ်ပြီးတော့ ရှင်းလို့ရပါပြီ။ ပုန်းကွယ်နေတဲ့ အမှိုက်သရိုက်တွေအားလုံးကို ရှင်းလင်းပေးပါလိမ့်မယ်။ မရှင်းတာကြာရင်ကြာသလောက် အချိန်စောင့်ရပါတယ်။ အပြင်ခနသွားတာတို့ ကော်ဖီသောက်တာတို့ စသည်အချိန်တွေမှာ ရှင်းထားနိုင်ပါတယ်။ကျွန်တော်လည်း ဒီလိုပဲ ကော်ဖီသောက်ချိန်ဆိုရင် ရှင်းထားလိုက်တာပဲ။ အစအနမကျန်အကုန်ရှင်ပေးပါတယ်။

၎။ မသုံးတဲ့ program တွေဖယ်ထုတ်ရအောင်

Start
Run
run box ခေါ်ပြီးရင် msconfig လို့ရိုက်လိုက်ပါ။ System Configuration Utility ဘောင့်စ်ပေါ်လာပါလိမ့်မယ်။ Startup ဆိုတဲ့ tab ကိုရွေးချယ်လိုက်ပါ။
ကိုယ့်အတွက်အသုံးမလိုတော့တဲ့ program တွေရှေ့မှာ အမှန်ခြစ်ထားခဲ့ရင် uncheck (အမှန်ခြစ်ကိုဖြုတ်)လုပ်ပါ။ပြီးရင် restart ပြန်ချလိုက်ပါ။

၅။ ပရိုဂရမ်ရဲ့အမြန်နှုန်းကို မြှင့်တင်ရအောင်

screen အောက်ခြေက taskbar ကို right click ခေါက်ပါ။ ပေါ်လာတဲ့ထဲက Task Manager ကိုရွေးပါ။ process ဆိုတဲ့ tab ကိုထပ်ရွေးပါ။ ကိုယ့်စက်ထဲမှာရှိတဲ့ program တွေ ပေါ်လာပါလိမ့်မယ်။ ကိုယ်မကြာခနသုံးလေ့ရှိတဲ့ program ပေါ်မှာ right click ခေါက် set priority မှာ high ကိုရွေးပေးလိုက်ပါ။ 

from international social network myanmar.....

ကွန်ပျူတာနှင့်ဆက်စပ်ပစ္စည်းများထိန်းသိမ်းခြင်းနည်းလမ်းကောင်းများ


ယေဘုယျကွန်ပျူတာကိုထိန်းသိမ်းခြင်းနည်းလမ်းကောင်းများမှာ-

(၁) Folderတစ်ခုတည်းမှာ သင်အလုပ်လုပ် ထားတဲ့ files အားလုံးကို သိမ်းထား သင့်ပါတဃ်။ My document folder ကို files တွေ သိမ်းထားဖို့ အတွက် ရည်ရွယ် ထားရှိပါတဃ်။ သင့်ရဲ files အားလုံးကိုနေရာ တစ်ခုထဲမှာ ထိန်းသိမ်းထားခြင်း ဟာအကျိုးကျေးဇူး အများကြီး ရရှိနိုင်ပါတယ်။ ပထမတစ်ခုက သင်ဟာ သင်ရဲ့ files အားလုံးကို ဘယ်နေရာမှာ ရှိလည်းဆိုတာ သိမယ်။ ဒုတိယအချက်က Folders တစ်ခုတည်းမှာ
ရှိတဲ့အတွက် လိုအပ်တဲ့အချက်ကို အလွယ်တကူ ချက်ချင်းပြန်ခေါ် သုံးနိုင်ပါတယ်။ တတိယ အချက်က နေရာ တစ်ခုထဲမှာ ထိန်းသိမ်းထားခြင်းကြာင့် သင်၏ စက်ဟာ အမြန်ဆုံး run နိုင်ပါလိမ့်မယ်။

(၂) ကွန်ပျူတာထဲမှာ ရှိနေတဲ့သင်၏ personal files တွေကို c-drive ထဲမှာ သိမ်းမထားသင့်ပါဘူး ။ သင်ဟာကြီးမားတဲ့ files တွေကို c-drive ရဲ့ root အောက်ထဲမှာ သိမ်းထားခဲ့မယ် ဆိုရင် သင်ဟာ computer ကိုဖွင့်တဲ့အခါ error message ပြပါလိမ့်မယ်။

(၃) သင်ဟာ ကွန်ပျူတာထဲမှာ အသုံးမပြုတော့တဲ့ program တွေကိုပြန်ဖျက်ရမယ်။ အောက်ပါနည်းအတိုင်း program တွေကို ဖျက်လို့ရပါတယ်။ Start->control panel->Add or Remove Program->Find the program ->Remove button ကို click နှိပ်ပါ။

(၄) ကွန်ပျူတာထဲမှာ ကိုယ်မလိုချင်တဲ့ Disk-Drive တွေ အောက်ပါနည်းအတိုင်း ဖယ်ရှားနိုင်ပါ တယ်။ Start > Accessories > System Tools > Disk Cleanup
• Select the drive you want to clean. When it has finished, select the items that you no longer want.

(၅) ကွန်ပျူတာသည် မီးအားအတက်အကျကြောင့် Data များ ပျက်စီးချင်းမှကာကွယ် ရန်အတွက် UPS (Uninterpretable Power Supply) ခံသုံးခြင်းကို အသုံးပြုသင့်ပါတယ်။ ကွန်ပျူတာကိုထိန်းသိမ်းချင်းပြုလုပ်ရမည့်အချက်များ နေ့စဉ်ကွန်ပျူတာကိုထိန်းသိမ်းချင်းပြုလုပ်ရမည့်အချက်များ- Anti-spyware တွေ ကိုနေ့စဉ် Scan ဖတ်ရမယ် ၊ Update လုပ်ရပါမယ် ။ သင်ဟာ Flash- drive ထဲကတစ်ခုခုကို change မယ်ဆိုရင် သင့်ရဲ. Critical filesကို backup လုပ်ထားသင့်တယ်။

အပတ်စဉ်ကွန်ပျူတာထိန်းသိမ်းခြင်းပြုလုပ်ရမည့်အချက်များ-

Anti-virus နှင့် Anti-spyware ၏ နောက်ဆုံးထွက်တဲ့ definitions၊ program တွေကို scan ဖတ်ခြင်း ၊ Update လုပ်ခြင်းများပြုလုပ်ရပါမယ်။ သင့်ရဲ့ ကွန်ပျူတာကို အချိန်တိုင်း ဖွင့်သုံးမယ် ဆိုရင် RAMကို reset ပြန်လုပ်ရမယ်။ အဲဒီလိုလုပ်မှသာ ကွန်ပျူတာကိုကောင်းကောင်း run နိုင်ပါမယ်။ လစဉ် ကွန်ပျူတာထိန်းသိမ်းခြင်းပြုလုပ်ရမည့်အချက်များ- သင့်ရဲ့ ယာယီ Internet file ၊ Temp file တွေကို အမြဲ clean လုပ်ပေးရမယ်။ သင် email သုံးခဲ့လျှင် သင့် email ရဲ့ Inbox နှင့် Sent box ကို clean လုပ်ပေးရမယ်။ သုံးလတစ်ကြိမ် ကွန်ပျူတာထိန်းသိမ်းခြင်းပြုလုပ်ရမည့်အချက်များ- သင့်ရဲ့ Password ကို သုံးလတစ်ကြိမ် ပြောင်းသုံးသင့်ပါတယ်။သင့်ရဲ့ ကွန်ပျူတာ cables တွေကိုကောင်းမကောင်း၊ plug တပ်ဆင်မှု တိကျမူ ရှိမရှိကိုလည်း စစ်ဆေးမှုများကိုပြု လုပ်သင့်ပါတယ်။သင့်ရဲ့ ကွန်ပျူတာ မှာ Disk-Drive error များရှိခဲ့ရင် အောက်ပါနည်းအတိုင် စစ်ဆေးမှုများကိုပြုလုပ်နိုင်ပါတယ်။

To run a check disk manually on your C:

1. Click Start, select Run.

2. In the box, type cmd and click Ok. In the black DOS window, type: chkdsk c: /f (The /f command automatically fixes any errors encountered.

3. Go to Start, Shutdown, and restart the computer. When the computer restarts, it will run chkdsk automatically. The Check Disk process could take over an hour, so schedule this when you have something else non-computer related to do. On rebooting the PC, you will see a window that shows the progress of the disk check. When it’s finished,, it will boot back to the normal version of Windows.

ကွန်ပျူတာကိုသန့်ရှင်းအောင်ပြုလုပ်ရာတွင် လိုက်နာရန် နည်းလမ်း အမျိုးမျိုး

- ကွန်ပျုတာရဲ့ အစိတ်အပိုင်း တစ်ခုချင်းစီကို spray တို့ ရေတို့ လုံးဝမထိရပါဘူး။
- Spray ဖျန်းဖို့လိုအပ်ခဲ့ရင် အ၀တ်စလေးကို အရင်spray စွတ်ပြီးမှသာ ကွန်ပျူတာရဲ့အစိတ်အပိုင်း တစ်ခုချင်းစီကို နူးညံ့စွာ သန့်ရှင်းပေးရပါမယ်။
- ကွန်ပျူတာရဲ့အစိတ်အပိုင်း တွေကို သန့်ရှင်းတော့မယ်ဆိုရင် မလုပ်ခင်မှာ စက်အားလုံးကို ပိတ်ထားရပါမယ်။ 

from international social network myanmar...

Laptop, Notebook, Netbook ဘာတွေလဲ၊ ဘယ်လို ခွဲခြားပြီးတော့ ခေါ်တာလဲ


* Laptop:

လက်ပတော့ ဆိုတာက Notebook နဲ့ တူတယ်လို့ ပြောကြပေမယ့် အမှန်ကတော့ တော်တော်ကြီးကို ကွဲပြားပါတယ်။ ထုထည်အရွယ်အစားက အစပေါ့ဗျာ။Portable Computer လို့ ကျနော်တို့ ပြောကြတဲ့ (Laptop, Notebook, Netbook, Tablet PC) အစရှိသည်တို့မှာ... Laptop က ထုထည်ကြီးမားမှု ရှိပြီး .. Performace အရည်အသွေးအားဖြင့် အမြင့်ဆုံးလို့ ဆိုရမယ် ဖြစ်ပါတယ်။ ဒီခေတ်ထဲမှာတော့ (Laptop နဲ့ Notebook) ကွန်ပျူတာတွေကို အတူတူနီးပါးလောက် ခေါ်ဆို သမုတ
်လာခဲ့ကြပါတယ်။ Laptop ထက် Notebook တွေ ပိုမိုခေတ်စားလာတယ် လို့လဲ ပြောလို့ရပါတယ်။ Laptop တွေ တဖြေးဖြေး တိန်ကောလာခဲ့တာတော့ အမှန်ပါပဲ .......

လက်ပတော့ရဲ့ အရည်အချင်းအချို့ကို ဖော်ပြရလိုလျှင်--

* (၁) ထုထည်ကြီးမားခြင်း (လေးလံခြင်း)
* (၂) Performance ပိုမိုကောင်းမွန်ခြင်း
* (၃) Upgrade လုပ်နိုင်ခြင်း (လုပ်ရန် နေရာရှိခြင်း) Upgradeable Space.
* (၄) Performance ကောင်းတဲ့အတွက် (ဘက်ထရီ ပိုစားခြင်း)
* (၅) External Device အသုံးပြုစရာ မလိုလောက်အောင် ပြည့်စုံခြင်း
* (၆) ဈေးနှုန်း မြင့်မားခြင်း .. အစရှိသည်တို့ ဖြစ်ပါတယ်။
* (ဥပမာ- PS2 Ports, Serial Ports, VGA Ports .. အပေါက်အစုံပါရှိခြင်း)

Notebook

အခုခေတ် ကျနော်တို့သုံးနေတာတွေက (Notebook)များပဲ ဖြစ်ပါတယ်။ Laptop လို Device တွေပြည့်ပြည့်စုံစုံ မပါရှိပေမယ့် .. လိုအပ်လျှင် .. External Devices များကို အားကိုးရပါတယ်။ ဥပမာဆိုရလိုလျှင်တော့ .. (Docking Station) လို့ခေါ်တဲ့ ကျနော်တို့ လိုအပ်တဲ့အခါမှာ USB, Serial, VGA, PS2 Ports အစရှိတဲ့ အပေါက်တွေ လိုအပ်လာခဲ့လျှင်.. ၀ယ်ယူသုံးရပါတယ်။ Performace အနေနဲ့ Laptop လောက် Heavy မဖြစ်ပေမယ့် ... Personal သုံးအနေနဲ့က အဆင်ပြေမှုရှိပါတယ်။ (CD/DVD) Drive တွေ ပါဝင်ပါတယ်... ။ Floppy Drive ကတော့ ပါမှာမဟုတ်တော့ပါဘူး .. လိုလည်း မလိုတော့ပါဘူး။ Laptop ကို ၀ိတ်လျော့ခြင်းဖြင့် .. Notebook ဘ၀သို့ေ၇ာက်ရှိခြင်း ဖြစ်ပါတယ်။ Notebook ဆိုတဲ့အတိုင်း ပေါ့ပေါ့ပါးပါး .. လိုရာ သယ်ယူသွားနိုင်ရင် .. (မှတ်စုစာအုပ်)လို့ တင်စားထားကြတာပါပဲ။

အရည်အချင်း အချို့ကို အကျဉ်းပြန်ချုပ်ရလိုလျှင် -

* (၁) Laptop ထက် ပေါ့ပါးမှု ရှိခြင်း (Portable)
* (၂) ဒီခေတ်ကြီးထဲမှာ .. ပိုမိုခေတ်စားလာခြင်း။
* (၃) Battery အား ရည်ရှည်ခံနိုင်မှု ရှိခြင်း (ဥပမာ- ၄ နာရီ)
* (၄) Ports များ အစုံမပါရှိပေမယ့် .လိုအပ်လျှင် (Docking Station) များ ၀ယ်ယူ သုံးစွဲနိုင်ခြင်း
* (၅) ဈေးနှုန်းသက်သာလာခြင်း .. အစရှိသည်တို့ပဲ ဖြစ်ပါတယ်။ ... ဒီ့ထက် ပိုမိုကျယ်ပြန့်နိုင်ပါတယ်။

Netbook

--> 1st Generation (Laptop) ---> 2nd Generation (Notebook) ----> 3rd Generation (Netbook) လို့ ပြောလို့ရပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ .. လူတွေရဲ့ လိုအပ်ချက်အရ ... Portable ကွန်ပျူတာ.. သယ်ရပြုရလွယ်သော ကွန်ပျူတာ ဆိုတဲ့အတွက်.. .. လူတွေဟာ တီထွင်ကြံဆလာခဲ့ကြတယ်.. ။ ကွန်ပျူတာတွေကို ပိုမိုပြီး သေးသည်ထက် သေးအောင်ပေါ့ ..။ အခုနောက်ဆုံး .. Netbook အထိေ၇ာက်လာခဲ့တာပဲ ရှုမြင်နိုင်ပါတယ်။ Netbook လို့ တင်စားလိုက်ရတဲ့ အကြောင်းအရင်းက.. (ကွန်ရက်)လို့ ကျနော်တို့ခေါ်တဲ့ .. (Internet) ကို အမှီပြုပြီးတော့ .. ခေါ်ဆိုလာခဲ့ကြပါတယ်။ အဓိက .. (အင်တာနက်) နဲ့ Office Application လောက်လေး ကောင်းကောင်းသုံးနိုင်ပြီး.. လိုရာသို့ လွယ်ကူပေါ့ပါးစွာ သယ်ယူနိုင်ပါတယ်.. ။ Netbook မှာ.. (CD/DVD) Drive ပါဝင်မှုမရှိပါဘူး.. သေးငယ်တယ်... ပေါ့ပါးတယ်.. ဆိုတဲ့အတွက်.. Function အစုံရချင်မှ ရမှာဖြစ်သလို..... Performance အရည်အချင်းအရ .. အခြားသော Laptop, Notebook တွေလောက် ကောင်းမှာ မဟုတ်ပါဘူး။။။ အင်တာနက်တော့ ကောင်းကောင်း သုံးနိုင်ပါတယ် .. Wireless Device တွေအဆင်သင့် ပါရှိပါတယ်။ နီးရာ Hotspot Zone, Wireless Zone တွေမှာ အလွယ်တကူ .. အင်တာနက် .. Surf လုပ်နိုင်ပါတယ်။

အရည်အချင်း အကျဉ်းချုပ် ... ---

* (၁) ပေါ့ပါး သေးငယ်ခြင်း
* (၂) Performance အားဖြင့်. ... (laptop, notebook) တို့လောက်မကောင်းခြင်း
* (၃) Function အစုံမပါရှိသည့်အတွက် Battery သက်တမ်း ကြာရှည်ခြင်း .. (eg: 4 to 5 hours)
* (4) Internet, Office Application လောက်သာ အသုံးပြုနိုင်ခြင်း
* (၅) ဈေးနှုန်းအားဖြင့် .. (Portable Notebok) လောကမှာ အပေါဆုံး ...... အစရှိသည်ဖြင့်

Tablet PC

Tablet PC ဆိုတဲ့အတိုင်း .. စားပွဲတင်ခုံ တစ်ကိုယ်ရေသုံး ကွန်ပျူတာလို့ အမည်ပေးထားပါတယ်။ သူ့ရဲ့ အဓိက အားသာချက်ကတော့ .. (Monitor) Screen ကို ခေါက်ပြီးတော့ .. စာအုပ်တစ်အုပ်အသွင် .. မှတ်စုများကို (Monitor Screen) ပေါ်တွင် .. Electronic Pen ဖြင့်ေ၇းသားနိုင်ပါတယ်။ ဆိုလိုတာက .. Screen တစ်ခုလုံးကို.. တစ်ပတ်လှည်နိုင်လောက်တဲ့ အထိ လှည့်နိုင်ပြီး .. ခေါက်ချလိုက်နိုင်ပါတယ်။ ကျန်တဲ့အပိုင်းကတော့ (notebook တို့ .. Laptop) တို့နဲ့ Functions တွေ နီးပါးလောက် တူညီမှု ရှိပါတယ်။ ဈေးနှုန်းအရကတော့ .. အပေါ်မှာ ပြောထားတဲ့ Notebook ထက် ဈေးပိုမိုကြီးမားပါတယ်။

အဲဒီလောက်ပါပဲ .. ။ ဒါပေမယ့်.. Portable Computer လို့ ပြောတော့မယ်ဆိုရင် (Pocket PC) လို့ ခေါ်ကြတဲ့ PDA တွေ၊ OS ပါရှိတဲ့ .. Mobile phone တွေက အစ ပါရှိလာပါတယ်။ ဒီခေတ်ထဲမှာတော့ .. နည်းပညာတွေ တစ်ဖြေးဖြေးနဲ့ .. သေးသည်ထက် သေးအောင် ဖန်တီးလာကြပါတယ်။ 

from international social network myanmar...

Wednesday, September 26, 2012

Laptop ပျက်နေပြီဆိုရင် ဘယ်လိုဖြေရှင်းမလဲ


အခုပြောပြမယ့် အကြောင်းအရာလေးကတော့ ပျက်နေတဲ့ Laptop တွေကို ဘယ်လို Troubleshoot လုပ်ရမလဲ၊ Problem တွေ ဘယ်လိုရှာကြမလဲဆိုတဲ့ အကြောင်းအရာလေးပါ။ Laptop ရဲ့ Power Adapter ကို Plug ထိုးပြီး Power Button ကို ဖွင့်လိုက်တဲ့အခါမှာ အားလုံးဟာ ဘာ Sign မှ မပြဘူး။ Laptop မှာ ပုံမှန်အသံတွေလည်း မကြားရ။ LED ကလည်း မလင်း၊ Fan ကလည်း မလည်၊ Screen ကလည်း အမဲကြီးပဲ ဘာမှမပေါ်ဘူးဆိုရင်
တော့ သေချာသလောက် ၎င်း Laptop ပျက်နေပါပြီ။ ဒါဆို ဘယ်လိုဖြေရှင်းကြမလဲ။ ပြောပြမှာပေါ့ဗျာ။ အဲဒါပြောချင်လို့ကို ဒီလိုအစပျိုးလိုက်တာ။


၁။ နံရံက Wall Outlet က ကောင်းရဲ့လား သေချာအောင်လုပ်ပါ။ ၎င်းအပြင် Laptop DC Adapter က Wall Outlet ကနေ Power ရနေရဲ့လားကြည့်ပါ။ တကယ်လို့ Power မရဘူးဆိုရင် အခြား Wall Outlet တစ်ခုကို ပြောင်းတပ်ကြည့်ပါ။

၂။ Laptop DC Power မှာ Voltage Output ကမှန်ကန်ရဲ့လားဆိုတာကို စစ်ဆေးပါ။ DC Power ကို Voltmeter နဲ့စမ်းသပ်နိုင်ပါတယ်။

၃။ DC Adapter ကကောင်းတယ်၊ Voltage Output ကလည်း မှန်ကန်တယ်ဆိုရင် Laptop မှ Power Adapter ကိုဖြုတ်ပါ။ ၎င်းနောက် Battery ကို ဖြုတ်ပါ။ ၎င်းနောက် Battery ကို ဖြုတ်ပါ။ တစ်မိနစ်၊ နှစ်မိနစ်လောက် ခဏထားပါ။ ပြီးရင် Adapter ကို Plug ပြန်ထိုးပြီး Laptop ကို ပြန်ဖွင့်ကြည့်ပါ။

ဒါမှမဟုတ် မိမိစမ်းသပ်တုန်းက Adapter က မကောင်းတာဆိုရင်တော့ နောက်ထပ် DC Adapter နဲ့ လဲလိုက်ပါ။ DC Adapter ကို ၀ယ်မယ်ဆိုရင် ပျက်သွားတဲ့ Adapter နဲ့ ပုံစံတူဝယ်ရမှာပါ။ အကယ်၍ Adapter လဲလိုက်လို့လည်း Laptop က ပျက်နေတုန်းဆိုရင်တော့ Motherboard က ပျက်နေတာ (သို့မဟုတ်) DC Power Jack ကပျက်နေတာ ဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်ခြေများတာကတော့ DC Power Jack က ကျိုးနေပြီး Adapter ကနေ Motherboard ဆီကို Power မပေးနိုင်တာဖြစ်ဖို့ များပါတယ်။ အဲဒါဆိုရင်တော့ Laptop ကိုပြန်ဆင်ပြီးတော့ Power Jack ကို အစားထိုးမှရမှာပါ။


Problem2

Laptop ရဲ့ DC Power Adapter ကို Plug ထိုးပြီး Power Button ကို ဖွင့်လိုက်တဲ့အခါမှာ Laptop မှာ ဖြစ်ပေါ်နေကြ အသံ (normal noise) တွေလည်း ကြားရတယ်။ LED ကလည်း ပုံမှန်အတိုင်းလင်းတယ်။ ဒါပေမယ့် Screen မှာကျ ဘာမှမပေါ်ဘူး။ Laptop က Start မဖြစ်ဘူး။ ဒါဆိုရင် ဘယ်လိုဖြေရှင်းကြမလဲ။

ပထမဦးဆုံး LCD Screen ကို သေချာစွာကြည့်ပါ။ Laptop LCD Screen မှာ ဘာ Image မှ မပေါ်ဘူးဆိုရင် အခြား External Monitor တစ်လုံးနဲ့တွဲပြီး စမ်းကြည့်ပါ။ Laptop ရဲ့ VGA Port ကို External Monitor နဲ့ Join လိုက်ပါ။ ပြီးတော့ Laptop ကို Power On ပြီး စမ်းသပ်ကြည့်ပါ။

Laptop ရဲ့ Internal LCD Screen နဲ့ External Screen ကြားမှာ Video Output ထွက်ရှိဖို့အတွက် HP Laptop တွေမှာဆိုရင် Fn နဲ့ F4 Keys ကို တစ်ပြိုင်ထဲနှိပ်ပေးရမှာပါ။ Toshiba Laptop တွေမှာဆိုရင် Fn နဲ့ F5 ၊ IBM Laptops တွေမှာဆိုရင် Fn နဲ့ F7 Keys တို့ကို နှိပ်ပေးရမှာပါ။ အဲဒီလို LCD (သို့) Video Cable က ပျက်နေတာပါ။ Video Cable က Motherboard နဲ့ Laptop LCD Screen နဲ့သေချာစွာ ချိတ်ဆက်ထားတယ်ဆိုပေမယ့်လည်း သူ့ကို ပြန်ဖြုတ်ပြီး ပြန်ချိတ်ကြည့်ပါ။ အကယ်လို့ External Monitor နဲ့စမ်းကြည့်လို့မှ ဘာ Image မှ မပေါ်ဘူး။ ပျက်နေတယ်ဆိုရင်တော့ LCD Screen နဲ့ Video Cable ရဲ့ Error မဟုတ်တော့ပါဘူး။ ကျွန်တော့်ရဲ့ အတွေ့အကြုံအရတော့ ဖြစ်နိုင်ချေအများဆုံးက Laptop Memory ကြောင့်ပဲ ဖြစ်နိုင်ပါတယ်။

ဒါကြောင့် Laptop Memory ကို ဖြုတ်ပြီး အခြား Slot မှာပြောင်းပြီးတပ်ကြည့်ပါ။ အကယ်၍ မိမိမှာ Memory Module နှစ်ခုရှိလို့ရှိရင် ၎င်းတို့ကို တစ်ခုပြီးတစ်ခုပြန်ဖြုတ်ပြီး တစ်ခုချင်းစီ ပြန်စမ်းကြည့်ပါ။ ၎င်းနှစ်ခုထဲက တစ်ခုခုက ပျက်နေတာလည်း ဖြစ်နိုင်ပါတယ်။ Memory ကို Slot ပြောင်းတပ်၊ Memory Module တွေကို ဖြုတ်ပြီး တစ်ခုချင်းစမ်းသပ်လို့မှ မရဘူးဆိုရင် ဒါဟာ Memory နဲ့ ပတ်သက်တဲ့ Error မဟုတ်လို့ပါ။ Laptop မှာ Battery ၊ Hard Drive နဲ့ DVD Drive တို့ကိုဖြုတ်ပြီး ၎င်းပစ္စည်းတွေမပါဘဲ Laptop ကို ဖွင့်ကြည့်ပါ။

နောက်တစ်နည်းက Motherboard မှ Laptop ရဲ့ Video Cable ကို Plug ဖြုတ်ပြီး External Monitor နဲ့ Laptop ကိုတွဲပြီး Power ပြန်ဖွင့်ကြည့်ပါ။

External Monitor မှာကောင်းစွာ အလုပ်လုပ်တယ်ဆိုရင်တော့ Laptop ရဲ့ Display Panel က တစ်ခုခုမှားယွင်းနေတာ ဖြစ်ပါလိမ့်မယ်။ Hard Drive တို့၊ DVD တို့ကို ဖြုတ်စမ်းတာလည်း မရဘူးဆိုရင် နောက်တစ်နည်း Wireless Card ၊ Modem ၊ Keyboard တို့ကို ဖြုတ်ပြီး Laptop ကို ပြန်ဖွင့်ကြည့်ပါ။

အဲဒါလည်းပဲ External Monitor မှ ဘာမှမပေါ်ဘူးဖြစ်နေတယ်။

နောက်ဆုံးတော့ Laptop ကို Disassembled လုပ်ပြီး Motherboard ကို ဖြုတ်လိုက်ပါ။

အထက်ကပုံမှာဆိုရင် Video Card က Motherboard မှာ ပေါင်းစပ်တပ်ဆင်ထားတယ်။ CPU မှာ Heatsink နဲ့ Cooling Fan ပါတယ်။ Memory Module ကလည်း ကောင်းတယ်။ DC Power Adapter ကလည်း ကောင်းကောင်းအလုပ်လုပ်တယ်။ Power ဖွင့်လိုက်တဲ့အခါမှ CPU Cooling Fan ကလည်တယ်။ Monitor မှာ ဘာမှပေါ်ဘူးဆိုရင် သေချာသလောက်ကတော့ (95%ကတော့) Motherboard မကောင်းတာပဲ ဖြစ်ဖို့များပါတယ်။

Laptop ရဲ့ Hardware အစိတ်အပိုင်းတွေ ပျက်စီးမှုကို ဖြေရှင်းခြင်း

from နောက်ဆုံးတင်ထားသည့်အကြောင်းအရာ
များ - Mistake 51 Area by chitoo


Laptop ရဲ့ Hardware အစိတ်အပိုင်းတွေ ပျက်စီးမှုကို ဖြေရှင်းခြင်း

ကျွန်တော်တို့အသုံးပြုနေတဲ့ Laptop တွေမှာ Hardware ပိုင်းဆိုင်ရာအစိတ်အပိုင်းတွေပျက်စီးနေလို့ရှိရင် ဘယ်လိုဖြေရှင်းကြမလဲ။ Hardware ပိုင်းဆိုင်ရာ တစ်ခုခုပျက်စီးနေတာနဲ့ပဲ အဲဒီ Laptop ကြီးကို အသုံးမပြုတော့ဘူးလား။ ဒီလိုတော့လည်း ဘယ်ဟုတ်မလဲနော်။ အဲဒီပျက်နေတဲ့ အစိတ်အပိုင်းကိုရော အစားထိုးပြီး အသုံးမပြုတော့ဘူးလား။ ဘာပဲပြောပြော အစားထိုးပြီး အသုံးပြုလို့ရတဲ့ အစိတ်အပိုင်းဆိုရင်တော့ အစားထိုးပြီး အသုံးပြုချင်တာပဲပေါ့။ ဒါကြောင့် ဒီသင်ခန်းစာလေးကို ရေးလိုက်တာပါ။ ဆက်လက်လေ့လာလိုက်နော်။



Network Port ပျက်စီးခြင်း

Laptop အများစုမှာတော့ Network Port (RJ-45 Port) ကို ရောင်းကတည်းက Motherboard နဲ့တိုက်ရိုက်ချိတ်ဆက်ထားပြီး Built In အနေနဲ့ပါရှိတာပါ။ ၎င်း RJ-45 (Network Port) ပျက်စီးသွားလို့ရှိရင် ၎င်း Laptop နဲ့ Network ချိတ်ဆက်ချင်တဲ့အခါ ဘယ်လိုအသုံးပြုကြမလဲ။ Motherboard ကြီးတစ်ခုလုံးကို အစားထိုးမှာလား။ စဉ်းစားစရာပါပဲ။ Desktop မှာဆိုရင်တော့ ရှင်းရှင်းလေးပဲ နောက်ထပ် Network Card တစ်ခုကို PCI Slot မှာ ကောက်စိုက်လိုက်ရုံပေါ့။ အခု Laptop ဆိုတော့ ဘယ်လိုလုပ်ကြမလဲ။ လွယ်ပါတယ်ဗျာ။ Motherboard ကြီးတစ်ခုလုံးကို အစားထိုးမယ့် အစား PCMCIA Network Card (aka LAN PC Card) ကို အသုံးပြုနိုင်ပါတယ်။ ၎င်း LAN PC Card ကို Laptop ရဲ့ ရနိုင်တဲ့ PC Slot မှာ တပ်လိုက်လို့ရှိရင် Laptop မှာ Network Port ရသွားမှာပေါ့။


USB Port ပျက်နေခြင်း

Laptop တိုင်းမှာဆိုဆို USB Port ပါရှိပါတယ်။ USB Port က တစ်ခုမက ပါရှိပါတယ်။ ၎င်းတို့အထဲက တစ်ခုလောက်ပဲပျက်မယ်ဆိုရင်တော့ အကြောင်းလားဗျာ။ နောက်တစ်ခုကို ပြောင်းပြီး အသုံးပြုလိုက်ရုံပါပဲ။ ဒါပေမယ့် အဲဒီလိုမှမဟုတ်ဘဲ USB Port တွေအားလုံးပျက်နေပြီဆိုရင် ၎င်း Laptop ကို USB အသုံးပြုချင်တဲ့အခါ (or) Motherboard ပေါ်မှာ ရှိတဲ့ USB Controller ကြီးတစ်ခုလံးပျက်စီးသွားတဲ့အခါတွေမှာ ဘယ်လိုအသုံးပြုကြမလဲ။ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် Motherboard တစ်ခုလုံးလဲရမှာလား။ Motherboard တစ်ခုလုံးလဲမယ့်အစား PCMCIA USB Card ကို အသုံးပြုနိုင်တယ်။ ၎င်း USB Card ကို PC Slot မှာ Plug ထိုးပြီး အသုံးပြုရမှာပါ။ USB Card မှာက USB Port နှစ်ခုပါရှိတာရှိသလို၊ USB Port (၄) ခုပါတာတွေလည်း ရှိပါတယ်။ ဒါကတော့ ကိုယ့်ရဲ့ PCMCIA Card ပေါ်မှာ မူတည်ပါတယ်။



Internal Wireless (Wi-Fi) Card ပျက်စီးခြင်း

အခုနောက်ပိုင်း Laptop မှာ Internal Wireless Card တွေပါရှိလာပါပြီ။ အချို့ Wireless Card တွေဟာဆိုရင် Laptop ရဲ့အောက်ခြေကနေ Door လေးကို အသုံးပြုပြီး လွယ်ကူစွာ အသုံးပြုနိုင်ပါတယ်။ တစ်ချို့ Model တွေမှာဆိုရင်တော့ Case အတွင်းမှာ နက်ရှိုင်းစွာတပ်ဆင်ထားတာကို တွေ့ရပါတယ်။ ၎င်း Internal Wireless Card က ပျက်သွားတဲ့အခါမှာ ဘယ်လိုလုပ်ကြမလဲ။ Internal Wireless Card ကို အစားထိုးလိုက်လို့ရသလို၊ PCMCIA Wireless Card ကို အစားထိုးလို့ ရပါတယ်။


Internal Flash Memory Card Reader ပျက်နေလျှင်

အခုနောက်ပိုင်း Newer Laptop တွေမှာဆိုရင် Internal Memory Card Reader တွေပါရှိလာပါတယ်။ Flash Memory Card တော်တော်များများကို ၎င်း Card Reader မှာ ထိုးပြီး အသုံးပြုလို့ရပါတယ်။ တကယ်လို့ Built In ပါလာတဲ့ Card Reader ပျက်သွားပြီဆိုတော့လည်း External USB Flash Memory Card Reader ကိုဝယ်ပြီး အသုံးပြုလို့ရပါတယ်။


Internal CD/DVD Drive ပျက်နေခြင်း


Laptop တိုင်းမှာ CD/DVD Optical Drive တွေပါရှိပါတယ်။ ၎င်း Drive ပျက်စီးနေပြီဆိုရင်တော့ External USB Optical Drive တွေကို အစားထိုးပြီး အသုံးပြုလို့ရပါတယ်။ 

from international social network myanmar...

iPhone 5 တွင် အသုံးပြုထားသည့် nano-SIM အကြောင်း သိထားသင့်သမျှ


ပြီးခဲ့တဲ့ ရက်သတ္တပတ်က ဆန်ဖရန်စစ္စကိုမြို့မှာ မိတ်ဆက်ပေးခဲ့တဲ့ Apple ရဲ့ iPhone 5 ဖုန်းသစ်မှာ အများမျှော်လင့်ထားသလိုပဲ အတည်ပြုချက်ရထားတဲ့ nano-SIM စံသတ်မှတ်ချက်ကို အသုံးပြုထားပါတယ်။ ၎င်း nano-SIM ဟာ ၁၉၉၀ ခုနှစ် အစောပိုင်းမှာ GSM မိုဘိုင်းဖုန်းတွေကို မိတ်ဆက်ပေးခဲ့စဉ်က အသုံးပြုခဲ့တဲ့ Subscriber Identity Module (SIM ) ကတ် တွေရဲ့ စတုတ္ထမြောက် မျိုးဆက်လည်း ဖြစ်ပါတယ်။ iPhone 4, iPhone 4S နဲ့ iPad မှာ အသုံးပြုထားတဲ့ micro-SIM ထက် ပိုမိုသေးငယ်တာကြောင့် အခြားထုတ်ကုန်ထံ ပြောင်းလဲအသုံးပြုတဲ့အခါမှာလည်း အလွယ်တကူ ပြောင်းလဲအသုံးပြုနိုင်ခြင်းမရှိပါဘူး။ ဒါကြောင့် သုံးစွဲသူများ အတွက် အခက်ကြုံနေရတဲ့ အဆိုပါ SIM ကတ်သစ်နဲ့ ပတ်သက်ပြီး သိထားသင့်တဲ့အချက်များကို ဖော်ပြလိုက်ပါတယ်။



ပထမဦးဆုံး အသုံးပြုခဲ့တဲ့ SIM ကတ်ဟာ credit card တစ်ခု အရွယ်နီးပါးရှိပါတယ်။ ဒါပေမဲ့ ကျယ်ကျယ် ပြန့်ပြန့် အသုံးပြုခဲ့ခြင်းမရှိတာကြောင့် လူသိနည်းပါတယ်။ ၎င်းကို 1FF ကတ် လို့ခေါ်ပါတယ်။

မိုဘိုင်းဖုန်း သမိုင်းမှာ အထင်ရှားဆုံးကတော့ SIM သို့မဟုတ် mini-SIM လို့ခေါ်တဲ့ 2FF ကတ် များဖြစ်ပါတယ်။



Apple iPhone 4 ထွက်ပေါ်လာချိန်မှာတော့ 3FF ကတ်လို့ခေါ်တဲ့ micro-SIM အသုံးပြုမှုဟာ ပိုမိုကျော်ကြား လာပါတယ်။ အဆိုပါ micro-SIM ကို Apple က ၂၀၁၀ ခုနှစ်မှာ စတင်အသုံးပြုခဲ့ပြီး အသုံးပြုသူများဟာ 25 x 15 mm ရှိတဲ့ mini-SIM ကို ကတ်ကြေးနဲ့ ခွဲစိတ်ခန်းသုံးဓား ဖြင့် ဖြတ်ကာ 15 x 12 mm ရှိတဲ့ micro-SIM ကို အသုံးပြုခဲ့ကြပါတယ်။
4FF ကNano-SIM ကApple က iPhone 5 ကApple က nano-SIM ကက(ETSI) က ကnano-SIM ကmicro-SIM ကကက...

Nano-SIM ဟာ အရွယ်အစားကလွဲပြီး လက်ရှိ SIM ကတ်များနဲ့ ကွဲပြားခြားမှုမရှိသလို တူညီတဲ့ အရည်အသွေး ကိုလည်း အထောက်အပံ့ပေးပါတယ်။

Nano-SIM ရဲ့ အရွယ်အစားဟာ သေးငယ်တဲ့အတွက် အားနည်းချက်ရှိပါတယ်။ သာမန် SIM ကတ်များ ကနေ ဖြတ်ထုတ်ပြီး ပြုလုပ်ထားတဲ့ micro-SIM ကတ်များနဲ့ မတူတဲ့အချက်များကတော့ nano-SIM ကို ၎င်းနည်းလမ်း အတိုင်း ပြုလုပ်နိုင်မှုမရှိခြင်းနဲ့ micro-SIM ထက် ၁၅ ရာခိုင်နှုန်း ပိုမိုပါးလွှာခြင်း တို့ဖြစ်ပါတယ်။ အကယ်၍ သာမန် SIM သို့မဟုတ် micro-SIM ကနေ nano-SIM အရွယ် ဖြတ်ထုတ်လို့ ရခဲ့ပါက SIM ကတ်အထူကို ပါးလွှာစေဖို့အတွက် ကော်ပတ်နဲ့တိုက်စားရုံကလွဲပြီး အခြားနည်းလမ်း မရှိပါဘူး။



သုံးစွဲသူတွေအနေနဲ့ nano-SIM ကတ်တွေကို ၎င်းတို့ရဲ့ ဆက်သွယ်ရေး အော်ပရေတာတွေကနေ ရရှိနိုင်ပေမယ့် nano-SIM ကတ်တွေကနေ micro-SIM နဲ့ သာမန် SIM ကတ် တို့ကို ပြောင်းလဲအသုံးပြုလို တဲ့အခါမှာတော့ adapter တွေကို အသုံးပြုဖို့ လိုအပ်ပါမယ်။ iPhone 5 ကို စတင်ရောင်းချတဲ့အချိန်မှာတော့ ၎င်း adapter များကို ဈေးကွက်ထဲမှာ တွေ့မြင်ရဖို့ ရှိပါတယ်။

Micro-SIM တစ်ခုကို nano-SIM တစ်ခုအဖြစ်  ပြောင်းလဲနိုင်သလား

Apple ကုမ္ပဏီက အသစ်ထုတ်လုပ်ဖြန့်ချိမယ့် iPhone 5 မှာ 4FF လို့လူသိများတဲ့ nano-SIM လို့ခေါ်တဲ့ SIM ကတ်သစ်ကို အသုံးပြုထားပါတယ်။ ဒါကြောင့် iPhone 4 ကို စတင်မိတ်ဆက်စဉ်က အသုံးပြုခဲ့တဲ့ micro-SIM (3FF) ကနေ iPhone 5 ကို အသုံးပြုလိုသူများအနေနဲ့ nano-SIM ကို အောက်ပါအတိုင်း ပြုလုပ်နိုင်ပါတယ်။

iPhone 4 4S mico-SIM 15 x 12 x 0.76 mm mini-SIM (2FF) ကmicro-SIM ကကmicro-SIM ကnano-SIM က

Nano-SIM .Micro-SIM က.ESTI က Nano-SIM က.ကNano-SIM .micro-SIM က.ကStar Hub nano-SIM ကmicrometer screw gauge က.micro-SIM က.CNET John Chan က





iPhone 5 nano-SIM tray ESTI က .nano-SIM SIM tray က.micro-SIM ကက.ကMicro-SIM ကကကကက 240 grit ကက. ကကကface mask ကကကSIM card က identify number ကကက.ကSIM ကကSIM ကHTC One X ကChan ကကကiPhone 5 ကကSIM ကကCNET John Chan က က

ဒါကြောင့် micro-SIM ကို nano-SIM သို့ပြောင်းလဲမပြုလုပ်ခင်  iPhone 5 ရဲ့ nano-SIM tray မှာ micro-SIM ကို ထည့်သွင်းနိုင်ခြင်း ရှိ/မရှိ အသေအချာစစ်ဆေးပြီးမှသာ ကော်ပတ်စားတဲ့ လုပ်ငန်းစဉ်ကို ပြုလုပ်သင့်ပါ ကြောင်း အကြံပြု ဖော်ပြလိုက်ရပါတယ်။

from internet journal...